သမီးဖြစ်သူကို ပညာရေးကိုဘဲ အာရုံစိုက်ခိုင်းဦးမယ်ဆိုတဲ့ မင်းမော်ကွန်း

ရန်ကုန် မတ် ၁၂-၂၀၁၉ သင်းသဒ္ဒါ ပရိသတ်အမြင်မှာငယ်ရွယ် နုပျိုနေတဲ့သရုပ်ဆောင် မင်းမော်ကွန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီးဖြစ်သူ လေပြေသွေးကို အနုပညာထက် ပညာရေးကိုဘဲ အာရုံစိုက်ခိုင်းဦးမယ်လို့ ဆိုပါတယ်။ “သမီးလေးက အနုပညာဝါသနာကြီးတယ် ဒါရိုက်တာခိုင်းတဲ့ အတိုင်းသမီးလေးက လုပ်နိုင်တယ်။ သူကိုအ ခုတော့ ပညာရေးကိုဘဲ ဂရုစိုက်လုပ်စေဦးမယ်။ နောက်ပိုင်းသူစိတ်ပေါ့ သူဆက်လုပ်ချင်တယ်။ သူရွေး ချယ်မယ် ဆိုရင်မတားပါဘူး ဆက်ပြီးလုပ်ခိုင်းမယ်။ ကျွန်တော်မကန့်ကွက်ပါဘူး၊ ကျွန်တော်ရဲ့ MTV သီချင်း လေးကို သမီးလေးနဲ့ အမှတ်တရရိုက်ချင်တယ်”လို့ဆိုပါတယ်။ မင်းမော်ကွန်းတို့ မြေပဲယိုအဖွဲ့ရဲ့ “ခဏလောက်ပြုံးပါ” MTVမှာ သမီးဖြစ်သူ လေပြေသွေးကို ကောင် လေးတွေနဲ့ တွဲရိုက်ခိုင်းရမှာကို အဖေတစ်ယောက်အနေနဲ့ အူတိုတဲ့အတွက် မိန်းကလေးချင်းချစ်ကြတဲ့ ဇာတ် လမ်းပုံစံမျိုး ရိုက်ခဲ့တယ်လို့ သိရပါတယ်။ ” အဖေတစ်ယောက် အနေနဲ့ သမီးကို ကောင်လေးတွေနဲ့တွဲပြီး ရိုက်ခိုင်းဖို့ကျတော့ အူတိုတာပေါ့နော်။ ကျွန်တော်ရဲ့…

Read More

ဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတဲ့ ထွန်းထွန်း

ရန်ကုန် မတ် ၁၁- ၂၀၁၉ သင်းသဒ္ဒါ  (VOM)   အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းအောင်မြင်မူရနေတဲ့ သရုပ်ဆောင် ထွန်းထွန်း ကတော့ ဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။   ”အရင်တုန်းကတော့ ကျွန်တော့်ကို ဟာသကားတွေ အဲ့လိုကားတွေ ကမ်းလှမ်းတာများတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ နည်းနည်းလူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကျွန်တော့်ကို ရိုက်ဖို့အတွက် လာပြီးတော့ ကမ်း လှမ်းကြတယ်။ ကျွန်တော်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို လုပ်မယ်ဆိုတာထက် လာကမ်းလှမ်းသမျှ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ကာရိုက်တာဆိုရင် လက်ခံဖြစ်တယ်။ ဥပမာ- ရိုက်ဖူးပြီးသား ကာရိုက်တာထဲကမှ ကျွန်တော့်အတွက် အရမ်းခက်ခဲစေမယ့် ဟာမျိုးဆိုရင်တော့ မရိုက်ဖြစ်တာများပါတယ်”လို့ ဆိုပါတယ်။   သူကတော့ 7 Sense Film Production မှ ဒါရိုက်တာ ဝင်းလွင်ထက် က မိသားစုဒရာမာပုံစံဖန်တီးမယ့်…

Read More

ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ်ဆိုတဲ့  အလှမယ် သျှားထွဋ်အိန္ဒြာ

ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   အလှမယ်လောကတဆင့် အလှမယ်ယှဉ်ပြိုင်မယ့် မျိုးဆက်သစ်တွေကို  သင်တန်းပေးနေတဲ့ သျှားထွဋ်အိန္ဒြာကတော့ ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ် လို့ဆိုပါတယ်။   ”အချစ်ရေးကတော့ Single မဟုတ်ပါဘူး။ သျှားမှာ ချစ်သူရှိပါတယ်။ အပြင်ကလောကပါ ငယ်ချစ်ဦး ပေါ့။ ပထမပိုင်းကတော့ သူနဲ့လမ်းခွဲခဲ့တယ်ဆိုတာက အနုပညာအလုပ်တွေ လုပ်တာသူ့အတွက် စိမ်းနေတာမို့ သျှားတို့က အမုန်းတရားနဲ့ လမ်းခွဲခဲ့တာ မဟုတ်ပါဘူး။ ငယ်သူငယ်ချင်းလည်း ဖြစ်တော့ ခုချိန်မှာ သူပြန်လာပြီးတော့ ပြန်လည်ဆက် သွယ်ပြီးတော့ တွဲခဲ့ကြတယ်။ နားလည်ပြီးတော့ သျှားကိုသူ့ဘက် ပြန်ဆက်သွယ်လာတယ်”လို့ဆိုပါတယ်။   သူ့မကတော့ လက်ရှိမှာ Miss ဖြစ်ချင်တဲ့ အမျိုးသမီးတွေအတွက် မိတ်ကပ်လိမ်းနည်း ၊ ပြိုင်ပွဲဝင် ရှိုးလျှောက် နည်း တွေ၊ အပြောအဆိုပိုင်းကအစ သင်ကြားပေးနေလျှက်ရှိတယ်လို့ သိရပါတယ်။   ပြန်လည်လက်တွဲဖြစ်တာနဲ့ ပတ်သက်ပြီးတော့ …

Read More

အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးဆိုတဲ့ ဇဏ်ခီ

ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့  ဇဏ်ခီကတော့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးလို့ ဆိုပါတယ်။ “ကျွန်တော်က အကယ်ဒမီ ပတ်သက်ပြီး ရင်ခုန်မှုကတော့ ဘာမှမမျှော်လင့်ထားပါဘူး။ ကျွန်တော်ရဲ့ ရိုးသားတဲ့ ၀န်ခံချက်ပါ။ လုံးဝ မမျှော်လင့်ထားပါဘူး။ ထိုက်တန်တဲ့ သူတွေဆုရကြပါစေလို့တော့ ဆုတောင်းချင်ပါတယ်”လို့ ဆိုပါတယ်။   သူ့ကတော့ လက်ရှိမှာ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးနေတဲ့ Now & Ever ရုပ်ရှင်ကားကို ပိုင်ဖြိုးသု နဲ့အတူ ရိုက်ကူးနေသလို Milky နို့ဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမဇကာတင် ၂၅ ကား စာရင်းမှာတော့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ပါဝင်တာနဲ့ ပတ်သက်ပြီးတော့   “ကျွန်တော်တို့…

Read More

သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ ခန့်စည်သူ

ရန်ကုန် မတ် ၉ -၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပထမအကြိမ်ဇကာတင် ၂၅ကားထွက်ပေါ်ခဲ့တဲ့အပေါ်မှာ အကယ်ဒမီ ခန့်စည်သူ ကတော့ သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ” အကယ်ဒမီ အတွက် ကျွန်တော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတာကတော့ သုံးရောင်ခြယ် ဇာတ် ကားကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတယ်။ ထုတ်လုပ်သူကလည်း ငွေရေးကြေးရေး ကြောင့် ရိုက်ကူးတာ မဟုတ်ပဲ တိုက်ရဲ့ Image နဲ့ ကိုယ့်ရိုက်ချင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဟာသကားလည်း မဟုတ်ဘူး။”လို့ ပြောပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ခန့်စည်သူ ၊ နေမျိုးအောင် ၊ ရွှေသမီး ၊အိချောပို နဲ့ စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီးတော့ အရုပ်ပိုင်း နဲ့ အသံပိုင်း ထိုင်းနဲ့ အိန္ဒိယတို့တွင် အကောင်းဆုံး ပြန်လည်…

Read More

မင်းသွေးပါဝင်သီဆိုခဲ့တဲ့ သီချင်းခွေရဲ့ အကျိုးအမြတ်တွေကို လှူဒါန်းသွားမယ်

ရန်ကုန် မတ် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM)   မင်းသွေးပါဝင်သီဆိုခဲ့တဲ့ ” ပထမသုံး “သီချင်းခွေရဲ့ ရောင်းရတဲ့အကျိုးအမြတ်တွေကို လှူဒါန်းပေးသွားမယ်လို့ မင်းသွေးရဲ့အကိုဖြစ်သူ ကိုနေတိုးက ပြောပါတယ်။ ”ဒီခွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်အနေနဲ့ မင်းသွေးကို ရည်စူးပြီးတော့ပရဟိတလုပ်ငန်းတွေ လုပ်သွားဖို့ရှိပါတယ်။ဒီခွေရာင်းရတဲ့ ပိုက်ဆံတွေနဲ့ ပါဝင်ထားတဲ့ ညီမင်းခိုင်ရော သားငယ်တို့ရော ရည်ရွယ်ချက်လေးတွေရှိ ကြတော့ အလှူအတန်းတွေလုပ်သွားမှာပါ”လို့ ဆိုပါတယ်။ ” ပထမသုံး ” တေးအယ်လ်ဘမ်မှာတော့ မင်းသွေး ၊ သားငယ် နဲ့ ညီမင်းခိုင်တို့  သုံးဦး ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးတော့ မတ် ၁၀ ရက်မှာ မြန်မာတစ်ပြည်လုံးကို ဖြန့်ချိမှာဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသွေးရဲ့ အစ်ကိုတော်စပ်သူ သရုပ်ဆောင် နေတိုးကလည်း ညီဖြစ် သူ မင်းသွေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာလို့ သိရပါတယ် ။ မင်းသွေးရဲ့ ကိုယ်စားပွဲတက်လာတာဖြစ်သလို ကျွန်တော်ကတော့…

Read More

တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးဆိုတဲ့ နေတိုး

ရန်ကုန် မတ် ၇-၂၀၁၉ သင်းသဒ္ဒါ(VOM)   ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးလို့ဆိုပါ တယ်။   LGBT တွေကလည်း ဝေဖန်ထောက်ပြမှုတွေရှိလာချိန်မှာ တာတူးကာရိုက်တာနဲ့ သရုပ်ဆောင်ထားနဲ့ပတ်သက်ပြီးတော့ ”တာတူးကတော့ သူတို့တွေကို လှောင်ပြောင် ရှုတ်ချတာတွေလည်း မရှိပါဘူး။ မိန်းကလေး တယောက်ရဲ့အသွင်အပြင် တစ်ခုပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ ဇာတ်မှာအကြောင်း အရာတစ်ခုအနေနဲ့ပါတာပါ။ ဒီကာရိုက်တာကို main တည်ရိုက်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။   တာတူး ရုပ်ရှင်ကားကိုတော့ မတ် ၁၅ ရက်မှာ ရုံတင်ပြတော့မှာလည်း ဖြစ်သလို Box No.88 ရုပ်ရှင်ကားကို လက်ခံရိုက်ကူး နေတယ်လို့ သိရပါတယ်။   ဟာသကားတွေမှာ LGBT ဇာတ်ရုပ်တွေသုံးစွဲလာတဲ့အတွက် ရိုက်တဲ့သူတွေဘက်ကရော အနုပညာဘက်ကရော အကုန်လုံးကတော့ ဆင်ခြင်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။ ဈေးကွက်တစ်ခုကို အောင်မြင်တယ်ဆိုတိုင်း လုပ်လို့မရပါဘူး။ ဒီဇာတ်ရုပ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ်…

Read More

အမေရိကန်ရုပ်သံစတား ကိုင်လေဂျန်နာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာဖြစ်လာ

လော့စ်အိန်ဂျလိစ်၊မတ်-၆-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ရုပ်သံစတားတစ်ဦးဖြစ်တဲ့ ကိုင်လေဂျန်နာဟာ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ဘီလျံနာသူဌေးးစာရင်းမှာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။   ကမ္ဘာကျော်အနုညာရှင်မိသားစုဖြစ်တဲ့ ကာဒစ်ရှန်မိသားစုမှ အငယ်ဆုံးမိသားစုဝင်ဖြစ်သူ ကိုင်လေဂျန်နာဟာ ရောင်းအားအကောင်းဆုံးစာရင်းဝင် သူမရဲ့အလှကုန်ပစ္စည်းစီးပွါးရေးလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေတွေကြောင့် ဘီလျံနာသူဌေးဖြစ်လာတာဖြစ်ပါတယ်။ အသက်၂၁နှစ်သာရှိသေးတဲ့ ကိုင်လေဂျန်နာဟာ Kylie အမှတ်တံဆိပ် အလှကုန်ပစ္စည်းကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သုံးနှစ်သက်တမ်းသာရှိသေးတဲ့ သူမရဲ့အလှကုန်စီးပွါးရေးလုပ်ငန်းဟာ ယမန်နှစ်က ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်း၃၆၀ ၀င်ငွေရရှိခဲ့ပါတယ်။   သူမအနေနဲ့  အသက်၂၃နှစ်အရွယ်မှာ ဘီလျံနာသူဌေးတစ်ဦးဖြစ်လာတဲ့ ဖေ့စ်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်ထက်ပို ငယ်တဲ့ အသက်အရွယ်မှာ ဘီလျံနာသူဌေးဘဝသို့ ရောက်ရှိလာတာဖြစ်ပါတယ်။   အနာဂါတ်ကို့ ကြိုမမြင်နိုင်တဲ့အတွက် ဘယ်လိုအရာမျိုးကိုမှ ကြိုတင်မျှော်လင့်မထားဘူးလို့ ကိုင်လေဂျန်နာက ဆိုပါတယ်။ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ စာရင်းမှာတော့ အမေဇုန်အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းတည်ထောင်သူ  ဂျက်ဖ်ဘီဇော့စ်က ၁၃၁…

Read More

ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ် ဇနီးဟောင်းအမ်ဘာဟက်ကိုတရားစွဲ

နယူးယောက်၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM)   Paradise of the Caribbean ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ်ဟာ ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ကို  အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။   သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျွန်နီဒပ်ရဲ့ ဇနီးဟောင်း အမ်ဘာဟက်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ  ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့ပြီး ယင်းဆောင်းပါးမှာတော့  သူမသည် အိမ်တွင်းအကြမ်းဖက်မှုတွေခံခဲ့ရတာကို ဆိုးဆိုးရွားရွားဖော်ပြထားပါတယ်။   မစ္စတာဒပ်သည် အမ်ဘာဟက်ကို တစ်ကြိမ်တစ်ခါမျှ အကြမ်းဖက်ခဲ့တာမရှိဘဲ  ၎င်းရဲ့ ရေးသားမှုတွေဟာ စနစ်တကျအကွက်ချစီစဉ်ထားတဲ့ လိမ်လည်မှုတစ်ရပ်သာဖြစ်တယ်လို့ ဂျွန်နီဒပ်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။   ဝါရှင်တန်ပို့စ်သတင်းစာမှာ သူနဲ့ပတ်သက်ပြီး ဆောင်းပါးဖော်ပြခဲ့တဲ့အတွက် ဂျော်နီဒပ်ဟာ ဇနီးဟောင်းဆီကနေ  နစ်နာကြေး ဒေါ်လာသန်း၅၀ရရှိရန်ကြိုးပမ်းလျက်ရှိပါတယ်။ ၎င်းတို့နှစ်ဦးလက်ထပ်ပြီး တစ်နှစ်အကြာ ၂၀၁၆ခုနှစ်မေလမှာ ဂျော်နီဒပ်က  အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်တယ်လို့ အမ်ဘာဟက်က ပထမဦးစွာ စွပ်စွဲခဲ့ပါတယ်။ ဒီလိုစွပ်စွဲတိုင်ကြားတာနဲ့ပတ်သက်ပြီး …

Read More

အ၀တ်မဲ့ ၀ိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မယ့် ရွှေအိမ်စည်

ရန်ကုန် မတ် ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM)   အလှမယ်အပြင် သရုပ်ဆောင်ပိုင်းပါ လုပ်ဆောင်လာတဲ့ ရွှေအိမ်စည်ကတော့ The Naked Ghost ဇာတ်ကားမှ အ၀တ်မဲ့ဝိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။   ”လူတစ်ယောက်ဟာ သေခံနီးဖြစ်ပျက်တာကို နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အစွဲကို ဖော်ညွှန်းထားတာပါ။ အစုအဖွဲ့လိုက် မုဒိန်းကျင့်ခံရတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အမုန်းနဲ့ နာကျည်းမှုတွေ ထိတ်လန့်စွာနဲ့ ဖျောက်ဖျက်လိုက်တဲ့ မိန်းမပျိုရဲ့ အဝတ်မဲ့ခန္ဓာကိုယ်နဲ့ တရားမျှတမှုအတွက် လိုက်လံရှာဖွေတယ်။ ဒါ့အပြင် အဝတ်မဲ့ဝိဥာဉ်တစ်ကောင်ရဲ့ လိုက်လံ လက်စားချေမှုတွေကို ထိတ်လန့်ဖွယ် ပုံဖော်ရိုက်ကူးမယ့် The Naked Ghost ဖြစ်ပါတယ်”လို့ဆိုပါတယ်။   သူမကတော့ မတ်လ တတိယပတ်မှာတော့ Media 5 ရုပ်ရှင်ထုတ်လုပ်ရေးကနေ Horror ဇာတ်လမ်းပုံစံ ”The Naked Ghost@စွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ဇာတ်လမ်း ငြိမ်းချမ်းကျော်၊ဇာတ်ညွှန်း…

Read More
VOM News

FREE
VIEW