မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) ယာဥ်မတော်တဆမှု (accident) ဖြစ်စဥ်တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ပရဟိတ လူမှုကူညီရေးအသင်းတွေက ဆေးရုံတွေကို ပို့ဆောင်ပေးတဲ့အခါ လူနာရှင်မပါရင် ဆေးရုံက လက်မခံလို့ ကူညီပေးတဲ့အဖွဲ့တွေက လူနာရှင်လာတဲ့အထိ စောင့်ဆိုင်းပေးနေရတဲ့ အခက်အခဲတွေရှိနေတဲ့အကြောင်း မန္တလေးက လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” လူနာစောင့်မပါရင် စောင့်ပေးရတယ်၊ လိုက်ရှာရတယ်၊ အတတ်နိုင်ဆုံး နီးနိုင်တဲ့ အသင်းချင်း အသင်းချင်းချိတ်ဆက်ပြီးတော့ မြို့နယ်ရရင် မြို့နယ်၊ ရပ်ကွက်ရရင် ရပ်ကွက် လိုက်ချိတ်ပြီးတော့ရှာရတယ်၊ ရှာမတွေ့ဘူးဆိုရင် ဒီလူနာကို ကုတင်ပေါ်ရောက်တဲ့အထိစောင့်ပေးရတယ်၊ လူနာစောင့်မပါရင် ပို့ဖို့ကို အတော်လေးကို စဥ်းစားရတယ်ဗျ၊ တခါတလေဆိုရင် နီးစပ်ရာဆေးခန်းနဲ့ အသင်းရုံးတွေမှာ သူ့ကို သတိပြန်လည်လာနိုင်တဲ့အထိ ပြုစုပြီးတော့ ပို့ရတယ်၊ လူနာစောင့်လာမှာ ဆေးရုံကိုပို့ရတယ် မဟုတ်ရင် လူနာနဲ့ဆေးရုံမှာ ရွာလည်နေရင် ဒုက္ခရောက်တယ်လေ၊ လူနာစောင့်မပါရင် ဆေးနဲ့လူမှုဆက်ဆံရေးအဖွဲ့ကနေပြီးတော့ စောင့်ရှောက်ပေးဖို့ပါပဲ…
Read MoreCategory: Lifestyle
လူနာလာပို့တဲ့ လူမှုရေးအသင်းတွေ အခက်အခဲမရှိအောင် မန္တလေးဆေးရုံကြီးက ဆောင်ရွက်ပေးမယ်
မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) လူနာစောင့် မပါရင် လူနာကိုဆေးရုံကြီးကလက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေ လျှော့ပေးဖို့လိုအပ်ဆိုတဲ့ သတင်းကို ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်မှာ VOM ကနေ သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဆေးရုံ အုပ် ဆရာဝန်ကြီး ဒေါက်တာဆန်းလွင်ဦးကို အဆက်သွယ်ရတဲ့အတွက် လူမှုရေးအသင်းတွေရဲ့အခက်အခဲကို ဆေးရုံဘက်က ဘယ်လိုဖြေရှင်းပေးနေလဲ လူနာရှင်တွေအနေနဲ့ ဆေးရုံကြီးအရေးပေါ်ဌာနရောက်ရင် ဘယ်လိုတွေကူညီပေးမလဲဆိုတာ VOM အယ်ဒီတာချုပ် ကိုနေလင်းက မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လူနာလာပို့တဲ့ လူမှုရေးအသင်းသားတွေမှာ လူနာရှင်မပါရင် အခက်ခဲဖြစ်တယ်ဆိုတဲ့ ကိစ္စ ဆေးရုံဘက်က ဘာတွေဆောင်ရွက်ထားသလဲဆိုတာ စမေးကြည့်တော့ ဆေးရုံ အုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ခုလိုဖြေကြားပေးပါတယ်။ #voiceofmyanmar #vom #မန္တလေးဆေးရုံကြီး #accident #ယာဥ်တိုက်မှုလူနာ #လူမှုကူညီရေးအသင်းအခက်အခ
Read Moreငလျင်နဲ့ ကိုဗစ်အကျိုးဆက်ကြောင့် မြန်မာ့ရုပ်သေးအနုပညာ ထိန်းသိမ်းရေး ပိုမိုခက်ခဲလာဟု ရုပ်သေးကော်မတီဥက္ကဋ္ဌပြော
ဇူလိုင် ၂၁- ၂၀၂၆ NW(VOM) ကိုဗစ်ကပ်ရောဂါနဲ့ မန္တလေးငလျင်ရဲ့ အကျိုးဆက်တွေကြောင့် မြန်မာ့ရိုးရာ ရုပ်သေးအနုပညာ ဖျော်ဖြေတင်ဆက်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုခက်ခဲလာ တယ်လို့ မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဋ္ဌဒေါ်မမနိုင်က ပြောပါတယ်။ ရုပ်သေးသဘင်ကို မန္တလေးတောင်ခြေရှိ ရုပ်သေးပြဇာတ်ရုံမှာ ကိုဗစ်မတိုင်ခင်က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိကထား ဖျော်ဖြေခဲ့ပေမယ့် ကိုဗစ်နောက်ပိုင်း ပွဲအရေအတွက် လျော့နည်းလာခဲ့ပြီး မန္တလေးငလျင် ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြို့ရဲ့ အခြေအနေကြောင့် ဖျော်ဖြေမှုတွေ ရပ်တန့်သွားသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ Governor’s Residence နဲ့ ပူးပေါင်းကာ ရုပ်သေး ဖျော်ဖြေတင်ဆက်မှုတွေ ပြန်လည်ဆောင်ရွက်နေပြီး ခရီးသွားဧည့်သည်တွေနဲ့ နိုင်ငံခြား သံရုံး မိသားစုတွေ လာရောက်ကြည့်ရှုမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ယနေ့ခေတ် လူငယ်တွေနဲ့ ကလေးငယ်အများစုဟာ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာကို မသိရှိတော့တဲ့အတွက် ကျောင်းတွေကို ကိုယ်တိုင်သွားရောက် ဖျော်ဖြေပြသကာ…
Read Moreအထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) ၏ ဆိုးကျိုးများ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် လူတို့၏ နေထိုင်မှုပုံစံသည် ယခင်ကထက် ပိုမိုအလုပ်များလာပြီး အချိန်ကို တန်ဖိုးထားအသုံးချရသည့် လူနေမှုဘဝသို့ ပြောင်းလဲလာသည်။ ထိုသို့သော အခြေအနေများကြောင့် အချိန်ကုန်သက်သာပြီး အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) သည် မိသားစုတိုင်း၏ နေ့စဉ်စားသောက်မှုတွင် ပိုမိုနေရာယူလာသည်။ စူပါမားကက်များ၊ အဆင်ပြေစတိုးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့်ပင် အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် လူကြီးလူငယ်မရွေး၊ ကလေးများပင် မကြာခဏ စားသုံးနေကြသည်။ သို့သော် “အလွယ်တကူ ရနိုင်ခြင်း” နှင့် “ကျန်းမာရေးအတွက် ကောင်းခြင်း” သည် အမြဲတမ်း တူညီသော အရာမဟုတ်ပေ။ အစားအစာများကို စက်မှုနည်းပညာဖြင့် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ရာတွင် အရသာ၊ အရောင်၊ အနံ့၊ သက်တမ်းနှင့် ရောင်းချနိုင်မှုကို ဦးစားပေးထားသည့်အတွက်…
Read Moreကြက်သားမှုန့်၊ ဟင်းချိုမှုန့်များ စားသုံးခြင်းနှင့် ကျန်းမာရေး
မန္တလာ ဆရာမျိုး ကြက်သားမှုန့်၊ ဟင်းချိုမှုန့်၊ အရသာမှုန့်များသည် မြန်မာ့မီးဖိုချောင်များတွင် အလွန်အသုံးများလာသော အရသာဖြည့်ပစ္စည်းများ ဖြစ်ပါသည်။ ဟင်းတစ်ခွက်ကို အရသာပိုကောင်းစေရန်၊ ဟင်းရည်ချိုချိုလေး ဖြစ်စေရန်၊ အသားအရသာ ပိုထွက်စေရန် အသုံးပြုကြသည်။ သို့သော် “အရသာကောင်းစေသည်” ဆိုခြင်းနှင့် “ကျန်းမာရေးအတွက် ကောင်းသည်” ဆိုခြင်းမှာ မတူပါ။ အဓိကသတိထားရမည့်အချက်မှာ ဆားဓာတ် Sodium များခြင်း ဖြစ်သည်။ WHO က လူကြီးတစ်ဦးအတွက် တစ်နေ့တာ ဆားစားသုံးမှုကို ၅ ဂရမ်ထက်နည်းစေရန် အကြံပြုထားသည်။ ၎င်းသည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမပြည့်တပြည့်ခန့်သာ ဖြစ်သည်။ ကြက်သားမှုန့်၊ ဟင်းချိုမှုန့်ဆိုတာ ဘာလဲ ကြက်သားမှုန့်ဟု ခေါ်သော်လည်း အများစုမှာ ကြက်သားအာဟာရပြည့်ဝသော အစားအစာမဟုတ်ပါ။ အဓိကအားဖြင့် ဟင်းလျာ၏ အရသာကို တိုးစေသော အရသာဖြည့်ပစ္စည်း ဖြစ်ပါသည်။ အထုပ်များတွင် ပါဝင်လေ့ရှိသည်များမှာ ဆား၊ MSG၊ သကြား၊ ကြက်သားအနံ့အရသာ၊…
Read Moreထားဝယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲလို့ ဆေးရုံကိုပို့ဆောင်ထား
ဇွန် ၂၇၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၂၆ ရက်နေ့မနက် ၁၁ နာရီလောက်က ကျောင်းကောင်စီအခမ်းအနား ပြုလုပ်နေစဉ် ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မူးလဲတဲ့ ကျောင်းသားကျောင်းသူတွေထဲမှာ ကျောင်းသူက ၂၀ ၊ ကျောင်းသားက တယောက်ဖြစ်ပြီး အဲဒီထဲကမှ ကျောင်းသူနှစ်ယောက်က အကေခအနေကောင်းမွန်ပြီး သက်သာတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ရရှိကာ ကျန်တဲ့ ၁၉ ယောက်ကတော့ ဆေးဝါး ကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းသားနှစ်ယောက်ကအရင်မူးလဲကျတယ်။ ကျောင်းကောင်စီအခမ်းအနားပြီးချိန်မှာ နောက်ထပ်ကလေးတွေမူးလဲတယ်။ အသက်ရှုကြပ်တယ်၊မူးဝေတယ်၊အန်ချင်တာတွေဖြစ်ပြီး ဟိုနားတယောက်လဲကျလိုက် ဒီနားတယောက်လဲကျလိုက်နဲ့ အကုန်လုံးဆိုရင် ပထမဖြစ်တာ ၁၉ ယောက်ဖြစ်သွားတယ်။ သူတို့ကို အရေးပေါ်…
Read Moreလားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ
ဇွန် ၂၃၊ ၂၀၂၆။ NN(VOM) အစိုးရ ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ဇွန်လ ၂၃ ရက်နေ့ ဒီနေ့ကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိတဲ့အထဲက ရပ်ကွက် ၅ ရပ်ကွက်မှာ ဒီနေ့ ထိုးနှံပေး နေတာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတချို့ဆီကနေ သိရပါတယ်။ “ဒီနေ့က ရပ်ကွက် (၈ )ကနေ ရပ်ကွက်( ၁၂) အထိ ထိုးပေးမယ်။ ခွဲတမ်းရတဲ့ ဆေးရှိသလောက်ပေါ့နော်” လို့ ကျန်းမာရေးဌာန ဝန်ထမ်းတယောက်က ပြောပါတယ်။ ဆေးလာရောက်ထိုးနှံတဲ့သူတွေ များတာကိုလည်း တွေ့ရတယ်လို့ ကာကွယ်ဆေးသွားထိုးခဲ့တဲ့ လားရှိုးမြို့ခံတွေထံကနေ သိရပါတယ်။ “စစ်ပွဲတွေ မဖြစ်ခင်တုန်းက ထိုးထားတာ၊ အဲဒီကတည်းက ထပ်မထိုးရသေးတော့ ဒီနေ့ ထိုးပေးတယ်ဆိုလို့ သွားထိုးတာ။ လာထိုးတဲ့သူတွေတော့ များတယ်။ ဆေးဖိုးတော့ မပေးရပါဘူး။ စေတနာရှိသလောက် အလှူငွေတော့…
Read Moreစာရေးဆရာ ၊ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာဖြစ်သူ မင်းခိုက်စိုးစန် ကွယ်လွန်
ဇွန် ၂၀ ၊ ၂၀၂၆ GG (VOM) စာရေးဆရာ ၊ဇာတ်ညွှန်းဆရာ နဲ့ ဒါရိုက်တာဖြစ်သူ ဆရာ မင်းခိုက်စိုးစန်ဟာ အသည်းကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စာရေးဆရာ အသိုင်းအဝန်းက သိရပါတယ်။ ဆရာမင်းခိုက်စိုးစန်ဟာ ဆန်ဖရန်စ္စကိုမြို့ ဒေသ စံတော်ချိန်နဲ့ဆိုရင် ဇွန် ၁၉ ရက်၊ ည ၈ နာရီ ၇ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုပါက ဒီကနေ့ ဇွန် ၂၀ ရက်နေ့ မနက် ၉ နာရီ ၃၇ မိနစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆရာ ဆုံးတာဟုတ်ပါတယ်။ အရမ်းစောလွန်းတယ် ။ အလုပ်တွေအများကြီးလုပ်နိုင်သေးတဲ့ အရွယ်ပါ။ အရမ်းနှမြောမိတယ်။ စိတ်မကောင်းလည်းဖြစ်ရတယ်။ မိသားစုနဲ့ ထပ်တူဝမ်းနည်းရတာပေါ့ဗျာ ။ ဆရာကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပါတယ်။ ”…
Read Moreဓာတ်မှန်စက် ကို KIA လုယူတဲ့ကိစ္စ ဒေသခံ တိုင်းရင်းသား စာပေနဲ့ယဥ်ကျးမှု ကော်မတီတွေက သဘောထား ထုတ်ပြန်ဖို့လိုတယ်လို့ ဆို
နေပြည်တော် ဇွန် ၁၉ – ၂၀၂၆ KKL(VOM) ဒေသခံတွေရဲ့ ကျန်းမာရေးအတွက်အရေးပါတဲ့ ပူတာအိုဆေးရုံကို ပို့ဆောင်မယ့် ဓာတ်မှန်စက်ကို ဇွန်လ ၁၈ ရက်နေ့က ကချင် ပြည်နယ်လွတ်မြောက်ရေးတပ်မတော် KIA က ကြားဖြတ် လုယူခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ဒေသခံတွေအပါ အဝင် တိုင်းရင်းသား စာပေနဲ့ယဥ်ကျးမှု ကော်မတီတွေက သဘောထား ထုတ်ပြန်ဖို့ လိုအပ်တဲ့အကြောင်း ပူတာအိုမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရားနီ က ပြောပါတယ်။ ပူတာအိုကို ပို့ဆောင်မယ့် ဓာတ်မှန်စက်အပါအဝင် ဆေးဝါးပစ္စည်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က လုယူခဲ့တဲ့အပေါ် ပူတာအို က ကိုယ်စားလှယ် ဦးရားနီ အပါ အဝင် ဟုမ္မလင်းမြို့နယ် ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်နဲ့ တောင်တွင်းကြီး မြို့နယ် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ စတဲ့ ကိုယ်စားလှယ်သုံးယောက်ကို VOM…
Read Moreလားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေ
လားရှိုး၊ ဇွန်၊၆၊၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေ များလာနေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ပေါ်က ရပ်ကွက်တိုင်းနီးပါးမှာ ငှက်ဖျား ရောဂါ ဖြစ်သူတွေ များနေ ပြီး အမှတ် (၉) ရပ်ကွက်နဲ့ (၅) ရပ်ကွက်တွေမှာ ရောဂါဖြစ်ပွားသူ ပိုများတယ် လို့ သိရပါတယ်။ “အိမ်နားမှာတင် ဖြစ်တဲ့သူတွေက ဆက်တိုက်ပဲ၊ တယောက်သက်သာရင် နောက်တယောက် ပြန်ဖြစ်တယ်။ ဆေးခန်းသွားပြီး စစ်လိုက်ရင် ငှက်ဖျားပဲ” လို့ အမှတ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့သူ တယောက်က ပြောပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဖျားနာသူအများစုကို စစ်ဆေးလိုက်ရင် ငှက်ဖျားဖြစ်တဲ့သူ များနေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဆီကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ငှက်ဖျားရောဂါဆေး လာဝယ်တဲ့သူတွေပိုများလာ တယ် လို့လည်း ဆေးအရောင်းဆိုင်တွေကနေ…
Read More