နိုဝင်ဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ၊ ပလက်ဝမြို့နယ်ခွဲ ၊ ဆမီးမြို့ ၊ ဘားဝရပ်ကွက်ထဲမှာ မနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားတယ် ၊ ဘားဝ ရပ်ကွက်ထဲမှာဖြစ်တာပါ ၊ လုံခြုံရေးအဖွဲ့က ဂိတ်ကနေ ကင်းပြီးလို့ ပြန်လာတဲ့အချိန် ဒေသတွင်း လက်နက်ကိုင် (CNA) အဖွဲ့တွေက စောင့်ကြို ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံပြီး ၊ ရပ်ကွက်ထဲက ကလေးအမေတယောက် ဒဏ်ရာရသွားတယ် ၊…
Read MoreAuthor: Editor Htein Lin
ထားဝယ်အကျဉ်းထောင်မှာ ဒီမနက်ပိုင်းက ဆူပူမှုဖြစ်ပွား
နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၃ SP( VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့မှာရှိတဲ့ ထားဝယ် အကျဥ်းထောင်မှာ ဒီကနေ့ မနက်ပိုင်းက ထောင်တွင်း ဆူပူမှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင် / ကျဥ်း မိသားစုတွေဆီက သိရပါတယ်။ ” နိုင်ငံရေး အကျဥ်းသား တယောက်နဲ့ ထောင်ဝန်ထမ်းတယောက် ပြသနာဖြစ်ရာကနေ ဆူပူမှုဖြစ်တာပါ၊ ဒီမနက် ၇ နာရီဝန်းကျင်မှာ မနက်စာဝေချိန်မှာ စားဖိုဆောင်ထဲ ထမင်းဝင်ယူတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကျဥ်းထောင်ဝန်ထမ်းက ပါးနှစ်ချက်ရိုက်တယ်လို့ သိရတယ် ၊ အဲ့ဒီ ပြဿနာက စပြီး နိုင် / ကျဥ်းတွေနဲ့ ထောင်ဝန်ထမ်းတွေ စကားများကြတာဖြစ်တယ် ” လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် ထားဝယ်ထောင်နဲ့ နီးစပ်သူတယောက်က…
Read Moreချောင်းဦးနယ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ဦးနဲ့ ဒေသတွင်း လက်နက်ကိုင် ငါးဦးသေဆုံး
နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းမှာရှိတဲ့ လုံခြုံရေး ဂိတ်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ချောင်းဦးမြို့နယ်ရဲ့ မြောက်ဘက် ၂ မိုင်လောက်ပဲ ဝေးတယ် ၊ မုံရွာ – ချောင်းဦး ကားလမ်းပိုင်းမှာရှိတဲ့ မြပုလဲ စက်သုံးဆီဆိုင်နားက လမ်းလုံခြုံရေး ဂိတ်စခန်းကို ဒီမနက် ၄ နာရီ ဝန်းကျင်ကနေ စပြီးတိုက်နေတာဖြစ်တယ် ၊ အဲ့ဒီ ဂိတ်စခန်း မီးရှို့ခံရတယ် ၊ နောက်ပြီး စစ်လား ၊…
Read Moreမင်းရွာတိုက်ပွဲမှာ ပြည်သူ ၂ယောက် သေဆုံးသလို ရဲတွေအကျအဆုံးများ
နိုဝင်ဘာ ၊ ၅ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ရဲ့ တောင်ဘက်ခြမ်း ထီးလင်းမြို့နယ်နဲ့ ကြားမှာရှိတဲ့ မင်းရွာမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး တိုက်ပွဲရှောင် ပြည်သူ နှစ်ယောက် သေဆုံးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ကမနက် ၅ နာရီဝန်းကျင်ကတည်းက ရွာထဲမှာ ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ရွာကလူတွေ တိုက်ပွဲရှောင်နေရင်း လူနှစ်ယောက် လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ဦးအောင်ဆန်း ၈၀ နှစ် နဲ့ ကိုမျိုးလွင် ၃၉ နှစ်တို့ဖြစ်တယ် ၊ နောက်ပြီး ဒဏ်ရာရသူ ငါးယောက်ထက်မနည်းလည်း ရှိတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က…
Read Moreတက်ခေတ် ဗမာ(မြန်မာ)မယ်… မွေး…
ဆူးငှက် “စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့…” ယခုလို ဆောင်းဦးကာလ နှင်းတွေဖြိုင်ဖြိုင်ကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေတဲ့ သီချင်းသံကိုကြားယောင်နေမိတယ်။ အခုလို ဆောင်းဦးပေါက် စနေနေ့လို ညမျိုးမှာ နောက်ရက် မနက်စောစော လမ်းလျှောက်ပွဲ ဆင်နွဲဖို့အတွက် စာရင်းကောက် လှုံ့ဆော်ပြင်ဆင်ကြတယ်။ ရပ်ကွက်ထိပ် ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုးကြီး တည်ထားပြီးအလှည့်ကျ ကင်းစောင့်ကြရမယ့် အိမ်ထောင်ဦးစီးတွေ အိမ်ဆန်အိုးထဲက ဆန်တစ်ဆုပ်တစ်ခွက် ယူလာတာပါ။ ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေတဲ့ ဒန်အိုးကြီးတစ်လုံးနဲ့ ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်တယ်။သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ…။ ၁၃ နှစ် ၁၄ နှစ်သားပေါ့…။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်…။ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနှင့်မို့ အိမ်ကလည်း စိတ်ချတယ်။…
Read Moreနိုင်ငံရေးအခက် ဝိသမလောဘသားတွေအချက် အသက်ရှူကျပ်နေရတဲ့ ပြည်သူ
SN (VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါးရှိလာချိန်မှာ အရင်က အချိန်မရွေးဝယ်ယူနိုင်တဲ့ ဆန်နဲ့ စားအုန်းဆီ စတဲ့ အခြေခံကုန်စည်တွေကိုတောင် ပြည်သူလူထုအနေနဲ့ တိုးဝှေ့ကာ၊ စကားများရန်ဖြစ်ကာ စီတန်းဝယ်ယူနေရတဲ့အခြေအနေကို ဆိုက်ရောက်နေတာပါ။ စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေအတွက် နစကမှာတာဝန်အရှိဆုံးဖြစ်တယ်လို့ တညီတညွတ်တည်း ပြောဆိုကြပါတယ်။ နစကရဲ့စီမံခန့်ခွဲမှု လိုအပ်ချက်တွေကြောင့် ပြည်သူတွေအကျပ်အတည်းနဲ့ ရင်ဆိုင်ရတာလို့လည်း ထောက်ပြကြပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ချမှတ်နေတာကြောင့်လည်း အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေတဲ့ နစကဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို မထိန်းချုပ်နိုင်တဲ့အတွက်ကုန်ဈေးနှုန်းဟာလည်း ကျွဲကူးရေပါ တက်မြဲတက်နေဆဲပါ။ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်…
Read MoreMOGE ကိုဒဏ်ခတ်မှု ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲ
SN (VOM) နစကအတွက် နိုင်ငံခြားငွေ အများဆုံးလာရာ ရေသောက်မြစ် လမ်းကြောင်းကြီးဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ MOGE ဟာ နစကရဲ့ ပင်မ ဘဏ္ဍာရေးထောက်တိုင်တရပ် ဖြစ်တဲ့အပြင် စစ်တပ်ရဲ့ ပြည်ပ စစ်လက်နက်ဝယ်ယူမှုတွေအတွက်နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းရာချီ ဘဏ္ဍာငွေအဖြစ် စီးဆင်းနေတဲ့ အဓိက အသက်သွေးကြောကြီးတခု ဖြစ်ပါတယ်။နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် နစကဟာ စစ်လက်နက်ပစ္စည်း ကန်ဒေါ်လာ တဘီလီယံကျော်ဖိုး တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို MOGE ကို အရေးယူဒဏ်ခတ်ခြင်းဟာ အမေရိကန်နိုင်ငံသားအနေနဲ့ နစကလက်အောက်ခံ MOGE ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်ပြီးသော်လည်းကောင်း လုပ်ကိုင်ခြင်း…
Read Moreစီးကြမယ်လေ စက်ဘီး
ဆူးငှက် “ဘီးကလေးကိုစီး .. အချစ်အလေးကိုတင်ပြီး ကိုယ်သွားရတာလေ .. အင်မတန်ပျော် .. စကြဝဠာအဆုံးထိနင်းရမလား…” မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော်စိုင်းထီးဆိုင်လည်း စက်ဘီး စီးခဲ့သည်။အဆိုတော် ဂျေမောင်မောင်ကို သူ့ပြိုင်စက်ဘီးလေးနှင့် မန္တလေးမြို့အနှံ့တွေ့နိုင်သည်။ တစ် ခါတစ်ရံ သမီးငယ်လေးကို ချီပိုးပြီး စက်ဘီးလေးနှင့် ဘီလမ်းပေါ်တွင် တွေ့နိုင်သေး၏။ တစ်ချိန်ကမန္တလေး တက္ကသိုလ် ပင်မ ဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတော လေးရှင်းပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။ သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေ မန်းဆောင်ရှေ့မှာလည်း စက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက် ဘီး ..၊ အုတ်ခုံကြီးသာကျန်တော့ သော အတုမရှိကျောင်းကြီး၏ မကရ်းရုပ်လှေကားခြေမှာယောကျ်ား စီးစက်ဘီးတစ်စီးနှင့် မိန်းမစီးစက် ဘီးတစ်စီးခေါင်းချင်းဆိုင်နေသည်။ ဝင်းလိုက်ရုံမြောက်ဘက်…
Read Moreအိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ၄၄ ယောက် ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာမြန်မာစစ်ဘေးရှောင် ကလေးလူကြီး အယောက် ၄၀ ကျော်ဟာ အိန္ဒိယရဲတွေ ဖမ်းဆီးတာကိုခံရပြီးနောက်ပိုင်း မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ နိုဝင်ဘာ တရက်နေ့ မနက်ပိုင်းက မိုးရေးမြို့ရောက် မြန်မာစစ်ဘေးရှောင်တွေထဲက စျေးဝယ်ထွက်တဲ့ လူ ၄၄ ယောက်ကို အိန္ဒိယရဲက ဖမ်းတယ် ၊ အဲ့ဒီထဲက မိန်းကလေးနဲ့ ကလေးသူငယ်တွေကိုမနေ့ အောက်တိုဘာ နှစ်ရက်နေ့က ပြန်လွတ်ပေးတယ်၊ အဲ့ဒီလို ပြန်လွတ်ပေးတာ ၁၀ ယောက်ကျော်ရှိတယ်…
Read Moreယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #ရွှေစျေး
Read More