သားဖြစ်သူကို ​ဒါရိုက်​တာအဖြစ်​နဲ့ပဲ ​အောင်​မြင်​​စေချင်​တဲ့ ​မေသန်းနု

ရန်ကုန် မတ် ၂၉- ၂၀၁၉ သင်းသဒ္ဒါ နာမည်ကြီး အနုပညာရှင် အကယ်​ဒမီ​မေသန်းနုကတော့ တစ်​ဦးတည်း​သောသား မင်းသန့်​​မောင်​​မောင်​ကို ဒါရိုက်​တာပဲဖြစ်​​စေချင်​တယ်​လို့ ဆိုပါတယ်​။ “သားသားကဒီတစ်​​​ခေါက်​ အပြီးပြန်​လာတာဆို​တော့ သူ့အ​ဖေအလုပ်​​တွေ ဝိုင်းလုပ်​ဖို့ရှိတယ်​။ အဓိက​တော့ သူ့အ​ဖေရဲ့အစီအစဉ်​​အောက်​မှာ​ပေါ့​နော်​။သူ့အ​ဖေက​တော့ အ​ကောင်းဆုံးဖြစ်​​အောင်​စီစဉ်​​နေတာပဲ။အဓိက​တော့ ဒါရိုက်​တာလိုင်း​ပေါ့။သူကအမေရိကန်မှာ အဲဒါနဲ့​ကျောင်းပြီးထားတာဆို​တော့​လေ။ ဒါရိုက်​တာလိုင်းမှာ​အောင်​မြင်​တဲ့ဒါရိုက်​တာတစ်​ဦးဖြစ်​ရမယ်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ မိဘနှစ်​ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်​။အ​ဖေကလည်းသူ့ကိုအားကိုးတယ်​။က​လေးကလည်းဒီတစ်​​ယောက်​ထဲရှိ​တဲ့အတွက်​ ​အောင်​မြင်​တဲ့ဒါရိုက်​တာဖြစ်​​စေချင်​တယ်​။မဆင့်​ကလည်း ဒါရိုက်​တာဖြစ်​ဖို့ကို အား​ပေးမယ်​။က​လေးကလည်း ဝါသနာပါတယ်​​လေ။အ​ကောင်းဆုံးဖြစ်​​အောင်​​တော့ ပံ့ပိုးမှာပဲ”လို့ ဆိုပါတယ်။ သူကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် နဲ့အတူ ဇာတ်ညွှန်းမိုးနီလွင်ရဲ့ “တစ်​ခါ က ဆောင်း” ဇာတ်ကားကို ကိုရီးယား အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တက်သစ်စဒါရိုက်တာ ​အသစ်​တစ်​​ယောက်​အ​နေနဲ့ မြန်​မာပရိသတ်​နဲ့ အံဝင်​​ဖို့ ပတ်သက်ပြီး “သူကလည်းလူငယ်​ဆို​တော့ လူငယ်​ကာရိုက်​တာနဲ့ လူငယ်​ပရိသတ်​က မစိမ်းဘူး​ပေါ့​နော်​။လူငယ်​အမြင်​အတွက်​ လူငယ်​ကသတ်​သတ်​ရှိ​နေမှာပဲ။ဒါ​ပေမယ့်​ လူငယ်​ရိုက်​တာကို လူကြီးက​ဝေဖန်​တာ​တော့ သိပ်​မဟုတ်​ဘူး​လေ။သူ့​ခေတ်​နဲ့ သူ့အခါ​တော့ အံဝင်​တယ်​လို့…

Read More

စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး ကွယ်လွန်

ရန်ကုန် မတ် ၂၈- ၂၀၁၉ သင်းသဒ္ဒါ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် (၈၇)နှစ်ကတော့ လူကြီးရောဂါနဲ့ မတ်၂၇ ရက် ညပိုင်း ၁၀နာရီ ၁၅မိနစ်အချိန်က ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ”ဆရာမကြီးကတော့ လူကြီးရောဂါနဲ့ ညက ဆုံးသွားတာပါ။ လူကြီးရောဂါ ဖြစ်နေတာကတော့ ၅ လကျော် ၆ လလောက်ရှိပါပြီ ။ကျွန်မတို့  မြန်မာနိုင်ငံမှာက စာရေးဆရာကြီးကတော့ ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ စာဖတ်ပရိသတ်တွေအတွက် စာကောင်းပေကောင်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ဒေါ်ခင်ဆွေဦး ပတ်သက်ပြီး လူတိုင်းက နှမြောတသ ယူကြုံးမရတော့ ဖြစ်ကြတာပေါ့။ခေတ်အဆက်ဆက်မှာလည်း ခေတ် ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ စာတွေရေးဖွဲ့ ခဲ့တယ်။သူရဲ့ နဂိုစိတ်အနေအထားကလည်း အတော်ကို အေးချမ်းပါတယ်။အရာရာကိုလည်း အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်ပါတယ်။ အင်မတန် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုပါပဲ”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆိုပါတယ်။…

Read More

ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှာ လက်ခံတော့မယ့် စံရတီမိုးမြင့်

  ရန်ကုန် မတ် ၂၇ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ် အချစ်တော် သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှ လက်ခံတော့မယ်လို့ ဆိုပါတယ်။ ရိုက်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲက လွှင့်နေပါပြီ။ ပြီးတော့ ကြော်ငြာတွေ မဂ္ဂဇင်း တွေအတွက် အလှပုံတွေ ရိုက်ဖြစ်နေ ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွဲ ရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိပေမယ့် အချိန်အများကြီးပေးရလို့ သေချာ စဉ်းစားပြီးမှပဲ လက်ခံသွားဖို့ ရှိပါ တယ်။ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး လည်း ရုံတင်ဖို့ ရှိပါတယ် လို့ပြောပါတယ်။ ”သဲသဲတို့ အရင်တုန်းကတော့ မင်းသား၊ မင်းသမီးတိုင်းက တစ်လကို ၄ ၊၅ ကားရိုက်ကြရတယ်။ဘယ်လို ဇာတ်ပဲဖြစ်ဖြစ် ရိုက်ကြတယ်။ အခု နောက်ပိုင်းတော့ အကုန်လုံးက သေချာပြန်ချုံ့လိုက်ပြီးတော့ အရေ အတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးလာတာတွေ့ရတယ်။ အရင်ကလိုတစ်လ သုံး…

Read More

အကယ်ဒမီပေးပွဲ ဝေဖန်တာတွေကို အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းပြောပြီ

  ရန်ကုန် မတ် ၂၆- ၂၀၁၉ သင်းသဒ္ဒါ   မြန်မာ့ရုပ်ရှင်ထူးချွှန်ဆု အကယ်ဒမီပေးပွဲကို မတ် ၂၃ ရက်မှာ ကျင်းပခဲ့ပြီး ဆုပေးပွဲပြီးနောက် ဝေဖန်တာတွေနဲ့ပတ်သက်လို့ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်ပါတယ်။ ”ကျွန်တော်တို့ဆီမှာ ပရိသတ်ကတော့ မျိုးစုံရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်ချင်း တူမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါ။သေသေချာချာတာ တစ်ခုကတော့ ကျွန်တော်ထက် ဆရာဦးကြည်စိုးထွန်း လည်း ပြောသွားပြီ ဖြစ်ပါတယ်။လူပေါင်း ၄၅ ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့ မရအောင် ကျွန်တော်တို့ စီစဉ် ထားတာဖြစ်ပါတယ်။ ၄၅ ဦးကတော့ သူတို့ရဲ့…

Read More

ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပြောလာတဲ့မြင့်မြတ်

  ရန်ကုန် မတ် ၂၂-၂၀၁၉ သင်းသဒ္ဒါ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ မြင့်မြတ်ကတော့ ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပရိသတ်ကို ပြောပါတယ်။ ငဒူ ဇာတ်ကားပတ်သက်ပြီးတော့ ”ပရိသတ်က သနားပြီးတော့ အကယ်ဒမီကို ရင်ခုန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်အကယ်ဒမီကို မထင်ပါဘူး။ကိုနေတိုးရမယ်လို့ပဲ ထင်ပါတယ်။ ငဒူ အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ။သိပ်မမှန်းပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်ချစ်တဲ့ ပရိသတ်တွေကတော့ ရစေ ချင်လို့ မှန်းကြတာပေါ့။ We Love အဖွဲ့တွေလည်း မမှန်းကြပါနဲ့လို့ ရတာမရတာကတော့ ကံပေါ့။ အဓိကတော့ ဘယ်သူပဲ အကယ်ဒမီရရပေါ့။ စီနီယာတွေရတာပဲ ၀မ်းသာမှာပါ”လို့ ဆိုပါတယ်။ သူ့ကတော့ ငဒူကားမှာ ဉာဏ်ရည်မမီပေမယ့် လူတိုင်းအပေါ် ကူညီတတ်တဲ့ စိတ်ဓာတ်ရှိသူအဖြစ် ကာရိုက်တာကိုတော့ ပီပြင် အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်…

Read More

အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်ဆိုတဲ့ နေတိုး

ရန်ကုန် မတ် ၂၀- ၂၀၁၉ သင်းသဒ္ဒါ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီတစ်ကြိုပေးခံရတာနဲ့ ပတ်သက်ပြီးတော့ အကယ်ဒမီနေတိုးကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်လို့ဆို ပါတယ်။ ”ကျွန်တော်ရဲ့ အကယ်ဒမီပတ်သက်ပြီင်္း ရင်ခုန်သံ ခံစားမှုကတော့ ပရိသတ်နဲ့ အတူတူပဲပေါ့။ ဒီနှစ်ထဲမှာ ကျွန်တော့်ကို ရင်ခုန်ပေးကြတဲ့ ပရိသတ်တွေ များတယ်။ ပရိသတ်တွေရဲ့ ဆန္ဒတွေကိုလည်း ကျွန်တော်ပြည့်ဝစေ ချင်တယ်။ ကျွန်တော် ပရိသတ်တွေကိုလည်း အမြဲပြောပါတယ်။ ဆုဆိုတာမျိုးက မသေချာသေးဘူးလေ။ မျိုးစုံ ပြောင်းလဲနိုင်တယ်။ မျိုးစုံလည်း အခြေအနေတွေ ဖြစ်သွားနိုင်တယ်ဆိုတော့ ဒီအပေါ်ယုံယုံကြည်ကြည် ရှိတာမဟုတ်ဘူး။ အကယ်ဒမီကိုရခဲ့ရင်တော့ ပရိသတ်တကယ့်ကို အမှတ်တရပိုဖြစ်မှာပေါ့။ ပရိသတ်တွေ မျှော်လင့် ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့သူ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ အားလုံးရဲ့ လိုအင် ဆန္ဒ အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်”လို့ဆိုပါတယ်။ “မုန်းစွဲ” ဇာတ်ကားကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်…

Read More

 SMS Voting စနစ်ရပ်ဆိုင်းပြီး မဲပေးခဲ့တဲ့သူတွေကိုလည်း ပိုက်ဆံပြန်လည်ပေးပို့မယ်

ရန်ကုန် ၊ မတ် ၁၈ TGH( VOM)   အနုပညာရှင်အချို့နဲ့ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း SMS Voting စနစ်ကိုရပ်ဆိုင်းကြောင်းနဲ့ Voting ပေးခဲ့ပြီးသူတွေအတွက်ပေးပို့ထားတဲ့ဖုန်းနံပါတ်အလိုက် အော်ပရေတာကနေ ငွေပြန်လည်ပေးပို့သွားမယ်လို့ Star Awards ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။   Voting စနစ်က Star Awards ပွဲမှာ ချီးမြှင့်မယ့်Popular Award ၊ People’s Choice Award တွေအတွက်လုပ်ခဲ့တာဖြစ်ပြီး ဒီစနစ်ကြောင့် အနုပညာရှင်တချို့ နူတ်ထွက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနူတ်ထွက်မှုတွေဖြစ်ပေါ်ပြီး ဒီကနေ့မှာတော့  voting စနစ်ကို အပြီးတိုင်ရပ်စဲလိုက်ပြီလို့ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ ခုလို SMS Voting အစီအစဉ်ထည့်သွင်းခဲ့တာဟာ  ကိုယ်ကြိုက်နှစ်သက်တဲ့အနုပညာရှင်ကိုတစ်ခါမက voteအရေအတွက်ပေးနိုင်ဖို့သာဖြစ်ပြီး ငွေကြေးအကျိုးအမြတ် ရလိုမှုအတွက်အဓိကမဟုတ်ဘူးလို့ လည်း ရေးသားဖော်ပြထားပါတယ်။ ခုချိန်မှာတော့  ပရိသတ်ရဲ့ရာနှုန်းပြည့်ပေးမှုနဲ့ ရရှိမယ့် People Choice Award…

Read More

အကယ်ဒမီပေးပွဲပြီးရင် အတင်းတုပ်ခံရဦးမယ်ဆိုတဲ့ ဒါရိုက်တာညီညီထွန်းလွင်

ရန်ကုန် မတ် ၁၅- ၂၀၁၉ သင်းသဒ္ဒါ   ၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်န်ဆုပေးပွဲမှာ အကဲဖြတ် တစ်ဦးအဖြစ်ပါဝင်တဲ့ ဒါရိုက်တာညီညီထွန်းလွင်ကတော့ အကယ်ဒမီပေးပွဲပြီးရင် အတင်းတုပ်ခံရဦးမယ်လို့ဆိုပါတယ်။ ”အကယ်ဒမီကတော့ ပွဲပြီးသွားရင်တော့ အတင်းတော့ အတုပ်ခံရမှာပါပဲ။ဘာလို့လည်းဆိုတော့ ရတယ်သူက ကျေနပ်မှာပေါ့။ မရတဲ့သူကလည်း ကျေနပ်မှာမဟုတ်ဘူးပေါ့။ အကြိုက်ခြင်းတွေကလည်း မတူနိုင်ဘူးလေ။ ဒါ ပေမယ့် အကဲဖြတ်တွေကလည်း လူ ၄၀ ကျော် ၅၀ လောက်နဲ့ ၀ိုင်းအကဲဖြတ်ကြပါတယ်။ အကြိုက်ခြင်းတွေလည်း မတူကြဘူး။ သတင်း သဲ့သဲ့ကြားတာတချို့က ဦးညီနဲ့ အကြိုက်ခြင်း မတူဘူးပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ လူ ၄၀၊၅၀ ကြည့်တာဆိုတော့ ကိုယ့်အကြိုက်နဲ့ တူခြင်းမှ တူမှာပေါ့။ ထုံးစံအတိုင်း အကယ်ဒမီ ပေးပွဲပြီးရင် ဆူသံ ဆဲသံတွေတော့ ပေါ်ဦးမယ်ထင်ပါတယ်”လို့ဆိုပါတယ်။ သူကတော့ အကယ်ဒမီ ဇကာတင် စာရင်းဝင် ”…

Read More

အကယ်ဒမီပေးပွဲကို မြန်မာဝတ်စုံ ဒါမှမဟုတ် တိုင်းရင်းသားဝတ်စုံပြည့်တက်ဖို့  သတိပေး

ရန်ကုန် မတ် ၁၄-၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်မယ့် အနုပညာရှင်တွေ အနေနဲ့ မြန်မာဝတ်စုံ ဒါမှမဟုတ် တိုင်းရင်းသားဝတ်စုံပြည့်တွေနဲ့ တက်ရောက်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဗဟိုကနေ မတ် ၁၄ ရက် ညနေပိုင်းက ရုပ်ရှင်လောကသားတွေကို ပြန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ မတ် ၂၃ ရက် ညနေ ၃ နာရီ ရန်ကုန်မြို့ ၊ သုဝဏ္ဏရှိ The One Entertainment မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အကယ်ဒမီဇကာတင် စာရင်းဝင် ဇာတ် ကားပေါင်း ၂၅ ကားထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အရင်နှစ်တွေကတော့ အခုလို ထုတ်ပြန် အသိ ပေးတွေ မရှိခဲ့ပေမယ့်လည်း အနုပညာလောကရဲ့ Sexy ဆန်သော ၀တ်စားဆင်ယဉ်မှုတွေ ခေတ်စား လာပြီးနောက် မှာတော့…

Read More

သင်္ကြန်မှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်ဆိုတဲ့ ဇော်ဝင်းထွဋ်

ရန်ကုန် မတ် ၁၃-၂၀၁၉ သင်းသဒ္ဒါ ရော့ခ်ဂီတနဲ့ ပရိသတ်ကို ခုချိန်ထိဆွဲဆောင်နိုင်ခဲ့တဲ့ အဆိုရှင်ကြီး ဇော်ဝင်းထွဋ်ကတော့ ခုနောက်ပိုင်း သင်္ကြန်တွေမှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်လို့ဆိုပါတယ်။ ”သင်္ကြန် သီချင်းတွေကို အဆင့်အတန်းတစ်ခုနဲ့ သီချင်းတွေ ထွက်ဖို့တော့ လိုတာပေါ့။သင်္ကြန်ကတော့ အပျော်ပဲကွာ။ စာသားတွေကလည်း ကိစ္စမရှိဘူး နောက်ပြောင်တာဖြစ်မယ်။ နောက် အဓိပ္ပါယ်အမျိုးမျိုး ထွက် တာတွေလည်း ရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်နောက်ပြောင်နဲ့ စာသားတွေလည်း ဖြစ်မယ်။ ဒီအပေါ်မူတည်ပြီးတော့ သီချင်းစာသားတွေ ဖန်တီးရင်တော့ မှားသွားမှာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၉ မဟာသင်္ကြန်အတွက် ရည်ရွယ်ပြီးတော့ နာမည်ကြီးအဆိုတော် ၅ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် ၊Rဇာနည်၊ ရင်ဂို၊ ဝေလ ၊ လင်းလင်း၊ စည်သူလွင်တို့က သီဆိုထားက ပါဝင်တဲ့” နွေနတ်သမီး ” Summer Angel သင်္ကြန်သီချင်းခွေကို မနေ့ကထွက်ရှိခဲ့ပါတယ်။   မြန်မာ့ရိုးရာသင်္ကြန် ပတ်သက်ပြီး…

Read More
✕
VOM News

FREE
VIEW