မတ် ၂၂ – ၂၀၂၄ SN (VOM) ရေသယံဇာတဟာ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါတယ်။ လူသားတို့အတွက် စားရေရိက္ခာ၊ သောက်သုံးရေနဲ့ ဇီဝမျိုးစုံမျိုးကွဲအားလုံး အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုတဲ့ သက်ရှိသတ္တဝါတို့အတွက် ရေလုံလောက်စွာရရှိရေးဟာ အရေးကြီးလှပါတယ်။ ‘ရေ’ ဆိုတာဟာ လူသားအားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံးပါ။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ရာမှာလည်း ရေက အဓိက အရေးပါပါတယ်။ ဒါ့ကြောင့် ရေရှားပါးလာမှု၊ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာမှု စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီအစဉ်အရ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာ ပထမဆုံး အဆိုပြုခဲ့ပြီး နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” (World Water…
Read MoreCategory: ဆောင်းပါး
ရေကို ငွေလိုသုံးပါ
မတ် ၂၂ – ၂၀၂၄ SN (VOM) ရေသယံဇာတဟာ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါတယ်။ လူသားတို့အတွက်စားရေရိက္ခာ၊ သောက်သုံးရေနဲ့ ဇီဝမျိုးစုံမျိုးကွဲအားလုံး အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုတဲ့ သက်ရှိသတ္တဝါတို့အတွက်ရေလုံလောက်စွာရရှိရေးဟာ အရေးကြီးလှပါတယ်။ ‘ရေ’ ဆိုတာဟာ လူသားအားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံးပါ။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်ဖို့ရာမှာလည်း ရေက အဓိက အရေးပါပါတယ်။ ဒါ့ကြောင့် ရေရှားပါးလာမှု၊ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာမှု စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီအစဉ်အရ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာပထမဆုံး အဆိုပြုခဲ့ပြီး နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” (World Water Day) အဖြစ်သတ်မှတ်ခဲ့ကာ ပထမဆုံးသော“ကမ္ဘာ့ရေနေ့” ကို ၁၉၉၃…
Read Moreနှစ် ၉၀ ပြည့် အင်းဝတံတား
ဆူးငှက် မြန်မာနိုင်ငံ၏ တောင်မြောက် အလျားလိုက်ကို ဧရာဝတီမြစ်သည် အရှည်လျားဆုံး ဖြတ်သန်းထား၏။ ယင်းသို့ဖြတ်သန်းရာတွင် အလယ်ရိုးမ၊ မင်းဝံတောင်ကြောတွင် ဘူမိဗေဒသဘောအရ အရှေ့အနောက် တစ်ဆစ်ချိုး စီးဆင်းခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တောင်နှင့်မြောက်ကို ဒိုးလျှိုးပေါက် ဆက်သွယ်ရေးတွင် စစ်ကိုင်းမြို့အနီးရှိ တောင်မြောက်မှ အရှေ့နောက်သို့ စီးဆင်းနေသော ဧရာဝတီမြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိက အချက်အချာ ကျသော သဘာ၀ တံခါးမကြီးနေရာဖြစ်ပါ၏။ တရုတ်ပြည်နယ်စပ် မူဆယ်၊ လားရှိုးမှ သီပေါ၊ ကျောက်မဲကို ဖြတ်ကာ မန္တလေးမှ တဆင့် အနောက်ဘက် အိန္ဒိယပြည်မိုးရေးနယ်စပ်သို့ လည်းကောင်း၊ ရန်ကုန် တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) ရန်ကုန်၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမှ…
Read More“လူမှုဘဝ အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ ပြည်သူတွေ”
သွေး (စစ်ကိုင်း) ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတွက် လျှပ်စစ်မီး မှန်မှန်ရရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ လျှပ်စစ်မီး မမှန်တာ, လာချိန်ပျက်ချိန် မမှန်တာတွေက နွေရာသီမှာ ပိုများလာသလို နေ့စဉ် လူနေမှုဘဝတွေကိုပါ သက်ရောက်လာနေတာပါ။ တစ်ဖက်ကလည်း တရိပ်ရပ်မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူအများစုဟာ ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်တဲ့ “မမိုးမိုး”ဟာ Layout ဒီဇိုင်နာအလုပ်နဲ့ အသက်မွေးရသူပါ။ သူမဆီ အပ်ထားတဲ့ အလုပ်တွေ အချိန်မီ ပြီးစီးဖို့က လျှပ်စစ်မီးလာတာ, မလာတာအပေါ် မူတည်နေပါတယ်။ “မီးက လာချင်သလို လာပြီး ပျက်ချင်သလို ပျက်နေတာက တော်တော်ဆိုးတယ်၊ မနက် ၉ နာရီကနေ နေ့ခင်း…
Read Moreရွက်ဝါကြွေ…နွေမူးမူး
ဆူးငှက် “မိုးကုပ်ကုပ်ဝယ် အို..ရုတ်တရက် မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ ဟ,ဟလာပြီး မိုးပြာကိုဖြတ် ပတ္တမြားရည် စီးလည်အဟုန် နီမြန်းကုန်ပြီ အရုဏ်ပေါ်စ . . . ဝိုးတဝါး . . .။” တပေါင်းလဆန်းပြီလေ…..။ တပေါင်းလက ပြက္ခဒိန်မှာ အများဆုံး အကျုံးဝင်နေတာက မတ်လဖြစ် သည်။ခရစ်နှစ်၏ တတိယမြောက်လ ဖြစ်၏။ မတ်လတဲ့၊ လာချေပြီ။ ဖေဖော်ဝါရီ လဆန်းပိုင်း၊ တပို့တွဲလပြည့်နားမှာတော့ အအေးဓာတ်က ဆောင့်တက်လာပြီးနောက် တဖြည်းဖြည်း အားလျော့သွား၏။ သစ်ပင်များ၏ ကလနားသတ် သစ်ရွက်တချို့ ရင့်ရော်ခြောက်သွေ့လာကြပြီ၊ နုပျိုခြင်း၊ လန်းဆန်းခြင်းက နိဂုံးချုပ်တော့ မည်။ ဇရာ၏ အရေးအကြောင်းများအဖြစ် ရွက်ဝါရွက်များက ကျဲပြောက် နေရာယူလာပေသလော။ “….စံဖီရွှေသွယ်၊ ပျံ့လှယ်…
Read Moreနွေရာသီမှာ သတိထားရမယ့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke ) အန္တရာယ်
မတ်-၁၇-၂၀၂၄ SN (VOM) နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တနှစ်ထက် တနှစ် နွေက ပိုပူလာပါပြီ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နွေရာသီကလည်း အတော်လေးကို ပူပြင်းလာပါတယ်။ တရိပ်ရိပ် တက်လာတဲ့ အပူချိန်နဲ့အတူ ကျန်းမာရေးပြဿနာတွေကလည်း တွဲကပ်ပြီး ပါလာစမြဲပါ။ အဲဒီထဲက တခုကတော့ နွေရာသီရောက်တိုင်း မဖြစ်မနေသတိထားရမယ့် Heat Stroke လို့ ခေါ်တဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ပြဿနာပါ။ Heat Stroke ဖြစ်ရင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုပြီး ဒဏ်ခံရတယ်လို့ သိရပါတယ်။ Heat Stroke မဖြစ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်တတ်ကြပါတယ်။ ဒီဒဏ်ကို မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုပြီးခံကြရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ Heat Stroke…
Read Moreရွေတညာ..၊ နီတျာတျာနှင့် ဆီမီးဆင်ဖိုနီ
ဆူးငှက် (၁) နီတျာတျာ၊ ရှေးစာ … ရာမလေးလို၊ သန္တာသွေးနဲ့ နှုတ်ခမ်းနဲ့ ဆင်တူအောင်ရယ် တစ်ကမ္ဘာလုံး နှုတ်ခမ်းနီခြယ်သကြလို့ စကြဝဠာမယ်စော်နံတယ်၊ နှင်းဆီရောင် ပါးပြင်နီမြန်းလို့ရယ် …၊ မန္တလေး တရုတ်တန်း ရှေ့တော်ပြေးဝင်း မြောက်ပေါက်နှင့် ဓားလွယ်ခုတ်နေရာ ၂၈ လမ်း မြောက်ဘက်ခြမ်းတွင် ရှိသည့်ဦးရိပ်၊ ဒေါ်လေးတို့ အိမ်ဝင်းအတွင်းမှ တူရိယာသံစုံ တီးမှုတ်သံများ မနက်လင်း ကတည်းက ထွက်ပေါ်နေ၍ဖြစ်သည်။ ယခင်ကသည်အိမ်ဝင်း အတွင်းရှိ အဆောက်အဦးမှာ စစ်ကြီးအတွင်း မီးလောင် ပြာကျသွားသဖြင့် ယခုအခါ ဝါးကပ်မိုး ထရံကာ မြေစိုက်အိမ်ပဲ ရှိသည်။ ထိုအိမ်ဝင်းအတွင်း တီးသံ မှုတ်သံတွေကတော့ ဟိုရှေးယခင်ကတည်းက အခုထိ မပြောင်းမလဲ ရှိနေဆဲ ။…
Read More“လေထုညစ်ညမ်းမှု သတိပြုပါ”
သွေး (စစ်ကိုင်း) အသက်ရှင်ဖို့ နေ့စဉ်နဲ့ အမျှ ရှူရှိုက်နေရတဲ့ လေဟာ သန့်ရှင်းလတ်ဆတ်ဆို့ အထူးပဲ အရေးကြီးပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ သန့်ရှင်းတဲ့လေ မရှူရှိုက်ရမှု…၊ လေထုညစ်ညမ်းမှုတွေနဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားနေသူတွေ သန်းချီပြီး ရှိနေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို လက်တွေ့ကျကျ ဘယ်လိုလျှော့ချသင့်သလဲ စဉ်းစားလုပ်ဆောင် သွားရမှာပါ။ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတာဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမဲ့ ရုပ်ကြွင်းလောင်စာ တွေ အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရတာကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာပါ။ ကျောက်မီးသွေးသုံး စက်ရုံကြီးများ လည်ပတ်မှု, တောမီးလောင်မှု, မီးရှူးမီးပန်း ပစ်လွှတ်မှု, တောင်ယာမီးရှို့မှုတို့ကြောင့်လည်း လေထုကို ညစ်ညမ်းစေပါတယ်။ ‘BBC’ သတင်းတစ်ပုဒ်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးကုသ,မှု ခံယူခဲ့ရသူ…
Read Moreဝန်ကြီးချုပ် နှုတ်ထွက်ရေးနဲ့အတူ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးမှုအောက် ရောက်လာတဲ့ ဟေတီနိုင်ငံ
မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစပြီး ဟေတီဟာ မင်းမဲ့စရိုက် ပိုဆန်လာပါတယ်။ မြို့တော် ပို့အော့ပရင့်မှာ အကြမ်းဖက်မှုတွေ ကြီးထွားလာမှုနဲ့အတူ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးလာမှုနောက်ဆက်တွဲက အခြေအနေ လွန်စွာဆိုးရွားလာပါတယ်။ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေဟာ သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့ကြသလို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ဓါတ်ဆီဗုံးတွေနဲ့ ပစ်ခတ် မီးရှို့ခဲ့ကြပါတယ်။ ပြည်ပခရီးစဉ်သွားနေတဲ့ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီရဲ့ လေယာဉ်အပါအဝင် အခြားလေယာဉ်တွေဆင်းသက်တဲ့ နိုင်ငံတကာလေဆိပ်ဟာလည်း ရာဇဝတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ပိတ်ထားရဆဲဖြစ်ပါတယ်။ ဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကြောင့် ဝန်ကြီးချုပ်အေရီရယ်ဟင်နရီဟာ အမေရိကန်ကနေ ဟေတီကို ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်ဆင်းသက်နိုင်ခြင်းမရှိတာကြောင့် အိမ်နီးချင်း ဒိုမီနီကန်မှာ ဆင်းသက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဟေတီရှိ အမေရိကန်သံရုံးရဲ့ မရှိမဖြစ် ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေကို အမေရိကန်က လေကြောင်းနဲ့ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဥရောပသမဂ္ဂဟာ သူ့ရဲ့ သံတမန်အားလုံးကို ဟေတီကနေ ရွှေ့ပြောင်းခဲ့ပြီး…
Read Moreရေနီအထည်ချုပ်စက်ရုံရဲ့ အနာဂါတ်
Lidl အော်ဒါများ ၂၀၂၄ နှစ်ကုန်တွင် မြန်မာနိုင်ငံမှ ဆုတ်ခွါမည့်သတင်းကြောင့် ဒေသတွင်းသက်ဆိုင်သူတို့၏ စိုးရိမ်မှုနှင့် သဘောထားများ Locals and garment workers may become victims for Lidl leaving Myanmar! Young women and their families are worried about their future. ရေနီမြို့မှာ အထည်ချုပ်လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။ စတင်တဲ့အချိန်က နိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းပြီး သင်တန်းသား အယောက် (၂၀)နဲ့ စတင်ခဲ့တာပါ။အခုဆိုရင် ရေနီမြို့နှင့် မိုင်(၂၀) အတွင်းမှာရှိတဲ့ ကျေးရွာတွေက လူတွေနဲ့ လူဦးရေ(၅၀၀၀) နီးပါးကို အလုပ်ခန့်ထားနိုင်ခဲ့ပါပြီ။ ရေနီမြို့ဟာ ဆိပ်ကမ်းရှိတဲ့ ရန်ကုန်မြို့ကနေ မိုင် (၂၀၀) ကျော်ကွာဝေးတာကြောင့် ကုန်ကြမ်းရရှိမှုနဲ့ ကုန်ချော ပြန်လည် တင်ပို့မှုတွေမှာ…
Read More