ကယားပြည်နယ်ဝန်ကြီးချုပ်ကိုသမ္မတအမိန့်နဲ့ တာဝန်ကနေရပ်စဲတာဟာ ဥပဒေကိုလေးစားလိုက်နာမှုဖြစ်ပေမယ့် ကယားလွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့ကြောင်း ပါတီဗဟိုထုတ်ပြန်

ကယားပြည်နယ်ဝန်ကြီးချုပ်ကိုသမ္မတအမိန့်နဲ့ တာဝန်ကနေရပ်စဲတာဟာ ဥပဒေကိုလေးစားလိုက်နာမှုဖြစ်ပေမယ့် ကယားလွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့ကြောင်း ပါတီဗဟိုထုတ်ပြန်   မန္တလေး ၊စက်တင်ဘာ-၄-၂၀၂၀ Voice Of Myanmar   ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို ကိုနိုင်ငံတော်သမ္မတက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၂၆၃၊ ပုဒ်မခွဲ(၅) ၊ပုဒ်မခွဲငယ်(၂)အရရာထူးကရပ်စဲလိုက်ကြောင်း စက်တင်ဘာ ၃ ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။   မြေယာနဲ့စက်ယန္တယားဝယ်ယူရေးကိစ္စတွေနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံစွပ်စွဲပြစ်တင်တဲ့ကိစ္စစုံစမ်းစစ်‌ဆေးမှုအပြီးမှာနိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုးပြီးတာဝန်ကနေရပ်စဲလိုက်တာဖြစ်ကြောင်း  ပြည်နယ်လွှတ်တော်အမတ်ခူးသဲရယ်ကပြောပါတယ်။   အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဝန်ကြီးချုပ်ကလာရောက်စစ်ဆေးမှုမခံပေမယ့်စုံစမ်းမှုများပြီးသွားချိန်စက်တင်ဘာ၁ရက်နေ့ကပြည်နယ်လွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာကန့်ကွက်မဲ၄မဲ၊‌ထောက်ခံမဲ၁၄မဲနဲ့အတည်ပြုခဲ့တာကြောင့်တာဝန်ကရပ်ဆိုင်းဖို့သမ္မတကိုတင်ပြခဲ့တာလည်းဖြစ်ပါတယ်။   NLD ပါတီဗဟိုရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလိုဆုံးဖြတ်ခဲ့တာဟာ  ဥပဒေကိုလေးစားလိုက်နာမှုဖြစ်ပေမယ့် ကယားလွှတ်တော်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့ကြောင်းဖေါ်ပြထားပါတယ်၊   “စွပ်စွဲပြစ်တင်မှုဖြစ်စဉ်သည် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်၏ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရာထားရာတွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် အလားတူ ပါဝင်ခြင်းမရှိသော အဖွဲ့ချုပ်အဖွဲ့ဝင် ကိုယ်စားလှည်များနှင်းလည်းကောင်း အဖွဲ့ချုပ်အဖွဲ့ဝင်မဟုတ်သည့် အခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်များ၏ အင်အားကိုရယူပြီးလည်းကောင်းအဖွဲ့ချုပ်၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမည့်အချိန်ကိုက်ဆောင်ရွက်မှုဖြစ်သဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းရှုမြင်သုံးသပ်ထားပြီး နောက်နောင်ဒီဖြစ်စဉ်မျိုးကို ပေါ်ပေါက်ခြင်းမရှိအောင်…

Read More

需要更多的教育来减少儿童被强奸率

需要更多的教育来减少儿童被强奸率 2020年8月26日 LEI LEI WIN(VOM) 8月20日,曼德勒地方法院判处aung mya tha san区的一名未成年人强奸犯将终身监禁。这种对未成年人的强奸很普遍,有的被判处死刑,有的被判处20年监禁。但一些嫌疑犯仍然逍遥法外。 一个名叫维多利亚的女孩于2019年5月16日在内比都的Wisdom Hill幼儿园被强奸,但尚未发现是任何人。 缅甸国家人权委员会2018年2月的一份声明指出,2016年为1100例,2017年为1405例,增加了305例。根据缅甸警方发布的官方数据,2017年报告了897起案件; 2018年有1,028例,2019年上半年有419例。 同样,根据缅甸邻国印度的国家犯罪记录局的数据,2018年有超过33,000起强奸案,每天有91名儿童被强奸。 资深人权家EqualityMyanmar的执行董事Aung Myo Min表示,强奸儿童的根本原因是基于:“关于这些问题尚无透彻的研究,但有关于儿童性虐待有几点需要注意。一、如果儿童被威胁了导致害怕他们就不会告诉家人,然后这件事情就会平复。 二、儿童没有受到保护,成年人不得不为此抱怨。他们没有教小孩如何保护自己。也没有教导他们不要信任任何人。最后,在社区中房屋都比较靠近。当父母去外地工作,邻居有时候就会照顾孩子。在这里,他们会利用信任来侵犯小孩。这几点是发生侵犯率最多的原因。” 大多数儿童强奸是由邻居犯下、叔叔、继父、僧侣等人甚至也会是他的父亲。 儿童权利家说,需要采取严格的法律措施来打击对儿童的性虐待,并且父母需要对孩子进行与年龄相关的性教育,以保护自己。 #voiceofmyanmar #VOM

Read More

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲက စိတ်ဝင်စားစရာများ

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲက စိတ်ဝင်စားစရာများ နေပြည်တော်၊သြဂုတ် ၁၉၊၂၀၂၀ အေးချမ်းသူ – ရှိုင်းအောင် (VOM) ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြောကြားခဲ့တဲ့ အစိုးရနဲ့တိုင်းရင်းသားခါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေထဲကနေ စိတ်ဝင်စားစရာစကားစုတွေကို ထုတ်နုတ်ထားတာဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ သေနတ်သံတွေ ဗုံးသံတွေ တိုက်ပွဲသံတွေ တိုးတက်သွားရုံသက်သက်မဟုတ်ဘူး။ လက်နက်အားကိုးမှ အင်အားအသုံးချမှ ထိရောက်မှုရှိမယ်။ လူရာဝင်မယ် အရေးပေးခံရမယ် ။အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးကို ဖြတ်တောက်ပစ်ဖို့အထိ ဖြစိပေါ်စေခဲ့တဲ့အဇ္ဈတ္တ စိတ်သဏ္ဍာန်ရေသောက်မြစ်ကိုဖြတ်ပစ်ဖို့အထိ ရည်ရွယ်ထားတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ သူဒေသငြိမ်းချမ်းရေးမရတာ ငါနဲ့မဆိုင်ဘူး။ ကိုယ်လွတ်ရုန်းနေတဲ့စိတ်ဓာတ်မျိုး နောင်လာမဲ့မျိုးဆက် ကိစွ နောင်ခါလာနောင်ခါဈေးထည့်ထွက်စရာမလိုဘူးဆိုတဲ့ တာဝန်မသိတဲ့ခံယူချက်မျိုးတွေ ဖယ်ရှားပစ်ရမှာ တိုင်းရင်းသားပြည်သူလူထုကြီးကလည်း ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းကူပြီးတွန်းမှသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်သူတွေ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင်လုပ်ချင်သူတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို မလျှောက်လှမ်းလို့မရဘူးဆိုတဲ့ အခြေအနေမျိုးရောက်လာမှာဖြစ်ကြောင်း…

Read More

သြဂုတ်လ ၁၅ နဲ့ ၁၆ ရက် DVB ရုပ်သံမှာတင်ဆက်သွားတဲ့ NLD အစိုးရလက်ထက်မှာ “မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေပြီလား” DVB Debate အစီအစဉ်မှာပါဝင်ဆွေး‌နွေးဖို့ အချက်အလက်တွေ ရှာဖွေစုဆောင်းရာကနေ တွေ့ရှိရတဲ့ ဒေါ်တင်ထားဆွေရဲ့အမြင်တချို့ကိုစုစည်းတင်ပြခြင်း

သြဂုတ်လ ၁၅ နဲ့ ၁၆ ရက် DVB ရုပ်သံမှာတင်ဆက်သွားတဲ့ NLD အစိုးရလက်ထက်မှာ “မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေပြီလား” DVB Debate အစီအစဉ်မှာပါဝင်ဆွေး‌နွေးဖို့ အချက်အလက်တွေ ရှာဖွေစုဆောင်းရာကနေ တွေ့ရှိရတဲ့ ဒေါ်တင်ထားဆွေရဲ့အမြင်တချို့ကိုစုစည်းတင်ပြခြင်း သြဂုတ်လ ၁၉- ၂၀၂၀ တင်ထားဆွေ ၁။ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေသလား ပြင်သစ်အခြေစိုက် အစိုးရမဟုတ်တဲ့ အပြည်အပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့၊ နယ်စည်းမခြားသတင်းထောက်အဖွဲ့ (RSF)ရဲ့ ၂၀၂၀ ခုနှစ် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာအရ မြန်မာ့မီဒီယာလွတ်လပ်ခွင့်ဟာ ယခင်ထက်ကျဆင်းနေပါတယ်။ ယမန်နှစ်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အဆင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၈ မှာရပ်တည်နိုင်ခဲ့ပေမယ့် အခု ၂၀၂၀ ခုနှစ်အတွက် ထုတ်ပြန်ချက်မှာ အဆင့် ၁၃၉ ကို ကျဆင်းသွားပါတယ်။ ဆိုလိုချင်တာက RSF အဖွဲ့ဝင်နိုင်ငံပေါင်း၁၈၀ အနက် မြန်မာနိုင်ငံက ၁၃၉ အဆင့်မှာသာရှိပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ အထိ…

Read More

ရွေးကောက်ပွဲကာလ ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ

ရွေးကောက်ပွဲကာလ ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးဟာ နီးသထက်နီးလာနေပါပြီ။ တစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်နေရာတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်း စိုးရိမ်ရဆဲကာလမှာရှိနေဆဲပါ။ ရွေးကောက်ပွဲမဲဆွယ်ဖို့ သတ်မှတ်မယ့် ရက် ၆၀ကာလဟာလည်း နီးကပ်နေပြီမို့ ဘယ်လို ဘေးကင်းအောင် မဲဆွယ်ကြမလဲ?  တခြားအခက်ခဲတွေကရော ဘာတွေရှိနိုင်မလဲ ?   လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်သစ်တွေ၊ အရင်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြုင်ဘူးတဲ့ လက်ရှိကိုယ်စားလှယ်တွေနဲ့ VOM က စကားဝိုင်းလုပ်ပြီး ဆွေးနွေးအဖြေရှာဖြစ်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ ပြည်သူ့ပါတီကနေ ချမ်းအေးသာစံမြို့နယ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နိုင်နိုင်မော် ၊ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အမရပူရမြို့နယ်  ပြည်သူ့လွှတ်တော်နေရာအတွက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးတင်အောင်တို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဦးသိန်းထွန်းဦးက ၂၀၁၀မှာ သူတို့ မဲဆွယ်စည်းရုံးတဲ့အခြေအနေနဲ့ အနိုင်ရခဲ့တဲ့အတွေ့အကြုံတွေ ပြန်ပြောပြခဲ့ပါတယ်။ ဦးတင်အောင်ကလည်း ၂၀၁၅မှာ အလှပြယာဉ်တွေ လူစုလူဝေးတွေနဲ့ မဲဆွယ်ခဲ့ရတဲ့အနေအထားတွေကို ပြန်ပြောပြရင်း ခုလက်တွေ့ဖြစ်သင့်တာတွေကို…

Read More

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား ၂၀၂၀ နှစ်ဦးပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတုပ်ကွေးရောဂါကူးဆက်ပျံ့နှံနေတဲ့ သတင်းတွေထွက်လာတဲ့ အခါမှာဒီသတင်းတွေကိုအထူးအာရုံစိုက်ပြီးနားထောင်နေသူတစ်ဦးကတော့ယူကေနိုင်ငံအောက်စဖို့ဒ်တက္ကသိုလ် ဆေးဝါးဆိုင်ရာဆေးပညာပါမောက္ခ Sarah Gilbert ပါ။ ဝူဟန်တုပ်ကွေးသတင်းတွေမကြားရခင်ကထဲက ပါမောက္ခဆာရာဂေလ်ဘတ်နဲ့ သူ့ရဲ့သုတေသနအဖွဲ့ဟာကမ္ဘာပေါ်မှာ ကာကွယ်ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်ပိုးတွေ တားမနိုင်ဆီးမရ ကူးဆက်ပျံ့နှံ့ခဲ့ရင် ကာကွယ်နိုင်အောင်လို့ ကာကွယ်ဆေးတွေ ရှာဖွေနေပါတယ်။ ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Middle East Respiratory Syndrome (MERS) ကာကွယ်ဆေး နဲ့ X ရောဂါလို့နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးစမ်းသပ် နေပါတယ်။ Xရောဂါက အမျိုးအမည်မသိတဲ့ကပ်ရောဂါတစ်ခုလို့သတ်မှတ်ထားပြီး ကပ်ရောဂါဖြစ်လာရင် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေကြတာပါ။ ဝူဟန်မှာ လူကနေလူကိုကူးဆက်တဲ့ တုပ်ကွေးတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ဇန္နဝါရီလလယ်လောက်မှာ အသက်ရှုလမ်းကြောင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂ ( SARS-CoV-2) ဂျီနိုမျိုးဗီဇကို သူတို့ရရှိပါတယ်။ ဒီမျိုးဗီဇကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ရှာဖွေရမှာဖြစ်ပါတယ်။ ပါမောက္ခ‌ဂေလ်ဘတ်နဲ့အဖွဲ့ကသူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို လိုအပ်ရင် သုံးနိုင်အောင်လို့ စာတမ်းပြုစုဖို့သာမူလကရည်ရွယ်ထားပါတယ်။…

Read More

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို စစ်တွေ၊ မတ် ၁၊ ၂၀၂၀ ခိုင်လင်းစံ(VOM) လက်ရှိရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ၂၅ ရက်ကြာ တစ်ဖက်သက်အပစ်အခတ်ရပ်ဆိုင်းရေး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မတ်လ ၁ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိ တစ်ဖက်သက်အပစ်ရပ်သက်တမ်းကာလ ထပ်မံတိုးရတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက်ဖြစ်ကြောင်း အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက VOM သို့ပြောပါတယ်။ ” ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်နဲ့ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ဖက်က ၂၅ ရက်ထပ်ပြီးတိုးထားတာ။ အခုက ကျနော်တို့ နောက်တစ်ကြိမ်တွေ့ဆုံနိုင်ဖို့ ညှိနိုင်းနေတာတွေရှိတယ်။ ဒါပေမယ့်ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။” လို့ သူကပြောပါတယ်။ အေအေအပါအဝင် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့…

Read More

စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့

စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့ ဒီရက်ပိုင်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ အတော်တက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကThe future of News ဆိုပြီး ဒစ်ဂျစ်တယ်ခေတ်မှာ ဂုဏ်သတင်းကြီးတဲ့ သတင်းဌာနတွေ ဆက်လက်ရှင်သန်နိုင်မလား၊ ဆက်လက်ရှင်သန်နိုင်အောင် ဘာတွေလုပ်ဖို့လိုသလဲ စသဖြင့် ဆွေး‌နွေးကြတဲ့ပွဲကို တက်ဖြစ်သလို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ကမ္ဘာထိတ်တန်း နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ Chatham House ချက်တမ်ဟောက်စ် မှာ လုပ်တဲ့ sanction ဆန်ရှင်ကို လက်နက်သဖွယ်အသုံးပြုပြီး မီဒီယာသမားတွေကိုအကာအကွယ်ပေးနိုင်တဲ့အကြောင်း “ The use of Targeted Sanctions to Protect Journalists” အစီရင်ခံစာ မိတ်ဆက်ပွဲကိုတက်ဖြစ်ပါတယ်။ “International Bar Association’s Human Rights Institute” နဲ့ Chatham House တို့ပူးပေါင်းစီစဉ်တဲ့ ဒီပွဲရဲ့ ပဲနယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ဥပဒေပညာရှင်တွေ နဲ့…

Read More

မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ

မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ငြိမ်းချမ်းရေးမရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေ ရှေ့မရောက်သေးဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအင်စတီကျူ့က “အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်”သုတေသနစာတမ်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်နေပြီး အမှာစကားပြောကြားရာမှာ စိုင်းညွန့်လွင်က ထည့်သွင်း ပြောဆိုခဲ့တာပါ။ “နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ရှေ့မှာမရှိပါဘူး။ ဘေးမှာပဲ ရှိနေတုန်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရသေးဘူးပေါ့လေ၊ ငြိမ်းချမ်းရေးမရသေးတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ စောင့်ဆိုင်းနေရမယ့် အနေအထားမျိုး ရှိပါသေးတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ ငြိမ်းချမ်းရေးကို အစဉ်တစိုက် လက်ဆင့်ကမ်းပြီး လုပ်လာကြပေမယ့် ပန်းတိုင်ကို မရောက်ရှိသေးပါဘူး၊ မရသေးဘူးဆိုပေမယ့်လည်း ရပ်ဆိုင်းထားရမှာမျိုးမဟုတ်ဘဲ လုပ်ကိုလုပ်နေရမယ့် တာဝန်ရှိတယ်လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ “လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးက တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ…

Read More

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) လက်ရှိ အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားမရဘူးလို့ သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်းက ရန်ကုန် နိုဗိုလ်တယ်ဟိုတယ်မှာလုပ်တဲ့ စာတမ်းမိတ်ဆက်ပွဲတခုမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ “အားမရဘူးဗျာ၊ နံပတ်တစ်က peace policy တိကျပြတ်သားမှုမရှိဘူး၊ နှစ်က စုဖွဲ့မှုမှာ UPCC မရှိဘူး၊ UPWC မရှိဘူး၊ အဲဒီတော့ peace အားမကောင်းဘူး၊ အဲဒါကြောင့် စုဖွဲ့မှု မပီပြင်ဘူးလို့ ပြောလို့ရတယ်၊ တတိယအချက်ကတော့ work force အားမကောင်းဘူး”လို့ ဦးအောင်မင်းက ပြောပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးအောင်မင်းက ဆက်လက်ပြောဆိုရာမှာ နှစ်ဘက်အဖွဲ့အစည်းက လိုချင်တာပဲတောင်းနေလို့မရဘဲ ကြာချပြီး လုပ်ရမယ်လို့ ပြောပါတယ်။ “တစ်ခုတည်းကို ဆုပ်ကိုင်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး၊ စာလုံးလေးတစ်လုံးပေါ်မှာ ရပ်တည်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး”လို့…

Read More
VOM News

FREE
VIEW