အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယား ကေပေါ့စတားဆူလီ ရုတ်တရက် ကွယ်လွန်

Zawgyi ဆိုးလ်၊ အောက်တိုဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှ ကေပေါ့စတားတစ်ဦးဖြစ်သူ f(x) တေးဂီတအဖွဲ့ဝင်ဟောင်း ဆူလီဟာ အသက် ၂၅ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။   ဆူလီရဲ့ ရုပ်အလောင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးရှိနေအိမ်မှာ သူ့ရဲ့မန်နေဂျာဖြစ်သူက ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။     ဆူလီ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကိုယ့်ကိုကိုယ်သတ်သေတာမျိုး ဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ပတ်သက်ပြီးလည်း စစ်ဆေးနေတယ်လို့ဆိုပါတယ်။     ကေပေါ့စတား ဆူလီဟာ သူရုပ်ဆောင်အလုပ်ကိုအာရုံစိုက်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ f(x) တေးဂီတအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာ အွန်လိုင်းပေါ်မှာ ဝေဖန်နှောက်ယှက်မှု တွေခံခဲ့ရတာကြောင့် ကေပေါ့အဖွဲ့မှာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တာလို့ အချို့ကယုံကြည်နေပါတယ်။     ဆူလီဟာ အငြင်းပွားဖွယ်ရာကိစ္စတွေမှာလည်း လူသိများခဲ့ပြီး…

Read More

သရေခေတ္တရာရှေးဟောင်းဇုံမှာ မိုးများလို့ မြို့ရိုးဟောင်းအပိုင်းအစတွေ ပြိုကျ

ပြည် ဇူလိုင်၃၀-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်းပြည်မြို့မှာရှိတဲ့ကမ္ကာ့အမွေအနှစ်စာရင်းဝင် သခေတ္တရာပျူမြို့ဟောင်းအတွင်းက မြို့ရိုးအပိုင်းအစတခုဟာ မိုးသည်းစွာရွာလို့ ဇူလိုင်၃၀မနက်ကပြိုကျသွားတယ်လို့သတင်းရရှိပါတယ်။   ဒီမြို့ရိုးဟောင်းဟာ အရှေ့ဘက်နန်းမြို့ရိုး ဖြစ်ပြီးပေသုံးဆယ်ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုက သိရတာဖြစ်ပါတယ်။   “မနေ့က မိုးတအားရွာတယ် တစ်ညလုံးရွာတယ် ဒီရှေးဟောင်းဇုံထဲမှာလည်းရွာတယ်။ အဲလိုရွာတဲ့အခါမှာ မနက် လေးနာရီနဲ့ ငါးနာရီကြားမှာ အရှေ့ဘက်နန်းမြို့ရိုး ပေသုံးဆယ်လောက် ကွာကျသွားတယ်။ မကွာခင်မှာလည်း ဒါကြီးက ဖောင်းနေတယ် ဒီဟာကိုလည်း ထိန်းသိမ်းဖို့ ဘတ်ဂျက် တင်တောင်းထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက တောင်းထားတာပေါ့နော်။ ဘတ်ဂျက်က မကျသေးဘူး မကျသေးခင်မှာလည်း ဒီလိုဖြစ်သွားတာပါ”လို့ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပြပါတယ်။     ဒီမြို့ရိုးဟာအရှေ့ဘက်နန်မြို့ရိုးမှာ အမြင့် ၇ ပေခန့်မြင့်မားပြီး အရှည်ပေ ၅၀၀ခန့်ရှိကြောင်းနဲ့ယခုမိုးရာသီတွင် ထပ်မံ၍ မိုးရက်ဆက်ရွာသွန်းရင်…

Read More

အသက်​အရွယ်​အရ ငယ်​တဲ့ဇာတ်​ရုပ်​မရိုက်​ချင်​​တော့ဘူးဆိုတဲ့ အိန္ဒြာကျော်ဇင်

ရန်ကုန်၊ ဇွန် ၁၁-၂၀၁၉ သင်းသဒ္ဒါ(VOM)   ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုရထားတဲ့ အကယ်ဒမီ  အိန္ဒြာကျော်ဇင်ကတော့ အသက်​အရွယ်​အရ ငယ်​တဲ့ ဇာတ်​ရုပ်​ မရိုက်​ချင်​​တော့ဘူးလို့ ဆိုပါတယ်။   ”အူဝဲထင်တာကတော့ ဒီကြားမှာ ဇာတ်ကြမ်းသလိုဖြစ်တဲ့ ဒေါင်းနီလို ကာရိုက်တာမျိုးတွေ၊ ဒရမ်မာဇာတ်တွေ ရိုက်တာ နည်းနည်းများသွားတယ်ဆိုတော့ အဲလို ရို့မန့်ဇာတ်တွေကို ကြည့်ချင်လာကြတယ်ပေါ့။ ဒါကြောင့် ပရိသတ်က ရို့မန့်ဇာတ်ကို တောင်းတာမျိုးတွေ တွေ့ရပေမယ့် ကိုယ့်အသက်အရွယ်အရ ငယ်တဲ့ ဇာတ်ကို မရိုက်ချင်တော့ဘူး။”လို့ ဆိုပါတယ်။   လက်ရှိမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းပုံစံဖြစ်တဲ့ ”ဇာတ်လိုက်”ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ခိုင်သင်းကြည် ၊ မေမြင့်မိုရ် စတဲ့ အနုပညာရှင်တွေနဲ့ နယ်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရိတ်သတ်တေ တောင့်တနေတဲ့ ရို့မန့်ကားတွေကို ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး လက်ခံသွားမယ်လို့ သိရပါတယ်။   ”ဒီကြားထဲမှာ…

Read More

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်

ရန်ကုန်၊ ဇွန် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM)   ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်လို့ ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ အကယ်ဒမီလူမင်းက ပြောပါတယ်။   ”ကိုယ့်ကတော့ ရိုက်ချင်ပါတယ်။ ပြင်ဆင်စရာတွေ အရမ်းများနေလို့ အတိအကျ မပြောနိုင်သေးတာပါ။ ဒီ နှစ်ထဲမှာတော့ သေချာပေါက် ရိုက်မှာပါ။ မဖြစ်ဖြစ်အောင် သေချာပေါက် အကောင်းအထည်ဖော်မှာပါ။”လို့ ဆိုပါတယ်။   ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ညွှန်းပိုင်းဆိုင်ရာ၊ သရုပ်ဆောင်တွေ ရွေးချယ်ရာတွေမှာ အခက်အခဲလေးတွေ ရှိနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ကို ရွေးချယ်ပြီးရုံနဲ့ ရိုက်လို့မရသေးသလို တခြားအထင်ကရ နိုင်ငံရေးသမားတွေ၊ အသုံးပြုမယ့် လူသူအင်အား၊ လက်နက်အင်အားတွေအတွက်လည်း ခက်ခဲနေတာပါ။   အဲဒီ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့  ”ဒီဘက်ခေတ်က မြင်ကွင်းတွေလို ဟိုးဘက်ခေတ် မြင်ကွင်းဖြစ်အောင် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ လုပ်ဆောင်ရမယ်။ ပြင်ဆင်မှု အပိုင်းတွေက ခုထိမပြီးနိုင်သေးလို့…

Read More

ခန္ဓာကိုယ်ကို သီးသန့်ထိန်းသိမ်းတာမျိုး မရှိဘူးဆိုတဲ့ အိချောပို

ရန်ကုန်၊ မေ ၂၉-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိတ်သတ်က ချစ်စနိုးနဲ့ စူစူလို့ ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ်ကို သီးသန့်ထိန်း သိမ်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။   “အိချောအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ၀လာပြီး ပြည့်လာပြီထင်ရင်တော့ လမ်းများများလျှောက်တယ်။ အစား အ သောက်တွေ လျှော့လိုက်တယ်။ သီးသန့်ကြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းတာမျိုးမရှိပါဘူး။ အိချော ဖက်ရှင်ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။   သူမကတော့ လက်ရှိမှာ ဒါရိုက်တာ ကျော်သူရိုက်ကူးထားတဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားကြီးကို ငွေဆောင်မှာ ထွန်းကိုကို၊ အလင်းရောင်တို့နဲ့အတူ သွားရောက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။   ရေသူမ တယောက်လို ရိုက်ကူးတာနဲ့ ပတ်သက်ပြီး “အသားအရည်ရော ထိခိုက်မှုရှိမှာပေါ့။ အရင်တုန်း က…

Read More

မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်ဆိုတဲ့ ရတနာမိုင်

ရန်ကုန်၊ မေ ၂၇-၂၀၁၉ သင်းသဒ္ဒါ(VOM)   အသံချိုချိုလေးနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ရတနာမိုင်ကတော့ မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်လို့ဆိုပါတယ်။   ”ညီမက ကိုယ်ချစ်ရတဲ့ ယောက်ျားတော့ ရွေးချယ်ဖြစ်မယ်မထင်ဘူး။ မိဘတွေစိတ်တိုင်းကျ သဘောကျတဲ့ သူမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ။”လို့ ဆိုပါတယ်။   သူမကတော့ မိခင် မိုင်နဲ့ အတူ  Two Lady Show လုပ်မယ်ပြောပြီး မလုပ်ဖြစ်သေးတာကြောင့် ပရိသတ်တွေကို ကတိပျက် သလိုဖြစ်နေရကြောင်းနဲ့  ဒီနှစ်မှာတော့ သေချာပေါက် ကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။   ဒါပေမယ့် Two Lady Show ထက်  မိခင်ဖြစ်သူ မိုင် ဖြစ်စေချင်တဲ့ သူမအမေရဲ့ သီချင်းလေးတွေကို ပိုပြီးအမှတ်ရသွားအောင် အခွေထုတ်ပေးဖို့ အရင် ဆုံးကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။   ပြီးတော့ ရတနာမိုင်က…

Read More

ထမင်းသုံးလမစားဘဲ ဝိတ်ချလိုက်တယ်ဆိုတဲ့ ငွေမှုံရတီ

ရန်ကုန်မေ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM)   သဲသဲရဲ့ညီမလေးကဲကဲဖြစ်တဲ့သရုပ်ဆောင်ငွေမှုံရတီကတော့ထမင်းသုံးလမစားဘဲဝိတ်ချလိုက်တယ်လို့ဆိုပါတယ်။   “ကဲရဲ့ခန္ဓာကိုယ်ပတ်သက်ပြီးတော့၃လလောက်ထမင်းမစားပဲဝိတ်ချလိုက်တာပါ။ကိုယ်ကိုကိုယ်လှအောင်နေလိုက်တာပါ။ဘယ်လိုဝိတ်ချလဲဆိုရင်တော့အပြင်းအထန်ကိုချလိုက်တာပါ။အစာအိမ်ထိခိုက်တဲ့အထိဝိတ်ချဖြစ်တာပေါ့။၃လုံးလုံးထမင်းမစားဘူး။လေ့ကျင့်ခန်းတွေလုပ်ဆောင်တယ်။အသီးအနှံစားတယ်။အဟာရဖြစ်စေမယ့်အရာတွေစားတယ်။ခန္ဓာကိုယ်ပတ်သက်ပြီးသူများတွေဝေဖန်မှုမကြုံခဲ့ပါဘူး။ကိုယ့်ဆီမှာရှိတဲ့အလှကိုတော့တန်ဖိုးထားပါ။ကိုယ့်ရဲ့သတ်မှတ်ထားတဲ့အရာအထိရှိတော့အဲလိုသတ်မှတ်ချက်အထိရောက်အောင်သွားမှာပါ။ဝိတ်ချပြီးကိုယ်ကိုကိုယ်လည်းConfidence ပိုရှိလာတယ်”လို့ဆိုပါတယ်။   သူမကတော့ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားတချို့ကိုလည်း ရိုက်ကူးထားသလိုလက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေနားထားတယ်လို့သိရပါတယ်။ အစ်မဖြစ်သူသဲသဲ(ခ)ရွှေမှုံရတီနဲ့ရွှေထူးရဲ့ ဇာတ်ကားဖြစ်တဲ့ဧည့်သည်ရုပ်ရှင်ဇာတ်ကားစာနယ်ဇင်းပွဲတက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။   အွန်လိုင်းမှာLive နဲ့ပတ်သက်ပြီးဝေဖန်မှုများအပေါ်တော့”ကဲရဲ့စိတ်ကအရင်ကလိုတော့မဟုတ်တော့ဘူး။နည်းနည်းတော့တည်ငြိမ်လာပြီ။ဝေဖန်မှုတွေကိုကြုံလာတဲ့အခါမှာကိုယ့်ကိုတိုင်ပြန်ပြီးထိန်သိမ်းနိုင်လာတယ်။ခုကတော့ခန္ဓာကိုယ်ရော၊ရုပ်ရော၊အကုန်ပြောင်းလဲလာပါတယ်”လို့ဆိုပါတယ်။   #voiceofmyanmar #ငွေမှုံရတီ ဓာတ်ပုံ- ငွေမှုံရတီfacebook

Read More

ကိုရီးယားသရုပ်ဆောင်နဲ့ တွဲဖက်ရိုက်ကူးမယ် နန်းဆုဦး

ရန်ကုန်၊ မေ -၂၀ – ၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်အချစ်တော် နန်းဆုဦးကတော့ ကိုရီးယားသရုပ်ဆောင်နဲ့ ဇာတ်ကားတွဲဖက်ရိုက် ကူးမယ်လို့ဆိုပါတယ်။   ”နန်းဆုတို့ မြန်မာရိုးရာယဉ်ကျေးမှုနဲ့ ကိုရီးယား ယဉ်ကျေးမှုတွေရှိတယ်။ တစ်ခုနဲ့ တစ်ခုကတော့ အကုန် မတူနိုင်ဘူး။သူတို့ ကိုရီးယားယဉ်ကျေးမှုပိုင်းကိုလည်း လေ့လာခွင့်ရမယ်။ သရုပ်ဆောင်တွေ အားလုံးက အိုက်တင်ပိုင်းကိုပဲ ဂရုစိုက်ပြီးတော့ ပြင်ဆင်ရမှာပါ။ ”လို့ ဆိုပါတယ်။   အချစ်ဇာတ်ကားဆန်းဆန်းလေး တစ်ခုဖြစ်လာမယ့် ”ရင်ဝှက် အက္ခရာ”ရုပ်ရှင်ကို ဒါရိုက်တာ အောင်ကိုလတ် ၊မီရှဲလ်က ရိုက်ကူးမှာပါ။ ထွန်းကိုကို နဲ့ ကိုရီးယားမင်းသား Mah Won Woo တို့နဲ့ အတူ ဒီနေ့ ပူတာအိုမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ကိုရီးယား ဘန်ကောက် နှင့် ရန်ကုန် တို့မှာ ဆက်လက်ရိုက်ကူးသွားမှာပါ။   ဒီအချစ်ဇာတ်ကားနဲ့ပတ်သက်ပြီး   ”…

Read More

ဟောလီးဝုဒ်မင်းသားကြီးအာနိုး တောင်အာဖရိကမှာ ရုတ်တရက်တိုက်ခိုက်ခံရ

ကိပ်တောင်း၊မေ-၁၉-၂၀၁၉ မျိုးဆက်(VOM)   တောင်အာဖရိကမှာပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာ  ဟောလိဝုဒ်စတားမင်းသားကြီးအာနိုးဟာအမျိုးသားတစ်ဦးရဲ့ရုတ်တရက်တိုက်ခိုက်မှုခံရလိုက်ပါတယ်။     အသက်၇၁နှစ်အရွယ်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းမင်းသားကြီးအာနိုးကိုသူ့အနောက်ကနေပြီးအမျိုးသားတစ်ဦးကကန်ကျောက်လိုက်ချိန်မှာသူဟာ  Arnold Classic Africa အားကစားဆိုင်ရာအခမ်းအနားတစ်ခုမှာပရိတ်သတ်တွေနဲ့တွေ့ဆုံစကားပြောနေချိန်ဖြစ်ပါတယ်။   အဲဒီမတော်တဆမှုဖြစ်ပွားပြီးနောက်တိုက်ခိုက်သူကိုဟန့်တားထိန်းချုပ်နိုင်ခဲ့ပါတယ်။စိုးရိမ်ပူပန်နေကြတဲ့အတွက်  ပရိတ်သတ်ကိုကျေးဇူးတင်တယ်လို့မင်းသားကြီးအာနိုးကသူ့ရဲ့တွစ်တာမှာရေးသားဖော်ပြထားပြီးအားလုံးအေးဆေးဖြစ်ပြီးဘာကိုမှစိတ်မပူကြဖို့အခိုင်အမာဆိုပါတယ်။     တိုက်ခိုက်သူအမျိုးသားတစ်ဦးကလေပေါ်ဝဲပြီးခြေနဲ့ကန်လိုက်တဲ့မေ၁၈ရက်ကဖြစ်ရပ်နဲ့ပတ်သက်တဲ့ဓါတ်ပုံနဲ့ဗီဒီယိုတွေကိုအာနိုးကလူမှုကွန်ရက်မှာတင်ခဲ့ပြီးအများအပြားပြန်လည်မျှဝေနေကြပါတယ်။   The Terminator ဇာတ်ကားနဲ့နာမည်ကြီးလာတဲ့အာနိုးဟာ  အကန်ခံရပြီးနောက်ဟန်ချက်ပျက်သွားပြီးတိုက်ခိုက်သူကကြမ်းပြင်ပေါ်ကိုလဲကျသွားချိန်မှာတော့  လုံခြုံရေးတွေကချက်ချင်းဟန့်တားနိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့ရဲတပ်ဖွဲ့ထံလွှဲပြောင်းခဲ့ပါတယ်။   Ref : BBC Photo :AFP      

Read More

မွေးနေ့အထိမ်းအမှတ် တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် X Box

ရန်ကုန်၊ မေ – ၁၇ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ဟစ်ဟော့ပ်တေးသံရှင် X Box က မွေးနေ့အထိမ်းအမှတ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။   ”တစ်နှစ်နဲ့ တစ်နှစ် မတူအောင်လို့ ပရိသတ်ကို Update လေးတွေ ပေးချင်တာကြောင့်ပါ။ ပရိသတ်တွေနဲ့ တသားထဲဖြစ်အောင် ဒီပွဲကိုဖန်တီးထားပါတယ်။ကျွန်တော် ဘဝအတွက် မှတ်တိုင်တစ်ခုအနေနဲ့  ဒီပွဲကိုကျင်းပဖြစ်တာပါ ။ ”လို့ဆိုပါတယ်။   အသက် ၂၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မေ ၁၉ ရက် ညနေ ၄ နာရီမှာ ရန်ကုန်မြို့  The Maze Club မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေမယ့်   X-Boxin House Party ပွဲလို့ သိရပါတယ်။   အဲဒီဖျော်ဖြေပွဲမှာ  ရဲရင့်အောင်…

Read More
VOM News

FREE
VIEW