၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီနဲ့ကိုယ်စားလှယ်လောင်းအင်အား
Read More
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဇော်ထွေးငြိမ်း (ပြည်သူ့ပါတီ ၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ် ၁)
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဇော်ထွေးငြိမ်း (ပြည်သူ့ပါတီ ၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ် ၁) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်(၁) ရဲ့ကိုယ်စားလှယ်လောင်း ဦးဇော်ထွေးငြိမ်းနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဇော်ထွေးငြိမ်း Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဇော်ထွေးငြိမ်း (ပြည်သူ့ပါတီ…
Read More
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ)
ppp
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ)     ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄ထောင်ကျော်ကူးစက်ခံရပြီး ၆၀ ကျော်သေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။  VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ရဲ့ အောင်မြေသာစံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးကို၊ မဲဆန္ဒနယ်(၁) ရဲ့ကိုယ်စားလှယ်လောင်း  ဦးမျိုးမင်းထွန်း၊ မဲဆန္ဒနယ် ၂ ရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မို့မို့အောင်တို့နဲ့ မိတ်ဆက်ပေးပါရစေ။   #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ရှေ့ဆောင်ပါတီ#PPP Zawgyi…
Read More
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါ်သင်းသင်းသော် (ပြည်သူ့ပါတီ )
Thin Thin Thaw
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါ်သင်းသင်းသော် (ပြည်သူ့ပါတီ ) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄ထောင်ကျော်ကူးစက်ခံရပြီး ၆၀ ကျော်သေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ချမ်းအေးသာစံမြို့နယ်က မဲဆန္ဒနယ်(၁) ရဲ့ကိုယ်စားလှယ်လောင်း ဒေါ်သင်းသင်းသော်နဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #PP Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဒေါ်သင်းသင်းသော် (ပြည်သူ့ပါတီ ) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း…
Read More
ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP)
ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ရဲ့ ဒု-ဥက္ကဌ(၁) ဦးမြင့်မောင်ထွန်းကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းထားလဲ။ PPP- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၃၄ခုမှာ ရုံးတွေဖွင့်လှစ်ထားပြီး ဝင်ပြိုင်မယ့်မြို့နယ်တွေကတော့ ၉၇ မြို့နယ်ပါ၊ ရန်ကုန်တိုင်းမှာဆိုရင် အမျိုးသားလွှတ်တော်က ၈ ဦး၊ ပြည်သူ့လွှတ်တော် ၃၀ ဦး၊ တိုင်းဒေသကြီး ၆၀ ဦး၊ ကိုယ်စားလှယ်လောင်းအရေအတွက် ၉၈ ဦး ရှိပါတယ်။ VOM -ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။ PPP- ပါတီဝင်အင်အား ၇၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ပြိုင်ဖြစ်တာလဲ။ PPP-…
Read More
ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ညီသစ်(VOM) လာမယ့် ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု-ဥက္ကဋ္ဌ ဦးလှတိုးကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးလှတိုး – ၅ဦး ဝင်ပြိုင်ဖို့ ကော်မရှင်ကိုတင်ထားပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးလှတိုး – ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အနည်းဆုံးပညာ အရည်အချင်းအနေနဲ့ ဆယ်တန်းရှိရမယ်၊ အကျင့်စာရိတ္တ ကောင်းရမယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးတတ်နိုင်သလောက်လေ့လာမှု့ရှိရမယ်၊ လူနည်းစုအခွင့်အရေးတွေကို ဘယ်လို တောင်းဆိုမလည်းဆိုတာကိုစဉ်းစားထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ် အဲ့ဒီအချက်ကလေးတွေနဲ့ရွေးတာပါ။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ။ ဦးလှတိုး – ပါတီရဲ့ကတိကဝတ်ကတော့ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်အဓိက လူနည်းစုအခွင့်အရေးကို မြှင့်တင်ဆောင်ရွက်သွားဖို၊့ နောက်တစ်ခုကတော့ ကိုယ်ယှဉ်ပြိုင်ခဲ့တဲ့နယ်မြေဒေသက ပြည်သူလူထုရဲ့ ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားဖို့…
Read More
ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)
TNDP
ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)   မန္တလေး၊စက်တင်ဘာ၁၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM)   လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်တိုင်းလိုင်(ရှမ်းနီ)အမျိုး သားများဖွံ့ဖြိုးတိုးတက်ရေးပါတရဲ့ပြောရေးဆိုခွင့်ရှိသူပါတီဒုတိယဥက္ကဌ ပါတီဗဟိုကော်မတီဝင် ဦးလှသိန်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။   VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးလှသိန်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၄၁ယောက်ရှိပါတယ်။   VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဉီးလှသိန်း-(၁)ငြိမ်းချမ်းရေး။(၂) တန်းတူရေး။(၃) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။   VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးလှသိန်း-တိုင်းရင်းသားပါတီကအာဏာရပါတီကို အလေးအနက်ယှဉ်ပြိုင်ဖက်လို့ သဘောထားပါတယ်။ ကျနော်တို့ပါတီကအမျိုးသားအားကိုးပါတယ်။   VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးလှသိန်း-၂၀၁၅စပြီးရွေးကောက်ပွဲဝင်ပြိုင်တာ။ကျွန်တော်တို့ဒီမြို့တွေရှိတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်ထဲမှာ၁၄မြို့နယ်ထဲဝင်ပြိုင်ခဲ့တယ်။ဟုမ္မလင်းမြို့နယ်မှာ၂နေရာနိုင်တယ်၊ရှမ်းဝန်ကြီးနဲ့တိုင်းဒေသကြီး၁နေရာ ၂နေရာတော့နိုင်ခဲ့ပါတယ်။   VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။ ဦးလှသိန်း-ကျန်တော်တို့မြို့နယ်စိတ်ပါတီတွေကနေဖြစ်လာတဲ့လူတွေ  လူအရည်အချင်းပေါ်မှာမူတည်ပြီးမှဗဟိုမှာရွေးချယ်ရေးအဖွဲ့ကဖွဲ့ပြီးရွေးချယ်ရေအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးပါတယ်။   VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးလှသိန်း-ပါတီဝင်ရနေပြောရင်ဆိုတော့သောင်းဂဏန်းရှိပါတယ်။လူမျိုးအနေနဲ့ပါတီဝင်မဟုတ်‌ပေမယ့် အမျိုးသားအသိစိတ်တွေနဲ့ဆိုရင်သိန်းဂဏန်းနောက်ခံရှိတဲ့လူမျိုးပါတီတစ်ခုဖြစ်ပါတယ်။   VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။ ဦးလှသိန်း-(၁)ငြိမ်းချမ်းတူယှဉ်နေထိုင်ရေးကျားနီကိုသာမဲထည့်ပေး။ (၂)တန်းတူညီမျှရရှိဖို့ကျားနီကိုသာမဲပေးစို့။ (၃)ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကျားနီသာမဲထည့်ပေး။     #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP   zawgyi   ပါတီမိတ္ဆက္…
Read More
ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP)
ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP) မန္တလေး၊ စက်တင်ဘာ ၁၇-၂၀၂၀ လဲ့လဲ့ဝင်း (VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦးကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဒေါ်စန္ဒာဦး- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ။ ဒေါ်စန္ဒာဦး- (၁)အစိုးရကစီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခြင်းမပြုစေရေး လှုပ်ရှားဆောင်ရွက်သွားမယ်။ (၂) ပြည်သူ့စီးပွားရေးကို အစိုးရက ဝင်ရောက်ပတ်သက်ချုပ်ကိုင်ခြင်းများ မပြုလုပ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်သွားမယ်။ (၃)ပြည်သူများ၊ တောင်သူများ ၊ မြေပိုင်ရှင်များ နှင့်နိုင်ငံခြားသားများ ပူးပေါင်းဖက်စပ် လုပ်ကိုင်ခြင်းကို အစိုးရကခွင့်ပြုယုံမျှမက ကြားဝင်အာမခံ၊ သက်သေခံပေးရေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၄)တောင်သူစကားရပ်ဖျက်သိမ်းပြီး မြေရှင်အဖြစ်ခံယူကာ မြေယာလွတ်လပ်စွာအခြားနည်းအသုံးချခွင့်ရရှိရေး ပညာပေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၅)စားနပ်ရိက္ခာလုံခြုံရေးအကြောင်းပြချက်ဖြင့် သီးနှံစိုက်ပျိုးသောမြေယာပိုင်ရှင်တွေရဲ့ စိုက်ပျိုးကုန်စည်များကို နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ လွတ်လပ်စွာ လာရောက်ဝယ်ယူခွင့်ပြည်ပတင်ပို့ရောင်းချခွင့်ရရှိရေး စည်းရုံးလှုပ်ရှားဆောင်ရွက်သွားမယ်။…
Read More
တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ
တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice Of Myanmar တနင်္သာရီတိုင်းမှာရှိတဲ့ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ အင်အားအပြည့်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ လွှတ်တော် ၃ ခုစလုံးအတွက် နေရာရှိသမျှ ၄၃နေရာစလုံး ယှဉ်ပြိုင်ကြမှာပါ။ ဒီပါတီကြီးတွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၄ခုနဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၆၉ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၁ သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ပြည်နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ Zagyi တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice…
Read More
ကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ
ကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ Voice Of Myanmar ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၈ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက နေရာကုန်လူကုန် နေရာ ၇၀လုံးမှာ ပြိုင်ကြမှာပါ။ ပြည်ခိုင်ဖြိုးပါတီကတော့ ၆၇နေရာ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၆၆နေရာ ပြိုင်မှာဖြစ်ပါတယ်။ ကျန်ပါတီတွေကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသစားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ဖွံဖြိုးရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ နာဂအမျိုးသားပါတီ အပါအဝင် ပါတီ ၁၈ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅ ဦး စုစုပေါင်း ကိုယ်စားလှည်လောင်း ၄၈၀ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ လူဦးရေ ၁၆ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူဦးရေးကတော့ ၁၁ သိန်းဝန်းကျင်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ကချင်ပြည်နယ်ကိုယ်စားလှယ်လောင်းများ…
Read More
✕
VOM News
FREE
VIEW