ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက စစ်ရှောင် ဒေသခံပြည်သူ ၃၀၀၀ လောက်အထိ အရေပြားရောဂါ ဆိုးရွားစွာကူးစက်ခံနေရပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆီကသိရပါတယ်။ အရေပြားရောဂါကူးစက်ခံထားရတဲ့အထဲမှာ ကလေးငယ်တွေက ပိုများပြီး လူဦးရေ၂၀၀၀ လောက်ရှိကြောင်း ၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုနူန်းကလည်း အချိန်တိုအတွင်းမှာ လူထောင်ချီတဲ့အထိ ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။ “အခုစစ်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှဖြစ်တာကိုအခုပွားလာတာပေါ့။စစ်ရှောင်ရင်းနဲ့ဖြစ်ကြတာ။ခုလောလောဆယ်ဖြစ်နေတဲ့လူနာက ၃၀၀၀ လောက်ရှိပါတယ်။ရွာတွေက အကုန်လိုလိုပါပဲ။ စစ်ရှောင်နေတဲ့ရွာတွေမှာ။ လူကြီးကလေးအကုန်ဖြစ်တာကို ကလေးတွေမှာပိုဆိုးတာပေါ့။ ” လို့ အရေပြားရောဂါ ခံစားနေရတဲ့ပြည်သူတွေကို အကူအညီပေးနေသူတယောက်ကပြောပါတယ်။ လက်ရှိ ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားတာဖြစ်တဲ့အတွက် နစကဘက်မှလည်း ေဝါးပစ္စည်းတွေသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်း ဆေးဝါးဝယ်ယူရခက်ခြင်း၊ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်ခြင်း၊ ဆေးဝါးဝယ်ယူဖို့ငွေကြေးအင်းအားလိုအပ်ချက်ရှိခြင်း စတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါ ကုသဖို့အတွက်ဆေးဝါးတွေမလုံလောက်မှုဖြစ်ပေါ်နေရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်နေသူတွေက အရေပြားရောဂါ ခံစားနေရသူတွေအတွက်…
Read MoreCategory: ကျန်းမာရေး
မြောင်းမြမှာ မိသားစုလိုက် အစာအဆိပ်သင့် ကလေးငယ်သေဆုံး
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊နာနတ်တောင်ရွာမှာ မိသားစုလိုက်အစာအဆိပ်သင့်ပြီး ကလေးငယ် သေဆုံးကာ ကျန်မိသားစုသုံးယောက်က ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းမှာ ငါးပူတင်းဟင်းချက်စားပြီးနောက် ကလေးငယ်နှစ်ယောက်အပါအဝင် မိသားစုလေးယောက်လုံး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာမှာ အချိန်မီဆေးရုံသွားရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အစာအဆိပ်သင့်မှုကြောင့် လက်ရှိဆေးကုသနေရသူတွေထဲမှာ အဖေဖြစ်သူနဲ့ အသက်နှစ်နှစ်အရွယ်ကလေးငယ်တို့ကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။ ” မနေ့ညကတည်းက မိသားစုလိုက်အစာအဆိပ်သင့်တာကို ခုမနက်၇နာရီမှဘုန်းဘုန်းတို့ဆီအကြောင်းကြားတာ။ မိသားစုလိုက်ဖြစ်တာဆိုတော့ဘယ်သူမှအသိမပေးနိုင်ဘူး။ ပတ်ဝန်းကျင်ကအသိပေးမှဘုန်းဘုန်းတို့သိရတာ။ အချိန်မီမဆက်သွယ်နိုင်တဲ့အကျိုးကြောင့် ခုလိုအသက်သေတဲ့အထိဖြစ်ရတယ်လို့ယူဆတယ်။ သူတို့ရွာကလည်းဖွံ့ဖြိုးမှုအားနည်းတဲ့ရွာပါ။ တောလမ်းတွေကသွားလာရတယ်။ အခုအစာအဆိပ်သင့်တဲအထဲမှာ ၅နှစ်ကလေးကဆုံးသွားပြီ။ အဖေနဲ့ ကျန်တဲ့ကလေးလေးကလည်း ကသတိရတချက်မရတချက်။ အမေဖြစ်သူပဲကောင်းကောင်းသတိရတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အေးမြ ဖြူစင်ဇီဝိတဒါနသွေးလှူရှင်အသင်းမှ တာဝန်ရှိသူဆရာတော်အရှင်ဝဏ္ဍသီရိက မိန့်ပါတယ်။ လက်ရှိမှာတော့ အစာအဆိပ်သင့်မှုဒဏ်ခံစားနေရတဲ့ မိသားစုဝင်သုံးယောက်လုံးကို မြောင်းမြ ဆေးရုံမှာ ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။ ၂၀၂၄…
Read Moreတောင်ကြီးမြို့နယ်ရောက် ကယားစစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်မှုတွေ ဖြစ်ပွားနေ
ZY(V0M) ဇန်နဝါရီ ၁၈၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ကို လာရောက်တိမ်းရှောင်နေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာ ဆောင်းရာသီ အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေ ထံကနေ သိရပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကနေ တောင်ကြီးမြို့နယ်ကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော် ကျန်ရှိနေသေးပြီး စစ်ဘေးရှောင်ဦးရေ ၅၀ကျော်ဟာ အခု ဇန်နဝါရီလ၊ ပထမပါတ်ကစတင်ပြီး အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “တော်တော်များများကတော့ ပြန်ကုန်ကြပြီ။ အရင်ကဆို လူဦးရေ ၃၀၀၀ကျော်ရှိတာ၊ အခုက ၄၀၀ကျော်ပဲ ကျန်တော့တယ်။ လေက အရမ်းတိုက်ပြီး နှင်းတွေလည်းကျ၊ အရမ်းအေးတဲ့အခါကြတော့ အခုလိုတွေ ဖြစ်နေကြတာ။ စောင်၊ အနွေးထည်တွေမရှိတဲ့အပြင် အမိုးအကာ မလုံခြုံတဲ့နေရာမှာ နေထိုင်ကြရတာလည်း ပါတာပေါ့”လို့…
Read Moreကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ ၅ နှစ်အတွင်းကလေးငယ်တွေထဲအကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတကြိမ်မှ မထိုးရသေးတဲ့ကလေးတွေနဲ့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးတွေကို Big Catch-up လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံခြင်းကို အခုဇန်နဝါရီလထဲမှာ တနိုင်ငံလုံးစတင်လုပ်ဆောင် ပေးတော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရ ပါတယ်။ ထိုးနှံပေးမယ့်ကာကွယ်ဆေးတွေက ငါးမျိုးစပ်ကာကွယ်ဆေး ၊ ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ပိုလီရိုရောဂါကာကွယ်ဆေးတွေကို ထိုးနှံခြင်း၊တိုက်ကျွေးခြင်း ပြုလုပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ” ထိုးနှံပေးမယ့်ရက်တွေကတော့ သူ့နေရာဒေသအလိုက်တူမှာ မဟုတ်ဘူး။ဘီးလင်းမှာတော့သုံးကြိမ်ခွဲပြီးကာကွယ်ဆေးတွေထိုးပေးမှာပါ။တကြိမ်ကို ၇ ရက်စီ သတ်မှတ်ပြီးထိုးနှံပေးမှာပါ။ကိုယ့်သက်ဆိုင်ရာ ကာကွယ်ဆေးစုရပ်မှာထိုးလို့ရမယ်။ကိုယ်မထိုးရသေးရင် ကိုယ်နဲ့နီးစပ်ရာကျန်းမာရေးဌာနကိုဆက်သွယ်ထိုးကြပါ။” လို့ ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းကပြောပါတယ်။ စစ်ဘေးရှောင်နေရတဲ့အတွက် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးတဲ့ ကလေးတွေနဲ့ကာကွယ်ဆေး တကြိမ်မှမထိုးရသေးတဲ့ကလေးငယ်တွေ အတွက်လည်း မိခင်တွေအနေနဲ့ လက်ရှိစစ်ရှောင်ရောက်ရှိနေတဲ့ ေနရာဒေသရှိ ကျန်းမာရေးဌာန၊ဆေးရုံတွေ၊ နီးစပ်ရာနေရာဒေသရှိအုပ်ချုပ်ရေးပိုင်း ကို ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့သိရပါတယ်။…
Read Moreလှိုင်သာယာမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် လူသေဆုံးမှုများလာ
စက်တင်ဘာ ၂ – ၂၀၂၄SN (VOM)ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးမှုတွေ များလာပြီး တအိမ်တည်းမှာတင် သေဆုံးသူ သုံးယောက်အထိ ရှိလာတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာတင်ပဲ မြင့်တက်လာတာဖြစ်ပြီး အရှေ့ဗဒံ၊ ပင်လုံဈေး၊ ရိုးကြီး၊ ရိုးလေးဘက်တွေမှာ အဖြစ်များနေကာ သေဆုံးသူ အယောက်၂၀ ကျော်လောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။“တချို့မြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သတ်ပြီး လိုက်ကြေညာတယ်။ အခုထိတော့ ကျွန်တော်တို့ဘက်မှာတော့ ဘာမှ မကြေညာသေးဘူး။ အခုရက်ပိုင်းလေးတွေပဲ သေတာ အယောက် ၂၀ လောက်ကျော်သွားတာ။ တော်တော်မြန်တယ်။ နာရေးဆိုလို့ ကြည့်လိုက်ရင် ဝမ်းပျက်ဝမ်းလျှောကြောင့်ပဲ။ ပင်လုံစျေး၊ ရိုးကြီး၊ ရိုးလေးဘက်မှာ ပိုများတယ်။ တအိမ်တည်း သုံးယောက် တပြိုင်တည်း ဆုံးသွားတာကလည်း ကျွန်တော်တို့အိမ်နဲ့ မလှမ်းမကမ်းလေးတင်ပဲ” လို့ ရိုးကြီးရပ်ကွက်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။ပြင်းထန်…
Read More“ပလတ်စတစ်ညစ်ညမ်းမှုရဲ့ ဆိုးကျိုးတွေကို သတိပြုပါ”
သွေး (စစ်ကိုင်း) ကျွန်မတို့ နေ့စဉ်သုံးစွဲနေရတဲ့ အိမ်သုံးပစ္စည်းတွေထဲမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဈေးဝယ်ရင် ပလတ်စတစ်အိတ်နဲ့ ထည့်ပေးနေတာကနေ ပန်းကန်၊ ရေပုံး၊ ထိုင်ခုံတွေ အထိ ပလတ်စတစ်နဲ့ ပြုလုပ်ထား တဲ့ ပစ္စည်းတွေက နေရာယူနေကြတာပါ။ တစ်ဖက်က စဉ်းစားကြည့်ရင် ဒီပစ္စည်းတွေဟာ အလွယ်တကူ သုံးစွဲနိုင်တာ မှန်ပေမဲ့ ရေရှည်မှာ သဘာဝပတ်ဝန်းကျင် အတွက် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တာကြောင့် လျှော့ချ သုံးစွဲသင့်ပါတယ်။ မုန့်ဟင်းခါးပဲ ဝယ်ဝယ်၊ ဟင်းပဲ ဝယ်ဝယ်၊ ကြက်ဥပဲ ဝယ်ဝယ် ဆိုင်တွေက ကြွပ်ကြွပ်အိတ်လို့ ခေါ်တဲ့ ပလတ်စတစ်အိတ် တွေနဲ့ ထည့်ပေးကြပါတယ်။ ပစ္စည်းတစ်မျိုးဝယ်လို့ ကြွပ်ကြွပ်အိတ် တစ်လုံးရရင် ပစ္စည်း ၁၀ မျိုးဝယ်ရင် ကြွပ်ကြွပ်အိတ် ၁၀ အိတ်ရလာမှာ ဖြစ်ပါတယ်။…
Read Moreဒီးမော့ဆိုမြို့နယ်မှာ ကလေးငယ်တွေ ရေကျောက်ရောဂါ အဖြစ်များလာပြီး ကုသဖို့ ဆေးဝါးတွေလိုအပ်နေ
မေ ၊ ၁၁ ၊ ၂၀၂၄ SP (VOM) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိ ကလေးတွေ အများစုဟာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် ၊ အေနောင်ပုလဲကျေးရွာနေ ဒေသခံတယောက်က ” ရွာမှာ ကလေးအယောက် ရှစ်ဆယ်ကျော်လောက် အရေပြားအပူဖုတွေ ပေါက်ကြတယ် ၊ ပထမကတော့ အရေပြားပေါ်မှာ အနီစက်လေးတွေဖြစ်တယ် ၊ အနည်းငယ်ရက်ကြာလာတော့ အဲ့ဒီ အနီစက်လေးတွေက အရည်ကြည်တွေစုလာတယ် ၊ အဲ့နောက် အဖျားဝင်လာပြီး အစားသောက်ပျက်တယ် ၊ နားလည်တဲ့သူတွေပြောတာတော့ ရေကျောက် ရောဂါလို့ သိရတယ် ၊ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိဖြစ်နေတယ် ၊ အဲ့ဒီလိုဖြစ်နေတာ ဒီးမော့ဆို တနယ်လုံးနီးပါးဖြစ်နေတာပါ” လို့ပြောပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့ ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊…
Read More“ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေတတ်တဲ့ အစားအသောက်တွေ”
သွေး (စစ်ကိုင်း) လူတိုင်းဟာ ကျန်းမာရေး ကောင်းမွန်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုကြပါတယ်။ အဲသလို ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် မကျန်းမမာ ဖြစ်စေတဲ့ အမူအကျင့် အလေ့အထတွေကို ရှောင်ကြဉ်ရမှာပါ။ သို့ပေမဲ့ မကျန်းမမာ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သတိမမူမိဘဲ ဖြစ်နေတတ်ပါတယ်။ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ရောဂါဘယတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက်ရှူလမ်းကြောင်းနဲ့ အစားအသောက် လမ်းကြောင်းကနေ ဝင်ရောက်တယ် ဆိုတာကိုလည်း သတိပြုရမှာပါ။ ဒါကြောင့် မကျန်းမမာ ဖြစ်စေတတ်တဲ့ အစားသောက်တွေနဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို တင်ပြမှာ ဖြစ်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက နေရာယူထားတာ တွေ့ရပါတယ်။ အသက်ရှင်သန်ဖို့ အတွက် စားသုံးနေရတဲ့ အစားအစာတွေကို ထုပ်ပိုးရာမှာလည်း ပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။…
Read Moreနွေရာသီမှာ သတိထားရမယ့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke ) အန္တရာယ်
မတ်-၁၇-၂၀၂၄ SN (VOM) နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တနှစ်ထက် တနှစ် နွေက ပိုပူလာပါပြီ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နွေရာသီကလည်း အတော်လေးကို ပူပြင်းလာပါတယ်။ တရိပ်ရိပ် တက်လာတဲ့ အပူချိန်နဲ့အတူ ကျန်းမာရေးပြဿနာတွေကလည်း တွဲကပ်ပြီး ပါလာစမြဲပါ။ အဲဒီထဲက တခုကတော့ နွေရာသီရောက်တိုင်း မဖြစ်မနေသတိထားရမယ့် Heat Stroke လို့ ခေါ်တဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ပြဿနာပါ။ Heat Stroke ဖြစ်ရင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုပြီး ဒဏ်ခံရတယ်လို့ သိရပါတယ်။ Heat Stroke မဖြစ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်တတ်ကြပါတယ်။ ဒီဒဏ်ကို မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုပြီးခံကြရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ Heat Stroke…
Read More“လေထုညစ်ညမ်းမှု သတိပြုပါ”
သွေး (စစ်ကိုင်း) အသက်ရှင်ဖို့ နေ့စဉ်နဲ့ အမျှ ရှူရှိုက်နေရတဲ့ လေဟာ သန့်ရှင်းလတ်ဆတ်ဆို့ အထူးပဲ အရေးကြီးပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ သန့်ရှင်းတဲ့လေ မရှူရှိုက်ရမှု…၊ လေထုညစ်ညမ်းမှုတွေနဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားနေသူတွေ သန်းချီပြီး ရှိနေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို လက်တွေ့ကျကျ ဘယ်လိုလျှော့ချသင့်သလဲ စဉ်းစားလုပ်ဆောင် သွားရမှာပါ။ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတာဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမဲ့ ရုပ်ကြွင်းလောင်စာ တွေ အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရတာကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာပါ။ ကျောက်မီးသွေးသုံး စက်ရုံကြီးများ လည်ပတ်မှု, တောမီးလောင်မှု, မီးရှူးမီးပန်း ပစ်လွှတ်မှု, တောင်ယာမီးရှို့မှုတို့ကြောင့်လည်း လေထုကို ညစ်ညမ်းစေပါတယ်။ ‘BBC’ သတင်းတစ်ပုဒ်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးကုသ,မှု ခံယူခဲ့ရသူ…
Read More