တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်

မတ် ၁၅- ၂၀၂၂
(VOM)

မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။

အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။

သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်‌ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင်

YouTube Link – https://youtu.be/IZe3vbxQEAE

Related posts

✕
VOM News

FREE
VIEW