ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)
ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀ ကိုညီသစ်(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးကျော်စိုးအောင်ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိုးအောင် – ပထမက ၂၆ နေရာ ဝင်ပြိုင်မယ်ဆိုပြီး ပါတီက ဆုံးဖြတ်တယ် အကြောင်းကြောင်းကြောင့် ၇ နေရာ ဝင်ပြိုင်တယ်။ ၇ နေရာမှာ ၄ နေရာကို အရည်အချင်းပြည့်မီမှု မဖြစ်ဖူးဆိုပြီးပယ်တယ်၊ ၃ နေရာကတော့ အရည်အချင်းပြည့်မီ ဖြစ်သွားတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးကျော်စိုးအောင် -အဓိက ရွေးချယ်တဲ့ အရည်အချင်းက ကျနော်တို့ပါတီရဲ့ ကတိကဝတ် ပေးထားတာတွေနဲ့ကိုက်ညီတဲ့ အရည်အချင်း ၊ ပြီးတော့ ပြောအားဆိုအားရှိတဲ့ ၊ ဥပဒေလမ်းကြောင်းနားလည်တဲ့ လူ့အခွင့်အရေး…
Read More
ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP)
ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ကရင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ကရင်အမျိုးသားပါတီအကြောင်းသိနိုင်ဖို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦိးမန်းကျော်ငြိမ်းကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးမန်းကျော်ငြိမ်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ကျနော်တို့က စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ဖို့ပါဘဲ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ဝင်ပြိုင်တဲ့ နေရာတွေအားလုံးဝင်ပြိုင်မှာပါ။ ပါတီကြီးတွေရှိရင်လည်း ကျနော်တို့ဝင်ပြိုင်မှာဘဲ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦိးမန်းကျော်ငြိမ်း- မနိုင်သေးဘူး။ ပြီးခဲ့တဲ့၂၀၁၄မှာပါတီမှတ်ပုံတင်ကျတာ ၂၀၁၅မှဝင်ပြိုင်တယ်။ အဲ့တုန်းက၂၁နေရာဝင်ပြိုင်တာ တစ်နေရာမှမရခဲ့ဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးမန်းကျော်ငြိမ်း- သူ့ရဲ့ဒေသကလူတွေကနေပြီးတော့ သင့်တော်မယ့်လူတွေကို ရွေးချယ်တဲ့အခါမှာ ကျနော်တို့ကတော့ ( Criteria) ကိုယ်စားလှယ်လောင်းအရည်အသွေးသတ်မှတ်ချက် အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ချင်တဲ့စိတ်ရှိတဲ့လူ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့လူ၊ ပညာရေးကိုတော့မကန့်သတ်ထားဘူး။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။…
Read More
ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)
#DPNS
ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ ပါတီမိတ်ဆက်အစီအစဉ်အဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအကြောင်းသိနိုင်ဖို့ ပါတီရဲ့  တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကို VOMသတင်းထောက် လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဒေါ်နှင်းနှင်းမွှေး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ကတော့ နေရာဒေသအလိုက်အမျိုးမျိုးကွဲသွားတယ်။ ဘာလို့လဲဆိုတော့ မန္တလေးတိုင်းထဲမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကတိကဝတ်က ရန်ကုန်တိုင်း/ဧရာဝတီတိုင်းများမှာရှိတဲ့ လူတွေနဲ့လည်းမတူနိုင်ဘူး။ အဲဒီတော့ကျွန်မတို့က ခြုံပြီးတော့ပြောရရင် ရွေးကောက်ပွဲ တရာမျှတမှုအတွက် အသိအမှတ်ပြုခံ DPNS ဆိုတာရှိတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဒေါ်နှင်းနှင်းမွှေး- COVIDကာလမှာဆိုတော့ ဘာမှကိုလုပ်မရတဲ့အချိန်အနေတွေဖြစ်သွားတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် Stay at Home ဖြစ်တဲ့အတွက် အခုဘာမှအပြင်ကိုထွက်လို့မရ။ ဒါကြောင့် ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်များနဲ့အညီဟာပါတယ်။ ဒါကြောင့် အခုရန်ကုန်မှာကအမိန့်တွေအရမ်းများတယ်လေ။…
Read More
ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်)
ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်) စက်တင်ဘာ၊ ၂၃-၂၀၂၀ ရှိုင်းအောင်(VOM) ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီရဲ့ ဥက္ကဋ္ဌ ဦးတိန့်ဆောင်ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက်ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာရင်းပေးထားလဲ? ဦးတိန့်ဆောင်- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၈ ဦးပါ ခင်ဗျ။ VOM – ပါတီဝင်အင်အား အရေအတွက်ဘယ်လောက်ရှိလဲ။ ဦးတိန့်ဆောင် – ပါတီဝင်အင်အား ၈၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက် ပွဲဝင်ပြိုင်ဖြစ်တာလဲ။ ဦးတိန့်ဆောင်- ပါတီကြီးတွေကတော့ တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ပြီး အစိုးရဖွဲ့နိုင်တဲ့အနေအထားနဲ့ လှုပ်ရှားပေါ့၊ ကျနော်တို့ကျတော့ ဒေသတွင်းကိုပဲ ရည်ရွယ်ထားတာပေါ့၊…
Read More
ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD)
ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD) မန္တလေး၊စက်တင်ဘာ၂၂-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးပူဂင့်ကမ်းလျန်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးပူဂင့်ကမ်းလျန်- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးပူဂင့်ကမ်းလျန်- ပါတီရဲ့ကတိကဝတ်ကတော့မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့၃၀ခုနှစ် မူဝါဒ(Policy)၄ချက်ရှိပါတယ်။ (၁) ဘိုးဘွားစဉ်၊ဌာနေများက ဇိုမီးတိုင်းရင်းသားများဖြစ်ကြောင်းမူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး။ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့။ (၃) လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်။ (၄)ပင်လုံစိတ်ဓာတ်မြှင့်တင်လာဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးပူဂင့်ကမ်းလျန်- ကျနော်တို့ကဒီလိုဘဲပြိုင်နေကြပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးပူဂင့်ကမ်းလျန်- ၂၀၁၅မှာ၆နေရာနိုင်တယ်။ တွန်ဇံ၃နေရာ၊ တီးတိန်မှာ ၃ နေရာ။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးပူဂင့်ကမ်းလျန်- အောက်ခြေနဲ့ ပါတီခေါင်းဆောင်နဲ့မဲထည့်ပြီးရွေးပါတယ်။ အခြေခံကနေမဲထည့်ပြီးရွေးပါတယ်။ အဲ့ဒီကနေတက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်စားလှယ်လောင်းလျာထားပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးပူဂင့်ကမ်းလျန်-အခုနောက်ပိုင်းတော့စာရင်းသိပ်မကောက်တော့ဘူး။နောက်ဆုံးကောက်တာကတော့၂သောင်းကျော်တယ်။ VOM –…
Read More
ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအကြောင်း ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးကျော်စွာစိုး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်၃၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကလယ်သမားပါတီဆိုတော့ လယ်သမားတို့စောင့်ရှောက်တည့်မတ်ရမယ်။ တိုင်းပြည်ရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးသည်သုံးခုကိုသေသေချာချာလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပါ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကအစိုးရဖွဲနိုင်တဲ့အနေထားမှမရှိတာ။ သူတို့ကအစိုးရဖွဲ့နိုင်တယ်ဆိုရင် နိုင်တဲ့ပါတီနဲ့ကျနော်တို့ကပူးပေါင်းရမှာပေါ့။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးကျော်စွာစိုး-မနိုင်သေးဘူး။ ၂၀၁၅မှာ၂၈၆ယောက်ပြိုင်တာမနိုင်ဖူးသေးဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးကျော်စွာစိုး-ပညာတက်တစ်ယောက်ဖြစ်ရမယ်၊ မျိုးချစ်စိတ်ရှိရမယ်၊ သတ္တိရှိရမယ်၊ ပြောရဲဆိုရဲတွေလုပ်ရဲတဲ့လူတွေဖြစ်ရမယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးကျော်စွာစိုး-အရင်တုန်းကတော့၃သန်းကျော်ရှိတယ်။ အခုတော့နည်းနည်းလျော့လာပါတယ်။ VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။ ဦးကျော်စွာစိုး-အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင်ရှောက်မယ့် လယ်သမားပါတီလာပါပြီ။ #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) zawgyi   ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀…
Read More
ပါတီမိတ်ဆက်(အရှိုချင်းအမျိုးသားပါတီ-ACNP)
Read More
ပါတီမိတ်ဆက်(မြိုတိုင်းရင်းသားပါတီ-M.N.P.)
MNP
ပါတီမိတ်ဆက်(မြိုတိုင်းရင်းသားပါတီ-M.N.P.)     မန္တလေး၊စက်တင်ဘာ၁၉-၂၀၂၀ လဲ့လဲ့ဝင်း(VOM)   လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြိုတိုင်းရင်းသားပါတီအတွင်းရေးမှူးဦးမင်းအောင်ကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။   VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးမင်းအောင်-ကျနော်တို့ပါတီကရခိုင်ပြည်နယ်မှာစည်းလုံးတဲ့ပါတီဆိုပြီး မူဝါဒမှာထုတ်ပြန်ထားတဲ့အတွက်ကျနော်တို့ပါတီကတော့၃ယောက်တည်းပဲ ပြိုင်တဲ့ကိုယ်စားလှယ်ကိုတင်ထားပါတယ်။   VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးမင်းအောင်-မောင်တောမှာတော့ကျွန်တော်နိုင်ချေရှိတဲ့အတွက်နိုင်အောင်ကျိုးစားသွားမယ်ဖြစ်တဲ့အတွက်လုပ်ဆောင်သွားပါမယ်။   VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးမင်းအောင်-ဒီပါတီအရနဲ့ဆိုတော့ကျနော်တို့ဒီမောင်တောမြောက်ပိုင်းမှာကျနော်တို့ရဲ့လူမျိုးတွေကအများစုဖြစ်တယ်။ဒါကြောင့် ကျနော်တို့ကကိုယ့်လူမျိုးကိုကိုယ်ကအကုန်လုံးပိုင်နိုင်မယ်ဆိုတဲ့သဘောထားနဲ့  ကျနော်တို့ကရနိုင်ချေရှိတဲ့အတွက်ကျနော်တို့ကအဲ့လိုသဘောထားနဲ့ကျနော်တို့ပြိုင်တော့မှာဖြစ်တယ်။     VOM-၂၀၁၅မှာဘယ်နှနေရာနိုင်ခဲ့လဲ။ ဦးမင်းအောင်-အဲ့ဒီတုန်းကကျနော်တို့လူနည်းစုတွေကထိတွေ့မှုနည်းတယ်၊အတွေ့ကြုံနည်းတယ်ဆိုတော့အတွေ့ကြုံမရှိတဲ့အတွက်အဲ့ဒီတုန်းကကျနော်တို့ဆုံးရှုံးခဲ့ရတယ်။တောင်ပေါ်ဒေသကဆိုတဲ့အတွက်မဲပေးပုံစနစ် နားမလည်တာတစ်ပိုင်း၊ အဲ့ဒီမှာဝေးလံခေါင်ခိုက်တဲ့နေရာမှာမဲရုံအလှမ်းဝေးတဲ့နေရာမှာဆိုတဲ့အခါမှာမလာနိုင်တဲ့လူကတစ်ပိုင်း၊ ကြိုတင်မဲနဲ့အဆင်မပြေလို့ တမျိုး၊ ပြီးတော့အင်အားကြီးပါတီကျနော်တို့ကိုအကြောင်းအမျိုးမျိုးနဲ့နိပ်ကွပ်လုပ်ဆောင်သွားတာကြောင့် ကျနော်တို့နစ်နာသွားတယ်။   VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။ ဦးမင်းအောင်-အမျိုးသားကိုယ်စားပြုဆိုတော့ကိုယ့်မြို့နယ်(ရခိုင်ပြည်နယ်)၄မြို့နယ်မှာကျနော်တို့ကဗမာအစည်းအဝေးလုပ်ပြုကဗဟိုရုံးကိုဘယ်သူကသင့်တော်၊ဘယ်သူကမသင့်တော်၊ဘယ်သူကအရည်ချင်းရှိမရှိ။ ကိုယ့်လူမျိုးအတွက် အမှန်တယ်ကယ် စေတနာရှိတဲ့လူကိုကျနော်တို့ကအဓိကဦးစားပေးတာ။သည်လိုဘဲရွေးချယ်သွားပါတယ်။   VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးမင်းအောင်-ရခိုင်ပြည်နယ်မှာကျနော်တို့က၂သောင်းကျော်ရှိပါတယ်။   VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။ ဦးမင်းအောင်-ရခိုင်ပြည်နယ်မှာလူနည်းဆုံးအနေနဲ့တစ်ဖက်တစ်လမ်းကနေ ကိုယ့်ညီအကိုအချင်းချင်းရန်ဖြစ်တဲ့ ရခိုင်မျိုးလူစုနဲ့ပူးပေါင်းပြီးတော့ကိုယ့်အားနည်းချက်၊အားသာချက်တို့ကိုကျနော်တို့ကပူးပေါင်းဆောင်ရွက်သွားမယ်။ #voiceofmyanmar #VOM #ပါတီမိတ်ဆက် #မြိုတိုင်းရင်းသားပါတီ zawgyi ပါတီမိတ်ဆက် (မြိုတိုင်းရင်းသားပါတီ-M.N.P.)…
Read More
ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP)
ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ရဲ့ ဒု-ဥက္ကဌ(၁) ဦးမြင့်မောင်ထွန်းကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းထားလဲ။ PPP- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၃၄ခုမှာ ရုံးတွေဖွင့်လှစ်ထားပြီး ဝင်ပြိုင်မယ့်မြို့နယ်တွေကတော့ ၉၇ မြို့နယ်ပါ၊ ရန်ကုန်တိုင်းမှာဆိုရင် အမျိုးသားလွှတ်တော်က ၈ ဦး၊ ပြည်သူ့လွှတ်တော် ၃၀ ဦး၊ တိုင်းဒေသကြီး ၆၀ ဦး၊ ကိုယ်စားလှယ်လောင်းအရေအတွက် ၉၈ ဦး ရှိပါတယ်။ VOM -ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။ PPP- ပါတီဝင်အင်အား ၇၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ပြိုင်ဖြစ်တာလဲ။ PPP-…
Read More
ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ညီသစ်(VOM) လာမယ့် ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု-ဥက္ကဋ္ဌ ဦးလှတိုးကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးလှတိုး – ၅ဦး ဝင်ပြိုင်ဖို့ ကော်မရှင်ကိုတင်ထားပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးလှတိုး – ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အနည်းဆုံးပညာ အရည်အချင်းအနေနဲ့ ဆယ်တန်းရှိရမယ်၊ အကျင့်စာရိတ္တ ကောင်းရမယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးတတ်နိုင်သလောက်လေ့လာမှု့ရှိရမယ်၊ လူနည်းစုအခွင့်အရေးတွေကို ဘယ်လို တောင်းဆိုမလည်းဆိုတာကိုစဉ်းစားထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ် အဲ့ဒီအချက်ကလေးတွေနဲ့ရွေးတာပါ။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ။ ဦးလှတိုး – ပါတီရဲ့ကတိကဝတ်ကတော့ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်အဓိက လူနည်းစုအခွင့်အရေးကို မြှင့်တင်ဆောင်ရွက်သွားဖို၊့ နောက်တစ်ခုကတော့ ကိုယ်ယှဉ်ပြိုင်ခဲ့တဲ့နယ်မြေဒေသက ပြည်သူလူထုရဲ့ ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားဖို့…
Read More
VOM News
FREE
VIEW