ဖေဖော်ဝါရီ ၄ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ်ကာလအလွန် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီမှာ အလုပ် လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာလူငယ်တွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား၊ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေ၊ UAE ဒူဘိုင်းစတဲ့ အာရပ်စော်ဘွားနိုင်ငံတွေကို ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဒုနဲ့ဒေးဆိုသလို သွားရောက်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုကာလမှာ ပြည်တွင်းမှာရှိတဲ့ ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ဆိုတာက မြန်မာလူငယ်တွေအတွက် အတော်လေးကို ခက်ခဲလာတယ်လို့ ပြောရမှာပါ။ ဒီလို ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပတ်စ်ပို့စာအုပ်လုပ်မရလို့ EPSစနစ်နဲ့ ကိုးရီးယားသွားမယ့် အလုပ်သမားတွေ အခက်တွေ့ ဒုက္ခရောက်နေကြရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကိုးရီးယား-မြန်မာ လုပ်သားခေါ်ယူမှု EPS စနစ်နဲ့ အောင်မြင်သူဦးရေဟာ…
Read MoreCategory: သုံးသပ်ချက်
ပဋိပက္ခကြားက မြန်မာ့စီးပွားရေး
ဖေဖော်ဝါရီ ၂ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၂ နှစ်တာ ကာလအတွင်းမှာ အခြေအနေဆိုးလာတဲ့ ပဋိပက္ခကြောင့် ထိခိုက်မှုပိုမို ဆိုးရွားလာနေခဲ့ပါတယ်။ လက်ရှိမှာ အခြေခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာနေကြပါတယ်။ “မြန်မာ့စီးပွားရေးကတော့ လက်ရှိမှာ နာလန်ထနိုင်ဖို့ အလားအလာ အများကြီးကို နည်းပါးနေသေးတဲ့ အခြေအနေပါ။ နာလန်ထဖို့ထက် ပိုပြီး ဆိုးဝါးသွားနိုင်တဲ့ အခြေအနေဆီကို ဦးတည်နေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ပြည်တွင်းက ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အတော်ကို ယိမ်းယိုင်သွားပါပြီ။ ဘဏ်လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လည်ပတ်မှု မရှိဘူး။ အဲ့ဒီတော့ ပြည်သူတွေရဲ့ယုံကြည်မှု ကျဆင်းတယ်။ အများပြည်သူ ယုံကြည်မှုမရှိရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက…
Read Moreနိုင်သူရေးတဲ့ သမိုင်းနဲ့ အနာဂါတ်ပျောက်နေတဲ့ မြန်မာပြည်
မန္တလေး၊ ဇန်နဝါရီ – ၁၁- ၂၀၂၃ (Voice Of Myanmar) လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ခေါင်းဆောင်အားကိုးတဲ့ နိုင်ငံရေးအခြေအနေဖြစ်နေဆဲပဲလား၊ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးအမျှော်အမြင် ဘယ်လောက်ရှိသလဲ၊ ဖြစ်ပေါ်နေတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ဘယ်ကို ဦးတည်နေသလဲ၊ ခေတ်အဆက်ဆက်က နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်က လက်ရှိပစ္စုပ္ပန်မှာ ဘယ်လောက်ရိုက်ခတ်ခံခဲ့ရသလဲ ဆိုတာတွေကို ပြည်သူ့ပါတီဥက္ကဌလည်းဖြစ် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းက တွေ့ဆုံဆွေးနွေးထားပါတယ်။ ပထမဆုံးအနေနဲ့ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ လက်ရှိအခြေအနေမှာ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတာကို စမေးကြည့်တော့ ဦးကိုကိုကြီးက အခုလိုဖြေကြားခဲ့ပါတယ် ……. #Voiceofmyanmar #vom #ဦးကိုကိုကြီး #ပြည်သူ့ပါတီ #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #ဦးကိုကိုကြီးအင်တာဗျူး #အင်တာဗျူး Youtube Link – https://www.youtube.com/watch?v=twUiZVP4a_8
Read Moreပြည်တွင်းဝင်လာမယ့် လျှပ်စစ်ကား ဘယ်လောက် ခရီးပေါက်နိုင်မလဲ
ဒီဇင်ဘာ ၂၂ – ၂၀၂၂ SN (VOM) Dongfeng Motor Myanmar က တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေ အခုနှစ်ကုန် တင်သွင်းတော့မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို တင်သွင်းနိုင်ဖို့ လက်ရှိမှာ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့အတွက် အခု ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းသွားဖို့ စီစဉ်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လျှပ်စစ်ကား တင်သွင်းရောင်းချခြင်းနဲ့ ပတ်သက်ပြီး စိစစ်ကြပ်မတ်ဖို့ ကော်မတီ ၅ ခု ဖွဲ့စည်းထားတယ်လို့ နစကက ပြောဆိုထားပြီး အဲ့ဒီကော်မတီတွေကနေ လျှပ်စစ်သုံးယာဉ်တွေနဲ့ ပတ်သတ်လို့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး မူကြမ်းတစောင်ကို…
Read Moreတောင်သူလယ်သမားတွေအတွက် စိန်ခေါ်မှုများနေဆဲ သွင်းအားစုပြဿနာ
ဒီဇင်ဘာ ၁၄-၂၀၂၂�SN (VOM) ကိုဗစ် နဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် လက်ရှိမှာ တောင်သူတွေ မလွှဲမသွေ ရင်ဆိုင်နေရတဲ့ပြဿနာကတော့ စိုက်ပျိုးရေးသွင်းအားစုပြဿနာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ဓာတ်မြေသြဇာဈေး အဆမတန် မြင့်တက်နေသလို စက်သုံးဆီဈေးတွေဟာလည်း သိသာစွာ ကျဆင်လာခြင်း မရှိသေးပါဘူး။ အဲ့ဒီ့လို စိုက်ပျိုးရေးသွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာသလို စိုက်ပျိုးစရိတ်တွေလည်း မြင့်တက်လာတာကြောင့် တောင်သူတွေအနေနဲ့ တပူပေါ်နှစ်ပူဆင့်ရုံမကတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ “ဓာတ်မြေဩဇာဈေးတွေက ပြီးခဲ့တဲ့နှစ်ကထက် ၃ ဆလောက်ကို တက်သွားတာ။ ပြီးခဲ့တဲ့နှစ်က ၃၂၀၀၀/၅၃၀၀၀ လောက်ပဲရှိတာ။ အခု ၁၃၀၀၀၀ ဖြစ်သွားပြီ။ ဒါတောင် ပြန်ကျသွားတာ။ ၁ သိန်းခွဲအထိ တက်သွားသေးတယ်။ တောင်သူတွေအတွက်ကတော့ တနှစ်ထက်တနှစ် အဆင်ပြေလာတယ်ဆိုတာ မရှိသေးဘူး။ ပိုဆိုးလာတာပဲရှိတယ်။ အကုန် အခက်အခဲတွေချည်းပဲ။ ကိုယ့်မိရိုးဖလာ ဒီအလုပ်ပဲ လုပ်တတ်တာမို့လို့သာ လုပ်နေရတာ၊ အရှုံးပဲပေါ်တယ်။…
Read Moreရခိုင်မှာ တိုက်ပွဲဖြစ်တိုင်း စက်သုံးဆီပြတ်လပ်မှုပြဿနာ ဘယ်လိုအဖြေရှာမလဲ
ဒီဇင်ဘာ ၅-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ကမ်းရိုးတမ်းဒေသတခုဖြစ်သလို တောင်တန်းဒေသတခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီလို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ခေတ်အဆက်ဆက် ရေကြောင်းခရီးကို မှီခိုအားထားပြီး ပြည်နယ်တွင်း ဒေသ တခုနဲ့တခုကြား ကူးလူးဆက်သွယ်သွားလာမှု တွင်တွင်ကျယ်ကျယ်ရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလ ယခင် အစိုးရလက်ထက်တွေမှာ ပြည်နယ်တွင်း ကုန်းလမ်းခရီးသွားလာရေးဟာလည်း ပြည်သူတွေအတွက် အခရာကျလာခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေအထိ ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်းခရီးဆက်သွယ်ရေးဟာ လူထုကြား ထင်ထင်ပေါ်ပေါ်မရှိခဲ့ဘဲ ရေကြောင်းခရီးဆက်သွယ်ရေးကသာ အဓိကဖြစ်ခဲ့တာပါ။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလတခုမှာ ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးတွေ တဟုန်ထိုး တိုးတက်လာချိန် စက်သုံးဆီဟာလည်း ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် အရေးပါတဲ့ ကား၊ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ အထောက်အကူပြု လောင်စာအဖြစ် အရေးပါလာခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်နှင့်အတူ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတို့မှာ အထောက်အကူပြုတဲ့ လောင်စာဆီကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ ၂၀၁၅…
Read Moreရခိုင်မှာ နှစ်ဖက်တပ်တွေ အပစ်ရပ်နဲ့ လက်ရှိမြေပြင်အခြေအနေ
ဒီဇင်ဘာ ၁ – ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိမြေပြင်အခြေအနေတွေအပေါ် လူတိုင်းက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး တပ်နဲ့ အေအေတို့ နှစ်ဖက် သဘောတူညီချက်နဲ့ အပစ်ရပ်လိုက်တဲ့အပေါ်လည်း ရခိုင်ပြည်သူတွေကြား အမြင်မတူကြပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ တစတစပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ ယခင် NLD အစိုးရလက်ထက်နဲ့ လက်ရှိ နစက ကောင်စီလက်ထက် ဆိုတဲ့ မတူညီတဲ့ နိုင်ငံရေးကာလနှစ်ခုကို ဖြတ်သန်းလာတာဖြစ်ပါတယ်။ ၂၀၂၁ တနှစ်လုံးနီးပါး ပြည်သူတွေ စစ်ပွဲရပ်ခြင်းနဲ့အတူ လွတ်လပ်စွာခရီးသွားလာခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးကို ခံစားခဲ့ကြရပြီး ပြည်နယ်တဝန်း ပွဲလမ်းသဘင်တွေနဲ့ စည်စည်ကားကားရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အစောပိုင်းလတွေကစလို့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်နေတဲ့အနေအထားကို တပ်နဲ့ အေအေတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုတွေကြောင့် အခြေအနေတွေ တမျိုးတဖုံပြောင်းသွားပြီး အခုလ နိုဝင်ဘာ ဒုတိယပတ်အထိ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့အတူ နှစ်ဖက်စစ်ရေးတင်းမာခဲ့ကြတာဖြစ်ပါတယ်။ တပ်နဲ့ အေအေနဲ့…
Read Moreကြက်သွန်နီကို အလုံးအရေအတွက်နဲ့ ဝယ်စားရတော့မှာလား
နိုဝင်ဘာ ၂၈ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်နီ လက်လီ၊ လက်ကားဈေးနှုန်းတွေဟာ အရင်နှစ်တွေထက် များစွာ မြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက် တည်ရှိနေတာဖြစ်တယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။ “ကြက်သွန်က လက်ရှိမှာ ပွဲရုံတွေကိုလည်း ကားအဝင်နည်းတယ်။ လိုအပ်တာထက်ကို ပိုပြီးတော့ ကားအဝင်နည်းတယ်။ အဲ့ဒီတော့ ရောင်းလိုအားလည်း နည်းတယ်။ ပြီးတော့ တောင်သူတွေ လက်ထဲမှာလည်း နည်းတယ်။ ကုန်သည်တွေ လက်ထဲမှာလည်း ထိုက်သင့်သလောက်ပဲ ရှိကြတယ်ဆိုတဲ့အတွက် ဈေးနှုန်း မကိုက်ညီတော့ မတင်ဘူးပေါ့။ မတင်တဲ့အတွက် ကြက်သွန်က ကုန်ဝင်နည်းတော့ ဈေးမကျဘူးပေါ့” လို့ ကုန်သည်တဦးက ပြောပါတယ်။ လက်ရှိ…
Read Moreရခိုင်ပြည် သာယာငြိမ်းချမ်းရေး အမှန်တကယ်ရှေးရှုကြပြီလား
နိုဝင်ဘာ ၂၇-၂၀၂၂ SW (VOM) လက်ရှိ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်တဲ့ကာလမှာ နိုင်ငံတဝန်းပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုများစွာနဲ့ ရှင်သန်နေကြရတာနည်းတူ ရခိုင်ပြည်သူတွေဟာလည်း နေ့စဉ်နဲ့အမျှ မိမိတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရချိန် တဖက်မှာလည်း တပ်နဲ့ အေအေကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်လိုက်ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်နဲ့ အေအေတို့ကြား တကျော့ပြန် စစ်ရေးပဋိပက္ခရပ်တွေ နှစ်ဖက်ဆွေးနွေးပြီး အပစ်ရပ်လိုက်တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး မြေပြင်မှာ နှစ်ဖက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိတော့ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ကျနော်ပြောနိုင်တာကတော့ အေအေနဲ့ ညှိနှိုင်းဆွေးနွေးမှုများရှိပါတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်ကစပြီး မြေပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ဘယ်သူတွေနဲ့ ဆွေးနွေးလဲဆိုတာလည်း ပြောလို့မရပါဘူး။ သဘောတော့တူပြီးသား အဲ့ဒါလည်း တရားဝင်ကျနော်ပြောလို့ မရဘူး”လို့ ပြောပါတယ်။ အဲဒီလို…
Read Moreငွေတန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု အန္တရာယ်
နိုဝင်ဘာ ၁၈ – ၂၀၂၂ SN (VOM) နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်းကို နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးလျော့ကျခြင်းလို့ ခေါ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်းကို ပုံသေ နိုင်ငံခြားငွေလဲနှုန်းစနစ်အတွင်း ငွေတန်ဖိုးလျှော့ချခြင်းလို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ တခြားနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးနဲ့နှိုင်းယှဉ်ရင် မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးမဲ့နေခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ငွေကြေးတန်ဖိုး ကျဆင်းတဲ့အခါ နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းပါတယ်။ အဲ့ဒီ့အချိန်မှာ ပို့ကုန်ဈေးနှုန်း ပိုမိုကြီးမြင့်လာပါတယ်။ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကျဆင်းခြင်းက အဲ့ဒီနိုင်ငံရဲ့ပို့ကုန်တွေ ကမ္ဘာ့ဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်စေပါတယ်။ သို့ပေမယ့်လည်း အမေရိကန်နိုင်ငံအတွင်းကို တင်သွင်းလာတဲ့ သွင်းကုန်တွေရဲ့စရိတ်ကို မြင့်တက်စေတာကြောင့် ငွေတန်ဖိုးကျဆင်းခြင်းက ပို့ကုန်ပမာဏကို တိုးတက်စေပြီး သွင်းကုန်ပမာဏကို လျော့ကျစေပါတယ်။ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအစီရင်ခံစာအရ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အကျပ်အတည်းတရပ် ပေါ် ပေါက်နေသလို အရန်ငွေပမာဏလည်း နည်းပါးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အကျပ်အတည်းတရပ်လို့ ဆိုရာမှာ အခုနှစ်ထဲ…
Read More