မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်

ဇူလိုင် ၂၆-၂၀၂၆ KMW(SAT) မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အနုပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မင်္ဂလာမောင်းတီး စတင်ကာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူး​တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။ အနုပညာရှင်များရဲ့ ရိုးရာဖျော်ဖြေမှုများဖြင့် ဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။…

Read More

အသင့်စားခေါက်ဆွဲခြောက်နှင့် ကင်ဆာရောဂါ

မန္တလာ ဆရာမျိုး အမှန်တရား၊ အယူအဆအမှားများနှင့် ကျန်းမာရေးအတွက် သိထားသင့်သောအချက်များ အသင့်စားခေါက်ဆွဲခြောက် (Instant Noodles) သည် ယနေ့ခေတ် လူနေမှုဘဝတွင် အလွန်အသုံးများသော အစားအစာတစ်မျိုးဖြစ်သည်။ အလုပ်များသူများ၊ ကျောင်းသားကျောင်းသူများ၊ ခရီးသွားသူများနှင့် အချိန်မလုံလောက်သူများအတွက် အလွယ်တကူ ပြင်ဆင်စားသုံးနိုင်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် လူသုံးများလာသည်။ မြန်မာနိုင်ငံတွင်လည်း မနက်စာ၊ ညစာ၊ အစာပြေ သို့မဟုတ် အရေးပေါ်အစားအစာအဖြစ် အသင့်စားခေါက်ဆွဲခြောက်ကို မိသားစုများစွာ စားသုံးနေကြသည်။ သို့သော် “အသင့်စားခေါက်ဆွဲခြောက် စားရင် ကင်ဆာဖြစ်တယ်”၊ “ခေါက်ဆွဲခြောက်မှာ ဖယောင်း (Wax) ပါလို့ ကင်ဆာဖြစ်တယ်”၊ “အသင့်စားခေါက်ဆွဲခြောက်မှာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အများကြီးပါနေတယ်” စသည့် သတင်းများနှင့် လူပြောများသော အယူအဆများကြောင့် စိုးရိမ်သူများလည်း များပြားလာသည်။ တကယ်တော့ အသင့်စားခေါက်ဆွဲခြောက်သည် ကင်ဆာရောဂါကို တိုက်ရိုက်ဖြစ်စေသလား။ သိပ္ပံနည်းကျ သုတေသနများက ဘာပြောထားသလဲ။ စားသုံးသူများအနေဖြင့် ဘာတွေကို သတိထားသင့်သလဲ…

Read More

လူနာစောင့် မပါရင် လူနာကို​ဆေးရုံကြီးက လက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေလျှော့ပေးဖို့လိုအပ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) ယာဥ်မတော်တဆမှု (accident) ဖြစ်စဥ်တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ပရဟိတ လူမှုကူညီရေးအသင်းတွေက ဆေးရုံတွေကို ပို့ဆောင်ပေးတဲ့အခါ လူနာရှင်မပါရင် ဆေးရုံက လက်မခံလို့ ကူညီပေးတဲ့အဖွဲ့တွေက လူနာရှင်လာတဲ့အထိ စောင့်ဆိုင်းပေးနေရတဲ့ အခက်အခဲတွေရှိနေတဲ့အကြောင်း မန္တလေးက လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” လူနာစောင့်မပါရင် စောင့်ပေးရတယ်၊ လိုက်ရှာရတယ်၊ အတတ်နိုင်ဆုံး နီးနိုင်တဲ့ အသင်းချင်း အသင်းချင်းချိတ်ဆက်ပြီးတော့ မြို့နယ်ရရင် မြို့နယ်၊ ရပ်ကွက်ရရင် ရပ်ကွက် လိုက်ချိတ်ပြီးတော့ရှာရတယ်၊ ရှာမတွေ့ဘူးဆိုရင် ဒီလူနာကို ကုတင်ပေါ်ရောက်တဲ့အထိစောင့်ပေးရတယ်၊ လူနာစောင့်မပါရင် ပို့ဖို့ကို အတော်လေးကို စဥ်းစားရတယ်ဗျ၊ တခါတလေဆိုရင် နီးစပ်ရာဆေးခန်းနဲ့ အသင်းရုံးတွေမှာ သူ့ကို သတိပြန်လည်လာနိုင်တဲ့အထိ ပြုစုပြီးတော့ ပို့ရတယ်၊ လူနာစောင့်လာမှာ ဆေးရုံကိုပို့ရတယ် မဟုတ်ရင် လူနာနဲ့ဆေးရုံမှာ ရွာလည်နေရင် ဒုက္ခရောက်တယ်လေ၊ လူနာစောင့်မပါရင် ဆေးနဲ့လူမှုဆက်ဆံရေးအဖွဲ့ကနေပြီးတော့ စောင့်ရှောက်ပေးဖို့ပါပဲ…

Read More

လူနာလာပို့တဲ့ လူမှုရေးအသင်းတွေ အခက်အခဲမရှိအောင် မန္တလေးဆေးရုံကြီးက ဆောင်ရွက်ပေးမယ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) လူနာစောင့် မပါရင် လူနာကိုဆေးရုံကြီးကလက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေ လျှော့ပေးဖို့လိုအပ်ဆိုတဲ့ သတင်းကို ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်မှာ VOM ကနေ သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဆေးရုံ အုပ် ဆရာဝန်ကြီး ဒေါက်တာဆန်းလွင်ဦးကို အဆက်သွယ်ရတဲ့အတွက် လူမှုရေးအသင်းတွေရဲ့အခက်အခဲကို ဆေးရုံဘက်က ဘယ်လိုဖြေရှင်းပေးနေလဲ လူနာရှင်တွေအနေနဲ့ ဆေးရုံကြီးအရေးပေါ်ဌာနရောက်ရင် ဘယ်လိုတွေကူညီပေးမလဲဆိုတာ VOM အယ်ဒီတာချုပ် ကိုနေလင်းက မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လူနာလာပို့တဲ့ လူမှုရေးအသင်းသားတွေမှာ လူနာရှင်မပါရင် အခက်ခဲဖြစ်တယ်ဆိုတဲ့ ကိစ္စ ဆေးရုံဘက်က ဘာတွေဆောင်ရွက်ထားသလဲဆိုတာ စမေးကြည့်တော့ ဆေးရုံ အုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ခုလိုဖြေကြားပေးပါတယ်။ #voiceofmyanmar #vom #မန္တလေးဆေးရုံကြီး #accident #ယာဥ်တိုက်မှုလူနာ #လူမှုကူညီရေးအသင်းအခက်အခ

Read More

ငလျင်နဲ့ ကိုဗစ်အကျိုးဆက်ကြောင့် မြန်မာ့ရုပ်သေးအနုပညာ ထိန်းသိမ်းရေး ပိုမိုခက်ခဲလာဟု ရုပ်သေးကော်မတီဥက္ကဋ္ဌပြော

ဇူလိုင် ၂၁- ၂၀၂၆ NW(VOM) ကိုဗစ်ကပ်ရောဂါနဲ့ မန္တလေးငလျင်ရဲ့ အကျိုးဆက်တွေကြောင့် မြန်မာ့ရိုးရာ ရုပ်သေးအနုပညာ ဖျော်ဖြေတင်ဆက်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုခက်ခဲလာ တယ်လို့ မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဋ္ဌဒေါ်မမနိုင်က ပြောပါတယ်။ ရုပ်သေးသဘင်ကို မန္တလေးတောင်ခြေရှိ ရုပ်သေးပြဇာတ်ရုံမှာ ကိုဗစ်မတိုင်ခင်က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိကထား ဖျော်ဖြေခဲ့ပေမယ့် ကိုဗစ်နောက်ပိုင်း ပွဲအရေအတွက် လျော့နည်းလာခဲ့ပြီး မန္တလေးငလျင် ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြို့ရဲ့ အခြေအနေကြောင့် ဖျော်ဖြေမှုတွေ ရပ်တန့်သွားသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ Governor’s Residence နဲ့ ပူးပေါင်းကာ ရုပ်သေး ဖျော်ဖြေတင်ဆက်မှုတွေ ပြန်လည်ဆောင်ရွက်နေပြီး ခရီးသွားဧည့်သည်တွေနဲ့ နိုင်ငံခြား သံရုံး မိသားစုတွေ လာရောက်ကြည့်ရှုမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ယနေ့ခေတ် လူငယ်တွေနဲ့ ကလေးငယ်အများစုဟာ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာကို မသိရှိတော့တဲ့အတွက် ကျောင်းတွေကို ကိုယ်တိုင်သွားရောက် ဖျော်ဖြေပြသကာ…

Read More

အထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) ၏ ဆိုးကျိုးများ

မန္တလာ ဆရာမျိုး   ယနေ့ခေတ်တွင် လူတို့၏ နေထိုင်မှုပုံစံသည် ယခင်ကထက် ပိုမိုအလုပ်များလာပြီး အချိန်ကို တန်ဖိုးထားအသုံးချရသည့် လူနေမှုဘဝသို့ ပြောင်းလဲလာသည်။ ထိုသို့သော အခြေအနေများကြောင့် အချိန်ကုန်သက်သာပြီး အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) သည် မိသားစုတိုင်း၏ နေ့စဉ်စားသောက်မှုတွင် ပိုမိုနေရာယူလာသည်။ စူပါမားကက်များ၊ အဆင်ပြေစတိုးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့်ပင် အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် လူကြီးလူငယ်မရွေး၊ ကလေးများပင် မကြာခဏ စားသုံးနေကြသည်။   သို့သော် “အလွယ်တကူ ရနိုင်ခြင်း” နှင့် “ကျန်းမာရေးအတွက် ကောင်းခြင်း” သည် အမြဲတမ်း တူညီသော အရာမဟုတ်ပေ။ အစားအစာများကို စက်မှုနည်းပညာဖြင့် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ရာတွင် အရသာ၊ အရောင်၊ အနံ့၊ သက်တမ်းနှင့် ရောင်းချနိုင်မှုကို ဦးစားပေးထားသည့်အတွက်…

Read More

ကြက်သားမှုန့်၊ ဟင်းချိုမှုန့်များ စားသုံးခြင်းနှင့် ကျန်းမာရေး

မန္တလာ ဆရာမျိုး ကြက်သားမှုန့်၊ ဟင်းချိုမှုန့်၊ အရသာမှုန့်များသည် မြန်မာ့မီးဖိုချောင်များတွင် အလွန်အသုံးများလာသော အရသာဖြည့်ပစ္စည်းများ ဖြစ်ပါသည်။ ဟင်းတစ်ခွက်ကို အရသာပိုကောင်းစေရန်၊ ဟင်းရည်ချိုချိုလေး ဖြစ်စေရန်၊ အသားအရသာ ပိုထွက်စေရန် အသုံးပြုကြသည်။ သို့သော် “အရသာကောင်းစေသည်” ဆိုခြင်းနှင့် “ကျန်းမာရေးအတွက် ကောင်းသည်” ဆိုခြင်းမှာ မတူပါ။ အဓိကသတိထားရမည့်အချက်မှာ ဆားဓာတ် Sodium များခြင်း ဖြစ်သည်။ WHO က လူကြီးတစ်ဦးအတွက် တစ်နေ့တာ ဆားစားသုံးမှုကို ၅ ဂရမ်ထက်နည်းစေရန် အကြံပြုထားသည်။ ၎င်းသည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမပြည့်တပြည့်ခန့်သာ ဖြစ်သည်။ ကြက်သားမှုန့်၊ ဟင်းချိုမှုန့်ဆိုတာ ဘာလဲ ကြက်သားမှုန့်ဟု ခေါ်သော်လည်း အများစုမှာ ကြက်သားအာဟာရပြည့်ဝသော အစားအစာမဟုတ်ပါ။ အဓိကအားဖြင့် ဟင်းလျာ၏ အရသာကို တိုးစေသော အရသာဖြည့်ပစ္စည်း ဖြစ်ပါသည်။ အထုပ်များတွင် ပါဝင်လေ့ရှိသည်များမှာ ဆား၊ MSG၊ သကြား၊ ကြက်သားအနံ့အရသာ၊…

Read More

ထားဝယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲလို့ ဆေးရုံကိုပို့ဆောင်ထား

ဇွန် ၂၇၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၂၆ ရက်နေ့မနက် ၁၁ နာရီလောက်က ကျောင်းကောင်စီအခမ်းအနား ပြုလုပ်နေစဉ် ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မူးလဲတဲ့ ကျောင်းသားကျောင်းသူတွေထဲမှာ ကျောင်းသူက ၂၀ ၊ ကျောင်းသားက တယောက်ဖြစ်ပြီး အဲဒီထဲကမှ ကျောင်းသူနှစ်​ယောက်က အကေခအနေကောင်းမွန်ပြီး သက်သာတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ရရှိကာ ကျန်တဲ့ ၁၉ ယောက်ကတော့ ဆေးဝါး ကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းသားနှစ်ယောက်ကအရင်မူးလဲကျတယ်။ ကျောင်းကောင်စီအခမ်းအနားပြီးချိန်မှာ နောက်ထပ်ကလေးတွေမူးလဲတယ်။ အသက်ရှုကြပ်တယ်၊မူးဝေတယ်၊အန်ချင်တာတွေဖြစ်ပြီး ဟိုနားတယောက်လဲကျလိုက် ဒီနားတယောက်လဲကျလိုက်နဲ့ အကုန်လုံးဆိုရင် ပထမဖြစ်တာ ၁၉ ယောက်ဖြစ်သွားတယ်။ သူတို့ကို အရေးပေါ်…

Read More

လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

ဇွန် ၂၃၊ ၂၀၂၆။ NN(VOM) အစိုးရ ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ဇွန်လ ၂၃ ရက်နေ့ ဒီနေ့ကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိတဲ့အထဲက ရပ်ကွက် ၅ ရပ်ကွက်မှာ ဒီနေ့ ထိုးနှံပေး နေတာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတချို့ဆီကနေ သိရပါတယ်။ “ဒီနေ့က ရပ်ကွက် (၈ )ကနေ ရပ်ကွက်( ၁၂) အထိ ထိုးပေးမယ်။ ခွဲတမ်းရတဲ့ ဆေးရှိသလောက်ပေါ့နော်” လို့ ကျန်းမာရေးဌာန ဝန်ထမ်းတယောက်က ပြောပါတယ်။ ဆေးလာရောက်ထိုးနှံတဲ့သူတွေ များတာကိုလည်း တွေ့ရတယ်လို့ ကာကွယ်ဆေးသွားထိုးခဲ့တဲ့ လားရှိုးမြို့ခံတွေထံကနေ သိရပါတယ်။ “စစ်ပွဲတွေ မဖြစ်ခင်တုန်းက ထိုးထားတာ၊ အဲဒီကတည်းက ထပ်မထိုးရသေးတော့ ဒီနေ့ ထိုးပေးတယ်ဆိုလို့ သွားထိုးတာ။ လာထိုးတဲ့သူတွေတော့ များတယ်။ ဆေးဖိုးတော့ မပေးရပါဘူး။ စေတနာရှိသလောက် အလှူငွေတော့…

Read More

စာရေးဆရာ ၊ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာဖြစ်သူ မင်းခိုက်စိုးစန် ကွယ်လွန်

ဇွန် ၂၀ ၊ ၂၀၂၆ GG (VOM) စာရေးဆရာ ၊ဇာတ်ညွှန်းဆရာ နဲ့ ဒါရိုက်တာဖြစ်သူ ဆရာ မင်းခိုက်စိုးစန်ဟာ အသည်းကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စာရေးဆရာ အသိုင်းအဝန်းက သိရပါတယ်။ ဆရာမင်းခိုက်စိုးစန်ဟာ ဆန်ဖရန်စ္စကိုမြို့ ဒေသ စံတော်ချိန်နဲ့ဆိုရင် ဇွန် ၁၉ ရက်၊ ည ၈ နာရီ ၇ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုပါက ဒီကနေ့ ဇွန် ၂၀ ရက်နေ့ မနက် ၉ နာရီ ၃၇ မိနစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆရာ ဆုံးတာဟုတ်ပါတယ်။ အရမ်းစောလွန်းတယ် ။ အလုပ်တွေအများကြီးလုပ်နိုင်သေးတဲ့ အရွယ်ပါ။ အရမ်းနှမြောမိတယ်။ စိတ်မကောင်းလည်းဖြစ်ရတယ်။ မိသားစုနဲ့ ထပ်တူဝမ်းနည်းရတာပေါ့ဗျာ ။ ဆရာကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပါတယ်။ ”…

Read More
✕
VOM News

FREE
VIEW