ဆူးငှက် လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။ ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို…
Read MoreAuthor: Editor Htein Lin
သာယာဝတီမင်း မတဲဒေးဝန်း နန်းတော် တွင် စံတော်မူခြင်း
ဆူးငှက် ကုန်းဘောင်မင်းဟူ၍ လည်းကောင်း ရွှေဘိုမင်း ဟူ၍လည်းကောင်း ထင်ရှားသော သာယာဝတီမင်းသည် ကုန်းဘောင် ရှစ်ဆက်မြောက် မင်းဖြစ်သည်။ အင်းဝမြို့မှ အမရပူရမြို့သို့ ပြောင်းရွှေ့၍ ဒုတိယကြိမ် ထပ်မံ တည်တော်မူ သဖြင့် အမရပူရ ဒုတိယမြို့တည် နန်းတည် မင်းတရားကြီးဟုလည်း ခေါ်တွင်သည်။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဘုရား၏ သားတော်ကြီး မဟာဥပရာဇာ အိမ်ရှေ့မင်းကြီးနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော် လေးပါးအနက် မြန်မာသက္ကရာဇ် ၁၁၄၈-ခုနှစ် တပေါင်းလပြည့်ကျော် (၁ဝ)ရက် ညဉ့်တစ်ချက်တီးကျော် ၁၁ ရက် ဗုဒ္ဓဟူးနေ့သို့အဝင် ဖွားမြင်တော်မူသော ဒုတိယအငယ်ဆုံး သားတော်ဖြစ်သည်။ ရတနာပူရ အင်းဝ၏ စတုတ္ထမြို့တည် ဘကြီးတော် မင်းတရားကြီး၏ ညီတော်ရင်း လည်းဖြစ်သည်။ ဘိုးတော်နောင်တော်တို့ လက်ထက် သရက်၊ သာယာဝတီမြို့များကို ကံကျွေးခံရပြီးလျှင် အထွတ်အထိပ် ရောက်သောအခါ သာယာဝတီမင်းဟု တွင်သည်။…
Read Moreကိုဗစ်မျိုးကွဲ JN.1 ကူးစက်မှု သတိပြုပါ
သွေး (စစ်ကိုင်း) ၂၀၁၉ ခုနှစ်က စ,တင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် 19 ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအသွင်ထိ ပျံ့နှံ့ကူးစက်ခဲ့ပြီး လက်ရှိကာလမှာ ကူးစက်မှုနည်းပါးလာသို ဖြစ်နေပေမဲ့ ဒီနေ့ထိ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်း ကိုဗစ် 19 ဗိုင်းရပ်စ်တွေ အမျိုးမျိုး ရှိတာကြောင့် ကပ်ရောဂါဖြစ်ပွားမှု ရပ်တန့်ပြီးဆုံးသွားတဲ့ အခြေအနေမျိုး မရှိသေးပါ။ အထူးသဖြင့် အခုလို အေးမြတဲ့ ရာသီဥတုမှာ မြို့ပြနှင့် ကျေးလက် လူမှုဝန်းကျင်အတွင်း အအေးမိ, နှာစေး, ချောင်းဆိုး စ,တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ …
Read Moreကိုးတာမီးကြီး နှင့် မန္တလေးမီးသတ်
ဆူးငှက် ကုန်းဘောင်ခေတ်၏ နောက်ဆုံးမျိုးဆက် သီပေါဘုရင် ပါတော်မူပြီး အင်္ဂလိပ်လက်ထက် ၁၂၇၁-ခုနှစ်၊ ကဆုန်လဆန်း၅-ရက်၊ ခရစ်နှစ် ၁၉၀၉ခုနှစ် ဧပြီ ၂၃ရက် နေ့တွင် မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ်ကွက် အကွက်နံပတ် ၂၇၂ ရှိကိုးတာ ဝင်းမှ ကိုးတာမီးကြီး လောင်ရာ ၃၅ အေလမ်းမြောက်ဘက်အနီးမှ စတင် လောင်သော မီးသည် မြောက်ဘက် ၂၆ဘီလမ်း၊ ၂၂စီလမ်း မှသည် ၁၉ဒီလမ်းအထိ မပြီးဆုံးနိုင်ဘဲ ရွှေပြည်ရပ်ကွက် အထိ ကူးစက်ခဲ့သည်။ မီးမှာ ကိုးတာဝင်းအတွင်း အိမ်က ငါးကြော်ရာမှ စတင်လောင်ကျွမ်းရာ အိမ်ခြေထူထပ်ပြီး အဝင်အထွက် လမ်းများ ကျဉ်းမြောင်းသဖြင့် အင်္ဂလိပ် မီးသတ်အဖွဲ့၏ မြင်းဆွဲ မီးသတ်ရထားများလည်း ဝင်ရောက် ညှိမ်းသတ်ရန် အခက်အခဲရှိသောကြောင့် အိမ်ခြေ ၂၈၀၀ ကျော် မီးဘေးသင့်ခဲ့သည်။ ထိုမီးဘေးက…
Read More၇၈နှစ်ပြည့် အိုလံပစ်နဲ့ ယဉ်တကိုယ်မယ်
ဆူးငှက် တကယ်တော့ မန္တလေးဆိုတာအနုပညာနဲ့တည်ဆောက်ခဲ့တဲ့မြို့ပါ။ သီချင်းသံတွေနဲ့ တာဝတိံသာဆီပင့်တင် ထားခဲ့တဲ့မြို့ပါ။ ဒါ့ကြောင့်လည်း မြန်မာမင်းနေပြည်တော်အဆက်ဆက် . မန္တလေး ရတနာပုံမ်နေပြည်တော်လောက် ထီးဘွဲ့၊ နန်းဘွဲ့၊ မြို့ဘွဲ့တွေမများခဲ့ဘူးလို့ ပညာရှင်တွေသုံးသပ်ကြတာပါ။ သီချင်းဂီတနဲ့မြို့တော်ကိုတည်ဆောက်တယ်။ သီချင်းဂီတနဲ့ထီးနန်းတည်ဆောက်တယ်။ သီချင်းဂီတနဲ့တိုင်းသူပြည်သားစိတ်ဓာတ်မြှင့်တင်တယ်။ သီချင်းဂီတနဲ့ ဘုရင်ထီးဘုရားအမြော်အမြင်ကိုတည့်မတ်တယ်။ သီချင်းဂီတနဲ့ ယိုင်နဲ့မှုတွေတည့်မတ်တယ်။ သီချင်းဂီတနဲ့ကျိုးကြောင်းဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာကလူရဲ့ပင်မဇစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲထိရောက်စွာသိမ်းသွင်းခဲ့တဲ့သဘောပါပဲ။ စိတ်မဏ္ဍိုင်မှတစ်ဆင့် ရုပ်ကိုပြုပြင်စေတဲ့ သဘော …။ ဒီလိုသီချင်းဂီတနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေး မြို့ကြီးကို ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံးပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်းသွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ…
Read Moreမြေဆီ မြေကောင်းနှင့် ပန်းပေါင်းတစ်ရာ
ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် လေးစုကျော် ကာလများက ဝါဆိုလပြည့်ကျော်သည့်နောက် မန္တလေးမြို့လယ်ခေါင် က ဝါးကပ်မိုးထရံကာ၊ သက်ကယ်မိုး ထရံကာ ဇာတ်ရုံကြီးများလည်း အလျှိုအလျှို ပေါ်ပေါက်လာခဲ့၏။ တရုတ်တန်း လမ်း၈၀ ပေါ် ၃၁လမ်းနှင့် ၃၂လမ်းကြား (ယခု ကြည်တင်ဟိုတယ်နေရာ) မှာ တစ်ရုံ၊ ၇၈လမ်း မျက်ပါးရပ်မှာ မာလာရွှေစင်အမည်ဖြင့်တစ်ရုံ၊ မြောက်ပြင် ၁၅လမ်း ထီးရိုးဝင်းမှာ တစ်ရုံ၊ ဒေးဝန်း ၃၅လမ်းမှာ မြသီတာအမည်ဖြင့် တစ်ရုံ၊ အောင်မြေသာဇံ မိုးဗြဲကွင်းမှာ တစ်ရုံ၊ ဘုရားကြီး လေးဆယ့်ငါးတာမှာ နှစ်ရုံပြိုင်။ဇာတ်ရုံကြီးများကလည်း ဧရာမ အကြီးကြီးတွေ။ အရှည်ကပင် ဆယ့်ငါးပေခန်း အခန်းနှစ်ဆယ် နီးပါးရှိမည်။ အကျယ်ကခြောက်ခန်း၊ ခုနစ်ခန်း။ ဇာတ်ရုံကြီးတွေက တချို့ ဝါးကပ်မိုး၊ တချို့ သက်ကယ်မိုး ထားပြီး ဝါးထရံများဖြင့် ပတ်ပတ်လည်…
Read Moreမီးစက်နှင့် မန္တလေး
ဆူးငှက် မြန်မာလူမျိုးတို့၏ အိမ်ခန်းဖွဲ့စည်းပုံတွင် အလင်းရောင်ကို ကဲလား တံခါးရွက်များဖြင့် ဖွင့်ယူသည့် စနစ်ဖြင့် အသုံးပြုကြသည်။ နေဝင်မိုးချုပ်လျှင် ကဲလားတံခါးချပ် ပိတ်လိုက် ရုံဖြင့် လုံခြုံမှုကိုရစေ၏။ ညဉ့်အချိန်၌ အိမ်ခန်းများအတွင်း၌ လင်းလင်းချင်းချင်း ရှိမှုကို များစွာ လိုလားပုံမရချေ။ ထို့အတူ မြို့တွင်းလမ်းများ၌လည်း ရေနံဆီသုံး တစ်ပင်တိုင် မီးအိမ်ကြီးများပဲ စိုက်ထူကာ လင်းချင်း စေခဲ့ခြင်းကလည်းပါတော်မူပြီး ခေတ်တိုင်အောင် ဖြစ်သည်။ သီပေါမင်း လက်ထက်က ‘မီးကြပ်အရာရှိ’ ဟူသော ရာထူးဖြင့် လမ်းမီးတိုင်များညစဉ်မီးထွန်းညှိရေး ဆောင်ရွက်သည့် တာဝန်ခံကို ခန့်အပ်ခဲ့သလို ပါတော်မူပြီးနောက်တွင် လမ်းမကြီးများပေါ်မှ မီးအိမ်များတွင်ညနေစောင်းသည်နှင့် ရေနံဆီလောင်စာ ဖြည့်တင်းခြင်း၊ မီးစာစစ်ဆေး လဲလှယ်ခြင်း၊ မီးထွန်းညှိခြင်း စသော အလုပ်များအတွက်ကြီးကြပ်ရသူကိုလည်း ‘မီးတိုင်အုပ်’ ဟု ရာထူးနာမည် မှည့်ခေါ် တာဝန်ပေး…
Read Moreပရိယတ္တိသာသနဟိတအသင်းကြီး အနှစ်၅၀မြောက် အထိမ်းအမှတ်ပွဲ
ဆူးငှက် ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်မှာ တည်ထောင်ခဲ့သော မန္တလေးသည် ဗုဒ္ဓသာသနာအရှိန်အဝါ ပိုမို ထွန်းလက်စေခဲ့ သောအသစ်ဖြစ်တည်မှု ဖြစ်ခဲ့ပါ၏။ အမရပူရမင်းနေပြည်မှ မန္တလေးရတနာပုံနေပြည်တော်သို့ ပြောင်းရွေ့စိုးစံသည့် အခါတွင် မူလ သာသနိကအဆောက်အဦးများအပြင် အသစ်အသစ်သောဘုရားကျောင်းကန်ပုထိုး၊ သာသနိက အဆောက်အဦးအသစ် များဖြင့် စည်ပင်စေခဲ့သည်။ အမရပူရမြို့တော်ဟောင်းမှ မူလကျောင်းတိုက်ကြီးများ အများအပြားလည်း မန္တလေး နေပြည်တော်သို့ ပြောင်းရွေ့ကြ၏။ မြို့ပြဗိသုကာအသစ်တွင်လည်း ဘုန်းတော်ကြီး ကျောင်းများကို စံနစ်တကျ နေရာချထား ပေးမှုများ ရှိခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် မြို့တည်နန်းတည် ခုနစ်ဌာန၌ပင် မဟာလောကမာရဇိန် စေတီတော်၊ မဟာအတုလ ဝေယံကျောင်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော် ဟူသော သာသနိကဌာနများက ခုနစ်ဌာနတွင် လေးဌာနမှာ နေရာယူထားခြင်းကလည်း ဘာသာသနာဖက် ပိုမိုတိမ်းညွှတ်အလေးသာစေခြင်း ပြယုဂ်ဖြစ်ခဲ့ပါ၏။ အဆိုပါခုနစ်ဌာနအတွင်းမှပိဋကတ်တိုက်တော်သည်လည်း မြတ်စွာဘုရား၏ ကျမ်းဂန်ဒေသနာများကိုပင် အဓိက စုဆောင်းထိန်းသိမ်း အထွဋ်အမြတ် ထားရာ…
Read Moreစက်ဘီးတစ်စီးနှင့် သားအဖ ၃ယောက်
ဆူးငှက် ကုန်လွန်ခဲ့သော ၁၉၉၀ခုနှစ်ဝန်းကျင် ကာလ ကျွန်တော့် သားနှစ်ယောက်ကို ချော့မော့ ထိန်းကျောင်းရသည့် ပျော်ရွှင်ရသည့် ကာလများဆီ အခုတလော သတိရမိနေသည်။ သားအကြီးနှင့် အငယ်က ၄နှစ်လောက်ခြားသည်။ အငယ်မမွေးမီ သားကြီးက အိမ်မှာ အဘိုးအဘွားနှင့် အဒေါ်များ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာ သူ့ကို ထိန်းကျောင်း ဂရုစိုက်သူချည်း ဖြစ်သည်။အိမ်မှာ အိမ်သားများသာမက စာအုပ်အငှားဆိုင်လည်း ဖွင့်ထားသည်ပို့ စာအုပ်ငှား ဖောက်သည်များကလည်း ငယ်စဉ်ကမျက်နှာချိုသော သူ့ကို ချစ်ကြလို့ ရောက်သည်နှင့် ပွေ့ကြ ချီကြတော့သည်။ မျက်စောင်းထိုး နန်းခင်အေး၊ နန်းခင်မေညီအစ်မကဆိုလျှင် သူတို့အိမ်ပွေ့ခေါ်သွားပြီး အကောင်းစား မုန့်တွေ ကျွေးသည်။ ထို့အတူ ကန်ထရိုက်တာ ဝင်းထဲက မမာလာ မအေးအေးမြတ် ညီအစ်မကလည်း သူ့ကို မြင်သည်နှင့် ပွေ့ချီကာ လက်ပေါ်က မချတော့။ ထို့ကြောင့် သူက…
Read Moreလူထုဦးလှ၊ ပေါ်ဦးသက် ဝင်းဖေ နှင့် ဟံသာဝတီဦးဝင်းတင်
ဆူးငှက် မန္တလေးက ထုတ်ဝေခဲ့တဲ့ ပုဂ္ဂလိက လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့စာပေဂုဏ်ဒြပ်တွေ လည်းဖြစ်တဲ့ အခြေခံလယ်သမားအလုပ်သမားအရေး၊ အမျိုးသားအရေး၊ စာပေယဉ်ကျေးမှု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးစံတွေကိုကိုင်စွဲခဲ့တယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာ သမိုင်းမှာ “သိက္ခာရှိသောသတင်းစာ” အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။ အစဉ်အလာကြီးမားခဲ့တဲ့ လူထုသတင်းစာမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဆောင်းပါးရှင် တွေ သာမကပန်းချီဆရာ ကာတွန်းဆရာ လူငယ်လေးတွေကိုလည်း သတင်းစာရဲ့မူဝါဒအပေါ် ယုံကြည်လက်ခံသူမှန်ရင် လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီး မြေတောင်မြှောက်ပေးတယ်။ အထူးသဖြင့် လူထုသတင်းစာရဲ့ အခါကြီးရက်ကြီး တွေဆိုရင် ထူခြားဆန်းသစ်တဲ့ ပန်းချီကားမျက်နှာဖုံးတွေနဲ့ ထုတ်ဝေခဲ့တာ ပြောစမှတ်ဖြစ်လောက် အောင်ပါပဲ။ ဒီအထူးထုတ် သတင်းစာ က ပန်းချီဆရာတွေထဲမှာ…
Read More