YBS ဝန်ဆောင်မှုမှာ ဒါတွေကို ပြုပြင်ပေးဖို့ လိုပြီ

သွေး(စစ်ကိုင်း) လူဦးရေ သန်းချီရှိတဲ့ ရန်ကုန်မြို့မှာ ပြည်သူအများစုဟာ သွားလာရေးအတွက် ဘတ်စကားကိုပဲ အားကိုးစီးနင်း နေရပါတယ်။ အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ YBS ယာဉ်လိုင်းတွေ အနေနဲ့ ယာဉ်စည်းကမ်းတွေကို အပြည့်အဝ လိုက်နာဖို့ လိုအပ်နေသလို ပြည်သူကို ဝန်ဆောင်မှုပေးရာမှာလည်း ယဉ်ကျေးပျူငှာဖို့ လိုအပ်ပါတယ်။ အခုနှစ်တွေ အတွင်း YBS ယာဉ်လိုင်းတွေရဲ့ စည်းကမ်းလိုက်နာမှု အားနည်းသွားပြီး စည်းကမ်း ဖောက်ဖျက်မှုတွေ ပိုများလာနေတာကို ဘတ်စကားကို နေ့စဉ်စီးနင်းနေသူ တစ်ယောက် အနေနဲ့ မြင်တွေ့နေ ပါတယ်။ အများပြည်သူကို ဝန်ဆောင်ပေးနေတာလို့ သဘောမထားဘဲ ကြမ်းတမ်းခက်ထန်စွာ ပြောဆိုတဲ့ ယာဉ်မောင်းတွေ၊ ‘YBS ယာဉ်များ တစ်စီးနှင့် တစ်စီး ကျော်တက်မောင်းနှင်ခြင်း မပြုရ’ ဆိုတဲ့ သတိပေး စာတန်းအောက်မှာ အရှိန်ပြင်းပြင်းနဲ့ ကျော်တက်မောင်းနှင်နေတာတွေကို နေ့စဉ်မြင်တွေ့နေရပါတယ်။ အထူးသဖြင့် အခုလိုကာလမှာ အငှားယာဉ် သို့မဟုတ် တက္ကစီနဲ့…

Read More

သူတို့အိမ် အခန်း (၁၆၉)

ဆူးငှက် မလွှင့်ခဲ့သော ရုပ်သံအစီအစဉ်များ —————————————- ကျွန်တော်နှင့် မမခင်ဝင်း ရန်ကုန်သွားတိုင်း အင်းစိန်ရှိ ဆရာစိန်ခင်မောင်ရီတို့ အိမ်သို့ ရောက်ဖြစ်သည်။ ဆရာဇနီး အန်တီ ဒေါ်သန်းသန်းချက်ကျွေးသော ထမင်းကို အမြဲစားရသည်။ မှတ်မှတ်ရရ ၁၉၈၄ ခုနှစ် သြဂုတ်လ ၁၃ရက်နှင့် ၁၄ရက်နေ့များတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အစီအစဉ်ဖြင့် ကဗျာလွတ်ကကွက် ၁၂၅ ကွက် ကို ရန်ကုန်ပြည်လမ်း၊ မြန်မာ့ ရုပ်မြင်သံကြား၌ ရိုက်ကူးခဲ့သည်။ တစ်ဆက်တည်းပင် ဆရာစိန်ခင်မောင်ရီ၏ အစီအစဉ်ဖြင့် သြဘာသောင်း အလွမ်းပြေကိုလည်း ရိုက်ကူးခဲ့ရာ မမခင်ဝင်းက ရှေးရိုးတပင်တိုင်နှင့် ခေတ်ဆန်းတပင်တိုင်၊ သြဘာသောင်းတင်ဘွဲ့ တေးထပ်တို့ကို ရိုက်ကူးခဲ့သည်။ ထူးခြားသည်မှာ ထိုစဉ်က ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အစီအစဉ်ရော ဆရာစိန်ခင်မောင်ရီ၏ အစီအစဉ်မှ ခေတ်ဆန်း တပင်တိုင်မှလွှဲ၍ ကျန်အစီအစဉ်များ အားလုံးရော ယခုအချိန်ထိ မထုတ်လွှင့်ခဲ့ပေ။ မေးမြန်းသော်လည်း ဘာအကြောင်းပြချက်မှ မယ်မယ်ရရမရှိ။…

Read More

ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ လုပ်ကြံခံရမှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိ

ဇူလိုင် ၁၃ – ၂၀၂၆ SN (VOM) နိုင်ငံတော်အဆင့် အခါတော်ပေးနဲ့ ဗေဒင်နက္ခတ်ပညာရှင်အဖြစ် ထင်ရှားခဲ့တဲ့ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ လုပ်ကြံခံရမှုမှ ကျူးလွန်သူ လေးယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်ပြီး ကျန်ရှိနေတဲ့ တယောက်ကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က လုပ်ကြံခံရခြင်းဖြစ်ပြီး ရင်ခွဲ စစ်ဆေးချက်အရ ယာဘက်ရင်ညွန့်ကို ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းခံထားရတဲ့ ဒဏ်ရာကြောင့် အသည်းထုတ်ချင်းပေါက်ကာ ပျံလွန်တော်မူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အမှုဖြစ်ပြီး ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ တရားခံ ငါးယောက်မှာ လေးယောက် ဖမ်းမိတယ်။ မှော်ဘီမြို့နယ်က နှစ်ယောက်၊ ဧရာဝတီတိုင်းက…

Read More

ရေတိုက်စားမှုကြောင့် မင်းပြားမြို့နယ်က နေအိမ်၊ ဆိုင်ခန်း အလုံး ၃၀ ဝန်းကျင် ပျက်စီး

ဇူလိုင် ၁၃ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေးမြို့မြစ်ရေ တိုက်စားမှု၊ မြစ်ကမ်းပါး ပြိုကျမှုတွေကြောင့် နေအိမ်နဲ့ ဆိုင်ခန်း အလုံး ၃၀ ဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း ရေဝင်ရောက်နေတာဖြစ်ပြီး အဲဒီမြို့အတွင်းက ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ လမ်းမတော်ရပ်ကွက်နဲ့ ရွှေပြည်စိုးရပ်ကွက်တွေမှာ နေအိမ်နဲ့ ဆိုင်ခန်းတွေ မြစ်ထဲကျပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “မြစ်ရေကလည်း တက်လာတယ်။ တောင်ကျချောင်းရေတွေကလည်း အရှိန်နဲ့ တဟုန်ထိုး ဆင်းလာတော့ ကမ်းနားတန်းက အိမ်တွေ၊ ဆိုင်တွေ ပျက်စီးကုန်တာ။ ကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ် ရွှေ့ပြောင်းပေးရတယ်။ တချို့ကတော့ တဝက်တပျက် ကျန်နေတဲ့အိမ်မှာ ဆက်နေနေကြတယ်။ တချို့က အိမ်အလုံးလိုက် ပါသွားတော့ နေစရာမရှိကြတော့ဘူး။ ခုချိန် ရေပြန်ကျနေပြီဆိုပေမယ့်…

Read More

International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်မှုတွေ ရှိနေ

ဇူလိုင် ၁၃ – ၂၀၂၆ SN (VOM) မန္တလေးတိုင်းအတွင်းက မန္တလေးမြို့၊ ကျောက်ဆည်မြို့နဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေတို့မှာ International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်မှုတွေ ရှိနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။ International School နဲ့ Private School တွေကို နယ်မြေတခုတည်းမှာ ဖွင့်လှစ်ခြင်း၊ ကပ်လျက် ဖွင့်လှစ်ခြင်းတွေ ပြုလုပ်ကာ အင်္ဂလိပ်ကျောင်း အတက်ပြပြီး မြန်မာကျောင်းမှာ အမည်စာရင်းသွင်းကာ ပညာရေးဥပဒေကို ပြောင်ကျကျ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ “ဒါက တမင်သက်သက် ခွင့်ပြုထားတာပေါ့။ International နဲ့ Private ကို နှစ်ခုတွဲဖွင့်ပြီး လုပ်စားနေကြတာပေါ့။ အင်္ဂလိပ်ကျောင်း အတက်ပြပြီး မြန်မာကျောင်းကို အတန်းယူတာပေါ့။ လစာကို နှစ်ခုယူတာပေါ့။ အခုလိုလုပ်နေတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ခွင့်ပြုရမှာထက်…

Read More

မုံရွာမှာ မိဘမဲ့ စစ်ဘေးရှောင် ကလေးငယ်တွေ ပရဟိတဂေဟာမှာခိုလှုံ

မုံရွာ ဇူလိုင်-၁၃-၂၀၂၆ MW(VOM ) စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေဟာ မုံရွာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှခိုလှုံတဲ့ဦးရေ များလာတယ်လို့ ​ဂေဟာက​နေ သိရပါတယ်။ မုံရွာမြို့ သလ္လာရပ် ပေ၈၀လမ်းမှာရှိတဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ ချင်းတွင်းမြစ်အနောက်ဖက်ဒေသတွေဖြစ်တဲ့ ယင်းမာပင်၊ ပုလဲဒေသက စစ်ဘေးရှောင် မိဘမဲ့ကလေးငယ်တွေ လာရောက်ခိုလှုံရင်း ပညာသင်နေကြတာဖြစ်ပါတယ်။ “ပရဟိတဂေဟာ စီမံအုပ်ချုပ်မှုကော်မတီအနေနဲ့ စည်းဝေးတိုင်ပင်ပြီး စစ်ဘေးရှောင်ဒေသကကလေးငယ်တွေကို မတ်လက စတင်လက်ခံခဲ့ရာမှာ လက်ရှိအချိန်မှာ ၅၇ဦးအထိ လက်ခံထားတာဖြစ်ပါတယ်။”လို့ ပရဟိတဂေဟာတာဝန်ရှိသူတဦးကပြောပါတယ်။ စစ်ဘေးရှောင်ဒေသက အသက်၄နှစ်ကနေ ၁၄နှစ်အတွင်းရှိ မိဘနှစ်ပါးမဲ့၊ အဖမဲ့၊ အမိမဲ့ ကလေးငယ်ယောကျ်ားလေး ၅၄ဦးဟာ ဂေဟာလက်ကျန်၃ဦးနဲ့အတူ ပညာသင်ယူနေကြတာပါ။ ပရဟိတဂေဟာမှာ အရင်က ပအို့ဝ်၊ ပလောင်၊နာဂနဲ့ ဗမာ မိဘမဲ့ကလေး၉၀ နီးပါးကို ပြုစုစောင့်ရှောက်ထားရာက ကိုဗစ်၁၉ နောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် တိုင်းရင်းသားကလေးငယ်တွေဟာ နေရပ်ကိုပြန်သွားကြတာပါ။ ပရဟိတဂေဟာမှာ မူလတန်းကျောင်းသား ၁၇ဦး၊ အလယ်တန်းကျောင်းသား ၃၉ဦးနဲ့…

Read More

SKY Villa ပိုင်ရှင်အမှု မူလ ၅ နှစ်ချခံရာကနေ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်တာမှာ ထောင်ဒဏ် ၂ နှစ်တိုးကျခံဖို့ အမိန့်ချမှတ်

မန္တလေး၊ ဇူလိုင်- ၁၃- ၂၀၂၆ Voice Of Myanmar မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဥပဒေပုဒ်မ ၃၀၄-က နဲ့ အောင်မြေသာစံမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာကနေ အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်မှုနဲ့ အယူခံတက်တာမှာ ဇူလိုင် ၁၀ရက်​နေ့က ခရိုင်တရားရုံးက​နေ ထောင်ဒဏ် ၂ နှစ်တိုးပြီး ချမှတ်ခဲ့လို့ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ” မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ ညွှန်ကြားချက်အရ အောင်မြေသာစံမြို့နယ်တရားရုံးနဲ့ ရာဇဝတ်ကြီးအမှု အမှတ် ၅၅/၂၀၂၆ ကို ပြန်လည်စိစစ်နိုင်ဖို့အတွက် အောင်မြေသာစံခရိုင်တရားရုံမှာ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉ (က )၂၀၂၆ ကို…

Read More

ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်နဲ့ယန်စီ ကြေးနီစီမံကိန်းက CDM ဝန်ထမ်း ၅၀ ကျော် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်

ဇူလိုင် ၁၃-၂၀၂၆ KKA(VOM) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီတွေက အာဏာသိမ်းမှုဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေထဲက စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်း ၅၀ကျော် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ ညှိုနှိုင်းကူညီဆောင်ရွက်ပေးခဲ့သူ တ၃ဦးက ဇူလိုင် ၁၃ရက်မှာ VOMကိုပြောပါတယ်။ “စားဝတ်နေရေး ခက်လာပြီး ရပ်တည်ဖို့ခက်လာတဲ့အတွက် ကုမ္ပဏီဘက်နဲ့ဆွေးနွေးတာ‌ ‌တွေ အချိန်ပေးပြီး လုပ်ခဲ့ရတယ်။သူတို့က CDM လုပ်ထားတယ်ဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ ပြစ်ချက်တွေမရှိတာရယ် ၊လုပ်သက်ရင့်တွေဖြစ်နေတာရယ်ကြောင့် ငဲ့ညှာပြီး အလုပ်ပြန်ဝင်ခွင့်ရတာဖြစ်တယ်။”လို့ ကူညီဆောင်ရွက်ပေးသူကပြောပါတယ်။ ၂၀၂၁ခုနှစ် အာဏာထိမ်းမှုစတင်ကတည်း အဲဒီကုမ္ပဏီက ဝန်ထမ်း ရာချီဟာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၆နှစ်နီးပါးရောက်လာချိန်မှာတော့ မိသားစု စားဝတ်နေရေး ကြပ်တည်းတာ၊သားသမီးတွေရဲ့ ပညာရေးစရိတ်ခက်ခဲတာ စတာတွေကြောင့် ဇူလိုင် ၁ရက်နေ့ကစတင်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုလို ပြန်လည်ဝင်ရောက်နိုင်ဖို့ ညှိုနှိုင်းဆွေးနွေးတာတွေကို…

Read More

အဆိုတော် တသသကို ပြန်လည် ဖမ်းဆီးထားပြီး အမှုဟောင်းနဲ့ပဲ ဆက်လက် အရေးယူမယ်

ဇူလိုင် ၁၃ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း အချုပ်ခန်းမှ လွတ်မြောက်ခဲ့တဲ့ အဆိုတော် တသသကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည် ဖမ်းဆီးထားပြီး အမှုဟောင်းနဲ့သာ ဥပဒေအတိုင်း ဆက်လက် အရေးယူမှာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဆိုတော် တသသကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သူမ လက်ရှိနေထိုင်ရာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သူက သူပြန်အဖမ်းခံရမှာ သိတယ်လို့ ပြောတယ်။ ဖမ်းတော့လည်း အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အဖမ်းခံပါတယ်။ သူက အမှုဟောင်းဖြစ်တဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ပြဏ်ဒဏ်ကျခံဖို့ ကျန်ရှိနေသေးတဲ့အတွက် အဲဒီအမှုအတိုင်းပဲ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။…

Read More
VOM News

FREE
VIEW