မန္တလေး၊ သြဂုတ်- ၁၇- ၂၀၂၆ SA(VOM) ပုဂ္ဂလိကမြေပိုင်ဆိုင်မှု အငြင်းပွားမှုများနဲ့ ပတ်သက်ပြီး အနိုင်ဒီဂရီရရှိထားသူ တရားနိုင်မှာ မြေကိုလက်ရောက်ရယူရေးအ တွက် ကျူကျော်သူတွေကို ဖယ်ရှားဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားရန်လိုအပ်ပြီး လုံခြုံရေးအကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတော်ပိုင်မြေတွေမှာ ဝင်ရောက်ကျူးကျော် နေထိုင်သူတွေကိုရှင်းလင်းနိုင်သကဲ့သို့ အနိုင်ဒီဂရီရရှိထားတဲ့ ပုဂ္ဂလိကပိုင်မြေတွေကို လက်ရောက်ရယူရေးအတွက် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ပါရန် အစီအစဥ်ရှိမရှိ ကိုချမ်းအေးသာစံမြို့နယ်၊ ကိုယ်စားလှယ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့် က လွှတ်တော်ကတဆင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မီးရထားပိုင်မြေ၊ အမြန်လမ်းပိုင်မြေများနဲ့ နိုင်ငံတော်၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေမှုများကို တရားဥပဒေနဲ့အညီ ဖယ်ရှားရှင်းလင်းလျှက်ရှိပါတယ်၊ သို့သော် လည်း နိုင်ငံတော်ပိုင်မြေမဟုတ်ဘဲ ပုဂ္ဂလိကပိုင် နိုင်ငံသားအချင်းချင်းဖြစ်ပွားသော မြေယာပိုင်ဆိုင်မှုများအငြင်းပွားမှုတွေ ထိုကဲ့သို့ ထိရောက်စွာ ဖယ်ရှားရှင်းလင်းမှုတွေ မပြုလုပ်ပေးနိုင်တဲ့အတွက် ပြည်သူတချို့ နှစ်ရှည်လများ နစ်နာလျှက်ရှိတယ် လို့…
Read MoreDay: August 18, 2026
ညဘက် လျှပ်စစ်မီတာခ လျှော့ချကောက်ခံမှု လုပ်ငန်းရှင်တွေအတွက် ထူးခြားမှုမရှိ
ဩဂုတ် ၁၇ ၊ ၂၀၂၆ GG (VOM) ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း လုပ်ငန်း လည်ပတ်မယ့် ရန်ကုန်တိုင်းထဲက စက်မှုလုပ်ငန်းတွေကို မီတာခ တယူနစ်၉၀၀ကနေ ၆၀၀ ကျပ်ထိလျှော့ချကောက်ခံပေးမယ့် အစီအစဥ်က စက်ရုံလုပ်ငန်းအများစုအတွက်တော့ သိသာတဲ့ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိ စက်ရုံအများစုဟာ ဝန်ထမ်းတွေခန့်အပ်ထားပြီး လစာစနစ်နဲ့ လည်ပတ်နေရတာဖြစ်ပြီး ညဘက်စက်ရုံလည်ပတ်မယ်ဆိုပါက ဝန်ထမ်းတွေကို အချိန်ပိုကြေးအဖြစ်လုပ်အားခနှစ်ဆပေးရခြင်း ၊ အချိန်ပိုခေါ်ယူဖို့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို တင်ပြရခြင်း ၊ အလုပ်သမားတွေအတွက် ညဘက်လုံခြုံရေးတာဝန်ယူရခြင်း စတဲ့ အခက်အခဲတွေရှိတာကြောင့် ညပိုင်းမှာစက်ရုံလည်ပတ်ဖို့က အဆင်မပြေဘူးလို့ သိရပါတယ်။ ဒါကြောင့် စက်ရုံအများစုက ညဘက် စက်ရုံလည်ပတ်ပြီး လုပ်ငန်းလုပ်ဖို့အဆင်မပြေတဲ့အတွက် ညပိုင်းမှာ မီတာခတွေလျှော့ချပေးခြင်းက စက်မှုဇုန်လုပ်ငန်းရှင်တွေအတွက်တော့ ထူးခြားမှုသိပ်မရှိဘူးလို့ သိရပါတယ် ။ ” ညဘက်အလုပ်လုပ်ပြီဆိုရင် အလုပ်သမားဥပဒေအရ ခွင့်မပြုထားတာလည်းပါသလို…
Read Moreခိုတိန်ရွာ ကျားဖြန့်ကုမ္ပဏီက ထွက်ပြေးလာသူ တချို့အပြင် တခြားနေရာဘက်က ကျားဖြန့်တွေ ၁၀၅ မိုင်မှာ ရောက်ရှိနေ
ဩဂုတ် ၁၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာမ ကျေးရွာအုပ်စု၊ ခိုတိန်ရွာ ကျားဖြန့်ကုမ္ပဏီက ထွက်ပြေးလာသူ တချို့အပြင် တခြားနေရာဘက်က ကျားဖြန့် အများအပြားပါ ၁၀၅ မိုင်မှာ ရောက်ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခိုတင်က ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်သူ တချို့ အခု ၁၀၅ မိုင်ရောက်နေကြတယ်လို့ သိရတယ်။ ၁၀၅ မိုင်မှာလည်း ကျားဖြန်လုပ်တဲ့ နေရာတွေ အရမ်းများတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ သိမ်းထားတဲ့ နေအိမ် အဆောက်အဦးတွေ၊ ဂိုဒေါင်တွေမှာ ထည့်ထားပြီး နေခိုင်းတယ်လို့ သူက ပြောပါတယ်။ “တရုတ်နိုင်ငံသားတွေကို တင်ထားတဲ့ SSPP စစ်ကားတွေ ဩဂုတ်လ ၁၄ ရက်နေ့ည တီးမ ဘက် လေယာဉ် ဗုံးကြဲတဲ့ည လေယာဉ်တွေ ဝဲနေချိန်…
Read Moreငါးသိုင်းချောင်း နဲ့ ရေကြည်မှာ ရေထပ်တိုးလို့ အကူအညီလိုနေသေး
ဩဂုတ် ၁၇ ၊ ၂၀၂၆ CC (VOM) ဧရာဝတီတိုင်း ၊ ငါးသိုင်းချောင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ ရေထပ်တိုးတဲ့အတွက် ကုန်းမြင့်တွေအထိရေရောက်လာလို့ အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီရေးလုပ်နေသူတွေဆီက သိရပါတယ်။ ငါးသိုင်းချောင်းမှာဆိုရင် ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာတင် ရေတပေလောက်ထပ်တိုးလာတဲ့အတွက် အိမ်တွေကနေ ရွှေ့ပြောင်းသူတွေရှိလာသလို ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့နေရာတွေကလူတွေ ပါ နေရာပြောင်းရွှေ့ရတာမျိုး ရှိလာတယ်လို့သိရပါတယ်။ “မြစ်ရေတက်တယ် ၊ အထက်ကရေကျတယ်။မိုးရွာတယ်။ နှစ်ရက်ကို နှစ်ပေနီးပါးလောက်တက်တယ်။ ငါးသိုင်သချောင်းက ရေထွက်ပေါက်နည်းတယ်။ မြေနိမ့်ပိုင်းအကုန်အဝင်တယ်။ ရေကတိုးတယ်။ ဆေးရုံတို့ဘက်တွေ ဝင်နေပြီ။ ကုန်းမြင့်တွေလည်းဝင်နေတယ်။ ရွာတွေဘက်ကတော့ ငဝန်မြစ်ရေတက်သမျှအကုန်ဝင်တယ်။ ဒီရက်ပိုင်းရေစီးကလည်းသန်တယ်။ မြို့ကရေထွက်ပေါက်နည်းတော့ အဲဒီဒဏ်တော့ခံရမယ့်သဘောရှိလား ။ မြို့ပေါ်မှာကို တထပ်အိမ်တွေမြုပ်ကုန်တာမျိုးရှိတယ်။ မနေ့ကဝင်သွားတဲ့ တိုးချဲ့ ၆ ရပ်ကွက်ဆိုရင် အိမ်တထပ်လောက်မြုပ်သွားပြီ။အခုက ရေကျော်နေရာတွေလည်းရှိတော့ ပစ္စည်းတွေက ကားနဲ့ ပစ္စည်းကဲ့ရတယ်။ အဲဒီတော့ ကားအမြင့်ပိုင်းမှအဆင်ပြေမယ်။…
Read Moreငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်း
ဩဂုတ် ၁၇ – ၂၀၂၆ SN (VOM) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိတဲ့အထဲက ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ၅၅ ပါတီနဲ့ NSPNC တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပါတီအစုအဖွဲ့ကို ခြောက်နေရာအထက်နိုင်တဲ့ ၁၃ ပါတီက ၁၄ ယောက်၊ တနေရာကနေ ငါးနေရာအထိနိုင်တဲ့ ၁၈ ပါတီထဲက ကိုယ်စားလှယ် ၁၁ ယောက်၊ လုံးဝ မနိုင်တဲ့ပါတီက ခုနစ်ယောက်၊ စုစုပေါင်း ၃၂ ယောက် ပါဝင် ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။…
Read Moreအစား ပုံမှန် စားနေရင်း ပိန်လာတယ်၊ ဝလာတယ် ဆိုတာ သိုင်းရွိုက်ကြောင့်လား
မန္တလာ ဆရာမျိုး “အစားလည်း ပုံမှန်စားနေတာပဲ၊ ဒါပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်ကျနေတာလဲ။” တချို့လူတွေမှာ ဒီလိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျလာတာနဲ့အတူ ရင်တုန်လာတယ်၊ လက်တွေတုန် တယ်၊ ချွေးထွက်များတယ်၊ ပူတာမခံနိုင်ဘူး၊ ညဘက်လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။ စိတ်ကလည်း အရင်ထက် လှုပ်ရှားလွယ်၊ စိတ်တိုလွယ်လာတတ်ပါတယ်။ တချို့ကတော့ ဆန့်ကျင်ဘက်ပါ။ အစားပိုစားနေတာလည်း မဟုတ်ဘဲ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာတယ်။ မနက်အိပ်ရာထကတည်းက အားမရှိသလို ခံစားရတယ်။ အမြဲပင်ပန်းနေတယ်၊ အိပ်ချင်တယ်၊ အအေးမခံနိုင်ဘူး၊ ဝမ်းချုပ်လာတယ်၊ အသားအရေခြောက်လာတယ်။ ဒီလက္ခဏာနှစ်မျိုးဟာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် အကြောင်းရင်းကတော့ တစ်နေရာတည်းက ဖြစ်နိုင် ပါတယ်။ အဲဒါက သိုင်းရွိုက်ဂလင်း (Thyroid gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းအရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်လေးတစ်ခု ဖြစ်ပါတယ်။ သေးငယ်ပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ…
Read Moreစစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းထဲက ရေမြုပ်စပါးခင်းတွေ ပြန်ရှင်ဖို့မဖြစ်နိုင်
ဩဂုတ် ၁၈ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း နဲ့ ဧရာဝတီတိုင်းထဲက ရေနစ်မြုပ်နေတဲ့ မိုးစပါးစိုက်ဧက အများအပြားဟာ ပျက်စီးဆုံးရှုံးတဲ့အခြေအနေ ဖြစ်သွားပြီလို့ တောင်သူတွေဆီက သိရပါတယ်။ ဧရာဝတီတိုင်းထဲက လေးမျက်နှာ မြို့နယ်၊ ဟင်္သာတ ၊ ကျုံပျော် ၊ငါးသိုင်းချောင်း ၊ရေကြည် ၊ ကျောင်းကုန်း မြို့နယ်တွေထဲက မိုးစပါစိုက်ခင်းတွေဟာ ရေနစ်မြုပ်မှုဒဏ်ခံနေရတာ ၁၅ ရက်ကျော် အထိ ရှိလာပြီဖြစ်တဲ့အတွက် ပျက်စီးဖို့များသွားပြီလို့ ဆိုပါတယ်။ ” လယ်ကွင်းတွေ ပင်လယ်ပြင်ကြီးဖြစ်နေပြီ ။ ဘာအပင်မှမတွေ့ရတော့ဘူး ။ ရေနစ်သွားတဲ့စပါးပင်တွေက ကြာနေပြီ ပျက်စီးပြီလေ။ ဘာမှလုပ်လို့မရတော့ဘူး။ တချို့သက်ငယ်စပါးတွေက နှံမဖောက်နေပြီ။တချို့က ဖုံးတုံးလုံးတုံးဖြစ်နေပြီ။ ဒါတွေက ဘယ်လိုမှပြန်မကောင်းနိုင်တော့ဘူး။ တချို့ဆိုခုချိန်မှ ပေါ်ဆန်းကိုပျိုးထောင်ကြတာရှိတယ်။အခုပုံစံဆို ပျိုးထောင်ဖို့လည်း မပြေတော့ဘူး ။စိုက်ဖို့ကလည်း မပြေဘူး ။ အခုမနစ်သေးတဲ့ စပါးခင်းတွေကလည်း နောက်ရက်ဆို…
Read Moreတလုတ်ထော်မှာ ညကြီးရေတိုးလာလို့ တယောက်ရေနစ်သေဆုံး ၊ ညတွင်းချင်းကယ်ဆယ်ရေးလုပ်ရ
ဩဂုတ် ၁၈ ၊ ၂၀၂၆ GG (VOM) ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ ဩဂုတ် ၁၇ ရက်နေ့ညနေပိုင်းက ရေထပ်တိုးလာတဲ့အပြင် အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ် ။ ဒါကြောင့် ရွှေ့ပြောင်းလိုတဲ့ ကျေးရွာရေဘေးသင့် ပြည်သူ ၅၇ ယောက်ကို လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ညတွင်းချင်း ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ် ။ သေဆုံးတဲ့အမျိုးသမီးကတော့ အသက် ၃၇ နှစ်အရွယ်ရှိပြီး ယာယီရွှေ့ပြောင်းနေထိုင်တဲ့ ဘုန်းကြီးကျောင်းကနေ အိမ်ကို ပြန်ချိန်လမ်းမှာ ချော်လဲပြီး ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ရေကအရင်ရက်ထဲက ဝင်နေတာကို မပြောင်းကြဘူး ။ ဒီနေ့ညနေ ရေထပ်တိုးလာတော့မှ မနေရဲတော့ဘူး ဆိုပြီး လာခေါ်ပေးဖို့ ပြောကြတာ ။ အဲဒီရွာမှာ ရေအနိမ့်ပိုင်းက လူတရပ်ကျော်တယ်။ လမ်းပေါ်တောင်…
Read Moreသူတို့အိမ် အခန်း (၁၉၈)
ဆူးငှက် စာရေးစာပွဲ သေးလေးပေါ်က တယောသံ ——————————————– ၆၆လမ်း ရဲသိပ္ပံတိုက်ခန်းလေး၏ အပေါ်ထပ် အနောက်ဘက်အစွန်းမှာ ကျွန်တော်တို့ အိပ်ခန်းလေးရှိသည်။ ၁၂ပေ× ၈ပေ အကျယ်လောက် ရှိမှာပေါ့။ ခုတင်ခြေရင်း ၃ပေလောက် အလွတ်လေးမှာ ပုသိမ်ကြီး သမဝါယမ သင်တန်းကျောင်းက စာသင်ခုံပုံစံ စာပွဲလေးချပြီး စာရေးသည်။ ထိုစဉ် ကျွန်တော့်မှာ ဝါ့ခ်မင်း ကက်ဆက်လေးရှိသည်။ ကျွန်တော်စာရေးထိုင်း တယောကိုတင်ရီ၏ violin cocerto ခွေလေးကိုပဲ ဖွင့်ဖြစ်သည်။ ထိုခွေလေးဖွင့်ပြီး စာရေးရလျှင် အလွန်ချောသည်။ ကျွန်တော်ကလည်း ထိုခွေလေးကိုကြိုက်လိုက်သည်မှာ အခုထိ မငြီးမငြူ ဖွင့်ဆဲ ဖြစ်သည်။ ထိုခွေလေးက အဆိုမပါဘဲ သီချင်းတွေချည်း တယောဝိုင်းဖြင့် လက်စွမ်းပြ ဖြစ်သည်။ ထိုခွေ၏ ဂီတနှင့် တီးလုံးများ စီမံခန့်ခွဲသူမှာ တယောကိုတင်ရီဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးရှိ…
Read More