ရန်ကုန် မတ် ၂၉- ၂၀၁၉
သင်းသဒ္ဒါ
နာမည်ကြီး အနုပညာရှင် အကယ်ဒမီမေသန်းနုကတော့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်ကို ဒါရိုက်တာပဲဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
“သားသားကဒီတစ်ခေါက် အပြီးပြန်လာတာဆိုတော့ သူ့အဖေအလုပ်တွေ ဝိုင်းလုပ်ဖို့ရှိတယ်။ အဓိကတော့ သူ့အဖေရဲ့အစီအစဉ်အောက်မှာပေါ့နော်။သူ့အဖေကတော့ အကောင်းဆုံးဖြစ်အောင်စီစဉ်နေတာပဲ။အဓိကတော့ ဒါရိုက်တာလိုင်းပေါ့။သူကအမေရိကန်မှာ အဲဒါနဲ့ကျောင်းပြီးထားတာဆိုတော့လေ။ ဒါရိုက်တာလိုင်းမှာအောင်မြင်တဲ့ဒါရိုက်တာတစ်ဦးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘနှစ်ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်။အဖေကလည်းသူ့ကိုအားကိုးတယ်။ကလေးကလည်းဒီတစ်ယောက်ထဲရှိတဲ့အတွက် အောင်မြင်တဲ့ဒါရိုက်တာဖြစ်စေချင်တယ်။မဆင့်ကလည်း ဒါရိုက်တာဖြစ်ဖို့ကို အားပေးမယ်။ကလေးကလည်း ဝါသနာပါတယ်လေ။အကောင်းဆုံးဖြစ်အောင်တော့ ပံ့ပိုးမှာပဲ”လို့ ဆိုပါတယ်။
သူကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် နဲ့အတူ ဇာတ်ညွှန်းမိုးနီလွင်ရဲ့ “တစ်ခါ က ဆောင်း” ဇာတ်ကားကို ကိုရီးယား အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တက်သစ်စဒါရိုက်တာ အသစ်တစ်ယောက်အနေနဲ့ မြန်မာပရိသတ်နဲ့ အံဝင်ဖို့ ပတ်သက်ပြီး “သူကလည်းလူငယ်ဆိုတော့ လူငယ်ကာရိုက်တာနဲ့ လူငယ်ပရိသတ်က မစိမ်းဘူးပေါ့နော်။လူငယ်အမြင်အတွက် လူငယ်ကသတ်သတ်ရှိနေမှာပဲ။ဒါပေမယ့် လူငယ်ရိုက်တာကို လူကြီးကဝေဖန်တာတော့ သိပ်မဟုတ်ဘူးလေ။သူ့ခေတ်နဲ့ သူ့အခါတော့ အံဝင်တယ်လို့ မဆင့်တို့ကထင်တယ်လေ။အဓိက သူ့ရဲ့စဉ်းစားတဲ့ idea ပေါ့နော်။သူ့အဖေရဲ့ guide line လည်းရှိမယ်။အမေရဲ့ guide line လည်းရှိမယ်။သူဖြစ်သင့်၊မဖြစ်သင့်။ကောင်း၊မကောင်းဆိုတာကိုဘေးကနေအားပေးမယ့်သူတွေလည်း ရှိနေတော့ ဘေးကိုချော်ထွက်မသွားနိုင်ဘူးပေါ့။ဇဏ်ခီတို့ကျတော့ စွန့်ရတာလေ။အချိန်တွေလည်း အများကြီးပဲ။သူတို့ရဲ့အနုပညာတွေ နစ်နာတာပေါ့။ဒါပေမယ့် သူတို့ရဲ့အောင်မြင်မှုက နစ်နာရကျိုးနပ်သွားတာပေါ့နော်။ဒါကိုကြည့်ခြင်းအားဖြင့် ပရိသတ်က အသစ်တွေ ၊အငယ်တွေကိုအားပေးတာသိသာနေပါတယ်။ကြိုးစားရကျိုးနပ်တာပေါ့” လို့ဆိုပါတယ်။
ဓာတ်ပုံ – စင်ရော်မောင်မောင် facebook
#voiceofmyanmar #အနုပညာ #မေသန်းနု #ဒါရိုက်တာ