ရန်ကုန် ဇန်န၀ါရီ ၅-၂၀၀၉ သင်းသဒ္ဒါ(VOM) ပရိသတ်တွေက ချစ်စနိုးနဲ့ စူစူလို့ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ဖူးစာပါရင်တော့ ဘယ် အရွယ်လို့ ပြောလို့မရဘူး။ ခုချက်ချင်း လဲအိမ်ထောင် ကျသွားနိုင်တယ်လို့ဆိုပါတယ်။ “ကိုယ့်ရှေ့မှာလည်း အနုပညာမောင်နှမတွေ တွေ့တယ်မလား၊ကြိုပြောလို့တော့ မရပါဘူး၊ အိချော သတ်မှတ် ထားတာတော့ မိန်းကလေးက အသက် ၃၀ ကျော်လောက်ဆိုရင် အိမ်ထောင်ပြုသင့်တယ် ထင်ပါတယ်၊ အိချောရဲ့ ကံတရားနဲ့လည်း ဆိုင်တာပေါ့”လို့ဆိုပါတယ်။ သူမကတော့ ယနေ့ နံနက်ပိုင်း အသက် ၂၇ နှစ်ပြည့် မွေးနေ့အလှူအနေနဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီး ဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှာတော့ မိဘမဲ့ အမျိုးသမီးငယ် (၁၀၉)ဦး တို့ကို နေ့လည်စာ အ ဟာရဒါန နဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့ပါတယ်။…
Read MoreCategory: အနုပညာ
လူကြမ်းမင်းသား ဦးမင်းစိန် ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ခဲ့
ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉ သင်းသဒ္ဒါ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် လူကြမ်းမင်းသား ဦးမင်းစိန် ကတော့ ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန် ခဲ့ပါတယ်။ သူ့ကတော့ အသက် (၅၆) နှစ်ရှိပြီးတော့ မိသားစုစားဝတ်နေရေးအတွက်နဲ့ မိုးကုတ်မှာ အခွေလေးတွေ လိုက်ရောင်းနေရာကနေ ဇန်နဝါရီ ၅ရက်နေ့ နံနက် ၂နာရီခွဲက ရန်ကုန်မြို့ ၊ရန်ကုန်ပြည်သူဆေးရုံကြီးမှာ ပန်းနာရင်ကြပ်ရောဂါကြောင့်မို့ ချွဲဆို့အမောဖောက် ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။ “ဟိုမှာ ရာသီဥတုတအားအေးတဲ့ အခါမှာ နဂိုထဲအဆုတ်သိပ်မကောင်းတော့ အဆုတ်ကို ထိပြီး တော့ ချွဲတွေ တအားထွက်လာတယ်။မနေ့က နေ့လည်ပိုင်းက ရန်ကုန်ကို ပြန်ရောက်လာတယ်၊ ညနေဘက်မှာ ချက်ခြင်း ဆေးရုံကြီးတင်ခဲ့ရတယ်၊ ဆေးရုံကြီးမှာလည်း ချွဲပျော်ဆေးတွေ တိုက်ပြီးတော့ အသက်ရှုနည်းနည်း ပြန်မှန် လာတယ်၊ ဦးအောင်ခိုင်တို့ ရောက်တဲ့အချိန်မှာ အောက်ဆီဂျင်ပေးထားရတယ်၊ အသက်ရှုနှုန်းကို ဦးအောင်ခိုင် တို့ ကြားတာကို…
Read Moreအရှင်လတ်လတ်ဖျော်ဖြေနေတာကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်တဲ့ ဖြူဖြူကျော်သိန်း
ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉ သင်းသဒ္ဒါ(VOM) အသံအားကောင်းကောင်း ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့ သီချင်းသီဆိုတတ်တဲ့ အဆိုတော် ဖြူဖြူ ကျော်သိန်းကတော့ အရှင်လတ်လတ်ဖျော်ဖြေနေတာကို လာကြည့်ဖို့ဖိတ်ခေါ်လိုက်တယ်လို့ ဆိုပါတယ်။ ဖားအံကဖျော်ဖြေပွဲက ပုံတွေနဲ့ ပတ်သက်ပြီးတော့ ” ဖြူဖြူ့ကို အရှင်လတ်လတ် လာကြည့်ဖူးတဲ့ ပရိသတ်တွေက ဖြူဖြူဘယ်လို ဖျော်ဖြေတတ်တယ်ဆိုတာကို ကောင်းကောင်း သိကြတယ်၊ ဖြူဖြူ့ရဲ့ ဖျော်ဖြေ ပွဲကို အပြင်မှာ တစ်ခါမှ လာမကြည့်ဖူးရှာတဲ့ Onlineက ပရိသတ်တချို့တတ်တယ်ဆိုတာကို ကောင်းကောင်း သိကြတယ်၊ ဖြူဖြူ့ရဲ့ ဖျော်ဖြေပွဲကို အပြင်မှာ တစ်ခါမှ လာမကြည့်ဖူးရှာတဲ့ Onlineက ပရိသတ် တချို့ကတော့ ဒါကို အံ့သြဘနန်းဖြစ်ပြီး ရယ်စရာ လှောင်စရာလို ဖြစ်ရှာတာပေါ့နော်၊ သူတို့မှ မကြည့်ဘူးရှာတာ၊ ကိုယ့်မီဒီယာမောင်နှမတွေမှာလည်း မြို့ပေါ်ကရော ၊ နယ်ကရော အားလုံးကသိကြတယ်၊ ဒီလိုမျိုး ဂီတ ဖျော်ဖြေပွဲကြီးတွေဆိုရင် ဖြူဖြူကျော်သိန်းနဲ့တကွ…
Read Moreမွေးနေ့မှာ သီလရှင်ဝတ်မယ့် နေခြည်ဦး
ရန်ကုန် ဇန်န၀ါရီ ၂-၂၀၁၉ သင်းသဒ္ဒါ(VOM) Beauty Blogger ကတဆင့် အနုပညာလောကထဲရောက်လာတဲ့ နေခြည်ဦး ကတော့ မွေးနေ့မှာ သီလရှင် ဝတ်မယ်လို့ ဆိုပါတယ်။ “နေခြည် သီလရှင် ၀တ်ဖို့အတွက် အခုထဲက ပီတိလည်း ဖြစ်နေပါတယ်၊ မွေးနေ့ကလည်း ဇန်န၀ါရီ ၂၅ ဆိုရင် အသက် ၂၇ ပြည့်ပြီလေ၊ နေခြည် မွေးနေ့ပြီးတာနဲ့ တစ်ပတ် ၊၁၀ ရက်လောက် ဝတ်ဖြစ်မှာပါ၊ မန်နေဂျာ ကိုလည်း အတင်းဝတ်ခိုင်း ထားပါတယ်၊ သူငယ်ချင်းတွေလည်း တော်တော်များများဝတ်ကြမယ်၊ သူများဝတ်လို့ လိုက်ဝတ်တာတော့ မဟုတ်ပါဘူး၊ အကုန်လုံးကလည်း ပထမဆုံးအကြိမ်ဝတ်တာ ဖြစ်တယ်၊ နေခြည် အနေနဲ့ အလှူအကြီးကြီး လုပ်ချင်တယ်” လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ မန္တလေး နဲ့ စစ်ကိုင်း ခရီးသွားကောက်ကြောင်း ပရိုဂရမ်တစ်ခု ရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးဖြစ်တဲ့…
Read Moreဒါရိုက်တာဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှုပြုလုပ်
ရန်ကုန် ဇန်နဝါရီ ၁-၂၀၁၉ သင်းသဒ္ဒါ(VOM) ဒါရိုက်တာ ဥာဏတင်ဦး (ခ)ဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှူပွဲကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဗဟိုမှာ ပြုလုပ်ခဲ့ပါတယ်။ ”သု အကယ်ဒမီ စရတုန်းကလည်း ကိုယ်လူချောအဖွဲ့ရော စက်မှုအဖွဲ့တွေကို လှူခဲ့ဖူးပါတယ်၊ အဲလှူရတာ သုအရမ်းပျော်တယ်၊ မင်္ဂလာဦးကျရင် ထိုင်မသိမ်းတွေနဲ့ လုပ်မယ့်အစား သုတို့တွေကို လှူရအောင်လို့ တိုင်ပင်ပြီး လှူဖြစ်တာပါ၊ ယနေ့ ဝတ်စုံကို ယဉ်သူထိုက်ပိုးထည်တိုက်ကပါ၊ကြာတိုက်ပုံကိုတော့ ခင်စန်းယဉ်ယက္ကန်းတိုက်ပါ၊ ဒီဇိုင်နာ မယုံ့ယုံ့ ဖန်တီးပေးထားတာပါ၊ လက်ဝတ်ရတနာက စိန်နန်းတော်ကပါ ”လို့ အကယ်ဒမီ ပိုင်ဖြိုးသုကပြောပါတယ်။ အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဇင်ဝိုင်း ၊ စက်မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင် ခေါင်းဆောင် ကိုသားကျော်တို့က မုဒိတာစကားပြောဆိုခဲ့ပါတယ်။…
Read Moreရွှေအက်ဖ်အမ်က ဂီတဆုက အမြဲအမှတ်တရ ဖြစ်နေမှာပါဆိုတဲ့ နေတိုး
ရန်ကုန် ဒီဇင်ဘာ ၃၁-၂၀၁၈ သင်းသဒ္ဒါ(VOM) လရောင်ချော့တေးနဲ့ ရွှေFM ကဆု ရခဲ့တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ ကျွန်တော့် ဘဝမှာ ဂီတနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ရခဲ့တဲ့ဆုအတွက် အမြဲအမှတ်တရ ဖြစ်နေမှာပါလို့ ဆိုပါတယ်။ ရွှေ FM ၉ နှစ်ပြည့် ” ရွှေ FM ပွဲနေ့က ပုဂံမှာ ကားရိုက်နေလို့ ကျွန်တော် မရောက်ဖြစ်လိုက်လို့ သီချင်း တောင်း ပေးတဲ့ ပရိသတ်တွေကို စင်ပေါ်မှာ ကျေးဇူးတင်စကား ပြောခွင့်မရလိုက်လို့ ဒီနေရာကပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေကို ကျွန်တော်တို့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဂီတကို တင်ဆက်ခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ဒီသီချင်းလေးအပေါ် ကျွန်တော်နဲ့ တစ်သားတည်းဖြစ်ပြီး ဇာတ်ကားနဲ့လည်း အရမ်းကို လိုက်ဖက်တဲ့ သီချင်းလေး ဖြစ်သွားတာပါ၊ပရိသတ်နားထောင်တဲ့ အချိန်မှာရော ကြည့်တဲ့အချိန်မှာပါ ရသတစ်ခုကို ထိထိရောက်ရောက်ခံစားနေရတယ် လို့ ကျွန်တော်…
Read Moreပျားရည်အိုင် ဇာတ်ကားမှာ ကုတင်ပေါ်က ဇာတ်ဝင်ခန်းတွနဲ့ ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ မေမီကိုကို
ရန်ကုန် ဒီဇင်ဘာ -၂၉ သင်းသဒ္ဒါ(VOM) ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ အများစုက ကုတင်ပေါ်က ဆင်းန်ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သရုပ်ဆောင် မေမီကိုကိုက ဖြေရှင်းပြောဆိုလိုက်ပါတယ်။ တကယ့်ကို ပညာပေးကားလေးပါ။ တချို့ဒါပညာပေးဇာတ်လမ်းတွဲ မဟုတ်ဘူး။ကုတင်ဆင်းန်းတွေပါဆို ပြီး ကောမန့်တွေမန့်ကြတယ်။ ကုတင်ဆင်းန်းတွေလို့ မမြင်စေချင်ပါဘူး။ ဒီဇာတ်လမ်းတွဲကို မိသားစုနဲ့ အတူတူ ကြည့်ကြမယ်။မောင်နှမတွေ အတူတူ ကြည့်ကြမယ်ဆိုရင် ကိုယ့် သမီး ကိုယ့်နှမလေးတွေကို မြိုင့်လို မဖြစ်စေနဲ့ မြညို ဘယ်လိုခံစားနေရလဲ ဆိုတာအသိပေးလို့ ရပါတယ်။ မေမီကိုယ်တိုင်လည်း အပြင်မှာ မြိုင့် လို မဖြစ်အောင်အမြဲ နေထိုင်ပါတယ်။ တကယ်ဆို မေမီလည်း မြိုင့်ကို မကြိုက်ပါဘူး။ မြိုင် ထက်မြက်တာ၊ စိတ်ထားကောင်းတာတွေကို သဘောကျ အားကျပေမဲ့ ယောက်ကျားတွေနဲ့ ပတ်သက်ရင် သူ့ရဲ့စိတ်ဓာတ်ကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့် မယ်ဆိုရင် ဒါဟာသူ့ရဲ့ကံ…
Read Moreဖေ့စ်ဘွတ်ခ် မသုံးတော့ဘူးဆိုတဲ့ ရဲရင့်အောင်
ရန်ကုန် ဒီဇင်ဘာ ၂၇-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂီတပိုင်းမှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်ရဲရင့်အောင်ကတော့ facebook မသုံးတော့ဘူး လို့ ဆိုပါတယ်။ “ကျွန်တော်တို့ မနက်မိုးလင်းရင် တခြားအလုပ်တွေမစဉ်းစားပဲနဲ့ ဒီfacebook ကိုပဲ ဖွင့်နေတယ်၊ ဒီလိုသုံးနေလို့ ကျွန်တော်အတွက် အကျိုးမရှိဘူး၊ facebook ပေါ်မှာ တွေ့လိုက်တဲ့ စကားလုံးတွေဖြစ်စဉ်တွေက အနိဋ္ဌာရုံရယ် အားလုံး အနုတ်လက္ခဏာ သွားနေတာများတယ်၊ အဲဒါကို နေ့တိုင်းကြည့်နေချင်အားဖြင့် ကျွန်တော် မသိစိတ်က တဖြေးဖြေး အနုတ်လက္ခဏာဘက်သွားတယ်လို့ ခံစားလာရတယ်၊ ဖုန်းထဲက ဖျက်လိုက်တာပါ”လို့ ဆိုပါတယ်။ ရဲရင့်အောင်ကတော့ ”Jin Party” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရန်အောင် ၊လူမင်း၊ မင်းမော်ကွန်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ရွှေအိမ်စည် ၊Bella ၊ခင်လှိုင် ၊ကိုပေါက် စတဲ့ အနုပညာရှင်တွေပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်၊ သူကတော့ တစ်ကိုယ်တော်သီချင်းခွေမထွက်တာ ၄…
Read Moreအချစ်ရေးမှာ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်ဆိုတဲ့ ထွန်းထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းပါ အားပေးမှုရထားတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ အချစ်ရေးမှာ တချို့ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်။ငယ်ငယ်တုန်းကတော့ ဂမူရှုးတိုးနဲ့ လုပ်ချင်တာ တွေ ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တည်ဆောက်နေတဲ့ မိသားစု၊ အဖေအမေပဲဖြစ်ဖြစ် တချို့ အတ္တကြီး ရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်၊ အမေတို့ကလည်း ပြောတယ် ကိုယ့်ဘ၀ကိုယ်တည်ဆောက်ရမှာ၊နင်အဆင်ပြေတာ နင်လုပ်ရမှာလို့ ပြောတယ်၊ ကျွန်တော် အဆင်ပြေဖို့ပဲ ကျွန်တော် ကြိုးစားရမှာ၊ ဒါကြောင့် ကိုယ့်မိသားစုကိုပဲပိုပြီး ကျစ်ကျစ်လစ် လစ်ဖြစ်အောင် နေထိုင်ဖြစ်ပါတယ်”လို့ဆိုပါတယ်။ ထွန်းထွန်းရဲ့အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာတော့ အိမ်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ် ခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း အဖွေားတွေဆီသွားပြီး တွေ့ဆုံကန်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြောက်ကြောက်ကြောက် ၂ ကိုရိုက်ကူးနေပြီးတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပပ၀တီစီရင်ခန်း ရုပ်ရှင်ကားရိုက်ကူးသွားဖို့…
Read Moreပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
ရန်ကုန် ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) Sexy ဖက်ရှင်တွေကြောင့် ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်လို့ ဆိုပါတယ်။ “သင်ဇာရဲ့ ဖက်ရှင်ဒီဇိုင်းကတော့ သူတို့ရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အဖြူလေးကိုဝတ်ပေး ပါးပါးလေးဝတ်ပေး ပေါ့၊ အဲဒါကြောင့် ဒီလိုမျိုးလေးဝတ်ဖြစ်တာပါ၊ ဘယ်လိုဝတ်ပေးဆိုပြီးတော့ သူတို့လိုချင်တာကို ပြောပြလာတယ်၊ ကိုယ့်အဆင်ပြေရင်တော့ လက်ခံပြီး တက်ပေးတာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၈မှာတော့ သင်ဇာဝင့်ကျော်အနေနဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရိုက်ထားသလို ဆိုင်ပွဲတွေ ၊ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးလာရတယ်လို့ သိရပါတယ်။သူမအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ သိရပါတယ်။ ” ဘာပဲဖြစ်ဖြစ် သင်ဇာကိုခေါ်ပေးတာ ဖိတ်ပေးတာကို အများကြီး ကျေးဇူးတင်ပါ တယ်၊ သူတို့က သင်ဇာရဲ့ ထမင်းရှင်လို့လည်း ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “၂၀၁၉ မှာတော့ ဖက်ရှင်ကို…
Read More