ရေကြီးရေလျှံမှု နောက်ဆက်တွဲ သတိပြုရမယ့် ကျန်းမာရေးပြဿနာ

ဩဂုတ် ၁၉ – ၂၀၂၆ SS (VOM) ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဟာ အဓိကအားဖြင့် မသန့်ရှင်းတဲ့ရေကြောင့်ဖြစ်ပြီး အဲဒီရေကတဆင့် ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်သလို ပိုးမွှားကောင်တွေကနေတဆင့်လည်း ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ တိုက်ဖွိုက်ရောဂါ (ခေါ်) အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါ – အေ ရောဂါ၊ ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ၊ အပူချိန်ကျဆင်းခြင်း အခြေအနေနဲ့ ပွေး၊ ဝဲ၊ မှို စတဲ့ အရေပြားရောဂါတွေလို့ သိရပါတယ်။ “ရေကြီးပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့က ရေကိုသေချာ ကျိုချက်ပြီး သောက်ရမယ်။ ဒါမှမဟုတ် ရေသန့်ဘူး၊ ကလိုရင်းဆေး ခတ်ပေးထားတဲ့ရေကိုပဲ သုံးစွဲရင်တော့ ပိုအဆင်ပြေမယ်။ ဝမ်းပျက်တဲ့အခါ ရေဓာတ်ပြန်ဖြည့်ဖို့ BPI ဓာတ်ဆားထုပ်…

Read More

အသက်ကို မရပ်တန့်နိုင်ပေမယ့် နုပျိုသော အသွင်အပြင်ကို ထိန်းသိမ်းပေးမည့် သိပ္ပံနည်းကျ လူနေမှုပုံစံများ

    မန္တလာ ဆရာမျိုး   “အသက်က ဘယ်လောက်ရှိပြီလဲ”   ဤမေးခွန်းသည် လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင် လူအများ ပို၍စိတ်ဝင်စားလာကြသည့် မေးခွန်းတစ်ခု ရှိသေးသည်။ “ဘာကြောင့် အသက်တူသူ နှစ်ယောက်ထဲမှာ တစ်ယောက်က ပိုနုပျိုပြီး နောက်တစ်ယောက်က ပိုအိုနေသလို မြင်ရတာလဲ” ဟူသော မေးခွန်း ဖြစ်သည်။   ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အသက်ခြောက်ဆယ်ကျော်ရှိနေသော်လည်း လေးဆယ်ကျော်ခန့်သာ ထင်ရသူများ ကို တွေ့ဖူးကြသလို၊ အသက်လေးဆယ်မပြည့်သေးဘဲ မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ အသားအရေ မွဲခြောက်မှု များ၊ ကိုယ်ဟန်အနေအထား ယိုယွင်းမှုများကြောင့် အသက်ထက် ပိုကြီးသလို မြင်ရသူများကိုလည်း တွေ့ရတတ်သည်။ အချို့က “မျိုးရိုးကောင်းလို့” ဟု ပြောကြပြီး၊ အချို့က “ပိုက်ဆံရှိလို့ Skin Care ကောင်းကောင်း သုံးနိုင်တာ” ဟု…

Read More

အစား ပုံမှန် စားနေရင်း ပိန်လာတယ်၊ ဝလာတယ် ဆိုတာ သိုင်းရွိုက်ကြောင့်လား

      မန္တလာ ဆရာမျိုး   “အစားလည်း ပုံမှန်စားနေတာပဲ၊ ဒါပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်ကျနေတာလဲ။”   တချို့လူတွေမှာ ဒီလိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျလာတာနဲ့အတူ ရင်တုန်လာတယ်၊ လက်တွေတုန် တယ်၊ ချွေးထွက်များတယ်၊ ပူတာမခံနိုင်ဘူး၊ ညဘက်လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။ စိတ်ကလည်း အရင်ထက် လှုပ်ရှားလွယ်၊ စိတ်တိုလွယ်လာတတ်ပါတယ်။   တချို့ကတော့ ဆန့်ကျင်ဘက်ပါ။ အစားပိုစားနေတာလည်း မဟုတ်ဘဲ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာတယ်။ မနက်အိပ်ရာထကတည်းက အားမရှိသလို ခံစားရတယ်။ အမြဲပင်ပန်းနေတယ်၊ အိပ်ချင်တယ်၊ အအေးမခံနိုင်ဘူး၊ ဝမ်းချုပ်လာတယ်၊ အသားအရေခြောက်လာတယ်။   ဒီလက္ခဏာနှစ်မျိုးဟာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် အကြောင်းရင်းကတော့ တစ်နေရာတည်းက ဖြစ်နိုင် ပါတယ်။ အဲဒါက သိုင်းရွိုက်ဂလင်း (Thyroid gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းအရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်လေးတစ်ခု ဖြစ်ပါတယ်။ သေးငယ်ပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ…

Read More

ကျန်းမာရေးကောင်းစွာ နေထိုင်နိုင်ရန် အခြေခံသော့ချက်များ

      မန္တလာ ဆရာမျိုး   ယနေ့ခေတ်တွင် ဆေးပညာ (Medicine) သည် အလွန်တိုးတက်လာပြီး ယခင်က ကုသရန်ခက်ခဲခဲ့သော ရောဂါများစွာကိုပင် ထိရောက်စွာ ကုသနိုင်လာပြီဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် သွေးတိုးရောဂါ (Hypertension)၊ ဆီးချိုရောဂါ (Diabetes Mellitus)၊ နှလုံးသွေးကြောရောဂါ (Cardiovascular Disease – နှလုံးနှင့် သွေးကြောရောဂါ)၊ အဝလွန်ခြင်း (Obesity)၊ အသည်းအဆီဖုံးခြင်း (Fatty Liver Disease – အသည်းအဆီဖုံးရောဂါ) နှင့် စိတ်ဖိစီးမှု (Stress) ကဲ့သို့သော နာတာရှည်ရောဂါများမှာ ပိုမိုများပြားလာနေသည်။ ဤရောဂါများ၏ အဓိက အကြောင်းရင်းများကို လေ့လာကြည့်လျှင် မျိုးရိုးဗီဇ (Genetics) တစ်ခုတည်းကြောင့် မဟုတ်ဘဲ နေ့စဉ်လူနေမှုပုံစံ (Lifestyle) နှင့် အလွန်ဆက်စပ်နေကြောင်း တွေ့ရသည်။   လူအများစုက ကျန်းမာရေးကောင်းစေရန် အထူးဆေးဝါးများ၊…

Read More

အသည်းအဆီဖုံးရောဂါ

      မန္တလာ ဆရာမျိုး     အရက်မသောက်သူများတွင်လည်း တိတ်တဆိတ် ဖြစ်ပွားနိုင်သည့် ကျန်းမာရေးပြဿနာ     လူအများ၏အမြင်တွင် အသည်းရောဂါဟုဆိုလိုက်သည်နှင့် အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောင် အသားဝါရောဂါပိုးများ ကူးစက်ခြင်း သို့မဟုတ် အဆိပ်အတောက်တစ်မျိုးမျိုးကြောင့် အသည်းပျက်စီးခြင်းတို့ကိုသာ အရင်ဆုံး စဉ်းစားတတ်ကြပါသည်။ သို့သော် ယနေ့ခေတ်တွင် အရက်မသောက်သူများအပါအဝင် သာမန်အားဖြင့် ကျန်းမာနေသည်ဟု ထင်ရသူများ၌ပင် အသည်းအတွင်း အဆီများ တဖြည်းဖြည်းစုဝေးလာသည့် အသည်းအဆီဖုံး ရောဂါ ကို မကြာခဏ တွေ့ရှိလာရပါသည်။     ဤရောဂါသည် အစောပိုင်းတွင် နာကျင်မှုမရှိ၊ သိသာသောလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ တိတ်တဆိတ် တည်ရှိနေနိုင်သည်။ လူတစ်ဦးသည် အခြားအကြောင်းအရာတစ်ခုကြောင့် သွေးစစ်ခြင်း၊ ဝမ်းဗိုက်အာထရာဆောင်း စစ်ခြင်း သို့မဟုတ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းမှသာ အသည်းအဆီဖုံးနေသည်ဟူသော အဖြေကို မတော်တဆ သိရှိရတတ်သည်။ အချို့လူများတွင်…

Read More

အိပ်ရေးမဝခြင်း

    မန္တလာ ဆရာမျိုး   ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေသော အန္တရာယ်     လူတစ်ဦး ကျန်းမာစွာနေထိုင်နိုင်ရန် အာဟာရပြည့်ဝသောအစားအစာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် အရေးကြီးကြောင်း လူအများ သိရှိထားကြပြီး ဖြစ်ပါသည်။ သို့သော် ကျန်းမာရေးအတွက် အလွန်အရေးပါသော အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် အိပ်ရေးဝဝအိပ်ခြင်း ကိုတော့ အလုပ်များခြင်း၊ စာဖတ်ရခြင်း၊ ဖုန်းအသုံးများခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် မကြာခဏ လျစ်လျူရှုမိတတ် ကြသည်။   တချို့လူများသည် ညစဉ် နာရီအနည်းငယ်သာ အိပ်ပြီး အိပ်ချိန်နည်းနည်းနဲ့လည်း အဆင်ပြေတယ်ဟု ထင်တတ်ကြသည်။ တချို့ကလည်း ညနက်အထိ ဖုန်းကြည့်ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်ဆက်လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေကြသည်။ ထိုအလေ့အထများသည် အစပိုင်းတွင် များစွာမထိခိုက်သလို ထင်ရသော်လည်း အချိန်ကြာလာသောအခါ ခန္ဓာကိုယ်နှင့်…

Read More

ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော​ရောဂါကြောင့် သေဆုံးသူရှိလာတဲ့အတွက် လမ်းဘေးစျေးသည်တွေကို ရောင်းချခွင့်ပိတ်

ဩဂုတ် ၁၃ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာနဲ့ချီရှိနေတဲ့အပြင် လူသေဆုံးမှုပါရှိလာတာကြောင့် တိုင်းအတွင်းရှိ လမ်းဘေးအစားအစာရောင်းချခြင်းကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ ၂၈၀ ယောက်ရှိခဲ့ပြီး အဲဒီထဲက အသက်၉၀​ကျော်တယောက်သေဆုံးကာ ၅၄ ယောက်မှာ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေနိုင်တဲ့ လမ်းဘေး အစားအစာရောင်းချခြင်းကို ဒီနေ့ကစပြီး သုံးရက်မှ ငါးရက်အတွင်း ရောင်းချခြင်း တားမြစ်လိုက်ပြီး ပြန်လည် ရောင်းချရမယ့်အချိန်ကိုလည်း ရောဂါအပေါ်မူတည်ပြီး ထပ်မံအသိပေးသွားမယ်လို့ အုပ်ချုပ်ရေး နဲ့ရဲတပ်ဖွဲ့ ၊စည်ပင်တို့ပူးပေါင်းပြီး သတိပေး တားမြစ်လိုက်တာဖြစ်ပါတယ်။ ” ညက လိုက်ကြေငြာသွားတယ်။ လမ်းဘေးစျေးသည်တွေကို ရောင်းခွင့်ပိတ်လိုက်တယ်ဆိုပြီးတော့ ။ အခုကဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတော့ လမ်းဘေးစာလည်း မစားရဲပါဘူး ။…

Read More

အမြဲကြည့်ကောင်းနေဖို့ အကောင်းဆုံးနည်းလမ်း

မန္တလာ ဆရာမျိုး လူတိုင်းလိုလို ကြည့်ကောင်းချင်ကြသည်။ အသက်ငယ်သူကလည်း ကြည့်ကောင်းချင်သလို အသက်အရွယ် ရလာသူကလည်း မိမိအသက်ထက် နုပျိုလန်းဆန်းပြီး သပ်ရပ်ကြည့်ကောင်းနေချင်ကြသည်။ ထို့ကြောင့် အလှကုန် ပစ္စည်းများ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံနှင့် အဝတ်အစားတို့အတွက် အချိန်နှင့် ငွေကြေးများစွာ သုံးစွဲနေကြသည်။ သို့သော် Good-looking (ကြည့်ကောင်းခြင်း) ဆိုသည်မှာ မျက်နှာလှပခြင်းတစ်ခုတည်းကို မဆိုလိုပါ။ အသားအရေ ကျန်းမာလန်းဆန်းခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ခြင်း၊ ဆံပင်သပ်ရပ်ခြင်း၊ အဝတ်အစားသန့်ရှင်းခြင်း၊ ကိုယ်ဟန် အနေအထားကောင်းခြင်း၊ မျက်နှာအမူအရာကြည်လင်ခြင်း၊ စိတ်ချမ်းသာခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ ပေါင်းစပ်လိုက်သောအခါမှ လူတစ်ယောက်၏ တကယ့်ဆွဲဆောင်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။ တကယ်တော့ ကြည့်ကောင်းနေဖို့အတွက် ဈေးကြီးသော အလှကုန်ပစ္စည်းများထက် နေ့စဉ်ပြုလုပ်နေသော အလေ့အကျင့်များက ပိုအရေးကြီးသည်။ အခြေခံအကျဆုံးအချက်တစ်ခုမှာ ရေဓာတ်လုံလောက်စွာ ရရှိစေရန် ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်း ဆောင်တာများ အတွက် ရေသည် မရှိမဖြစ်လိုအပ်သည်။ ရေဓာတ်မလုံလောက်ပါက…

Read More

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြလို့ ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံတွေမှာပါ လူနာများနေ

ဩဂုတ် ၁၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံတချို့မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ဆေးရုံတက်ကုသနေရသူအများအပြားရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးကုသနေရသူတွေများနေတာကြောင့် လူနာ ဧည့်သည့်လက်ခံမှု ရပ်ထားတယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ။ ဆေးရုံကြီးမှာ ဝမ်းပျက် လူနာအပြည့်ဘဲ ။ ဝန်ထမ်းတွေ အခန်းတွေရှင်းတာမနိုင်တေ့ာဘူး။ ဝမ်းပျက်ဝမ်းလျှောလူနာများလို့ လူနာ ဧည့်တွေလည်း လက်မခံဘူးသိရတယ်။” လို့ လူနာရှင်တယောက်က ပြောပါတယ်။ ဒါအပြင် ဆေးရုံကလူနာတွေကို ပြင်ပအလှူရှင်တွေက အာဟာရကျွေးမွေးလှူဒါန်းတဲ့ အစီအစဥ်ကိုလည်း လက်ရှိမှာ ဆေးရုံက ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။ “ကျွန်တော်က ၂၀ ရက်နေ့အာဟာရအလှူလုပ်ဖို့ booking လုပ်ထားတာပါ။ ရက်ချိန်းပြန်ယူရတော့မယ်ထင်တယ်။ ယာယီပိတ်ထားတယ်လို့ ဆေးရုံက ပြောပါတယ်။ ” လို့…

Read More

Junk Food က တကယ်ပဲ ကင်ဆာဖြစ်စေသလား

မန္တလာ ဆရာမျိုး “တစ်ခါစားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး…” ဒီစကားကို လူအများစု ပြောဖူးကြသလို ယုံကြည်ထားကြပါသည်။ တကယ်လည်း Junk Food (ကျန်းမာရေးအတွက်မသင့်တော်သော အသင့်စားအစားအစာများ) တစ်ပွဲစားလိုက်ရုံဖြင့် ကင်ဆာရောဂါ ဖြစ်သွားမည်မဟုတ်ပါ။ သို့သော် “တစ်ခါတစ်ရံ” ဟူသော အလေ့အထသည် “နေ့စဉ်” ဖြစ်လာသောအခါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ထိုပြောင်းလဲမှုများသည် နှစ်ပေါင်းများစွာ ကြာလာသောအခါ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါနှင့် အချို့သော ကင်ဆာရောဂါများအထိ ဦးတည်သွားနိုင်သည်။ ယနေ့ကမ္ဘာတွင် လူသေဆုံးမှုအများဆုံး ဖြစ်စေသော ရောဂါများသည် ကူးစက်ရောဂါများမဟုတ်တော့ဘဲ နာတာရှည်မကူးစက်နိုင်သော ရောဂါများ (Non-Communicable Diseases -NCDs) ဖြစ်လာသည်။ ထိုရောဂါများ၏ နောက်ကွယ်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကျန်းမာရေး မကောင်းသော အစားအသောက်အလေ့အထတို့သည် အဓိကအန္တရာယ်အချက်များ ဖြစ်ကြသည်။ Junk Food…

Read More
VOM News

FREE
VIEW