ရန်ကုန် မေ ၂- ၂၀၁၉ သင်းသဒ္ဒါ Golden Hour Entertainment ကတော့ ဆရာကြီးမင်းသိင်္ခရေးသားဖန်တီးထားတဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုများကို မူပိုင်ခွင့်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ” ဆရာကြီးမင်းသိင်္ခရဲ့ စာပေမူပိုင်ခွင့်ရရှိထားတဲ့ ဆရာကြီး၏ ညီမအရင်း ဒေါ်သန်းနုအောင်ထံကနေ ကိုကောင်းကျော် (Golden Hour Entertainment)ကဝယ်ယူလိုက်တာဖြစ်ပါတယ်။ ဇာတ်ကောင်များကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖန်တီးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ သရုပ်ဆောင်နိုင်းနိုင်း၊ဒေါင်း၊အောင်မြင့်မြတ်တို့ကိုရွေးချယ်ထားပါတယ်။အခြားသရုပ်ဆောင်များကိုလည်း ရွေးချယ်မှာဖြစ်ပြီး ထပ်မံကြေငြာသွားမယ်”လို့ဆိုပါတယ်။ စနေမောင်မောင်ပါဝင်သော ဝတ္ထုဇာတ်လမ်း၊ဇာတ်ကောင်များကို မူပိုင်ခွင့်နဲ့ဝယ်ယူကြောင်း လက်မှတ်ထိုးတဲ့ပွဲကိုတော့ မေလ ၂ရက် ဒီနေ့က ရန်ကုန်မြို့ အလုံမြို့နယ်ရဲ့ Golden Hour Entertainment ရုံးခန်းမှာပြုလုပ်ခဲ့ရာမှာ သရုပ်ဆောင်နိုင်းနိုင်း၊ဒေါင်း၊အောင်မြင့်မြတ်တို့လည်းတက်ရောက်ခဲ့ပါတယ်။ သရုပ်ဆောင်နိုင်းနိုင်းနဲ့ Golden Hourရဲ့ ၆ ကားမြောက်လက်တွဲမယ့်ဇာတ်ကားဖြစ်ပြီး၊ဒေါင်းအနေနဲ့ နှစ်ကားမြောက်၊အောင်မြင့်မြတ်အနေနဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ Golden Hourအတွက်’သမုဒယနွယ်’ရုပ်ရှင်ကားကြီးရိုက်ကူးပေးထားတဲ့ ဒါရိုက်တာသီဟစိုးက ‘ဆားပုလင်းနှင်းမောင်နဲ့စနေမောင်မောင်’ဇာတ်ကားကို ရိုက်ကူးပေးမှာဖြစ်ပြီး ဒုတိယမြောက် လက်တွဲတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်လို့ သိရပါတယ်။ ဓာတ်ပုံ…
Read MoreCategory: အနုပညာ
M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ့် ဟဲလေး
ရန်ကုန် မေ ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM) စမူဆာ သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရထားတဲ့ အဆိုတော် ဟဲလေးကတော့ M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ Melody World ၊ အိပ်မက်ဆုံရာတို့က ပြိုင်ပွဲတချို့မှာ ဧည့်သည်ဒိုင်အဖြစ်နဲ့ အရင်က လုပ်ခဲ့ဖူးပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။အိပ်မက်ဆုံရာ ပြိုင်ပွဲတစ်ခုမှာ Boy Band ၊ Girl Band ရွေးတဲ့အချိန်မှာ ကိုယ့်ကလည်း Boy Band တစ်ခုကလာတဲ့သူဆိုတော့ ၀င်ကူညီခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာက ပွဲရဲ့စီစဉ်သူနဲ့ ရင်းနှီးတာပါတယ်။ ဒီပြိုင်ပွဲက ပုံစံလေးတွေနည်းနည်းကွဲထွက်နေသလို၊ ဖိအားနည်းနည်း လျှော့ တယ်။ M POP Music Challenge ဆိုမယ် ၊ ကမယ်ဆိုတော့ ထူးခြားမှုလေးပါလို့ ကမ်းလှမ်းချိန်မှာ…
Read Moreကိုယ်ပိုင်သီချင်းတွေကို မသိအောင် ရောင်းစားခံနေရတဲ့ Ar-T
ရန်ကုန် ဧပြီ ၃၀-၂၀၁၉ သင်းသဒ္ဒါ (VOM) ခေတ်ပေါ် R&B ၊ DJ နဲ့ EDM တေးဂီတသီဆိုမှုကြောင့်မို့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် Ar.T ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ မသိအောင် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။ “အဓိက သီချင်းတွေက ကိုယ်မရောင်းထားပဲ ကိုယ့်ရဲ့ သီချင်းတွေက You Tube မှာ သူများက နိုင်ငံ ခြား ကုမ္ပဏီကို ရောင်းစားတာမျိုးတွေ ခံနေရတယ်။ သီချင်းတစ်ပုဒ် မတင်ခင်မှာ ကိုယ့်ဘက်က Save ပြီးတော့ သေချာလုပ်ဆောင်မှုတွေ လုပ်ရတော့မယ်”လို့ ဆိုပါတယ်။ သူ့ကတော့ သီချင်းခွေသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ရဲ့ Mini Album ပုံစံတွေကို ထွက်မှာပါ။ခေါင်းစဉ်က Biom သီချင်းခွေမှာ သီချင်း ၆…
Read Moreရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတဲ့ အိချောပို
ရန်ကုန် ဧပြီ ၂၀ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ်က ချစ်စနိုးနဲ့ စူစူခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတယ်လို့ ဆိုပါတယ်။ ”အိချော ရေသူမ ကားလေးရိုက်ဖို့ရှိပါတယ်။ အခုကထဲက ရေသူမလိုရေကူးနိုင် အောင်လေ့ကျင့်နေတယ်၊ နဂိုကတည်းက ရေကူးတတ်ပါတယ်၊ ဒါပေမယ့် ရေသူမနဲ့တူအောင်ပြန် သင်ရတာပေါ့။ ပြီးတော့ ရေငုပ်ပြီးသွားရတယ်။ ရေသူမဝတ်စုံနဲ့ကျတော့ကူးရခက်တယ် ခြေနှစ်ဖက် စုပြီးကူးရတာ အဲ့အတွက် သင်္ကြန်မတိုင်မီက ရှုတင်ပြီးတဲ့ရက်တွေဆို ရေကူးကန်မှာ ညဘက်လေ့ကျင့်ဖြစ်တယ်။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရတာပေါ့ ။ မနက်ဖြန်ဆိုလည်း စီလီကွန် တွေနဲ့ငါးလက်တွေလုပ်ဖို့ အတိုင်းတွေ သွားပေးရမယ်။ ဝတ်စုံကို သမီး အမေရိကားကမှာထားတယ် အဲ့ဒီအပေါ် မှာပိုပြီးတော့ ထပ်လုပ်ရမှာပေါ့ ”လို့ဆိုပါတယ်။ သူမရဲ့ “ဒဏ္ဏာရီပင်လယ်” ဇာတ်ကားကို တော့ ဇာတ်ညွှန်း သမီးမြတ်ကျော် ရေးကာ ဒါရိုက်တာအနေနဲ့ ဦးကျော်သူ က…
Read Moreရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ သရုပ်ဆောင်လွင်မိုးဆို
ရန်ကုန် ဧပြီ ၂၁ -၂၀၁၉ သင်းသဒ္ဒါ အနုပညာအလုပ်တွေ ပြန်လည် လုပ်ဆောင်လာတဲ့ သရုပ်ဆောင်လွင်မိုး ကတော့ ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ ဆိုပါတယ်။ “လက်ရှိ ရုပ်ရှင်ရဲ့ ဈေးကွက်မှာ ငွေရေးကြေးရေးရတဲ့သူတွေလည်း ရှိနေသလို ၊ ရှုံးတဲ့သူတွေလည်း ရှိနေပါပြီ။ ဇာတ်ကား လူမ၀င်တာတွေလည်း ဖြစ်လာပါပြီ။ စီးပွားသဘောနဲ့ ပြန်ပြောမယ်ဆိုရင် ဒီလုပ်ငန်းကို ဘယ်လို ပိုက်ဆံရှာရမလဲဆိုတာလည်း အရေးကြီးလာပါပြီ။ဘယ်သူ့တွေနဲ့ ရိုက်မလဲ၊ ဘယ်သူတွေ ရိုက်ရမလဲ ဆိုတာလည်း အရေးကြီးလာပါပြီ။သရုပ်ဆောင် မင်းသားစူပါးစတားတွေမှမဟုတ်ပဲနဲ့ ဥပမာ- လိပ်ပြာစံအိမ်လို့ အရာ မျိုးတွေလည်း ပိုက်ဆံရတယ်လို့ ပြန်ဖြစ်လာတယ်။ ရုပ်ရှင်ရဲ့ ရသတွေကို ဇကာတိုက်ရမယ့် အချိန် ရောက်လာပါပြီ။ ဇကာတိုက်ရမယ့် အချိန်ဆိုတော့ ၂၀၂၀ လောက်မှာ အရည်အသွေးပြည့်ဝလုပ်နိုင်တဲ့ ဇာတ် ကားတွေ ထွက်လာမယ်။ ရုံတွေလည်း ဒီထက်ပိုများလာမှာ ဖြစ်ပါတယ်။…
Read Moreဒါရိုက်တာအနေနဲ့ ဒရာမာကားတွေပဲ ရိုက်ဖို့ရည်မှန်းထားတဲ့ ခင်လှိုင်
ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ ဟာသသရုပ်ဆောင် ခင်လှိုင် (ဥာဏ်ကြီးရှင်) ကတော့ ဒါရိုက်တာဖြစ်ရင် ဒရာမာကားတွေပဲ ရိုက်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ကိုကုသိုလ်ကို အရမ်အား ကျခဲ့ရတာ၊ သူက ဒရာမာတွေအရိုက်များတယ်၊ အောင်မြင်ခဲ့ တယ်၊ ကျွန်တော် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အသိန်းကလည်း ဒါရိုက်တာတစ် ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ကြရင်းနဲ့ ကျွန်တော်မင်းသား သူဒါရိုက်တာ ဆိုပြီးတော့ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ကားတွေလည်း အများကြီးရှိတယ်။ “ဝလုံးရေးဖို့ ညီလေးထိုင် ” ဇာတ်ကားဆို အကြီးအကျယ်အောင်မြင်ခဲ့တယ်။ အဲ့ဒီမှာ ကိုကုသိုလ် ဒါရိုက်တာ လိုင်စင်ရခဲ့တယ်၊ နောက် ပိုင်းမှာ သူဒရာမာတွေပဲရိုက်ခဲ့တာပါ။ အဲ့ဒီတော့ တစ်နေ့ ကိုယ်ဒါရိုက်တာဖြစ် လာရင်လည်း ဒရာမာကားတွေပဲ ရိုက်ချင်တယ်၊ ရိုက်မယ်လို့ ရည်မှန်းထားပြီးသားပါ”လို့ ဆိုပါတယ်။ သူကတော့ ဒါရိုက်တာအနေနဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့…
Read Moreဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိတယ်ဆိုတဲ့ ကျော်ထက်အောင်
ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ Myanmar Idol သီချင်းဆိုပြိုင်ပွဲ စီစဉ်တင်တက်ဆက်သူကနေ သရုပ်ဆောင်ဘက်ကို ရောက်လာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကတော့ ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိ တယ်လို့ဆိုပါတယ်။ ” မေ ၃၀ ရက်ဆိုရင် “စရိုက်” ရုပ်ရှင်ကားရုံတင်တော့မယ်။ ရင်ခုန်တာ ထက် ခုနောက်ပိုင်း ပရိသတ်တွေက ဇာတ်ကား တွေ အရမ်းဝေဖန်သုံးသပ်တတ်လာတော့ စိုးရိမ်မိပါတယ်။ ဘယ်လိုကားမျိုးတွေကို ရွေးချယ် ကြည့်မလဲ။ ကျွန်တော်တို့က အရည်အသွေးကို အဓိကထားပြီး ရိုက်ကူးတာမို့ ပိုစတာကို ကြည့်ပြီးတော့ မဆုံး ဖြတ်စေချင်ပါဘူး”လို့ ဆိုပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၂ နှစ်က “စရိုက်” ဆိုတဲ့ ဇာတ်ကားကို ကြိုးကြိုးစားစားရိုက်ထားခဲ့သလို အဲတုန်းက သိတဲ့တတ်တဲ့ ပညာနဲ့တော့ အစွမ်းကုန်ကြိုးစားထားပါတယ် ၊ သာမာန်လူတန်းစားဘ၀ရပ်တည်မှုတစ်ခုကို အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်လို့လည်း…
Read Moreအိမ့်ချစ်ရဲ့ နှစ်သစ်ဆုတောင်းစကား
သင်းသဒ္ဒါ “အိမ့်ချစ်ဒီနှစ် သင်္ကြန်အတွက် အဖွဲ့လိုက် သီချင်းလေးတွေတော့ သီဆိုထားတယ်။သင်္ကြန်အတွက်သီးသန့် တစ်ကိုယ်တော်တော့ မထွက်တော့ပါဘူး။သင်္ကြန်သီချင်းတွေ အရမ်းများနေလို့ပါ။ကိုယ့် မြန်မာ့ရိုးရာအတာ သင်္ကြန်အတွက် ၇ ရက်သားသမီးပျော်ရွှင်အောင် သီချင်းတွေဖျော်ဖြေသွားမှာပါ။ငယ်ငယ် က သင်္ကြန်ဆိုရင် လျှောက်လည် ၊မဏ္ဍပ်တွေ လည်းထိုင်ဖူးပါတယ်။လမ်းထဲမှာ ရေတွေပက်ဖူးတယ်။အိမ့်ချစ် အသက် ၁၅ နှစ်အရွယ် ထဲကတောက်လျှောက် သီချင်းတွေ သီဆိုခဲ့ တာပါ။ သူများတွေ သင်္ကြန်လျှောက်လည်တာကို အိမ်ထဲကခေါင်းလေးထွက်ကြည့် ရတယ်။ကိုယ့်က ဖျော်ဖြေဖို့ အတွက်မိတ်ကပ်တွေပြင်ထားတော့ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်တော့ အိမ့်ချစ်ရုပ်က မလှမပပြီး ပါသွားဆိုး လို့လေ။သင်္ကြန်တွင်း ရေစိုခံလို့မရဘူး။ဘယ် သူတွေ့တွေ့ ရေမလောင်းနဲ့နော် ဆံပင်ကို မထိနဲ့နော် မိတ်ကပ်ကို မထိနဲ့နော်လို့ ပြောရတယ်။အဓိက နေပူတယ်ရေစိုရင် အိမ့်ချစ်တို့ အသံမထွက်တော့ဘူး။ရေသိပ်အစိုခံလို့ မရ ဘူးပေါ့။အင်းယား လမ်းလျှောက်သင်္ကြန် အပြင် နေရာစုံပေါ့ အိမ့်ချစ်ဆိုမယ့် မဏ္ဍပ်မှာမောင်လေး ဂျူနီယာချစ်ကောင်းနဲ့ အတူ သီချင်းတွေ ဆို…
Read Moreနေတိုးရဲ့ နှစ်သစ်ဆုတောင်းစကား
သင်းသဒ္ဒါ “ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန်မှာ အိမ်မှာဖြစ်ဖြစ် မဟုတ်ရင်တော့ Box .88 က သင်္ကြန်ကို ခွပြီး ကျန်နေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်မှာဖြစ်တယ်။ဒါပေမယ့် သင်္ကြန်တွင်းမှာ အနုပညာဖန်းတီးမှုတော့ မလုပ်ပါဘူး။နှစ်သစ်မှာ ပရိသတ်တွေ လိုအင်ဆန္ဒတွေပြည့်စုံ ကျန်းမာပျော်ရွှင်ကြပါစေလို့ ပြောချင်ပါတယ်။” #voiceofmyanmar #နေတိုး #နှစ်သစ်
Read Moreမေသန်းနုရဲ့ နှစ်သစ်ဆုတောင်းစကား
သင်းသဒ္ဒါ ” မဆင့်ကတော့ ဖိတ်ကြားတဲ့ ရေစကား မဏ္ဍပ်တွေမှာ သင်္ကြန်တွေ လိုက်ဆိုမယ် ကမယ်ပေါ့နော်။ နှစ်တိုင်းလည်း သင်္ကြန်ဆိုရင် သင်္ကြန်မိုးဇာတ်ကားတွေ ပြန်လွှင့်တယ်။ ဒီသီချင်းတွေပြန်လည် ကြားရတော့ မဆင့်တို့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတာပေါ့။သင်္ကြန်ရောက်တော့ အရင် ဇာတ်ကားတော်တော်များများ ရိုက်ကူးခဲ့တဲ့ နေ ရာဒေသတွေကို ပြန်ရောက်သလို ခံစားရပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်စွာ ဘေးကင်းကင်း ဖြတ်သန်းနိုင်ပါစေ။” #voiceofmyanmar #မေသန်းနု #နှစ်သစ်ဆုတောင်း
Read More