မန္တလေး ဇန်နဝါရီ ၂၁ -၂၀၂၁ ဖြူဖြူ (VOM) ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေနဲ့ လာမယ့် အစိုးရသက်တမ်းအတွက် ဘယ်လိုဝန်ကြီးချုပ်တွေရွေးချယ်ခန့်အပ်မလဲဆိုတာကို အများကစိတ်ဝင်တစားရှိနေသလို တိုင်းရင်းသားပါတီတွေ ပါဝင်လာမလားဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။ NLD ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကတော့ တိုင်းရင်းသားတွေပါဝင်မှုများလာမယ်လို့ပြောဆိုပြီး အခြေခံဥပဒေပြဌာန်းချက်အရ အစိုးရဖွဲ့နိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ ဖြစ်ဖို့များတယ်လို့လည်း ဆိုပါတယ်။ #voiceofmyanmar #VOM #NLD #ဒေါက်တာဇော်မြင့်မောင်
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
အဂတိအမှုနဲ့ တရားစွဲခံထားရတဲ့ FDAက ဒေါက်တာသန်းထွဋ်အမှု နောက်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်
မန္တလေး ဇန်နဝါရီ ၂၁ -၂၀၂၁ ဖြူဖြူ (VOM) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ နေပြည်တော်က FDA ညွှန်ကြားရေးမှူးချုပ်အမှုကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပါတယ်။ ဒီအမှုဟာ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်သို့ စွဲဆိုတင်ပို့ခဲ့ကာ တရားရုံးက လက်ခံစစ်ဆေးခဲ့တာဖြစ်ပြီး တရားရင်ဆိုင်နေခဲ့တာဟာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒေါက်တာသန်းထွဋ်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ စွဲချက်တင်ခဲ့ကာ နှစ်ဖက်စစ်ဆေးပြီး အပြီးသတ်လျှောက်လဲချက် ကြားနာဖို့အဆင့်မှာ တရားလိုဘက်က အောက်ရုံးအမိန့်အပေါ် လက်မခံ ထပ်မံပြီး အဆင့်ဆင့်အယူခံတက်ခဲ့ပါတယ်။ ဒေါက်တာသန်းထွဋ်ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းနဲ့ နေအိမ်အသုံးအဆောင်ပစ္စည်းတွေကို အဆောက်အဦးဆောက်လုပ်ဖို့တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီတခုဆီက လက်ခံရယူခဲ့တာကြောင့်ဆိုပြီး တိုင်တန်းခံခဲ့ရတာပါ။…
Read Moreမန္တလေးမင်္ဂလာဈေးကိစ္စ ၁၅ရက်အတွင်း အကြောင်းမပြန်ရင် တိုင်းအစိုးရရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်မယ်
ဇန်နဝါရီ ၂၁ -၂၀၂၀ ဟိန်းကို(VOM) မန္တလေး မင်္ဂလာဈေးက ဈေးသူဈေးသားတွေဟာ ဈေးကိုပြန်လည်တည်ဆောက်ပေးမှု ရှိ၊မရှိ စာတင်ထားတာ လက်ရှိအချိန်ထိ အကြောင်းပြန်မှုမရှိတဲ့အတွက် ဒီကနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။ ” ကျွန်တော်တို့ အခုစာတင်ထားတယ်၊ ထပ်ပြီးစာတင်ထားတယ်၊ ၁၅ရက်အတွင်းမှာ အကြောင်းမပြန်ဘူးဆိုရင် ကျွန်တော်တို့ ၃ ယောက်လောက် ထိုင်သပိတ်လုပ်မယ်”လို့ မင်္ဂလာဈေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးကျော်ကျော်စိုးကပြောပါတယ်။ မင်္ဂလာဈေး ဈေးသူဈေးသားတွေဟာ တိုင်းအစိုးရတာဝန်ရှိသူတွေကိုတွေ့ဆုံဖို့ ကြိုတင်အကြောင်းကြားစာတင်ရမယ်လို့ ပြောတဲ့အတွက် ထပ်မံစာတင်ပြီးပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ မန္တလေးမြို့ မင်္ဂလာဈေးဟာ ၂၀၁၆ခုနှစ်၊ မတ်လ၂၂ ရက်က မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်တည်ဆောက်ခြင်းမရှိတာဟာ အခု ၂၀၂၁ခုနှစ်၊ မတ်လ ၂၂ရက်နေ့မှာ ၅နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ မီးလောင်သွားတဲ့ မင်္ဂလာဈေးမြေညီထပ်က ဈေးသည်တွေကိုတော့ မန္တလေးမြို့၊ ၃၅ လမ်းနဲ့ ၇၁ လမ်းထောင့်က မဟာနွယ်စဉ်ဘောလုံးကွင်းမှာ မင်္ဂလာဈေး(ယာယီဈေး)အဖြစ်…
Read MoreVoice Of Myanmar ရဲ့ ဇန်နဝါရီ ၂၀ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
ဇန်နဝါရီ၊ ၂၀- ၁- ၂၀၂၁ (VOM) – တပ်မတော်ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အရေးယူပေးဖို့ စစ်ရှောင်တွေ ဆန္ဒဖော်ထုတ် – မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ထပ်မံအမှုဖွင့် – ရန်ကုန်က ပန်းခြံတွေ မနက် ၅ နာရီကနေ မနက် ၉ နာရီထိ ပြန်ဖွင့်မယ် – မော်လမြိုင်ကျွန်းမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၃၄)ဦး ဖမ်းမိ – ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ် – စစစ အဖွဲ့ကဆိုပြီး အောင်ဘာလေထီ လိမ်ရောင်းသူတွေကို ဖမ်းဆီးရမိ – စစ်ရှောင်အလုပ်သမား ၄ ဦး ညောင်နှစ်ပင် ဘဲမွေးမြူရေးခြံမှာ ခြိမ်းခြောက်ပြီးပိတ်ခံထားရ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် Voice of Myanmar လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့…
Read MoreVoice Of Myanmar ရဲ့ ဇန်နဝါရီ ၁၉ ရက်သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
-ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ရာကျော် ဆန္ဒပြ – ရန်ကုန် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ မီးရထားဝန်းထဲက BYMA ကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ – မြို့နယ် ၄ ခုမှာ တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲ တစ်နေ့တည်းပြုလုပ်ခဲ့ – ကရင်စစ်ရှောင်တွေ ပြန်နေရာချဖို့ လိုအပ်ချက်တွေရှိနေ – ပြည်တွင်းခရီးသွားလုပ်ငန်း ဇွန်လနောက်ပိုင်းမှ ပြန်လည်အဆင်ပြေမယ် – ဇနီးကို ပြန်ပေါင်းဖို့အတွက် ခေါ်မရလို့ ယောင်္ကျားဖြစ်သူ ကြိုးဆွဲချသေတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။…
Read MoreVoice Of Myanmar ရဲ့ 18-1-2021 သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
– ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို – ‘ဝ’ ဒေသမှာ ကိုဗစ်လူနာ ၃၀၀နီးပါးရှိလာ – တောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ – ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲရလဒ်ကိစ္စ မရမ်းကုန်းမှာ ဆန္ဒပြ – အမျိုးသားလွှတ်တော်အမတ်ကို တပ်မတော်က တရားစွဲဆိုတဲ့အမှု ဒီကနေ့စတင်စစ်ဆေး – (၇၆)နှစ်မြောက် တပ်မတော်နေ့ ကို ကျင်းပဖို့ စီစဉ်နေပြီ – နိုင်ငံရေးမှုနဲ့ ဖမ်းဆီး၊ ထောင်ချခံရတဲ့ ကျောင်းသား ၁၆ယောက်ရှိပြီ – ဦးဝီရသူကိစ္စ ဆန္ဒပြခဲ့ကြတဲ့ သံဃာ ၃ ပါးနဲ့ လူ ၅ဦးကို မြို့နယ်နှစ်ခုမှာအမှုဖွင့်ထား – ကျောက်တော်က မိုင်းထိလူနာအမျိုးသမီးတစ်ဦး စစ်တွေဆေးရုံမှာသေဆုံး – ဟုမ္မလင်းဆေးရုံက အချုပ်ကျတရားခံ ကိုဗစ်လူနာ ထွက်ပြေး VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews…
Read MoreVOM ရဲ့ ဇန်နဝါရီ ၁၇ရက်နေ့ သတင်းစုံလင် မြန်ပြည်တခွင် အစီအစဉ်
ဇန်နဝါရီ-၁၇-၂၀၂၁ -ဆောင်းတွင်းကာလ မြောက်ဦးက ရခိုင်စစ်ဘေးရှောင်တွေ ဘ၀ဖြတ်သန်းမှုခက်ခဲနေဆဲ ဆိုတဲ့သတင်း -ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်အုပ်စု၊ ကျွန်းတောကျေးရွာအနီးက နေရပ်ပြန် စစ်ရှောင်တွေရဲ့ရွာမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်စာတင်ထားတဲ့သတင်း -တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်ဆိုတဲ့သတင်း -ဒီးမော့ဆိုမှာ ယာဉ်တိုက်မှုနဲ့ဖမ်းခံရတဲ့ အချုပ်သားတစ်ဦး ကိုဗစ်ပိုးတွေ့ လို့ ရဲစခန်းကို ကန့်သတ်ထားတယ်ဆိုတဲ့သတင်း -လှည်းကူးမှာ စိုက်ပျိုးရေး အခမဲ့သင်တန်းကျောင်း ဖွင့်မယ်ဆိုတဲ့သတင်း -တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးတွေ အများအပြားပါပေမယ့် စာမေးပွဲမအောင်တဲ့ မျက်မမြင်ကျောင်းသားလေးတွေရဲ့ အခက်အခဲ -မြန်မာလုပ်သားတွေကို ခွဲခြားဆက်ဆံလို့ ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းအစိုးရဝက်ဘ်ဆိုက်တွေကို မြန်မာဟက်ကာတွေ တိုက်ခိုက်တယ်ဆိုတဲ့သတင်း -ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရဖို့ ရန်ကုန်မြို့တော်ခမ်းမရှေ့ ဗန္ဓုလပန်းခြံနားမှာ လှုပ်ရှားမှုပြုလုပ်တဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ…
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
16-1-2021 ညနေခင်းသတင်း – SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ပြန်လွတ်ပြီဆိုတဲ့ – နယ်ခြားစောင့်တပ်က နုတ်ထွက်စာတွေကို တပ်မတော်ဖက်က ဆိုင်းငံထား – အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပြီး အမျိုးသားရေးသမားတစ်ဦး ဖမ်းဆီးခံရ – အထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ – ပြည်မြို့မှာ နေအိမ်ထဲဝင်ပြီး ရိုက်နှက်လုယက်မှုဖြစ်ပွား – တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ ထိုင်းအစိုးရစီစဉ် VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့…
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
ဇန်နဝါရီ ၁၅-၂၀၂၁ ၁. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ရှမ်းပြည်နယ်ပါတီရုံးခွဲမှာ တိုင်းရင်းသားပါတီ ၄ ခုနဲ့တွေ့တဲ့သတင်း အကျဉ်းချုပ် ၂- ပြည်အကျဉ်းထောင်က အချုပ်သား ၂ဦး ကိုဗစ်ပိုးတွေ့လို့ ထောင်ကိုအသွားအလာကန့်သတ်လိုက်တဲ့သတင်း ၃- ကန်တော်ကြီးပတ်လမ်းမှာ ကားတစ်စီး အရှိန်လွန်တိမ်းမှောက် လူ နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်း ၄- ကော့သောင်းမှာ ဂက်စ်အိုးတင်လာတဲ့ ၁၀ ဘီးကားမှောက် နေအိမ် ၃ လုံးနဲ့ လူတစ်ဦး မီးလောင်သေဆုံးတဲ့ သတင်း ၅- တ.စ.ည ပါတီရဲ့ တတိယမြောက်ဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်တဲ့ နာရေးသတင်း ၆- ဒီသတင်းကတော့ ထိုင်းရဲစခန်းမှာ အဖမ်းခံထားရတဲ့ ကျမတို့နိုင်ငံက မြန်မာအမျိုးသမီးတဦးကို ရဲအရာရှိက မုဒိမ်းမှုကျူးလွန်တဲ့ သတင်း ၇- ကချင်ပြည်နယ်က တန် ၅…
Read Moreကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ရှောင်အိမ်ထောင်စု ၃၅ စု နေရပ်ပြန်အခြေချဖို့ဆောင်ရွက်
မြစ်ကြီးနား-ဇန်နဝါရီ ၁၅-၂၀၂၁ ရန်အောင်ထွန်း(VOM) ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်းက အိမ်ထောင်စု ၃၀ ကျော် ဒဘတ်ယန်ကျေးရွာမှာ ပြန်လာနေထိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ကချင်ပြည်နယ် စစ်ရှောင်များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အတွင်းရေးမှူ ၃ ဦးခါးလီက ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းမှာ ပြောပါတယ်။ ပြန်လည်အခြေချနေထိုင်သူတွေအတွက် နေအိမ်တည်ဆောက်ရေး ဆောင်ရွက်ပြီးစီးတဲ့ အခါ ကေအိုင်အေဘက်က အိမ်ထောင်စု ၊ လူဦးရေးစာရင်းနဲ့တကွ စေလွှတ်ပေးမှာဖြစ်လို့ သွားကြိုရမယ့်လို့ ဆိုပါတယ်။ ဒဘတ်ယန်ကျေးရွာက နေအိမ်တည်ဆောက်ရေး လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီလကုန်မှာ ပြီးစီးမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်က စစ်ရှောင်တွေနေရပ်ပြန်အခြေချ နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၅ သန်း ကူညီတဲ့အထဲက လက်ရှိမှာ ၂ သန်းခွဲနဲ့ အိမ်အလုံးပေါင်း ၅၁၂ အိမ် တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်အထိ အိမ်အလုံး ၃၀၀ ဝန်းကျင်…
Read More