မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်းစီမံကိန်းအတွက် ပဏာမလုပ်ငန်းတွေစတင်

မန္တလေး စက်တင်ဘာ ၁-၂၀၁၉ နေလင်း (VOM)   ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်က တရုတ်နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ နားလည်မှုစာချွန်လာထိုးခဲ့တဲ့  မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်း ကီလိုမီတာ ၄၀၀ကျော်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တာတွေ ကောင်းကင်မြေတိုင်းတာတွေ မြေပြင်စမ်းသပ်တာတွေ စလုပ်နေပြီဖြစ်ပါတယ်။   ဒီလုပ်ငန်းတွေထဲက ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနဲ့ လူထုသဘောထားတွေသိဖို့ လူထုတွေ့ဆုံပွဲတွေကို Ever Green Tech Environmental Services and Trainning Co.Ltd က ဦးဆောင်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လုပ်နေပါတယ်။   ပြီးတဲ့လက ပုသိမ်ကြီးမြို့မှာလုပ်ခဲ့သလို သြဂုတ် ၃၁ ရက် မနေ့က ပြင်ဦးလွင်မှာလုပ်ခဲ့ပြီး ဒီကနေ့ နောင်ချိုမှာ ပြုလုပ်နေပါတယ်။ မနေ့က ပြင်ဦးလွင်မှာလုပ်တဲ့  လူထုတွေ့ဆုံပွဲမှာ အစိုးရ၊ ပညာရှင် နဲ့ လူထုသဘောထားတွေကို မေးမြန်းပြီး ကိုနေလင်းက…

Read More

ဗစ်တိုးရီးယားအမှု ငါးကြိမ်မြောက်ရုံးချိန်းကို ဒီနေ့ စစ်ဆေးခဲ့

နေပြည်တော်၊ သြဂုတ် ၂၈ – ၂၀၁၉ ကိုထွန်း(VOM)   လူအများစိတ်ဝင်စားခဲ့တဲ့ နေပြည်တော်က ဗစ်​တိုးရီယားအမှုနဲ့ ပတ်သက်ပြီး ပဉ္စမအကြိမ်မြောက်ရုံးချိန်းကို  ဒီနေ့ သြဂုတ် ၂၈ ရက်နေ့လည်ပိုင်းက နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။   ဒီနေ့ ရုံးချိန်းမှာ ဗစ်တိုးရီးယားရဲ့အဘွားနဲ့ ကျောင်းက cctv ကိုအပ်နှံခဲ့တဲ့ ကိုရန်နိုင်ဌေးကိုစစ်ဖို့ ချိန်းထားခဲ့ရာမှာ အဘွားဖြစ်သူကို စစ်ဆေးခဲ့ပေမယ့် ကိုရန်နိုင်ဌေးဘက်က ကွန်ပျူတာပုံးသာပါပြီး Hard disk ပါမလာတဲ့အတွက် စစ်ဆေးဖို့ခက်ခဲတာကြောင့် နောက်ရုံးချိန်းကို ပြန်လည်ရွှေ့ဆိုင်းခဲ့ရပါတယ်။   နောက်​တစ်​ပတ်​ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်​​သို့ ပြန်​လည်​ချိန်​ဆိုခဲ့ပြီး ဗစ်​တိုးရီယား​(ကလေးငယ်)ကိုလည်း စစ်​​ဆေးမယ်လို့ ကလေးငယ်ဘက်က ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။   #voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား

Read More

သဖန်းဆိပ်ဆည်အောက် နစ်မြုပ်သွားတဲ့ ရွာတချို့ ဆည်ရေကျချိန်ပြန်ပေါ်လာ

ကျွန်းလှ၊ဩဂုတ်၂၈-၂၀၁၉ ဟိန်းကို(VOM)   စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့ရှိ၁၉၉၆ခုနှစ်ကသဖန်းဆိပ်ဆည်တည်ဆောက်အပြီးမှာဆည်အတွင်းနှစ်မြုပ်သွားတဲ့ကျေးရွာ(၇၃)ရွာထဲကရွာအချို့ဟာယခုလ၂၄ရက်နေ့ကဆည်ရေကျချိန်မှာပြန်ပေါ်လာတယ်လို့ဒေသခံတွေပြောကြားချက်အရသိရပါတယ်။   ကျွန်းလှမြို့ နယ်မှာ၁၉၉၆ခုနှစ်ကနိုင်​ငံ​တော်​ အစိုးရရဲ့စီမံချက်​နဲ့​ရေ​လှောင်​တမံတည်​​ဆောက်​ခဲ့ပြီး​ရေ​လှောင်​တမံအမည်​ကိုသဖန်းဆိပ်​ဟုမှည့်​​ခေါ်ခဲ့ကာသဖန်းဆိပ်​ဆည်​ တည်​​ဆောက်​ဖို့အတွက်​ ကျွန်းလှမြို့အပါအဝင်​ကျေးရွာ(၇၃) ရွာလုံး​ပြောင်း​ရွှေ့​ပေးခဲ့ရတာလည်းဖြစ်ပါတယ်။   “ခုပေါ်လာတာကတော့ဘုန်းကြီးကျောင်းအချို့ရယ်၊ ရေတွင်းပျက်တွေ၊စေတီအချို့ပေါ်လာတာပါဆည်ဆောက်ပြီးနှစ်၂၀အတွင်းမှာခုလိုပေါ်တာပါ၊ကိုယ့်ရွာကိုလွမ်းတဲ့သူအချို့ကတော့လာကြည့်ရင်းငိုတဲ့သူတွေလည်းရှိတယ်လို့” ကျွန်းလှမြို့ဒေသခံကိုနေခြည်ထက်ကပြောပါတယ်။   ကျွန်းလှမြို့ဟောင်းအပါအဝင်ရွာပေါင်း(၇၃)ရွာနှစ်မြုပ်တဲ့အထဲမှာလက်ရှိတင်းတိန်​ရံ၊ရွာသီရွာ၊ရွှေ​တောင်​၊ပိ​တောက်​ကုန်း၊လက်​ပံကြီး​တော၊ပေါက်​ကုန်း၊ကျွဲတဲ၊ကျီကုန်း၊အင်​တိုင်းရွာတို့ဟာဆည်ရေကျချိန်တပိုင်းတစပြန်ပေါ်လာခဲ့ပြီးအင်တိုင်းရွာကတော့တစ်ရွာလုံးနီးပါပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။သဖန်းဆိပ်ဆည်ရဲ့ကန်ရေပြည့်အမှတ်ဟာ၅၄၅ရှိပြီးလက်ရှိမှာ၅၀၆အထိဆည်ရေကျဆင်းမှုဖြစ်ပေါ်ခဲ့ကာရေနှစ်မြုပ်ခဲ့ပြီးပြန်ပေါ်လာတဲ့ရွာအချို့ကိုသက်ဆိုင်ရာရှေးဟောင်းသုတေသနနဲ့ အဖွဲ့အစည်းတွေက  ထိန်းသိမ်းလေ့လာသင့်တယ်လို့ဒေသခံအချို့ကပြောပါတယ်။   ဆည်တည်ဆောက်ပြီး ၁၉၉၈ ကတစ်ကြိမ်ရေနည်းချိန်မှာ ရွာဟောင်းတွေပေါ်ခဲ့ဘူးပေမယ့် ခုလောက် များများစားစား ပေါ်တာမရှိပဲ ဆည်ထဲမှာရေနည်းသွားလို့ ခုမှ ထင်ထင်ရှားရှားပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ ခုလိုမိုးတွင်းမှာ ဆည်ရေနည်းနေတာဟာ နွေရာသီအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့လည်း ဒေသခံလူကြီးတွေက ခန့်မှန်းနေကြပါတယ်။     #voiceofmyanmar# ကျွန်းလှ #သဖန်းဆိပ်ဆည်    

Read More

အမိမြေဂျာနယ်မှာ မဟုတ်မမှန် ရေးသားလို့ ဆိုပြီး ပုပ္ပါးအောင်မင်းခေါင် သာမဏေကျော်ကျောင်းတိုက်ဆရာတော်ပြန်လည်ရှင်းပြ

ပုပ္ပါး- သြဂုတ် ၂၇-၂၀၁၉ နေလင်း     မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာသာမဏေကျော်စာသင်တိုက်ကို လက်ရှိပိုင်ဆိုင်ထားသူ မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော်  ဒေါက်တာ တေဇောသာရာဘိသံသ ဟာ ပျံလွန်တော်မူသွားတဲ့  အောင်မင်းခေါင်သာမဏေကျော်ဆရာတော်ဆီက အတင်းအဓမ္မဝင်ရောက် ကျောင်းလု သွားတယ်ဆိုတဲ့  သတင်းတပုဒ် အမိမြေဂျာနယ်က ရေးသားခဲ့ပါတယ်။   အောင်မင်းခေါင်သာမဏေကျော်ကျောင်းတိုက်မှာ တစ်ဝါသာ နေသွားခဲ့တဲ့ ရဟန်းတပါးရဲ့ မှတ်ချက်နဲ့  လက်ရှိကျောင်းတိုင်ဆရာတော်ကို မမေးမြန်းဘဲ အမိမြေဂျာနယ်မှာ ရေးသားခဲ့တဲ့အတွက် ကျောင်းတိုက်ဂုဏ်သိက္ခာကျဆင်းပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်စေတာကြောင့် လက်ရှိ စာသင်တိုက်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ ကျောင်းထိုင်ဆရာတော် ဦးခေမိန္ဒက သြဂုတ်လ ၂၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   အမိမြေဂျာနယ် သတင်းမှာပါတဲ့  ကျောင်းတိုက်မှာ တစ်ဝါသာနေသွားတယ်ဆိုတဲ့  ဦးသြဘာသကို တယ်လီဖုန်းနဲ့ဆက်သွယ်လျှောက်ထားတော့ ဒီကျောင်းဟာ အများပိုင်ဖြစ်တာမို့  ကျောင်းတိုက်လွဲပြောင်းစဉ်က စာချုပ်မှာပါတဲ့အချက်တွေကို သူတို့မဖတ်ခဲ့ရဘဲ လက်မှတ်ထိုးခဲ့ရတာဟာ တရားမဝင်ဘူးဆိုပြီး သက်ဆိုင်ရာ သံဃအဖွဲ့အစည်းတွေကို တိုင်ကြားထားတာဖြစ်တယ်လို့…

Read More

မြို့နယ်တရားရုံးက ပလပ်ထားတဲ့ ကိုဆွေဝင်းအမှုကို ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်

မန္တလေး၊ဩဂုတ် ၂၆-၂၀၁၉ ဟိန်းကို(VOM)   ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုမှာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှုမရှိဆိုပြီး  မဟာအောင်မြေတရားရုံးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က အမှုကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။   မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင်ရေးသားလို့ဆိုပြီး ဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေကနေ  မဟာအောင်မြေတရားရုံးမှာ တရားစွဲဆိုထားခဲ့တာပါ။   တရားရုံးက ပလပ်ထားတဲ့အမှုကို တရားလို ကိုကျော်မျိုးရွှေဘက်က ကျေနပ်မှုမရှိတဲ့အတွက် ဒီနေ့ သြဂုတ် ၂၆ ရက်မနက်ပိုင်းမှာတော့ မန္တလေးခရိုင်တရားရုံးမှာ ဥပဒေပြင်ဆင်ချက် ဆက်တက်ခဲ့ပြီး ခရိုင်တရားရုံးက လက်ခံမယ်၊ လက်မခံဘူးဆိုတာကိုလည်း စောင့်ကြည်သွားမယ်လို့ သိရပါတယ်။   #voiceofmyanmar #မန္တလေး #ကိုဆွေဝင်း #

Read More

ရေကြည်ရွာမှာ စီမံကိန်းနယ်မြေကို ခြံဝင်းခတ်ရာက ပဋိပက္ခဖြစ်ပွား ရွာသားတစ်ဦး ဓားခုတ်ခံရ

မန္တလေး၊ ဩဂုတ် ၂၅-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို စီမံကိန်းနယ်မြေဆိုကာ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်ခတ်မှုပြုလုပ်နေစဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။   ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရသလို ကျူးရှင်းလင်းရေးအဖွဲ့ကြောင့် ကျေးရွာသူတစ်ဦး ဓားခုတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ကနဦးပြောပြချက်အရ သိရပါတယ်။   လက်ရှိအချိန်ထိတော့ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ရေတံခွန်တောင် သွားတဲ့လမ်းကို ပိတ်ထားပြီး ခြံဝင်းခတ်နေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။   #voiceofmyanmar #မန္တလေး #ပုသိမ်ကြီး

Read More

အောင်သပြေရွာသား အကျဉ်းထောင်ထဲမှာ သေဆုံးတာဟာ နှစ်ကြီး အကျဉ်းသားတစ်ဦး နှိပ်စက်မှုကြောင့်သာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြော

မန္တလေး၊ ဩဂုတ် ၂၄-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ထွန်းမြင့်ဝင်းဆိုသူ ပါဝင်ခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က သူ့ကိုဖမ်းစီးကာ အကျဉ်းထောင်တွင်းပို့ဆောင်ထားစဉ် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။   အကျဉ်းထောင်ထဲ ပို့ထားပြီး နှစ်ရက်နီးပါအကြာ ဇွန်လ ၅ ရက်မှာတော့ ထွန်းမြင့်ဝင်းဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး  ဒါဟာ နှစ်ကြီးအကျဉ်းသားရဲ့ နှိပ်စက်မှုကြောင့် ဖြစ်တယ်လို့ ဒီနေ့ သြဂုတ် ၂၄ ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးစိုးအောင်က ပြောခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #အောင်သပြေ #အကျဉ်းသားသေဆုံးမှု

Read More

ကျူးကျော်လို့စွပ်စွဲကာ နေအိမ်ဖယ်ရှားခံရသူတွေက ဆန္ဒထုတ်ဖော်

မန္တလေး၊ ဩဂုတ် ၂၃-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်  ဇီးအုပ်ကျေးရွာအုပ်စု  ရေလှောင်ကျေးရွာ ကွင်းအမှတ် (၃၃ – ၄၁)၊ ဦးပိုင်အမှတ် ၁ ကနေ ၆ အထိ မြေကွက်တွေမှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး  စွပ်စွဲခံထားရသူတွေက ဒီနေ့ သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ သူတို့နေထိုင်နေတဲ့မြေကွက်တွေနဲ့ နေအိမ်တွေကို ပြန်လည်ရယူလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   အဲဒီမြေကွက်ပေါ်ရှိနေအိမ်တွေကို ၂၀၁၉ ဇူလိုင်လ ၂၀ ရက်က ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့မြေဆိုကာ နေအိမ်တွေကိုဖျက်သိမ်း၊ ခြံစည်းရိုးခတ်ပြီး သိမ်းဆည်းခံလိုက်ရတဲ့အတွက် နစ်နာမှုတွေ ရှိနေတာကြောင့်  ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။   #voiceofmyanmar #မန္တလေး #ကျူးကျော်

Read More

မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ သတင်းသမားအချို့ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်စာသားပါ အင်္ကျီတွေဝတ်ပြီးတက်ရောက်

မန္တလေး၊ သြဂုတ် ၂၃ – ၂၀၁၉ ရဲရင့်မင်းခန့် ( VOM)   မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့  မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲမှာ မန္တလေးအခြေစိုက် သတင်းသမား ၂၀ ခန့်ဟာ “လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်” စာတန်းပါ အင်္ကျီတွေ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။   မန္တလေးမြို့မှာရှိတဲ့သတင်းသမားတွေထဲမှာ အချို့ဟာ ဌာနဆိုင်ရာသတင်းတွေရယူတဲ့အခါမှာ ခွဲခြားဆက်ဆံခံရတာ၊ အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ ပွဲတွေမှာ မီဒီယာဝင်ခွင့်ကတ်ထုတ်ပေးတဲ့အခါ တချို့သတင်းသမားတွေမရရှိတာတွေ ကြုံနေရတဲ့အတွက် အခုလို မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ အခက်အခဲကို တင်ပြတဲ့သဘောနဲ့ ဝတ်ဆင်ကြတာလို့ ဆိုပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က မန္တလေး မြို့တော်ခန်းမမှာကျင်းပတဲ့ ကင်းထောက်လူငယ်တွေ့ဆုံပွဲမှာလည်း မီဒီကတ် ၂၀ ကျော်အတွက်သာ ထုတ်ပေးခဲ့ပြီး အချို့သတင်းသမားတွေ ဝင်ခွင့်မရခဲ့တဲ့ အခြေအနေတွေအပေါ်မှာ မန္တလေးအခြေစိုက် သတင်းသမားအချို့က ဝေဖန်ပြောဆိုကြတာတွေ…

Read More

ဆွာတမံလို မဖြစ်အောင် လက်ရှိဆည်တမံတွေကို ကြိုတင်ကာကွယ်ဖို့ လိုအပ်

နေပြည်တော်၊ သြဂုတ် ၂၂ -၂၀၁၉ ဒီပ(နေပြည်တော်)   မြန်မာနိုင်ငံအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာ ဆည်တမံပေါင်း (၂၀၀)ကျော်ရှိတဲ့အနက် ဆွာတမံကြီးဖြစ်စဉ်လို ဥပမာထားပြီး လက်ရှိဆည်တမံတွေကို ကြိုတင်စီမံမှုနဲ့ အရေးပေါ် အခြေအနေမှာ ဖြေရှင်းဆောင်ရွက်ဖို့ မန္တလေးတိုင်း အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးရဲ့ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့မှုကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပေါင်းစပ်ဖြေကြားခဲ့ရာမှာ လုံခြုံရေးကဏ္ဍတွေမှာ ရေတို၊ ရေရှည် စီမံဆောင်ရွက်ထားမှု ရှိတယ်လို့ ဖြေကြားခဲ့မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်က အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။   ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပြီး အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။   အခုလို မိုးရာသီကာလ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပဲခူးတိုင်း ဆွာတမံ ကျိုးပေါက်ခဲ့တာဖြစ်ပြီး…

Read More
VOM News

FREE
VIEW