အမျိုးသားစာပေဆုရ “ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်

ရန်ကုန် မေ ၁၃- ၂၀၁၉ သင်းသဒ္ဒါ   မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး၊ အမျိုးသားစာပေဆုရ စာရေးဆရာတင်ညွှန့်ရဲ့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်လို့ သိရပါတယ်။   ” ပထမတော့ ဒီဝတ္ထုဇာတ်ကားအဖြစ် ဖန်တီးဖို့ကို လက်ခံခဲ့ကြဘူး။ ဆင်ဆာတွေကလည်း ရှိနေတယ်။ ကျွန်တော့်အနေနဲ့ တော်တော်လေးရှင်းပြခဲ့ရတယ်။ ဒီဝတ္ထုက စာရေးဆရာတင်ညွှန့်ရဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်”က  မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး အမျိုးသားစာပေဆုရထားတာပါ။  ခုခေတ်မှာ ပွင့်လင်းမြင်သာမှုလည်း ရှိနေပြီလေ။ ကျောင်းဆရာတစ်ယောက် Life ပါသလို မဆလခေတ် အခြေခံထားတယ်”လို့ ဒါရိုက်တာ ကိုပေါက်ကဆိုပါတယ်။   ဒီရုပ်ရှင်ကို Bo Bo Film ထုတ်လုပ်ရေးကနေ ဖြစ်ရပ်မှန်ရုပ်ရှင်ကားအဖြစ် “ဇာတ်လိုက်” နာမည်နဲ့ ရိုက်ကူးမှာဖြစ်ပြီး၊ သရုပ်ဆောင် မြင့်မြတ် ၊ထူးအောင် ၊အောင်ရေချမ်း ၊ကောင်းမြတ်စံ ၊လင်းအောင်ခေတ်…

Read More

လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးဆိုတဲ့ မအေးသောင်း

ရန်ကန် မေ ၁၀ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်အချစ်တော် အေးဝတ်ရည်သောင်းကတော့ လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးလို့ဆိုပါတယ်။   ”ချစ်သူဘ၀မှာတော့  ပေါက်စီအနေနဲ့ ပရိသတ်ကို ချပြဖို့တော့ အစီအစဉ်မရှိပါဘူး။ ပေါက်စီက ပြဿနာ မရှိပေမယ့် သူကတော့ မနေတတ်ဘူး။ သူများတွေရဲ့ ကိုယ့်အကြောင်း တစ်ခုခုလာပြောရင် ဒီ ပြောဆိုမှုတွေအ တွက် စိတ်ဖိစီးမှုတွေဖြစ်မှာ ကြောက်တယ်လေ။ပေါက်စီရဲ့ ချစ်သူမှန်းသိလို့ နေရခက်စိုးလို့ ဘယ်သူဆိုတာ ထုတ်မပြတာပါ။လူတွေ မသိလေ ပိုကြိုက်လေပေါ့။သူက ပေါက်စီထက် ပိုရှက်တတ်နေပါတယ်”လို့ဆိုပါတယ်။   သူမကတော့  မေ ၂၄ ရက်နေ့စပြမယ့် ဒါရိုက်တာ သားညီ ရိုက်ကူးပေးတဲ့ အချစ်ဒရာမာ ဇာတ်လမ်းဖြစ်တဲ့ ”ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲမှာတော့ ဟိန်းဝေယံ ၊အုပ်သာကျော် ၊ ငြိမ်းသော် ၊ သွန်းဆက် ၊ ဟန်လေး၊ သီရိစိုးနဲ့…

Read More

သရုပ်ဆောင် မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်

ရန်ကုန် မေ ၇ -၂၁၀၉ သင်းသဒ္ဒါ (VOM)   မူးယစ်ဆေးဝါးအမူနဲ့ ထောင်ဒဏ်(၁၇)နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင် ကတော့ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။     “ကျွန်တော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ၊ လွတ်မြောက်ခွင့်ရ ရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သ ပေးကြသူတွေ အားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကွန်တော်တို့မိသားစုကို စောင့်လျှောက်ဖေးမကူညီကြသူတွေ အားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျား”လို့ ယနေ့ နံနက်ပိုင်းက အဆိုတော် အောင်ရင်က  သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။     သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ မူး/စိတ်ပုဒ်မ ၁၉(က)အရ ထောင်ဒဏ်(၁၂)နှစ်ချမှတ် ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးမှာ် ၂နှစ်ကျော်ကြာ မူးယစ်ဆေးဝါးပုဒ်မတွေနဲ့ ရာဇသတ်ကြီးအမှုအမှတ် ၂၇၀/၂၀၁၆ အရစစ်ဆေးနေသော ဘုန်းမြင့်အောင်ပါ ၃ အမှုမှာ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို…

Read More

ရုပ်ရှင် ဇာတ်ကားနှစ်ကား ပြိုင်ပြီးရုံတင်နေတဲ့အပေါ် စိုးရိမ်နေတဲ့ နေတိုး

ရန်ကုန် မေ ၄ -၂၀၁၉ သင်းသဒ္ဒါ   စွယ်စုံရမင်းသားတစ်ယောက်အဖြစ် ပရိသတ်အသိအမှတ်ပြုထားခံရတဲ့ အကယ်ဒမီနေတိုးကတော့ သူရိုက်ထားတဲ့ဇာတ်ကားနှစ်ကားပြိုင်ရုံတင်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ ဆိုပါတယ်။   “ရုပ်ရှင်ရေစီးကြောင်းက နှစ်ကားပြိုင်တူ ရုံတင်လိုက်တော့ ဇာတ်လမ်း၊ ဇာတ်အိမ်မတူတာ ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့။အရသာမတူတော့ ပရိသတ်ကမျှပြီး ကြည့်လို့ရတာပေါ့။ကျွန်တော် အနေနဲ့လည်း ဇာတ်ကားတွေ တိုက်တဲ့အတွက် တော်တော်လေးကို အန္တရာယ်များပါတယ်။ ဗီဒီိယိုတောင် တ ပြိုင်တည်း ရုံတင်ရင် သွားတာပဲလေ။တော်တော်လေးကို ပြောင်းလဲနိုင်အောင် လုပ်မှရမှာပါ။ ဒီလိုသာဆက် တိုက်ဖြစ်လာရင် ကျွန်တော့်အနေနဲ့လည်း စိုးရိမ်မိပါတယ်”လို့ ဆိုပါတယ်။   လက်ရှိမှာ နေတိုးရဲ့ မဟူရာရုပ်ရှင်ရုံ ဇာတ်ကား၊ ပြုံးရွှင်ရေ…ပျော်ရဲ့လား ဇာတ်ကားနှစ်ကား တပြိုင် တည်းရုံတင်နေထားသလို မကြာခင်မှာ ပြဿနာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဆက်လက် ရုံတင်ဖို့ လည်း ရှိနေပါတယ်။   “ဒီဇာတ်ကားတွေအတွက် အခြေအနေကို ခဏခဏလှမ်းမေးရတယ်။…

Read More

ဇာတ်ကားအတူရိုက်ဖို့ နေတိုးကို ရှိန်နေတယ်ဆိုတဲ့ နေခြည်ဦး

ရန်ကုန် မေ ၃- ၂၀၁၉   သင်းသဒ္ဒါ (VOM)     Beauty Blogger တယောက်ကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ ရို့မန့်ဇာတ်ကားရိုက်ဖို့ နေတိုးကို ရှိန်နေတယ်လို့ ဆိုပါတယ်။   ”ဒီဇာတ်ကားမရိုက်ခင် ကိုနေတိုးနဲ့တွဲသရုပ်ဆောင်ရမယ် ဆိုတော့ ဟုတ်ရောဟုတ်ရဲ့လားပေါ့။ နေခြည်လို အသစ်တစ်ယောက်ကို လက်ခံရိုက်ကူးမယ်ဆိုတော့ ကိုယ့်လိုအသစ်တစ်ယောက်အတွက် ဇာတ်လမ်းအတွက် လိုအပ်ချက်တွေရှိနေရင် စိတ်များငြိုငြင်မလားပေါ့။ စွယ်စုံရမင်းသားတစ်ယောက်လို့ နေခြည်က သတ်မှတ်ထားတယ်။ ဒီရို့မန့်ကားဆိုတော့ နေခြည်က ကိုနေတိုးကို နည်းနည်းတော့ရှိန်ပါတယ်။ သူ့က ကိုယ့်ကိုအရမ်း ချစ်ပြရမှာလေ။ ကိုယ့်အရမ်းလေးကြိုက်တဲ့မင်းသား၊ အရမ်းလေးစားရတဲ့ မင်းသားရိုက်ရမှာ ကာရိုက်တာထဲ မုဒ်မ ရောက်မှာနေခြည် စိတ်ပူပါတယ်”လို့ဆိုပါတယ်။     သူမကတော့ဒါရိုက်တာ ( အာရုဏ်ဦး)  ပွင့်သိဂီဇော် က ရိုက်ကူးမယ့် ”အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားမှာတော့ နေရွှေသွေးအောင်က ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပြီးတော့  နေတိုး…

Read More

“မင်းသိင်္ခရဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုတွေကို မူပိုင်ခွင့်နဲ့ ၀ယ်ယူ”

ရန်ကုန် မေ ၂- ၂၀၁၉ သင်းသဒ္ဒါ Golden Hour Entertainment ကတော့ ဆရာကြီးမင်းသိင်္ခ​ရေးသားဖန်​တီးထားတဲ့ စ​နေ​မောင်​​မောင်​ပါဝင်​​တဲ့ဝတ္ထုများကို မူပိုင်ခွင့်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ” ဆရာကြီးမင်းသိင်္ခရဲ့ စာ​ပေမူပိုင်​ခွင့်​ရရှိထားတဲ့ ဆရာကြီး၏ ညီမအရင်း ​ဒေါ်သန်းနု​အောင်​ထံကနေ ကို​ကောင်း​ကျော်​ (Golden Hour Entertainment)ကဝယ်​ယူလိုက်​တာဖြစ်​ပါတယ်​။ ဇာတ်​​ကောင်​များကို ရုပ်​ရှင်​အဖြစ်​ ရိုက်​ကူးဖန်​တီးထုတ်​လုပ်​သွားမှာဖြစ်​ပါတယ်။ လက်ရှိမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့ကို​ရွေးချယ်​ထားပါတယ်​။အခြားသရုပ်​​ဆောင်​များကိုလည်း ​ရွေးချယ်​မှာဖြစ်​ပြီး ထပ်​မံ​ကြေငြာသွားမယ်​”လို့ဆိုပါတယ်။ စ​နေ​မောင်​​မောင်​ပါဝင်​​သော ဝတ္ထုဇာတ်​လမ်း၊ဇာတ်​​ကောင်​များကို မူပိုင်​ခွင့်​နဲ့ဝယ်​ယူ​ကြောင်း လက်​မှတ်​ထိုးတဲ့ပွဲကိုတော့ ​မေလ ၂ရက်​ ဒီ​နေ့က ရန်ကုန်မြို့ အလုံမြို့နယ်ရဲ့ Golden Hour Entertainment ရုံးခန်းမှာပြုလုပ်​ခဲ့ရာမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့လည်းတက်​​ရောက်​ခဲ့ပါတယ်​။ သရုပ်​​ဆောင်​နိုင်းနိုင်းနဲ့ Golden Hourရဲ့ ၆ ကား​မြောက်​လက်​တွဲမယ့်​ဇာတ်​ကားဖြစ်​ပြီး၊​ဒေါင်းအ​နေနဲ့ နှစ်​ကား​မြောက်​၊​အောင်​မြင့်​မြတ်​အ​နေနဲ့ ပထမဆုံးဇာတ်​ကားဖြစ်​ပါတယ်​။ Golden Hourအတွက်’သမုဒယနွယ်​’ရုပ်​ရှင်​ကားကြီးရိုက်​ကူး​ပေးထားတဲ့ ဒါရိုက်​တာသီဟစိုးက ‘ဆားပုလင်းနှင်း​မောင်​နဲ့စ​နေ​မောင်​​မောင်​’ဇာတ်​ကားကို ရိုက်​ကူး​ပေးမှာဖြစ်​ပြီး ဒုတိယ​မြောက်​ လက်​တွဲတဲ့ဇာတ်​ကားလည်းဖြစ်​ပါတယ်​လို့ သိရပါတယ်။ ဓာတ်ပုံ…

Read More

M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ့် ဟဲလေး

ရန်ကုန် မေ ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM)   စမူဆာ သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရထားတဲ့ အဆိုတော် ဟဲလေးကတော့ M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ်လို့ ဆိုပါတယ်။   “ကျွန်တော်တို့ Melody World ၊ အိပ်မက်ဆုံရာတို့က ပြိုင်ပွဲတချို့မှာ ဧည့်သည်ဒိုင်အဖြစ်နဲ့ အရင်က လုပ်ခဲ့ဖူးပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။အိပ်မက်ဆုံရာ ပြိုင်ပွဲတစ်ခုမှာ Boy Band ၊ Girl Band ရွေးတဲ့အချိန်မှာ ကိုယ့်ကလည်း Boy Band တစ်ခုကလာတဲ့သူဆိုတော့ ၀င်ကူညီခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာက ပွဲရဲ့စီစဉ်သူနဲ့ ရင်းနှီးတာပါတယ်။ ဒီပြိုင်ပွဲက ပုံစံလေးတွေနည်းနည်းကွဲထွက်နေသလို၊ ဖိအားနည်းနည်း လျှော့ တယ်။ M POP Music Challenge ဆိုမယ် ၊ ကမယ်ဆိုတော့ ထူးခြားမှုလေးပါလို့ ကမ်းလှမ်းချိန်မှာ…

Read More

ကိုယ်ပိုင်သီချင်းတွေကို မသိအောင် ရောင်းစားခံနေရတဲ့ Ar-T

ရန်ကုန် ဧပြီ ၃၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   ခေတ်ပေါ် R&B ၊ DJ နဲ့ EDM တေးဂီတသီဆိုမှုကြောင့်မို့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် Ar.T ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ မသိအောင် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။     “အဓိက သီချင်းတွေက ကိုယ်မရောင်းထားပဲ ကိုယ့်ရဲ့ သီချင်းတွေက You Tube မှာ သူများက နိုင်ငံ ခြား ကုမ္ပဏီကို ရောင်းစားတာမျိုးတွေ ခံနေရတယ်။ သီချင်းတစ်ပုဒ် မတင်ခင်မှာ ကိုယ့်ဘက်က Save ပြီးတော့ သေချာလုပ်ဆောင်မှုတွေ လုပ်ရတော့မယ်”လို့ ဆိုပါတယ်။     သူ့ကတော့ သီချင်းခွေသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ရဲ့ Mini Album ပုံစံတွေကို ထွက်မှာပါ။ခေါင်းစဉ်က Biom သီချင်းခွေမှာ သီချင်း ၆…

Read More

ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတဲ့ အိချောပို

ရန်ကုန် ဧပြီ ၂၀ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ်က ချစ်စနိုးနဲ့ စူစူခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတယ်လို့ ဆိုပါတယ်။ ”အိချော ရေသူမ ကားလေးရိုက်ဖို့ရှိပါတယ်။ အခုကထဲက ရေသူမလိုရေကူးနိုင် အောင်လေ့ကျင့်နေတယ်၊ နဂိုကတည်းက ရေကူးတတ်ပါတယ်၊ ဒါပေမယ့် ရေသူမနဲ့တူအောင်ပြန် သင်ရတာပေါ့။ ပြီးတော့ ရေငုပ်ပြီးသွားရတယ်။ ရေသူမဝတ်စုံနဲ့ကျတော့ကူးရခက်တယ် ခြေနှစ်ဖက် စုပြီးကူးရတာ အဲ့အတွက် သင်္ကြန်မတိုင်မီက ရှုတင်ပြီးတဲ့ရက်တွေဆို ရေကူးကန်မှာ ညဘက်လေ့ကျင့်ဖြစ်တယ်။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရတာပေါ့ ။ မနက်ဖြန်ဆိုလည်း စီလီကွန် တွေနဲ့ငါးလက်တွေလုပ်ဖို့ အတိုင်းတွေ သွားပေးရမယ်။ ဝတ်စုံကို သမီး အမေရိကားကမှာထားတယ် အဲ့ဒီအပေါ် မှာပိုပြီးတော့ ထပ်လုပ်ရမှာပေါ့ ”လို့ဆိုပါတယ်။ သူမရဲ့ “ဒဏ္ဏာရီပင်လယ်” ဇာတ်ကားကို တော့ ဇာတ်ညွှန်း သမီးမြတ်ကျော် ရေးကာ ဒါရိုက်တာအနေနဲ့ ဦးကျော်သူ က…

Read More

ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ သရုပ်ဆောင်လွင်မိုးဆို

  ရန်ကုန် ဧပြီ ၂၁ -၂၀၁၉ သင်းသဒ္ဒါ အနုပညာအလုပ်တွေ ပြန်လည် လုပ်ဆောင်လာတဲ့ သရုပ်ဆောင်လွင်မိုး ကတော့ ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ ဆိုပါတယ်။ “လက်ရှိ ရုပ်ရှင်ရဲ့ ဈေးကွက်မှာ ငွေရေးကြေးရေးရတဲ့သူတွေလည်း ရှိနေသလို ၊ ရှုံးတဲ့သူတွေလည်း ရှိနေပါပြီ။ ဇာတ်ကား လူမ၀င်တာတွေလည်း ဖြစ်လာပါပြီ။ စီးပွားသဘောနဲ့ ပြန်ပြောမယ်ဆိုရင် ဒီလုပ်ငန်းကို ဘယ်လို ပိုက်ဆံရှာရမလဲဆိုတာလည်း အရေးကြီးလာပါပြီ။ဘယ်သူ့တွေနဲ့ ရိုက်မလဲ၊ ဘယ်သူတွေ ရိုက်ရမလဲ ဆိုတာလည်း အရေးကြီးလာပါပြီ။သရုပ်ဆောင် မင်းသားစူပါးစတားတွေမှမဟုတ်ပဲနဲ့ ဥပမာ- လိပ်ပြာစံအိမ်လို့ အရာ မျိုးတွေလည်း ပိုက်ဆံရတယ်လို့ ပြန်ဖြစ်လာတယ်။ ရုပ်ရှင်ရဲ့ ရသတွေကို ဇကာတိုက်ရမယ့် အချိန် ရောက်လာပါပြီ။ ဇကာတိုက်ရမယ့် အချိန်ဆိုတော့ ၂၀၂၀ လောက်မှာ အရည်အသွေးပြည့်ဝလုပ်နိုင်တဲ့ ဇာတ် ကားတွေ ထွက်လာမယ်။ ရုံတွေလည်း ဒီထက်ပိုများလာမှာ ဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW