ဒါရိုက်တာအနေနဲ့ ဒရာမာကားတွေပဲ ရိုက်ဖို့ရည်မှန်းထားတဲ့ ခင်လှိုင်

  ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ ဟာသသရုပ်ဆောင် ခင်လှိုင် (ဥာဏ်ကြီးရှင်) ကတော့ ဒါရိုက်တာဖြစ်ရင် ဒရာမာကားတွေပဲ ရိုက်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ကိုကုသိုလ်ကို အရမ်အား ကျခဲ့ရတာ၊ သူက ဒရာမာတွေအရိုက်များတယ်၊ အောင်မြင်ခဲ့ တယ်၊ ကျွန်တော် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အသိန်းကလည်း ဒါရိုက်တာတစ် ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ကြရင်းနဲ့ ကျွန်တော်မင်းသား သူဒါရိုက်တာ ဆိုပြီးတော့ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ကားတွေလည်း အများကြီးရှိတယ်။ “ဝလုံးရေးဖို့ ညီလေးထိုင် ” ဇာတ်ကားဆို အကြီးအကျယ်အောင်မြင်ခဲ့တယ်။ အဲ့ဒီမှာ ကိုကုသိုလ် ဒါရိုက်တာ လိုင်စင်ရခဲ့တယ်၊ နောက် ပိုင်းမှာ သူဒရာမာတွေပဲရိုက်ခဲ့တာပါ။ အဲ့ဒီတော့ တစ်နေ့ ကိုယ်ဒါရိုက်တာဖြစ် လာရင်လည်း ဒရာမာကားတွေပဲ ရိုက်ချင်တယ်၊ ရိုက်မယ်လို့ ရည်မှန်းထားပြီးသားပါ”လို့ ဆိုပါတယ်။ သူကတော့ ဒါရိုက်တာအနေနဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့…

Read More

ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိတယ်ဆိုတဲ့ ကျော်ထက်အောင်

  ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ Myanmar Idol သီချင်းဆိုပြိုင်ပွဲ စီစဉ်တင်တက်ဆက်သူကနေ သရုပ်ဆောင်ဘက်ကို ရောက်လာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကတော့ ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိ တယ်လို့ဆိုပါတယ်။ ” မေ ၃၀ ရက်ဆိုရင် “စရိုက်” ရုပ်ရှင်ကားရုံတင်တော့မယ်။ ရင်ခုန်တာ ထက် ခုနောက်ပိုင်း ပရိသတ်တွေက ဇာတ်ကား တွေ အရမ်းဝေဖန်သုံးသပ်တတ်လာတော့ စိုးရိမ်မိပါတယ်။ ဘယ်လိုကားမျိုးတွေကို ရွေးချယ် ကြည့်မလဲ။ ကျွန်တော်တို့က အရည်အသွေးကို အဓိကထားပြီး ရိုက်ကူးတာမို့ ပိုစတာကို ကြည့်ပြီးတော့ မဆုံး ဖြတ်စေချင်ပါဘူး”လို့ ဆိုပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၂ နှစ်က “စရိုက်” ဆိုတဲ့ ဇာတ်ကားကို ကြိုးကြိုးစားစားရိုက်ထားခဲ့သလို အဲတုန်းက သိတဲ့တတ်တဲ့ ပညာနဲ့တော့ အစွမ်းကုန်ကြိုးစားထားပါတယ် ၊ သာမာန်လူတန်းစားဘ၀ရပ်တည်မှုတစ်ခုကို အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်လို့လည်း…

Read More

အိမ့်ချစ်ရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ “အိမ့်ချစ်ဒီနှစ် သင်္ကြန်အတွက် အဖွဲ့လိုက် သီချင်းလေးတွေတော့ သီဆိုထားတယ်။သင်္ကြန်အတွက်သီးသန့် တစ်ကိုယ်တော်တော့ မထွက်တော့ပါဘူး။သင်္ကြန်သီချင်းတွေ အရမ်းများနေလို့ပါ။ကိုယ့် မြန်မာ့ရိုးရာအတာ သင်္ကြန်အတွက် ၇ ရက်သားသမီးပျော်ရွှင်အောင် သီချင်းတွေဖျော်ဖြေသွားမှာပါ။ငယ်ငယ် က သင်္ကြန်ဆိုရင် လျှောက်လည် ၊မဏ္ဍပ်တွေ လည်းထိုင်ဖူးပါတယ်။လမ်းထဲမှာ ရေတွေပက်ဖူးတယ်။အိမ့်ချစ် အသက် ၁၅ နှစ်အရွယ် ထဲကတောက်လျှောက် သီချင်းတွေ သီဆိုခဲ့ တာပါ။ သူများတွေ သင်္ကြန်လျှောက်လည်တာကို အိမ်ထဲကခေါင်းလေးထွက်ကြည့် ရတယ်။ကိုယ့်က ဖျော်ဖြေဖို့ အတွက်မိတ်ကပ်တွေပြင်ထားတော့ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်တော့ အိမ့်ချစ်ရုပ်က မလှမပပြီး ပါသွားဆိုး လို့လေ။သင်္ကြန်တွင်း ရေစိုခံလို့မရဘူး။ဘယ် သူတွေ့တွေ့ ရေမလောင်းနဲ့နော် ဆံပင်ကို မထိနဲ့နော် မိတ်ကပ်ကို မထိနဲ့နော်လို့ ပြောရတယ်။အဓိက နေပူတယ်ရေစိုရင် အိမ့်ချစ်တို့ အသံမထွက်တော့ဘူး။ရေသိပ်အစိုခံလို့ မရ ဘူးပေါ့။အင်းယား လမ်းလျှောက်သင်္ကြန် အပြင် နေရာစုံပေါ့ အိမ့်ချစ်ဆိုမယ့် မဏ္ဍပ်မှာမောင်လေး ဂျူနီယာချစ်ကောင်းနဲ့ အတူ သီချင်းတွေ ဆို…

Read More

နေတိုးရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ “ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန်မှာ အိမ်မှာဖြစ်ဖြစ် မဟုတ်ရင်တော့ Box .88 က သင်္ကြန်ကို ခွပြီး ကျန်နေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်မှာဖြစ်တယ်။ဒါပေမယ့် သင်္ကြန်တွင်းမှာ အနုပညာဖန်းတီးမှုတော့ မလုပ်ပါဘူး။နှစ်သစ်မှာ ပရိသတ်တွေ လိုအင်ဆန္ဒတွေပြည့်စုံ ကျန်းမာပျော်ရွှင်ကြပါစေလို့ ပြောချင်ပါတယ်။” #voiceofmyanmar #နေတိုး #နှစ်သစ်

Read More

မေသန်းနုရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ ” မဆင့်ကတော့ ဖိတ်ကြားတဲ့ ရေစကား မဏ္ဍပ်တွေမှာ သင်္ကြန်တွေ လိုက်ဆိုမယ် ကမယ်ပေါ့နော်။ နှစ်တိုင်းလည်း သင်္ကြန်ဆိုရင် သင်္ကြန်မိုးဇာတ်ကားတွေ ပြန်လွှင့်တယ်။ ဒီသီချင်းတွေပြန်လည် ကြားရတော့ မဆင့်တို့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတာပေါ့။သင်္ကြန်ရောက်တော့ အရင် ဇာတ်ကားတော်တော်များများ ရိုက်ကူးခဲ့တဲ့ နေ ရာဒေသတွေကို ပြန်ရောက်သလို ခံစားရပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်စွာ ဘေးကင်းကင်း ဖြတ်သန်းနိုင်ပါစေ။” #voiceofmyanmar #မေသန်းနု #နှစ်သစ်ဆုတောင်း

Read More

သားဖြစ်သူကို ​ဒါရိုက်​တာအဖြစ်​နဲ့ပဲ ​အောင်​မြင်​​စေချင်​တဲ့ ​မေသန်းနု

ရန်ကုန် မတ် ၂၉- ၂၀၁၉ သင်းသဒ္ဒါ နာမည်ကြီး အနုပညာရှင် အကယ်​ဒမီ​မေသန်းနုကတော့ တစ်​ဦးတည်း​သောသား မင်းသန့်​​မောင်​​မောင်​ကို ဒါရိုက်​တာပဲဖြစ်​​စေချင်​တယ်​လို့ ဆိုပါတယ်​။ “သားသားကဒီတစ်​​​ခေါက်​ အပြီးပြန်​လာတာဆို​တော့ သူ့အ​ဖေအလုပ်​​တွေ ဝိုင်းလုပ်​ဖို့ရှိတယ်​။ အဓိက​တော့ သူ့အ​ဖေရဲ့အစီအစဉ်​​အောက်​မှာ​ပေါ့​နော်​။သူ့အ​ဖေက​တော့ အ​ကောင်းဆုံးဖြစ်​​အောင်​စီစဉ်​​နေတာပဲ။အဓိက​တော့ ဒါရိုက်​တာလိုင်း​ပေါ့။သူကအမေရိကန်မှာ အဲဒါနဲ့​ကျောင်းပြီးထားတာဆို​တော့​လေ။ ဒါရိုက်​တာလိုင်းမှာ​အောင်​မြင်​တဲ့ဒါရိုက်​တာတစ်​ဦးဖြစ်​ရမယ်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ မိဘနှစ်​ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်​။အ​ဖေကလည်းသူ့ကိုအားကိုးတယ်​။က​လေးကလည်းဒီတစ်​​ယောက်​ထဲရှိ​တဲ့အတွက်​ ​အောင်​မြင်​တဲ့ဒါရိုက်​တာဖြစ်​​စေချင်​တယ်​။မဆင့်​ကလည်း ဒါရိုက်​တာဖြစ်​ဖို့ကို အား​ပေးမယ်​။က​လေးကလည်း ဝါသနာပါတယ်​​လေ။အ​ကောင်းဆုံးဖြစ်​​အောင်​​တော့ ပံ့ပိုးမှာပဲ”လို့ ဆိုပါတယ်။ သူကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် နဲ့အတူ ဇာတ်ညွှန်းမိုးနီလွင်ရဲ့ “တစ်​ခါ က ဆောင်း” ဇာတ်ကားကို ကိုရီးယား အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တက်သစ်စဒါရိုက်တာ ​အသစ်​တစ်​​ယောက်​အ​နေနဲ့ မြန်​မာပရိသတ်​နဲ့ အံဝင်​​ဖို့ ပတ်သက်ပြီး “သူကလည်းလူငယ်​ဆို​တော့ လူငယ်​ကာရိုက်​တာနဲ့ လူငယ်​ပရိသတ်​က မစိမ်းဘူး​ပေါ့​နော်​။လူငယ်​အမြင်​အတွက်​ လူငယ်​ကသတ်​သတ်​ရှိ​နေမှာပဲ။ဒါ​ပေမယ့်​ လူငယ်​ရိုက်​တာကို လူကြီးက​ဝေဖန်​တာ​တော့ သိပ်​မဟုတ်​ဘူး​လေ။သူ့​ခေတ်​နဲ့ သူ့အခါ​တော့ အံဝင်​တယ်​လို့…

Read More

စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး ကွယ်လွန်

ရန်ကုန် မတ် ၂၈- ၂၀၁၉ သင်းသဒ္ဒါ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် (၈၇)နှစ်ကတော့ လူကြီးရောဂါနဲ့ မတ်၂၇ ရက် ညပိုင်း ၁၀နာရီ ၁၅မိနစ်အချိန်က ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ”ဆရာမကြီးကတော့ လူကြီးရောဂါနဲ့ ညက ဆုံးသွားတာပါ။ လူကြီးရောဂါ ဖြစ်နေတာကတော့ ၅ လကျော် ၆ လလောက်ရှိပါပြီ ။ကျွန်မတို့  မြန်မာနိုင်ငံမှာက စာရေးဆရာကြီးကတော့ ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ စာဖတ်ပရိသတ်တွေအတွက် စာကောင်းပေကောင်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ဒေါ်ခင်ဆွေဦး ပတ်သက်ပြီး လူတိုင်းက နှမြောတသ ယူကြုံးမရတော့ ဖြစ်ကြတာပေါ့။ခေတ်အဆက်ဆက်မှာလည်း ခေတ် ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ စာတွေရေးဖွဲ့ ခဲ့တယ်။သူရဲ့ နဂိုစိတ်အနေအထားကလည်း အတော်ကို အေးချမ်းပါတယ်။အရာရာကိုလည်း အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်ပါတယ်။ အင်မတန် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုပါပဲ”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆိုပါတယ်။…

Read More

ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှာ လက်ခံတော့မယ့် စံရတီမိုးမြင့်

  ရန်ကုန် မတ် ၂၇ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ် အချစ်တော် သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှ လက်ခံတော့မယ်လို့ ဆိုပါတယ်။ ရိုက်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲက လွှင့်နေပါပြီ။ ပြီးတော့ ကြော်ငြာတွေ မဂ္ဂဇင်း တွေအတွက် အလှပုံတွေ ရိုက်ဖြစ်နေ ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွဲ ရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိပေမယ့် အချိန်အများကြီးပေးရလို့ သေချာ စဉ်းစားပြီးမှပဲ လက်ခံသွားဖို့ ရှိပါ တယ်။ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး လည်း ရုံတင်ဖို့ ရှိပါတယ် လို့ပြောပါတယ်။ ”သဲသဲတို့ အရင်တုန်းကတော့ မင်းသား၊ မင်းသမီးတိုင်းက တစ်လကို ၄ ၊၅ ကားရိုက်ကြရတယ်။ဘယ်လို ဇာတ်ပဲဖြစ်ဖြစ် ရိုက်ကြတယ်။ အခု နောက်ပိုင်းတော့ အကုန်လုံးက သေချာပြန်ချုံ့လိုက်ပြီးတော့ အရေ အတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးလာတာတွေ့ရတယ်။ အရင်ကလိုတစ်လ သုံး…

Read More

အကယ်ဒမီပေးပွဲ ဝေဖန်တာတွေကို အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းပြောပြီ

  ရန်ကုန် မတ် ၂၆- ၂၀၁၉ သင်းသဒ္ဒါ   မြန်မာ့ရုပ်ရှင်ထူးချွှန်ဆု အကယ်ဒမီပေးပွဲကို မတ် ၂၃ ရက်မှာ ကျင်းပခဲ့ပြီး ဆုပေးပွဲပြီးနောက် ဝေဖန်တာတွေနဲ့ပတ်သက်လို့ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်ပါတယ်။ ”ကျွန်တော်တို့ဆီမှာ ပရိသတ်ကတော့ မျိုးစုံရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်ချင်း တူမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါ။သေသေချာချာတာ တစ်ခုကတော့ ကျွန်တော်ထက် ဆရာဦးကြည်စိုးထွန်း လည်း ပြောသွားပြီ ဖြစ်ပါတယ်။လူပေါင်း ၄၅ ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့ မရအောင် ကျွန်တော်တို့ စီစဉ် ထားတာဖြစ်ပါတယ်။ ၄၅ ဦးကတော့ သူတို့ရဲ့…

Read More

ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပြောလာတဲ့မြင့်မြတ်

  ရန်ကုန် မတ် ၂၂-၂၀၁၉ သင်းသဒ္ဒါ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ မြင့်မြတ်ကတော့ ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပရိသတ်ကို ပြောပါတယ်။ ငဒူ ဇာတ်ကားပတ်သက်ပြီးတော့ ”ပရိသတ်က သနားပြီးတော့ အကယ်ဒမီကို ရင်ခုန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်အကယ်ဒမီကို မထင်ပါဘူး။ကိုနေတိုးရမယ်လို့ပဲ ထင်ပါတယ်။ ငဒူ အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ။သိပ်မမှန်းပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်ချစ်တဲ့ ပရိသတ်တွေကတော့ ရစေ ချင်လို့ မှန်းကြတာပေါ့။ We Love အဖွဲ့တွေလည်း မမှန်းကြပါနဲ့လို့ ရတာမရတာကတော့ ကံပေါ့။ အဓိကတော့ ဘယ်သူပဲ အကယ်ဒမီရရပေါ့။ စီနီယာတွေရတာပဲ ၀မ်းသာမှာပါ”လို့ ဆိုပါတယ်။ သူ့ကတော့ ငဒူကားမှာ ဉာဏ်ရည်မမီပေမယ့် လူတိုင်းအပေါ် ကူညီတတ်တဲ့ စိတ်ဓာတ်ရှိသူအဖြစ် ကာရိုက်တာကိုတော့ ပီပြင် အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်…

Read More
VOM News

FREE
VIEW