တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံတွေလား ?
တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံတွေလား ? စစ်တွေ၊ အောက်တိုဘာ ၂၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) “တပါတီတည်းက အနိုင်ရဖို့ လိုတယ်ဆိုတဲ့ အပြုအမှု၊ အပြောအဆိုတွေကြားမှာ ကျမတို့ရဲ့ပြည်ထောင်စုထဲက တိုင်းရင်းသားပါတီတွေဟာ အိမ်ဖြည့်သဘောမျိုးလို အရောင်ပြသဘောမျိုလား” လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၉) ခုလုံးအပါအဝင် ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းက ရပ်ကွက် (၁၅) ခုနဲ့ ကျေးရွာအုပ်စုပေါင်း (၁၃၇) အုပ်စုကို ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်တော့မှာ မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့အပေါ် ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် ကို VOM ကမေးမြန်းစဉ်ပြောဆိုခဲ့တာပါ။ လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမြို့နယ်တွေမှာသာ ရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်ပြီး ရခိုင်အမျိုးသားပါတီအနေနဲ့ ဂုဏ်သိက္ခရှိရှိနဲ့ ယှဉ်ပြိုင်အနိုင်ရလိုကြောင်း ဒေါ်အေးနုစိန်က ဆိုပါတယ်။ ဒီအကြောင်းအရာတွေအပါအဝင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့…
Read More
အမျိုးသမီးတွေ လွှတ်တော်နိုင်ငံရေးမှာ များများပါဝင်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဒေါ်နန်းရီရီဝင်း
Read More
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
ပါတီမိတ်ဆက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ မန္တလေး၊ အောက်တိုဘာ- ၂၀- ၂၀၂၀ (VOICE OF MYANMAR) ကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ရဲ့ မူဝါဒနဲ့ လက်ရှိရွေးကောက်ပွဲကာလမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အင်အားကြီးပါတီတွေနဲ့ ဘယ်လိုယှဉ်ပြိုင်မလဲ ဆိုတာကို ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဒေဗစ်လှမြင့် ကို VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်းက အင်တာနက်ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။ #VOM #VoiceofMyanmar #UNDP #ပါတီမိတ်ဆက် #ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ    
Read More
ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီရဲ့ ဒုတိယဥက္ကဌ ဦးကျော်ဇောဦး နဲ့ VOM တွေ့ဆုံမေးမြန်းချက်
ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီရဲ့ ဒုတိယဥက္ကဌ ဦးကျော်ဇောဦး နဲ့ VOM တွေ့ဆုံမေးမြန်းချက် စစ်တွေ၊ အောက်တိုဘာ ၁၇- ၂၀၂၀ ထက်အောင်စိုင်း(VOM) လာမယ် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ကျရောက်တော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေအများစုမှာ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယဉ်ပြိုင်ကြမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတစ်ခုဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီရဲ့ ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအနေနဲ့ မိမိတို့ မဲပေးကြဖို့တိုက်တွန်း လိုက်တာဖြစ်ပါတယ်။ ရခိုင့်ဦးဆောင်ပါတီရဲ့ ကြွေးကြော်သံကတော့ “ ရဲရင့်အသံရှင်မုန်တိုင်းပင်ဖြတ်သန်း” ဆိုတဲ့ ဆောင်ပုတ်နဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူကိုယ်စား ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ရဲရဲဝံ့ဝံ့ တောင်းဆိုတင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းသာယာရေး၊ လာမယ့် ရွေးကောက်ပွဲမှာ…
Read More
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်)
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၅-၂၀၂၀ ဆွေလင်းထွန်း ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို…
Read More
ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP)
ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP) မန္တလေး၊စက်တင်ဘာ ၃၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးမှုဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးထွန်းအောင်ကျော် – ရခိုင်ပြည်နယ် ၆၃ ၊ ရန်ကုန်တိုင်းမှာ ၁ယောက်၊ ဧရာဝတီတိုင်းမှာ ၄နေရာ စုစုပေါင်း၆၈နေရာအပြည့် ကျွန်တော်တို့ဝင်ပြိုင်တယ်။ ဒါပေမယ့် ကျောက်ဖြူမဲဆန္ဒနယ်မှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာနကကန့်ကွက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကနေ ဖယ်လိုက်တယ်။ ဒါကြောင့် ကျနော်တို့အခုယှဉ်ပြိုင်ဖို့အတွက် အရေအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၃နေရာမှာ ၆၇နေရာကျနော်တို့ပြိုင်မှာပါ။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးထွန်းအောင်ကျော် – ကျနော်တို့ပါတီမှုဝါဒမှာပါတဲ့အတိုင်းပေါ့ ကျနော်တို့က တန်းတူညီမျှဖို့အတွက် တိုင်းရင်းသားပြည်နယ်အပါအဝင်တည်ထောင်ဖို့ဆိုတဲ့ အခုမြန်မာနိုင်ငံမှာအားလုံးတန်းတူညီမျှဖို့အတွက်ဆောင်ရွက်မယ်။ စစ်မှန်တဲ့ အမည်ခံပြည်ထောင်စုမဟုတ်ဘဲနဲ့ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက်ကျနော်တို့လုပ်မယ်။ နောက်တစ်ခုက ဒီမိုကရေစီဟာ ကျနော်တို့နားလည်ပြီးသလို ဒီထက်ပိုပြီးတော့ ရင့်ကျက်…
Read More
ပါတီမိတ်ဆက် ( မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ-PPMFW )
ပါတီမိတ်ဆက် ( မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ-PPMFW ) မန္တလေး၊စက်တင်ဘာ၂၈-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းကျော့ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဒေါ်စန်းစန်းကျော့ – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၁၈ယောက် ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဒေါ်စန်းစန်းကျော့ – (၁)လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို မထိခိုက်စေဘဲ အမျိုး-ဘာသာ သာသနာ နဲ့ ဝံသာနုရက္ခိတ တရားများကို အတူတကွ ကာကွယ်စောင့်ရှောက်မြှင့်တင်မည်။ (၂) ပြည်ထောင်စုငြိမ်းချမ်းရေး အမြန်ဆုံးရရှိတည်တံ့စေရမည်။ (၃) ဒီမိုကရေစီ စံနှုန်းနှင့်ညီသော မိမိနိုင်ငံနဲ့ လျော်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည်။ (၄) တရားမျှတသော ဥပဒေများပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးနဲ့ ပြည်ထောင်စုတဝှမ်းလုံး တရားဥပဒေစိုးမိုး၍ အေးချမ်းသာယာစေရမည်။ (၅) သန့်ရှင်းသော၊ အဂတိကင်းရှင်းသော၊ အရည်အချင်းပြည့်ဝသည့် ပြည်သူ့အစိုးရ အုပ်ချုပ်ရေးစနစ်အား…
Read More
ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ)
ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ) မန္တလေး၊စက်တင်ဘာ၂၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဓနုအမျိုးသားဒီမိုကရေစီပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးတင်မောင်ဦးကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးတင်မောင်ဦး – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၇နှစ်ဦးရှိပါတယ်။ကျနော်တို့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပဲ တင်တာပါ။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးတင်မောင်ဦး – ဒေသခံတိုင်းရင်းသားလူမျိုးအခွင့်ရေးရရှိဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးတင်မောင်ဦး – ကျနော်တို့ဒေသခံတိုင်းရင်းသားလူထုကိုပဲ အမှီပြုပြီးတော့ပြိုင်မှာပါ။ ကျနော်တို့မှာ အင်အားတော့နည်းမှာပဲ။ ဓနုအင်အား၊ ပါတီရန်ပုံငွေအင်အားမရှိသလောက်ပဲ၊ ကျနော်တို့တတ်နိုင်သလောက် စွမ်းအားနဲ့ပဲပြိုင်မှာပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးတင်မောင်ဦး – ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကမှ ပါတီကိုထောင်တာ။ အဲ့ဒီတော့အချိန်လည်း သိပ်မရှိခဲ့ဘူး။ အဲ့ဒီတော့၂၀၁၅ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ပါဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်လဲ။ ဦးတင်မောင်ဦး…
Read More
ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. )
ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. ) မန္တလေး၊စက်တင်ဘာ၂၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ်လူ့ဘောင်သစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ပါတီအကြောင်းသိနိုင်ဖို့ လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးဇေယျ ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးဇေယျ -ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးဇေယျ – ပြည်သူလူထုအကျိုးစီးပွားအတွက် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေးဒီမိုကရေစီတပ်ပေါင်းစုပေါ်ထွန်းရေး။ ဒီမိုကရေစီကိုအခြေခံထားတဲ့ ခိုင်မာတောင့်တင်းတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကိုပေါ်ပေါက်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ ဆက်စပ်နေတဲ့တွက် တဆက်တစပ်တည်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် မလွဲမသွေဆောင်ရွက်သွားမယ်ကိစ္စဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ယုံကြည်တယ်။ ဒီမိုကရေစီစနစ်အရ အတိုက်ခံပုံစံကိုလွှတ်တော်အတွင်း လွှတ်တော်ပြင်ပမှာ တရားဝင်ပေါ်ပေါက်ရေးကိုကျနော်တို့ ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒါတွေကို ချုံ့လိုက်ရင်တော့ဒီမိုကရေစီရေး၊လူ့အခွင့်ရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နဲ့ ကျနော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးဇေယျ – ကျနော်တို့လက်ရှိအနေထားမှာ ဘဏ္ဍာရေး အခက်ခဲနဲ့ COVID-19အဆုပ်ရောင်ရောဂါကပ်ကြီးရှိနေတဲ့အတွက် ဒီလိုအခြေအနေမျိုးတွေရှိလာလျှင်…
Read More
ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P)
ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P) မန္တလေး၊စက်တင်ဘာ၂၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီအကြောင်းသိနိုင်ဖို့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီဉက္ကဌ ဦးအောင်ခင်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးအောင်ခင်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၅ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးအောင်ခင်း – ကျနော်တို့ကလွှတ်တော်မှာရောက်ပြီးမှတန်းတူညီတူရေးတွေကျနော်တို့ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ရေး၊ ဒီကနေရှမ်းပြည်နယ်တွေရရှိဖို့ ၊ တိုင်းပြည်ကိုယ်ပိုင်အုပ်ချုပ်ဒေသတို့တောင်းဖို့၊ ရှမ်းပြည်မှာအမည်ပေါ်ပေါက်ရေးကိစ္စ၊ မှတ်ပုံတင်မှာရှမ်းပြည်ဆိုပြီးမရေးပိုင်ခွင့်မရှိဘူး။ အဲ့ဒါရေးပိုင်ခွင့်ရအောင်အမည်မှာပေါ်ပေါက်ဖို့လုပ်ရမှာ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးအောင်ခင်း – ကျနော်တို့အခြားဒေသမှာယှဉ်ပြိုင်မှာမဟုတ်ဘူး။ ကျနော်တို့ဒေသ(ရှမ်းပြည်နယ်ရှိတဲ့ဒေသ)ယှဉ်ပြိုင်မယ်။ ဆိုတော့ တအားကြီးတော့မခက်ခဲဘူး ကျနော်တို့လူမျိုးတွေကျနော်တို့ကိုထောက်ခံလာဖို့ဘဲလိုတယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးအောင်ခင်း – မနိုင်ခဲ့ဘူး။၂၀၁၅မှပါတီဖြစ်လာတာ။ အဲဒီတုန်းကလည်း ပုဂ္ဂိုလ်သီးသန့်ဝင်ပြိုင်တော့ဘာမှမရခဲ့ဘူး။ ကျနော်တို့က ၂၀၁၅ ဩဂုတ်လမှပါတီ ဖွင့်ခွင့်ကျတာ။ ကျနော်တို့က ပါတီဝင်စုဆောင်ရေးလုပ်တာနဲ့စည်းရုံးရေးကသိပ်မဆင်းလိုက်ရဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးအောင်ခင်း – မူရင်းဒေသခံမှာ ကျနော်တို့က လူတွေကိုဖိတ်ခေါ်ပြီးမှ…
Read More
VOM News
FREE
VIEW