ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ ဇဏ်ခီကတော့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးလို့ ဆိုပါတယ်။ “ကျွန်တော်က အကယ်ဒမီ ပတ်သက်ပြီး ရင်ခုန်မှုကတော့ ဘာမှမမျှော်လင့်ထားပါဘူး။ ကျွန်တော်ရဲ့ ရိုးသားတဲ့ ၀န်ခံချက်ပါ။ လုံးဝ မမျှော်လင့်ထားပါဘူး။ ထိုက်တန်တဲ့ သူတွေဆုရကြပါစေလို့တော့ ဆုတောင်းချင်ပါတယ်”လို့ ဆိုပါတယ်။ သူ့ကတော့ လက်ရှိမှာ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးနေတဲ့ Now & Ever ရုပ်ရှင်ကားကို ပိုင်ဖြိုးသု နဲ့အတူ ရိုက်ကူးနေသလို Milky နို့ဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမဇကာတင် ၂၅ ကား စာရင်းမှာတော့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ပါဝင်တာနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့…
Read MoreCategory: Lifestyle
သက်ရှိထင်ရှား အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် အသက် ၁၁၆ နှစ်အရွယ်ဂျပန်အဖွား ဂင်းနစ်စံချိန်တင်
တိုကျို၊ မတ်-၉-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိတဲ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ Kane Tanaka လို့အမည်ရတဲ့ အဆိုပါ ဂျပန်အမျိုးသမီးကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာရှိ ၎င်းနေထိုင်ရာ စောင့်ရှောက်ရေးဂေဟာမှာ မတ် ၉ ရက်က အခမ်းအနားတစ်ခုကျင်းပပြီး အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ Tanaka ကို ၁၉၀၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာ Hideo Tanaka နဲ့လက်ထပ်ခဲ့ပြီး ကလေးလေးယောက်မွေးဖွားခဲ့ကာ နောက်ထပ်ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။ ယခင်က အသက်ရှင်လျက်ရှိတဲ့ အသက်အကြီးလူအဖြစ် သတ်မှတ်ခံရသူမှာလည်း ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သူ Chiyo Miyako ဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လက အသက် ၁၁၇ နှစ်အရွယ်မှာ…
Read Moreသုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ ခန့်စည်သူ
ရန်ကုန် မတ် ၉ -၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပထမအကြိမ်ဇကာတင် ၂၅ကားထွက်ပေါ်ခဲ့တဲ့အပေါ်မှာ အကယ်ဒမီ ခန့်စည်သူ ကတော့ သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ” အကယ်ဒမီ အတွက် ကျွန်တော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတာကတော့ သုံးရောင်ခြယ် ဇာတ် ကားကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတယ်။ ထုတ်လုပ်သူကလည်း ငွေရေးကြေးရေး ကြောင့် ရိုက်ကူးတာ မဟုတ်ပဲ တိုက်ရဲ့ Image နဲ့ ကိုယ့်ရိုက်ချင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဟာသကားလည်း မဟုတ်ဘူး။”လို့ ပြောပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ခန့်စည်သူ ၊ နေမျိုးအောင် ၊ ရွှေသမီး ၊အိချောပို နဲ့ စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီးတော့ အရုပ်ပိုင်း နဲ့ အသံပိုင်း ထိုင်းနဲ့ အိန္ဒိယတို့တွင် အကောင်းဆုံး ပြန်လည်…
Read Moreမင်းသွေးပါဝင်သီဆိုခဲ့တဲ့ သီချင်းခွေရဲ့ အကျိုးအမြတ်တွေကို လှူဒါန်းသွားမယ်
ရန်ကုန် မတ် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM) မင်းသွေးပါဝင်သီဆိုခဲ့တဲ့ ” ပထမသုံး “သီချင်းခွေရဲ့ ရောင်းရတဲ့အကျိုးအမြတ်တွေကို လှူဒါန်းပေးသွားမယ်လို့ မင်းသွေးရဲ့အကိုဖြစ်သူ ကိုနေတိုးက ပြောပါတယ်။ ”ဒီခွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်အနေနဲ့ မင်းသွေးကို ရည်စူးပြီးတော့ပရဟိတလုပ်ငန်းတွေ လုပ်သွားဖို့ရှိပါတယ်။ဒီခွေရာင်းရတဲ့ ပိုက်ဆံတွေနဲ့ ပါဝင်ထားတဲ့ ညီမင်းခိုင်ရော သားငယ်တို့ရော ရည်ရွယ်ချက်လေးတွေရှိ ကြတော့ အလှူအတန်းတွေလုပ်သွားမှာပါ”လို့ ဆိုပါတယ်။ ” ပထမသုံး ” တေးအယ်လ်ဘမ်မှာတော့ မင်းသွေး ၊ သားငယ် နဲ့ ညီမင်းခိုင်တို့  သုံးဦး ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးတော့ မတ် ၁၀ ရက်မှာ မြန်မာတစ်ပြည်လုံးကို ဖြန့်ချိမှာဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသွေးရဲ့ အစ်ကိုတော်စပ်သူ သရုပ်ဆောင် နေတိုးကလည်း ညီဖြစ် သူ မင်းသွေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာလို့ သိရပါတယ် ။ မင်းသွေးရဲ့ ကိုယ်စားပွဲတက်လာတာဖြစ်သလို ကျွန်တော်ကတော့…
Read Moreနည်းပညာတက္ကသိုလ်(မန္တလေး) ရဲ့ ကျောင်းတွင်းသင်္ကြန်
မန္တလေး၊ မတ် ၇-၂၀၁၉ ဟိန်းကို(VOM) နည်ပညာတက္ကသိုလ်(မန္တလေး) TUM ရဲ့ တတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်ကျင်းပတာကို ယနေ့နေ့လယ်ပိုင်းက TUMကျောင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြားသောမြို့တွေက တက္ကသိုလ်တွေမှာ ခုလို ကျောင်းတွင်းသင်္ကြန်ကျင်းပရင်း ခိုက်ရန်ဖြစ်ပွားတာတွေဖြစ်ခဲ့တာကြောင့် နည်းပညာတက္ကသိုလ်(မန္တလေး)ရဲ့ ကျောင်းတွင်းသင်္ကြန်ကျင်းပရာမှာလည်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့ လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရပါတယ်။ ဟိန်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar# နည်ပညာတက္ကသိုလ်(မန္တလေး)# TUM
Read Moreတာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးဆိုတဲ့ နေတိုး
ရန်ကုန် မတ် ၇-၂၀၁၉ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးလို့ဆိုပါ တယ်။ LGBT တွေကလည်း ဝေဖန်ထောက်ပြမှုတွေရှိလာချိန်မှာ တာတူးကာရိုက်တာနဲ့ သရုပ်ဆောင်ထားနဲ့ပတ်သက်ပြီးတော့ ”တာတူးကတော့ သူတို့တွေကို လှောင်ပြောင် ရှုတ်ချတာတွေလည်း မရှိပါဘူး။ မိန်းကလေး တယောက်ရဲ့အသွင်အပြင် တစ်ခုပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ ဇာတ်မှာအကြောင်း အရာတစ်ခုအနေနဲ့ပါတာပါ။ ဒီကာရိုက်တာကို main တည်ရိုက်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ တာတူး ရုပ်ရှင်ကားကိုတော့ မတ် ၁၅ ရက်မှာ ရုံတင်ပြတော့မှာလည်း ဖြစ်သလို Box No.88 ရုပ်ရှင်ကားကို လက်ခံရိုက်ကူး နေတယ်လို့ သိရပါတယ်။ ဟာသကားတွေမှာ LGBT ဇာတ်ရုပ်တွေသုံးစွဲလာတဲ့အတွက် ရိုက်တဲ့သူတွေဘက်ကရော အနုပညာဘက်ကရော အကုန်လုံးကတော့ ဆင်ခြင်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။ ဈေးကွက်တစ်ခုကို အောင်မြင်တယ်ဆိုတိုင်း လုပ်လို့မရပါဘူး။ ဒီဇာတ်ရုပ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ်…
Read Moreအမေရိကန်ရုပ်သံစတား ကိုင်လေဂျန်နာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာဖြစ်လာ
လော့စ်အိန်ဂျလိစ်၊မတ်-၆-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ရုပ်သံစတားတစ်ဦးဖြစ်တဲ့ ကိုင်လေဂျန်နာဟာ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ဘီလျံနာသူဌေးးစာရင်းမှာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ကမ္ဘာကျော်အနုညာရှင်မိသားစုဖြစ်တဲ့ ကာဒစ်ရှန်မိသားစုမှ အငယ်ဆုံးမိသားစုဝင်ဖြစ်သူ ကိုင်လေဂျန်နာဟာ ရောင်းအားအကောင်းဆုံးစာရင်းဝင် သူမရဲ့အလှကုန်ပစ္စည်းစီးပွါးရေးလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေတွေကြောင့် ဘီလျံနာသူဌေးဖြစ်လာတာဖြစ်ပါတယ်။ အသက်၂၁နှစ်သာရှိသေးတဲ့ ကိုင်လေဂျန်နာဟာ Kylie အမှတ်တံဆိပ် အလှကုန်ပစ္စည်းကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သုံးနှစ်သက်တမ်းသာရှိသေးတဲ့ သူမရဲ့အလှကုန်စီးပွါးရေးလုပ်ငန်းဟာ ယမန်နှစ်က ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်း၃၆၀ ၀င်ငွေရရှိခဲ့ပါတယ်။ သူမအနေနဲ့ အသက်၂၃နှစ်အရွယ်မှာ ဘီလျံနာသူဌေးတစ်ဦးဖြစ်လာတဲ့ ဖေ့စ်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်ထက်ပို ငယ်တဲ့ အသက်အရွယ်မှာ ဘီလျံနာသူဌေးဘဝသို့ ရောက်ရှိလာတာဖြစ်ပါတယ်။ အနာဂါတ်ကို့ ကြိုမမြင်နိုင်တဲ့အတွက် ဘယ်လိုအရာမျိုးကိုမှ ကြိုတင်မျှော်လင့်မထားဘူးလို့ ကိုင်လေဂျန်နာက ဆိုပါတယ်။ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ စာရင်းမှာတော့ အမေဇုန်အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းတည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်က ၁၃၁…
Read Moreကျမ္မာရေးမှူးတွေကို စွမ်းရည်မြှင့်ပေးမယ့်စီမံကိန်း စတော့မည်
ရန်ကုန် ၊ မတ် ၃ -၂၀၁၉ TGH (VOM) သိန်းပေါင်း ၇၀၀၀ ၀န်းကျင်လောက်ကုန်ကျမယ့် ၅ နှစ်စာမဟာဗျူဟာစီမံကိန်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဒီကနေ့မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစီမံကိန်းကို လာမယ့် ဇွန်လမှာစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ကျန်းမာရေးမှူးတွေရဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၊ ဒီထဲမှာ တီဗီရောဂါ ၊ ငှက်ဖျားရောဂါ ၊ ရေနဲ့သန့်ရှင်းရေး စတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ပေါင်း ၃၀၇ ခုမှာ အသင်းဖွဲတွေစည်းထားကြောင်းနဲ့ ခုဆိုရင် အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်အပြင် နိုင်ငံတကာအလှူရှင်အဖွဲ့ ၆ ဖွဲ့ ၊ မိတ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိနေပြီလို့သိရပါတယ်။ အဲဒီအသင်းဟာဆိုရင် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို စီမံချက်ရေးဆွဲလုပ်နေတဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ #voiceofmyanmar #ကျမ္မာရေးမှူး
Read Moreဟောလီးဝုဒ်မင်းသားဂျွန်နီဒပ် ဇနီးဟောင်းအမ်ဘာဟက်ကိုတရားစွဲ
နယူးယောက်၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM) Paradise of the Caribbean ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ်ဟာ ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ကို အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျွန်နီဒပ်ရဲ့ ဇနီးဟောင်း အမ်ဘာဟက်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့ပြီး ယင်းဆောင်းပါးမှာတော့ သူမသည် အိမ်တွင်းအကြမ်းဖက်မှုတွေခံခဲ့ရတာကို ဆိုးဆိုးရွားရွားဖော်ပြထားပါတယ်။ မစ္စတာဒပ်သည် အမ်ဘာဟက်ကို တစ်ကြိမ်တစ်ခါမျှ အကြမ်းဖက်ခဲ့တာမရှိဘဲ ၎င်းရဲ့ ရေးသားမှုတွေဟာ စနစ်တကျအကွက်ချစီစဉ်ထားတဲ့ လိမ်လည်မှုတစ်ရပ်သာဖြစ်တယ်လို့ ဂျွန်နီဒပ်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာမှာ သူနဲ့ပတ်သက်ပြီး ဆောင်းပါးဖော်ပြခဲ့တဲ့အတွက် ဂျော်နီဒပ်ဟာ ဇနီးဟောင်းဆီကနေ နစ်နာကြေး ဒေါ်လာသန်း၅၀ရရှိရန်ကြိုးပမ်းလျက်ရှိပါတယ်။ ၎င်းတို့နှစ်ဦးလက်ထပ်ပြီး တစ်နှစ်အကြာ ၂၀၁၆ခုနှစ်မေလမှာ ဂျော်နီဒပ်က အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်တယ်လို့ အမ်ဘာဟက်က ပထမဦးစွာ စွပ်စွဲခဲ့ပါတယ်။ ဒီလိုစွပ်စွဲတိုင်ကြားတာနဲ့ပတ်သက်ပြီး …
Read Moreကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဣန္ဒာစရိယရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်မည်
ဂန့်ဂေါ မတ် ၂-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအနီးမှာ ရှိတဲ့ ကျောက်ဂူတောရကျောင်း ဆရာတော် ဣန္ဒာစရိယရဲ့ ရုပ်ကလာပ် ကို ဒီနေ့ မတ်လ ၂ ရက်နေ့ ညဦးပိုင်းမှာ မီးသဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ သူရဲ့ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ကျောက်ဂူတောရကျောင်းမှာ ရပ်ဝေးရပ်နီးက ဆရာတော်ရဲ့ ဒကာ ဒကာမတွေ ဖူးမြှော်နိုင်ဖို့ ပူဇော်ခံထားရာကနေ မီးသဂြိုလ်တော့မှာ ဖြစ်ပါတယ်။ “ယောဆရာတော်ဘုရားကြီးရဲ့ ညတရားပွဲ ရှိတယ်။ တရားပွဲပြီမှ မီးသဂြိုလ်မှာ စီစဉ်ထားတာတွေကတော့ အားလုံးပြီးပြီ။ ကျောက်ဂူတောရကျောင်းက စွယ်တော်ဘုရားဝန်းထဲ မုခ်တည့်တည့်မှာပဲ မီးသဂြိုလ်ဖို့ နေရာပြင်ထားတယ်။ မီးသဂြိုလ်တဲ့နေရာ အတိုင်းပဲ လွမ်းစေတီတော် (မဟာဗောဓိ(ဗုဒ္ဓဂယာ))ပုံတူ စေတီတည်မယ်” လို့ ကန်ကျေးရွာက ဆရာတော် ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်…
Read More