ပခုက္ကူက အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဧရာဝတီ အနောက်ဘက်ခြမ်းက ပြည်သူတွေ ကျန်းမာစောင့်ရှောက်မှု အခက်ခဲရှိနေ

ဧပြီ ၁၆ ၊ ၂၀၂၁ KTG (VOM)   မကွေးတိုင်း ပခုက္ကူမြို့က အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ ချင်းတောင်ခြေ အကြားက ဒေသခံ ပြည်သူတချို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အတွက် အခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   ” ပခုက္ကူမှာ ပြည်သူ့ဆေးရုံကြီး နဲ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ၂ ရုံ ၊ ဆေးခန်း ၂၀ ကျော်ရှိတယ်၊ အထူးကု ဆရာဝန် ၉ ယောက်ရှိတဲ့အနက် ၆ ယောက်က ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ အရေးပေါ် လူနာတွေကို မုံရွာ ကုတင် ၃၀၀ စစ်ဆေးရုံနဲ့ ငွေကြေးတတ်နိုင်သူ အနည်းစုက မန္တလေးဆေးရုံးကို သွားပြကြရတယ်၊ ငွေကြေး မပြည့်စုံတဲ့…

Read More

ကိုဗစ်ကာကွယ်ဆေးကို  နောက်လမှာ ပြည်သူထဲက သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ်

မန္တလေး၊ ဇန်နဝါရီ-၂၈ – ၂၀၂၁ ရှိုင်းအောင်(VOM)   အိန္ဒိယနိုင်ငံက ရောက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေတသိန်းခွဲ၊ ထိုးနိုင်တဲ့လူဦးရေ လူတသန်းခွဲစာကို ပထမဦးစားပေးစနစ်အနေနဲ့ ထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်းထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုတော့ ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးပေးနေပြီဖြစ်ပါတယ်။   အဲလိုထိုးဖို့ နယ်တွေကိုလည်းပို့ပေးနေတာမှာ ဇန်နဝါရီ ၂၇ ရက်နေ့  မွန်းလွဲပိုင်းက လေရှီးမြို့ကို ရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ဆေးပုံးမှာ Alarm Cross ပြနေလို့ အထက်အဆင့်ဆင့်ကို အကြောင်းကြားထားပေ မယ့် အကြောင်းမပြန်သေးလို့ ထိုးနှံတာတွေ မလုပ်သေးကြောင်း လေရှီးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။   အဲ့ဒီကိစ္စအပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ၊ ကာကွယ်ဆေးထိုးပေးဖို့ အဆင့် အလိုက်သတ်မှတ်ထားပုံတွေ သိနိုင်ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က…

Read More

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ဆောင်ရန် ရှောင်ရန် လိုအပ်မလဲ ?

နေပြည်တော်-ဇန်နဝါရီ ၂၆-၂၀၂၀ ကိုလတ် (VOM) ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ လွှတ်တော်အထောက်အကူပြုအဖွဲ့တွေကို ကိုဗစ် ပိုးရှိမရှိ စစ်ဆေးမှုလုပ်ခဲ့ပြီး ကျွမ်းကျင်သူတွေက ရှောင်ရန်ဆောင်ရန်တွေကို ရှင်းပြခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း ဆောင်ရန် ရှောင်ရန်တွေ လိုက်နာရမှာဖြစ်ပြီး အလုံးစုံ ရောဂါကင်းစင်စေတဲ့ ဆေးမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ “ကာကွယ်ဆေးထိုးပြီးရင်တော့ ကျွန်တော်တို့ပုံမှန် ရောဂါကာကွယ်ဆေး (၆) မျိုးထိုးသလိုပါပဲ။ အဲ့တော့ သတိထားပြီးနေရပါတယ်။ ဖျားလို့ရှိရင် နောက်ပြီး ခန္ဓာကိုယ်မှာယားယံတာတို့ ကိုက်ခဲတာတို့ဒါမျိုးဖြစ်ရင် ချက်ချင်းဟိုဟာဖြစ်တယ်။ ပထမဆုံးတစ်ရက်ကတော့ အိပ်ရေး၀၀ အိပ်ရပါတယ်။ ရေများများသောက်ရပါတယ်။ အစားကိုပုံမှန်လေးစားပေးရပါတယ်။ ကာကွယ်ဆေးတွေရဲ့ သဘောကတော့ အရက်တို့ ဆေးလိပ်တို့နဲ့ အဲ့ကာလမှာတော့ ရှောင်ထားတာတော့အကောင်းဆုံးပါပဲ။ ဒီကာကွယ်ဆေးက…

Read More

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မှာ စာရင်းကောက်

ရန်ကုန်- ဇန်နဝါရီ ၂၄ – ၂၀၂၁ ယဉ်ပပထွန်း ( VOM) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်က ရပ်ကွက်နေပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စာရင်းတွေစကောက်ခံနေတယ် လို့သိရပါတယ် ။ စာရင်းကောက်ယူရာမှာ ပေးထားတဲ့ဖောင်စာရွက်ပေါ်မှာတော့ အိမ်ရှိလူအားလုံး ရဲ ့ အမည် မွေးသက္ကရာဇ် မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ ဖုန်းနံပါတ်တွေအပြင် မိမိမှာရောဂါအခံ ဘာရောဂါအခံရှိတယ်ဆိုတဲ့ အရာတွေကိုပါဖြည့်ပေးရမှာဖြစ်ပါတယ် ။ ” ဒီနေ့ကစပြီး ရန်ကုန်တစ်တိုင်းလုံးကိုစာရင်းစယူကောက်ခံတာပါ ။ နိုင်ငံတော်က ထိုးဖို့အစီအစဉ်ဖြစ်ရင် အဆင်သင့်ဖြစ်အာင်လို့ကျွန်တော် တို့အားလုံးကိုညွှန်ကြားချက်ထုတ်တာပါ ။ အဲ့ထဲမှာက အုပ်စု ပြန်ခွဲအုံးမှာပါ ။ ကာကွယ်ဆေးထိုးဖို့အသက်အပိုင်းအခြား ပထမဦးစားပေးတွေ ဒုတိယဦးစားပေးတွေ အဲ့လိုမျိုးတွေကိုပြန်ခွဲသွားအုံးမှာပါ ” လို့ သင်္ဃန်းကျွန်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOMကိုပြောပါတယ် ။ အိန္ဒိယနိင်ငံကနေ ၂၂ ရက်နေ့ညနေပိုင်းက ကိုဗစ်ကာကွယ်ဆေး ၁…

Read More

ဖားကန့်မှာ ကိုဗစ်ကြောင့် တယောက်ထပ်သေ

ဖားကန့်-ဇန်နဝါရီ ၂၄-၂၀၂၁ ဇော်မိုးထက် (VOM) ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လုံးခင်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အမျိုးသားတဦး ဇန်နဝါရီ ၂၄ရက် မနက် တနာရီလောက်က သေဆုံးသွားခဲ့တယ်လို့ လုံးခင်း ဆေးရုံက သိရပါတယ်။ “သေဆုံးသူဟာ လုံးခင်းကျေးရွာ ရပ်ကွက်(၄) က အသက်(၈၃)နှစ်အရွယ်အမျိုးသားတဦး ဖြစ်ပြီး ဇန်နဝါရီလ၂၂ရက်နေ့မနက်က အသက်ရှူကြပ်တဲ့ဝေဒနာခံစားရလို့ ဆေးရုံကို ဆေးကုသမှု လာရောက် ခံယူခဲ့တာလို့ လုံးခင်းဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းက အတည်ပြုပြောပါတယ် “၂၂ရက်နေ့ကအသက် ရှူကြပ်လို့ ဆေးရုံရောက်လာတယ် ။ Swab ယူပြီး မြစ်ကြီးနားပို့ပြီးစစ်တာ Positive ထွက်တယ် ။ ညက တနာရီကျော်လောက်မှာ ဆုံးသွားတာ “လို့ လုံးခင်း တိုက်နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ် ။ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူနှစ်ဦးရှိခဲ့ပြီ ဖြစ်ပါတယ် ။2020ခုနှစ် ဒီဇင်ဘာ ၂၅…

Read More

ဝိုင်းမော်မြို့နယ်က ကာရာအိုကေဆိုင် ဝန်ထမ်း ၈ ဦး Covid-19 ရောဂါပိုးတွေ့

ဝိုင်းမော်-ဇန်နဝါရီ၂၁-၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား ၊ မခေါယန်ကျေးရွာအနီးက Green Valley ကာရာအိုကေဆိုင် ဝန်ထမ်းတွေထဲက ၈ ဦး Covid-19 ရောဂါပိုးတွေ့ရှိခဲ့လို့ ဝိုင်းမော်မြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတယ်လို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဇန်နဝါရီ ၁၉ ရက်နေ့က မြစ်ကြီးနားမှာတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ၁၁ ယောက်နဲ့ ဆက်စပ်ပြီး Green Valley ကာရာအိုကေဆိုင် ဝန်ထမ်း အမျိုးသား ၈၀ နဲ့ အမျိုးသမီး ၈၁ ဦးကို စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပိုးတွေ့လူနာတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ Green Valley ကာရာအိုကေဆိုင်ကို လော့ဒေါင်းချထားပါတယ်။ ပိုးတွေ့လူနာတွေ သွားလာခဲ့တဲ့…

Read More

ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို

မန္တလေး၊ ဇန်နဝါရီ- ၁၈- ၂၀၂၀ ရှိုင်းအောင်(VOM) ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ၆၃ ဦးမှာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က COVID-19 ပိုးတွေ့ရှိခဲ့တဲ့အတွက် အဲ့ဒီလူတွေထဲက ပိုးပမာဏအများဆုံးတွေ့ရှိခဲ့တဲ့သူ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးခဲ့ပါတယ်။ အဲလို စစ်ဆေးခဲ့တဲ့အချိန်မှာ GR Stain ဆိုတဲ့ COVID-19 မျိုးရိုးဗီဇအသစ် တွေ့ရှိခဲ့ပေမယ့် ဂျော်ဒန်နိုင်ငံမှာသာဖြစ်နေတဲ့ ရိုးရိုးရောဂါလက္ခဏာဖြစ်တာကြောင့် စိုးရိမ်စရာမလိုကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောတာကတော့ “ဒီနေရာမှာ တစ်ချို့လူတွေက အထင်မှားပြီးတော့ ဂျော်ဒန်နိုင်ငံမှာ ပိုးအသစ်တွေ့တယ်လို့ အထင်မှားပြီးပြောနေတာဖြစ်ပါတယ်။ ပိုးအသစ်မဟုတ်ပါဘူး၊ နိုင်ငံအလိုက်ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကိုဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇလေးတွေက တဖြေးဖြေးနဲ့ ပြောင်းလဲမှုလေးတွေရှိပါတယ်။ ဒီနေရာမှာ ကျမတို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတာ GH Stain လို့ခေါ်ပါတယ်။ GH Stain ဆိုတာဘာလဲဆိုရင် 614…

Read More

တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ

တောင်ကြီး- ဇန်နဝါရီ-၁၈-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့မှာ မည်သူမဆို အခကြေးငွေပေးပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကသိရပါတယ်။ “ကျွန်တော်တို့က တစ်ရက်ကို လူ အယောက် ၅၀ အထိ စစ်ဆေးပေးပါတယ်။ မနက် ၉ခွဲကနေ နေ့လည် ၁၂ နာရီထိ၊ ပြီးရင် နေ့လယ်ထမင်းစားခဏနားပြီး နေ့ခင်း ၁ နာရီကနေ ညနေ ၃ခွဲအထိ လာစစ်နိုင်ပါတယ်။ ဒီနေ့ကစပြီး ညွှန်ကြားချက်မလာမချင်း နေ့တိုင်းစစ်ပေးနေမှာပါ၊ ခု လာစစ်ကြတဲ့လူတွေထဲမှာ ခရီးသွားမယ့်လူတွေ နည်းနည်းပါတယ်၊ ကိုယ့်ဟာကို သံသယဖြစ်လို့ လာစစ်တဲ့လူတွေလည်းပါတယ်၊ နောက်ပြီး တချို့ကျတော့ အလုပ်အသစ်လျှောက်ထားပြီး အလုပ်ခန့်မှာမလို့ အလုပ်က စစ်ခိုင်းလို့လာစစ်ကြတဲ့လူတွေလည်းပါပါတယ်” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တာ၀န်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ ကိုဗစ်ပိုးရှိမရှိကို မည်သူမဆို တောင်ကြီးမြို့ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် သွားရောက်စစ်ဆေးနိုင်ပြီး တစ်ဦးလျှင်…

Read More

တောင်ကုတ်ရဲစခန်းက အချုပ်သားတချို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရ

ဇန်နဝါရီ ၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၊ တောင်ကုတ်မြို့မရဲစခန်းမှာ အမှုရင်ဆိုင်ဖို့ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေထဲက အချုပ်သား ၁ ဒါဇင်ခွဲဟာ ကိုဗစ် ၁၉ ရောဂါ ကူးဆက်ခံထားရလို့ အရေးပေါ် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ တောင်ကုတ်မြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တုံံ့ပြန်ထိန်းချုပ်ရေး အဖွဲ့ထံက သိရပါတယ်။ ” မနေ့ ဇန်နဝါရီ ၂ ရက်က ဆေးစစ်ချက် အဖြေအရ အချုပ်သား ၁၈ ယောက် ပိုးတွေ့ အတည်ပြု နိုင်တာဖြစ်တယ် “လို့ တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူက ပြောပါတယ်။ တောင်ကုတ်မြို့မရဲစခန်းက အချုပ်သားတွေ နှာစေး ချောင်းဆိုးဖြစ်လာလို့ စစ်ဆေးလိုက်တဲ့အခါ အချုပ်သား ၁၈ ယောက်မှာ ကိုဗစ်…

Read More

ကိုဗစ်နိုင်တင်းတွန်းလှန်ရေးခြေလှမ်းသစ်

လန်ဒန်-ဇန်နဝါရီ -၁-၂၀၂၁ တင်ထားဆွေ   ၂၀၂၀ခုနှစ်ကို ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြီးကို တွန်းလှန်ရတဲ့နှစ်၊ လူတွေရဲ့ ပုံမှန်ဘဝတွေပျက်ယွင်းရတဲ့နှစ် မမျှော်လင့်ပဲမိသားစုဝင်တွေဆုံးရှုံးရတဲ့နှစ် ကမ္ဘာ့စီးပွားရေးကျဆင်းတဲ့ နှစ်လို့အများက အမှတ်ရနေကြမှာပါ။   ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟူးဘေးပြည်နယ် ဝူဟန်မြို့မှာ အဆုပ်ပွရောဂါလက္ခဏာ တွေနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂၇ ဦးရှိနေပြီလို့ တရုတ်အစိုးရကကမ္ဘာကျန်းမာရေးအဖွဲ့ ဆီကို တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်မှာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စထွက်လာပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဝူဟန်မှာကွင်းဆင်းလေ့လာမှုတွေပြုလုပ်ပြီး ဇန်နဝါရီလလယ်မှာ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဟာ လူအချင်းချင်းအကြားကူးစက်နိုင်တယ်ဆိုတာကို အတည်ပြုလိုက်သလို တရုတ်အစိုးရကိုလည်း အသိပေးလိုက်ပါတယ်။ မတ်လ၁၁ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝူဟန်ကဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ကူးစက်နိုင်တဲ့ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။   ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှောင်လွဲလို့မရအောင် တိုးပွားလာပြီး ကိုဗစ်နိုင်တင်းတွန်းလှန်ရေးအတွက်…

Read More
VOM News

FREE
VIEW