ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ ရန်ကုန် ဇန်နဝါရီ ၁၂-၂၀၂၀ သိဂီ ၤ( VOM) ရန်ကုန်တိုင်းရဲ့ မြို့နယ်တိုင်းလိုလိုမှာ နှစ်စဉ် ခွေးကိုက်ခံရသူပေါင်း ၁၀၀၀ လောက်ရှိနေပြီး ခွေးရူးပြန်ကာကွယ်ဆေးမလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီကသိရပါတယ်။ ဒါဟာ ခွေးကိုက်ခံရတဲ့ နှစ်စဉ် အရေအတွက်ဖြစ်ပြီး ကာကွယ်ဆေးကို အစိုးရအနေနဲ့ လုံလုံလောက်လောက် ချထားမပေးနိုင်တာကြောင့် ခွေးကိုက်ခံရတဲ့ လူနာအတော်များများဟာ ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ ” ရူးနေတဲ့ခွေးက ကိုက်တာမျိုးမဟုတ်ပဲ ရိုးရိုးခွေးက ကိုက်တာချည်း မြို့နယ်တစ်ခုမှာ တစ်နှစ်ကို ၁၀၀၀ လောက်ရှိတယ်။ ကာကွယ်ဆေးကလည်းမလုံလောက်ဘူး။ အစိုးရကမပေးနိုင်တဲ့အခါ လူနာတွေကိုယ့်ဘာသာ ဝယ်ထိုးရမယ်။ မလုံလောက်တာသိနေပေမယ့်လည်း ဘာမှမတတ်နိုင်ဘူး။ အစိုးရမှာငွေမရှိဘူး။ဘယ်လောက်တွန်းအားပေးပေး ငွေမရှိရင်ဘာမှလုပ်လို့မရနိုင်ဘူး” လို့ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ်။ ခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆေးပညာအရ အဆင့် ၃ ဆင့်သတ်မှတ်ထားပါတယ်။ ခွေးတစ်ကောင်က လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ…
Read MoreCategory: ကျန်းမာရေး
ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းလာ
ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းလာ တိုကျို၊ ဒီဇင်ဘာ-၂၅-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ တစ်နိုင်ငံလုံး ကလေးမွေးဖွားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ကိုးသိန်းအောက်သို့ လျော့ကျသွားပြီး အဲဒီအရေအတွက်ဟာ အစိုးရရဲ့ အစောပိုင်းခန့်မှန်းထားတာထက် ပိုမိုလျှင်မြန်စွာကျဆင်းလာကြောင်း ဂျပန်လူမှုဝန်ထမ်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လူမှုဝန်ထမ်းဝန်ကြီးဌာနဟာ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကိန်းဂဏန်းတွေကိုအခြေပြုပြီး နှစ်စဉ်ကလေးမွေးဖွားမှုှုနှုန်းကို ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။ ယခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၈၆၄၀၀၀ ဦးသာရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ခန့် ၁၈၉၉ ခုနှစ်က စပြီး ကလေးမွေးဖွားမှုမှတ်တမ်းတွေ စတင်ပြုလုပ်ချိန်ကတည်းက အနည်းဆုံး စံချိန်တင်အရေအတွက်ဖြစ်နေပါတယ်။ အဲဒီအရေအတွက်ဟာ မွေးဖွားမှုနှုန်း ၈၇၀၀၀၀ အောက်သို့ကျဆင်းလိမ့်မယ်လို့ အမျိုးသားလူဦးရေးအင်စတီကျုနဲ့ မွေးဖွားမှုဆိုင်ရာ လူမှုလုံခြုံရေးသုတေသနတို့က ခန့်မှန်းထားတာထက် နှစ်နှစ်စောပြီး ဖြစ်ပေါ်လာတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း အမှန်တကယ်ကလေးမွေးဖွားမှုနှုန်းဟာ ခန့်မှန်းထားတာထက် ၅၄၀၀၀ လျော့နည်းခဲ့ပါတယ်။ ဒါဟာ မွေးဖွားမှုနှုန်း ၆၇၀၀၀ ကျော်ကျဆင်းခဲ့တဲ့…
Read Moreသွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၂၀ကျော်ခဲ့
Unicode သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၂၀ကျော်ခဲ့ ရန်ကုန် ဒီဇင်ဘာ ၂-၂၀၁၉ သိဂီ ၤ(VOM) တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူပေါင်းက ၁၂၃ ဦးထိရှိခဲ့ တယ်လို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်မှာထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ တတိယပတ်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးစာရင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး မန္တလေးတိုင်းနှင် စစ်ကိူင်းတိုင်းဒေသကြီးတွေမှာ အဖြစ်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရောဂါဖြစ်ပွားအများဆုံး တိုင်းနှင့်ပြည်နယ် ၅ ခုထဲကမှ ကချင်ပြည်နယ်က ရောဂါဖြစ်ပွားမှုနှုန်း ၄၂၂၂ ဦး သေဆုံးသူ ၃၀ ဦးနဲ့ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယရောဂါ ဖြစ်ပွားမှုအများဆုံး ၂၈၀၄ ခု နဲ သေဆုံး ၃၃ ဦးရှိခဲ့ပါတယ်။ ” ဒီရောဂါက…
Read Moreသွေးတစ်စက်အသုံးပြုပြီး ကင်ဆာ ၁၃ မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ တိုရှီဘာတီထွင်
Unicode သွေးတစ်စက်အသုံးပြုပြီး ကင်ဆာ ၁၃ မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ တိုရှီဘာတီထွင် တိုကျို၊ ဒီဇင်ဘာ-၁-၂၀၁၉ မျိုးဆက် ( VOM) လူခန္ဓာကိုယ်က သွေးတစ်စက်ကိုအသုံးပြုပြီး ကင်ဆာရောဂါ ၁၃ မျိုးရှိမရှိ ၉၉ ရာခိုင်နှုန်း တိကျစွာ ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ နည်းပညာတစ်မျိုးကို ဂျပန်နိုင်ငံအခြေစိုက် တိုရှီဘာကုမ္ပဏီက တီထွင်လိုက်ပါတယ်။ တိုရှီဘာဟာ ဒီနည်းပညာနဲ့ပတ်သက်ပြီး အမျိုးသားကင်ဆာဌာနသုတေသန အင်စတီကျု၊ တိုကျိုဆေးတက္ကသလိုလ်တို့နဲ့ ပူပေါင်းဖန်တီးခဲ့တာဖြစ်ပြီး လာမယ့်နှစ်ကစလို့ ဒီနည်းပညာကို စမ်းသပ်အသုံးပြုသွားမှာဖြစ်ကာ နှစ်အနည်းငယ်အတွင်း စီးပွားဖြစ် ထုတ်လုပ်ရောင်းချဖို့် မျှော်လင့်ထားပါတယ်။ ဒီနည်းပညာကိုအသုံးပြုခြင်းအားဖြင့် ကင်ဆာရောဂါရှိမရှိ အချိန်မီသိရှိနိုင်ပြီး ရောဂါရဲ့ အစောပိုင်း အဆင့်တွေကတည်းက ကုသမှုတွေခံယူနိုင်မယ်လို့ တိုရှီဘာကဆိုပါတယ်။ ကင်ဆာဆဲလ်တွေဆီကနေ ထုတ်လုပ်လိုက်တဲ့ သွေးထဲရှိ microRNA မော်လီကျူးတွေကို ထောက်လှမ်းစိစစ်ပြီး ကင်ဆာရောဂါရှိမရှိနဲ့ ဘယ်လိုကင်ဆာအမျိုးအစားလဲဆိုတာ ခွဲခြားပေးတဲ့နည်းပညာအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ကင်ဆာရောဂါရှိ မရှိ ထုတ်ဖော်တဲ့နည်းပညာတွေကို တိုရှီဘာအပြင်…
Read Moreကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ
ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News ဒီနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ဖြစ်ပါတယ်။ ဒီနေ့ရဲ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားခန်းမမှာ အခမ်းအနား ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းဝန်ကြီး၊ လွှတ်တော်မှ တာဝန်ရှိသူတွေအပြင် တခြားဌာနဆိုင်ရာဝန်ထမ်းတွေလည်း တက်ရောက်လျက်ရှိပါတယ်။ #voiceofmyanmar #world AIDS day #ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ Zawgyi ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News ဒီနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS…
Read Moreအရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ
အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ ပါရီ၊ နိုဝင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာ တစ်ဦးနှုန်း ဆီးချိုရောဂါခံစားနေရပြီး စုစုပေါင်း ဆီးချိုရောဂါဝေဒနာသည် သန်း ၄၆၀ ကျော်ရှိပြီး ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ အချိန်နည်းပါးတဲ့ လူနေမှုပုံစံကြောင့်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ ဆီးချိုရောဂါဝေဒနာသည် ၄၆၃ သန်းကနေ ၂၀၃၀ ခုနှစ်မှာ ၅၇၈ သန်း၊ ၂၀၄၅ ခုနှစ်တော့ သန်း ၇၀၀ အထိရှိလာမှာဖြစ်ပြီး လူသေဆုံးစေသည့် ထိပ်တန်းရောဂါဆယ်မျိုးမှာ ပါဝင်တဲ့ ဆီးချိုရောဂါ ကုသရေးနဲ့ စီမံခန့်ခွဲရေးတို့အတွက် စိန်ခေါ်မှုတွေကြီးမားလာနေကြောင်း အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဆီးချိုရောဂါဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်မှာပြုလုပ်ခဲတဲ့ စစ်တမ်းထက် ဖြစ်ပွားမှုနှုန်းမှာ…
Read Moreမင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့
မင်းတုန်း-သြဂုတ် ၁-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။ “ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။ ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။ “ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။ မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar #မင်းတုန်း #H1N1
Read MoreH1N1 ကြောင့် သေသူ ၈၁ ဦးရှိလာ
ဇူလိုင် ၃၀၊ ၂၀၁၉ VOM နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊ ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…
Read Moreပဲခူးပြည်သူ့ဆေးရုံမှာ H1N1 လူနာတစ်ဦး စတင်တွေ့ရှိ
ပဲခူး၊ ဇူလိုင် ၂၅- ၂၀၁၉ မိုးယံ(VOM) ပဲခူးပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါ လူနာတစ်ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်မတ်ကုသပေးနေတယ်လို့ ဇူလိုင် ၂၄ ရက် နေ့လည် ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။ “လူနာက ကျောက်တံခါးမြို့နယ် မြို့ချောင်းအုပ်စု ထန်းတပင်ကျေးရွာက အသက်၂၆ နှစ်ရှိ အမျိုးသားတစ်ဦး ပါ။ လူနာကို စနစ်တကျကုနေတယ်၊ ရိုးရိုးလူနာတွေနဲ့ မထားဘဲ သီးသန့်အခန်းနဲ့ထားပြီး စောင့်ရှောက်နေတယ်။ အထူးကုဆရာဝန်ကြီးတွေ၊ သူနာပြုတွေ အဖွဲ့လိုက် ကုသနေပြီးတော့ လက်ရှိကတော့ စိုးရိမ်နေရပါတယ်။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။ H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…
Read Moreပဲခူးတိုင်း အနောက်ခြမ်းမှာ H1N1 လူနာတစ်ဦးသေဆုံး
မိုးညို၊ ဇူလိုင် ၂၄ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တောကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်ကြာ ခံစားနေရလို့ ဇူလိုင် ၂၀ ရက်ညနေပိုင်းမှာတော့ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသစေခဲ့ပြီး အဲဒီကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ “ ဆေးရုံကိုသွားပြတော့ အဆုတ်ပွပြီး H1N1 လက္ခဏာတွေ့တယ်၊ စိုးရိမ်ရကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ချက်ချင်း ပြသဖို့လိုအပ်ကြောင်း ညွှန်ကြားလို့…
Read More