မန္တလာ ဆရာမျိုး ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေသော အန္တရာယ် လူတစ်ဦး ကျန်းမာစွာနေထိုင်နိုင်ရန် အာဟာရပြည့်ဝသောအစားအစာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် အရေးကြီးကြောင်း လူအများ သိရှိထားကြပြီး ဖြစ်ပါသည်။ သို့သော် ကျန်းမာရေးအတွက် အလွန်အရေးပါသော အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် အိပ်ရေးဝဝအိပ်ခြင်း ကိုတော့ အလုပ်များခြင်း၊ စာဖတ်ရခြင်း၊ ဖုန်းအသုံးများခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် မကြာခဏ လျစ်လျူရှုမိတတ် ကြသည်။ တချို့လူများသည် ညစဉ် နာရီအနည်းငယ်သာ အိပ်ပြီး အိပ်ချိန်နည်းနည်းနဲ့လည်း အဆင်ပြေတယ်ဟု ထင်တတ်ကြသည်။ တချို့ကလည်း ညနက်အထိ ဖုန်းကြည့်ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်ဆက်လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေကြသည်။ ထိုအလေ့အထများသည် အစပိုင်းတွင် များစွာမထိခိုက်သလို ထင်ရသော်လည်း အချိန်ကြာလာသောအခါ ခန္ဓာကိုယ်နှင့်…
Read MoreCategory: Lifestyle
ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူရှိလာတဲ့အတွက် လမ်းဘေးစျေးသည်တွေကို ရောင်းချခွင့်ပိတ်
ဩဂုတ် ၁၃ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာနဲ့ချီရှိနေတဲ့အပြင် လူသေဆုံးမှုပါရှိလာတာကြောင့် တိုင်းအတွင်းရှိ လမ်းဘေးအစားအစာရောင်းချခြင်းကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ ၂၈၀ ယောက်ရှိခဲ့ပြီး အဲဒီထဲက အသက်၉၀ကျော်တယောက်သေဆုံးကာ ၅၄ ယောက်မှာ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေနိုင်တဲ့ လမ်းဘေး အစားအစာရောင်းချခြင်းကို ဒီနေ့ကစပြီး သုံးရက်မှ ငါးရက်အတွင်း ရောင်းချခြင်း တားမြစ်လိုက်ပြီး ပြန်လည် ရောင်းချရမယ့်အချိန်ကိုလည်း ရောဂါအပေါ်မူတည်ပြီး ထပ်မံအသိပေးသွားမယ်လို့ အုပ်ချုပ်ရေး နဲ့ရဲတပ်ဖွဲ့ ၊စည်ပင်တို့ပူးပေါင်းပြီး သတိပေး တားမြစ်လိုက်တာဖြစ်ပါတယ်။ ” ညက လိုက်ကြေငြာသွားတယ်။ လမ်းဘေးစျေးသည်တွေကို ရောင်းခွင့်ပိတ်လိုက်တယ်ဆိုပြီးတော့ ။ အခုကဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတော့ လမ်းဘေးစာလည်း မစားရဲပါဘူး ။…
Read Moreအမြဲကြည့်ကောင်းနေဖို့ အကောင်းဆုံးနည်းလမ်း
မန္တလာ ဆရာမျိုး လူတိုင်းလိုလို ကြည့်ကောင်းချင်ကြသည်။ အသက်ငယ်သူကလည်း ကြည့်ကောင်းချင်သလို အသက်အရွယ် ရလာသူကလည်း မိမိအသက်ထက် နုပျိုလန်းဆန်းပြီး သပ်ရပ်ကြည့်ကောင်းနေချင်ကြသည်။ ထို့ကြောင့် အလှကုန် ပစ္စည်းများ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံနှင့် အဝတ်အစားတို့အတွက် အချိန်နှင့် ငွေကြေးများစွာ သုံးစွဲနေကြသည်။ သို့သော် Good-looking (ကြည့်ကောင်းခြင်း) ဆိုသည်မှာ မျက်နှာလှပခြင်းတစ်ခုတည်းကို မဆိုလိုပါ။ အသားအရေ ကျန်းမာလန်းဆန်းခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ခြင်း၊ ဆံပင်သပ်ရပ်ခြင်း၊ အဝတ်အစားသန့်ရှင်းခြင်း၊ ကိုယ်ဟန် အနေအထားကောင်းခြင်း၊ မျက်နှာအမူအရာကြည်လင်ခြင်း၊ စိတ်ချမ်းသာခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ ပေါင်းစပ်လိုက်သောအခါမှ လူတစ်ယောက်၏ တကယ့်ဆွဲဆောင်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။ တကယ်တော့ ကြည့်ကောင်းနေဖို့အတွက် ဈေးကြီးသော အလှကုန်ပစ္စည်းများထက် နေ့စဉ်ပြုလုပ်နေသော အလေ့အကျင့်များက ပိုအရေးကြီးသည်။ အခြေခံအကျဆုံးအချက်တစ်ခုမှာ ရေဓာတ်လုံလောက်စွာ ရရှိစေရန် ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်း ဆောင်တာများ အတွက် ရေသည် မရှိမဖြစ်လိုအပ်သည်။ ရေဓာတ်မလုံလောက်ပါက…
Read Moreရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြလို့ ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံတွေမှာပါ လူနာများနေ
ဩဂုတ် ၁၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံတချို့မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ဆေးရုံတက်ကုသနေရသူအများအပြားရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးကုသနေရသူတွေများနေတာကြောင့် လူနာ ဧည့်သည့်လက်ခံမှု ရပ်ထားတယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ။ ဆေးရုံကြီးမှာ ဝမ်းပျက် လူနာအပြည့်ဘဲ ။ ဝန်ထမ်းတွေ အခန်းတွေရှင်းတာမနိုင်တေ့ာဘူး။ ဝမ်းပျက်ဝမ်းလျှောလူနာများလို့ လူနာ ဧည့်တွေလည်း လက်မခံဘူးသိရတယ်။” လို့ လူနာရှင်တယောက်က ပြောပါတယ်။ ဒါအပြင် ဆေးရုံကလူနာတွေကို ပြင်ပအလှူရှင်တွေက အာဟာရကျွေးမွေးလှူဒါန်းတဲ့ အစီအစဥ်ကိုလည်း လက်ရှိမှာ ဆေးရုံက ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။ “ကျွန်တော်က ၂၀ ရက်နေ့အာဟာရအလှူလုပ်ဖို့ booking လုပ်ထားတာပါ။ ရက်ချိန်းပြန်ယူရတော့မယ်ထင်တယ်။ ယာယီပိတ်ထားတယ်လို့ ဆေးရုံက ပြောပါတယ်။ ” လို့…
Read MoreJunk Food က တကယ်ပဲ ကင်ဆာဖြစ်စေသလား
မန္တလာ ဆရာမျိုး “တစ်ခါစားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး…” ဒီစကားကို လူအများစု ပြောဖူးကြသလို ယုံကြည်ထားကြပါသည်။ တကယ်လည်း Junk Food (ကျန်းမာရေးအတွက်မသင့်တော်သော အသင့်စားအစားအစာများ) တစ်ပွဲစားလိုက်ရုံဖြင့် ကင်ဆာရောဂါ ဖြစ်သွားမည်မဟုတ်ပါ။ သို့သော် “တစ်ခါတစ်ရံ” ဟူသော အလေ့အထသည် “နေ့စဉ်” ဖြစ်လာသောအခါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ထိုပြောင်းလဲမှုများသည် နှစ်ပေါင်းများစွာ ကြာလာသောအခါ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါနှင့် အချို့သော ကင်ဆာရောဂါများအထိ ဦးတည်သွားနိုင်သည်။ ယနေ့ကမ္ဘာတွင် လူသေဆုံးမှုအများဆုံး ဖြစ်စေသော ရောဂါများသည် ကူးစက်ရောဂါများမဟုတ်တော့ဘဲ နာတာရှည်မကူးစက်နိုင်သော ရောဂါများ (Non-Communicable Diseases -NCDs) ဖြစ်လာသည်။ ထိုရောဂါများ၏ နောက်ကွယ်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကျန်းမာရေး မကောင်းသော အစားအသောက်အလေ့အထတို့သည် အဓိကအန္တရာယ်အချက်များ ဖြစ်ကြသည်။ Junk Food…
Read Moreဖရူဆိုမြို့နယ် အနောက်ခြမ်းက ရွာတွေဘက်မှာ ကူးစက်အရေပြားယားနာတွေဖြစ်နေလို့ ဆေးဝါးအရေးတကြီး လိုအပ်နေ
ဩဂုတ် ၁၀ ၊ ၂၀၂၆ CC (VOM) ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအများစုက ဒေသခံတွေမှာ ကူးစက်အရေးပြားယားနာတွေဖြစ်နေပေမယ့် ဆေးဝါးလိုအပ်ချက်ရှိတာကြောင့် ကူးစက်မှုပိုများလာနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။ အရေပြားယားနာဖြစ်သူတွေထဲမှာ ကာလကြာရှည်ဖြစ်ပွားသူတွေရှိပြီး အဲဒီသူတွေကမှတဆင့် အခြားသူတွေကို ထပ်မံကူးစက်ပြီး အရေးပြားယားနာ ဖြစ်ပွားသူအသစ်တွေလည်းထပ်တိုးလာနေတယ် လို့သိရပါတယ်။ အဓိကက အရေပြာယားနာ ဖြစ်ပွားသူတွေအတွက် ထိရောက်တဲ့ ယားနာလိမ်းဆေးတွေ ၊ သောက်ဆေး တွေ အလုံအလောက်မရှိတဲ့ အခက်အခဲ ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ အခြေအနေတွေကြောင့် ရောဂါကူးစက်သူပိုများလာတာနေတယ်လို့ သိရပါတယ် ။ ” တကိုယ်ရေသန့်ရှင်းမှု အားနည်းတာလည်းပါမယ် ။ဆေးဝါးလိုအပ်ချက်လည်း ပါတယ်။ အခုဆို ဖရူဆိုအနောက်မှာ ဒေလကြိုအုပ်စုထဲက ကျေးရွာတွေအများစုမှာ အရေပြားယားနာ တွေဖြစ်နေတယ်။ တယောက်ကို ဆေးခြောက်ဗူးလိမ်းလို့ပျောက်နိုင်ချိန်မှာ နှစ်ဗူးလောက်ပဲ အခမဲ့ပေးနိုင်တယ်ဆိုတော့ မပျောက်နိုင်ဘဲ နောက်လူထပ်ကူးဖြစ်နေတယ်လို့ သိရတယ်။ ဒီတော့…
Read Moreကျောင်းသားနှင့် မူးယစ်ဆေးဝါးအန္တရာယ်
မန္တလာ ဆရာမျိုး ကျောင်းသားဘဝဆိုသည်မှာ ပညာသင်ယူရုံသာမက မိမိ၏အနာဂတ်ဘဝအတွက် အခြေခံအုတ်မြစ်များကို တည်ဆောက်နေသည့် အရေးကြီးဆုံးအချိန်ကာလတစ်ခုဖြစ်သည်။ ပညာရေး၊ အကျင့်စာရိတ္တ၊ မိတ်ဆွေရွေးချယ်မှု၊ ဘဝရည်မှန်းချက်နှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတို့သည် ကျောင်းသားဘဝတွင် တဖြည်းဖြည်း ပုံဖော်လာကြသည်။ ထိုသို့ အနာဂတ်ကို တည်ဆောက်နေသည့်အချိန်၌ မူးယစ်ဆေးဝါးသည် လူငယ်တစ်ဦး၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘဝတစ်ခုလုံးကို လမ်းကြောင်းမှားသို့ တွန်းပို့နိုင်သည့် အန္တရာယ်ကြီးတစ်ရပ် ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာကို “မကောင်းတဲ့လူတွေက မူးယစ်ဆေးသုံးကြတာပဲ” ဟု ရိုးရိုးရှင်းရှင်း မမြင်သင့်ပါ။ ကျောင်းသားလူငယ်တစ်ဦး မူးယစ်ဆေးဝါးနှင့် စတင်ထိတွေ့လာရသည့် အကြောင်းရင်းများမှာ မျိုးစုံရှိနိုင်သည်။ သူငယ်ချင်းများ၏ တိုက်တွန်းမှု၊ စမ်းသပ်လိုစိတ်၊ အသစ်အဆန်းကို သိချင်စိတ်၊ ပျော်ရွှင်မှုရှာဖွေလိုစိတ်၊ စိတ်ဖိစီးမှု၊ မိသားစုပြဿနာ၊ ပညာရေးဖိအား၊ အထီးကျန်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့က အကြောင်းခံဖြစ်လာနိုင်သည်။ တချို့က “တစ်ခါလောက် စမ်းကြည့်တာ ဘာမှမဖြစ်ပါဘူး” ဟု စတင်ကြပြီး နောက်ပိုင်းတွင်…
Read Moreရေဘေးကြုံချိန် သတိထားရမယ့် မြွေအန္တရာယ်
ဩဂုတ် ၉ – ၂၀၂၆ SN (VOM) လက်ရှိ မြန်မာနိုင်ငံ ဒေသအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာမှု၊ ဆည်ရေလွှတ်ချမှု၊ တာတမံ ကျိုးပေါက်မှုတို့ကြောင့် ရေဘေးကြုံနေရပြီး ရေနဲ့အတူပါလာတဲ့ မြွေအန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ်။ ရေဘေးကြုံရချိန်မှာ မြွေတွေဟာ သဘာဝ ကျက်စားရာနေရာတွေ ရေနစ်မြုပ်သွားတာကြောင့် ရေလွတ်ရာ ကုန်းမြင့်တွေ၊ အမိုးအကာတွေ၊ လူနေအိမ်တွေနဲ့ သစ်ပင်တွေပေါ် ခိုအောင်းတတ်တဲ့အတွက် ရေဘေးသင့်ဒေသမှာ နေထိုင်သူတွေ၊ ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ရောက်ရှိနေသူတွေအနေနဲ့ မြွေကိုက်ခံရနိုင်ခြေ အလွန်များတယ်လို့ သိရပါတယ်။ “တကယ်လို မြွေကိုက်ခံရပြီဆို အရင်ဆုံးလုပ်ရမှာက အကိုက်ခံရတဲ့နေရာကို ရေနဲ့ သေချာဆေးရမယ်။ အပေါက်ခံရပြီးပြီးချင်း အခုလိုလုပ်တာက အကောင်းဆုံးပဲ။ ကျန်တာ နောက်မှလုပ်လို့ရတယ်။ ရေသေချာဆေးတာက မြွေဆိပ်ပျံ့နှံ့မှုကို နှေးအောင်လုပ်တဲ့သဘောပဲ။ ပြီးရင် လက်နဲ့ ရသလောက် အဆိပ်ညှစ်ထုတ်ရမယ်၊ ပြီးရင် သန့်ရှင်းရေးလုပ်ရမယ်။…
Read Moreသွေးချိုဓာတ်ကို သဘာဝကျကျ ထိန်းချုပ်နိုင်မည့် နေထိုင်စားသောက်မှုပုံစံ
မန္တလာ ဆရာမျိုး သွေးချိုရောဂါ (Diabetes Mellitus – ဆီးချိုရောဂါ) သည် ယနေ့ခေတ်တွင် လူကြီးလူငယ်မရွေး တွေ့ရှိလာရသော နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် အစားအသောက်ပုံစံပြောင်းလဲလာခြင်း၊ လှုပ်ရှားမှုနည်းလာခြင်း၊ အဝလွန်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် (Blood Glucose – သွေးချိုဓာတ်) မြင့်တက်လာသူများ ပိုမိုများပြားလာသည်။ သွေးချိုဓာတ် မြင့်နေသည်ကို အချိန်မီမထိန်းချုပ်နိုင်ပါက နှလုံး၊ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြောနှင့် သွေးကြောများကို ထိခိုက်စေနိုင်သည့်အတွက် နေ့စဉ်ဘဝတွင် ကျန်းမာသောနေထိုင်မှုပုံစံကို လိုက်နာခြင်းမှာ အလွန်အရေးကြီးသည်။ သွေးချိုဓာတ်ကို လျှော့ချရန်အတွက် ပထမဆုံးလုပ်သင့်သည်မှာ သကြားဓာတ်များသော အစားအသောက်များကို လျှော့စားခြင်းဖြစ်သည်။ အချိုရည်များ၊ အချိုမုန့်များ၊ ချောကလက်များ၊ ကိတ်မုန့်များ၊ Bubble Tea များ၊ Energy Drink များနှင့် သကြားထည့်ထားသော အဖျော်ယမကာများသည် သွေးချိုဓာတ်ကို အချိန်တိုအတွင်း မြင့်တက်စေနိုင်သည်။ “Sugar-free”…
Read MoreKTV၊ Hi ခန်းနှင့် လူငယ်
မန္တလာ ဆရာမျိုး လူငယ်ဘဝသည် စူးစမ်းလိုစိတ်အပြည့်ရှိသည့်အရွယ်၊ သူငယ်ချင်းများနှင့် ပျော်ရွှင်လိုသည့်အရွယ်၊ အသစ်အဆန်းများကို စမ်းသပ်ကြည့်လိုသည့်အရွယ်ဖြစ်သည်။ ပညာရေးနှင့် အလုပ်အကိုင်ဖိအားများကြားတွင် အပန်းဖြေချင်ခြင်းသည်လည်း သဘာဝကျပါသည်။ KTV (Karaoke Television -ကာရာအိုကေသီချင်းဆို အပန်းဖြေနေရာ) များသို့ သူငယ်ချင်းများနှင့် သွားရောက်ပျော်ပါးခြင်းကိုယ်တိုင်က လူငယ်တစ်ဦးကို မကောင်းသူဖြစ်စေခြင်း မဟုတ်ပါ။ သို့သော် ပိတ်ထားသောအခန်းများ၊ ညနက်ချိန်အထိ ပျော်ပါးမှု၊ အရက်နှင့် အခြားမူးယစ်စေသောပစ္စည်းများ အလွယ်တကူဝင်ရောက်လာနိုင်သည့် ပတ်ဝန်းကျင်တို့ ပေါင်းစပ်လာသောအခါ လူငယ်များအတွက် သတိထားသင့်သည့် အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်။ ယနေ့လူငယ်အချို့ကြားတွင် KTV၊ Club၊ Bar နှင့် “Hi ခန်း” ဟု အများခေါ်ဝေါ်နေကြသော ပျော်ပါးရာနေရာများသည် သူငယ်ချင်းအချင်းချင်းတွေ့ဆုံရာ၊ မွေးနေ့ပွဲကျင်းပရာ၊ စိတ်ဖိစီးမှုဖြေဖျောက်ရာ နေရာများအဖြစ် ရှိနေကြသည်။ ပြဿနာမှာ ထိုနေရာကို သွားခြင်းတစ်ခုတည်းမဟုတ်ဘဲ ထိုပတ်ဝန်းကျင်တွင် မည်သည့်အရာများနှင့် ထိတွေ့လာနိုင်သလဲ၊ မည်သည့်ဆုံးဖြတ်ချက်များ ချမိနိုင်သလဲဆိုသည့်အချက် ဖြစ်သည်။…
Read More