မန္တလေး၊ဩဂုတ်၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေး ပညာရေးကောလိပ်ကကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာဒီကနေ့မနက်ပိုင်းကကောလိပ်ကျောင်းဝင်းအတွင်းမှာပဲပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများနဲ့အခြေခံပညာရှိပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီဝင်များအပေါ်ဖိနှိပ်ချုပ်ချယ်မှုများရှိနေတဲ့အတွက်ဖဲကြိုးစိမ်းလှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့်သမဂ္ဂအဖွဲ့ဝင်များသည်၂၀၁၈စက်တင်ဘာလကတည်းကတောင်းဆိုမှုများပြုလုပ်လာခဲ့ပြီးယနေ့အချိန်ထိဖြစ်မြောက်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက်ဖဲကြိုးစိမ်းလှုပ်ရှားမှုများကိုဆက်လက်လုပ်ဆောင်နေရခြင်းဖြစ်တယ်လို့ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီကနေသိရပါတယ်။ #voiceofmyanmar #ပညာရေးကောလိပ် #ဖဲကြိုးစိမ်းလှုပ်ရှားမှု #မန္တလေး
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
NLDပါတီCEC အစည်းအဝေးကနေ CEC တဦးကို နုတ်ထွက်ခွင့်လက်ခံလိုက်ကြောင်းနဲ့ ဗဟိုသုတေသနမှူးကို တာဝန်ရပ်ဆိုင်း
နေပြည်တော်သြဂုတ်၁၈-၂၀၁၉ ကိုထွန်း သြဂုတ်လ၁၈ရက်မွန်းလွဲ၁နာရီနေပြည်တော်၊စည်ပင်ဧည့်ရိပ်သာ၊စားရိပ်သာ ၅မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါတယ်။ ဗဟိုကော်မတီဝင် ဦးအောင်စိုးနုတ်ထွက်စာကို လက်ခံလိုက်တဲ့အတွက် အစားထိုးဖို့စီစဉ်နေကြောင်းနဲ့ ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်ကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ ဒီနေ့ အစည်းအဝေးကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်ခင်ထွေးမြင့်၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးတင်ထွန်းဦး၊ ဦးထွန်းထွန်းဟိန်၊ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာမြင့်နိုင်၊ ဦးအောင်ကြည်ညွန့်၊ ဦးညီပု၊ ဦးအင်ထုံခါးနော်ဆမ်၊ ဒေါက်တာအောင်မိုးညိုနဲ့ဦးဖြိုးမင်သိန်းတို့တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #NLDCEC #ဒေါက်တာမျိုးညွန့်
Read Moreမူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်မယ့်စီမံကိန်းကို ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းတဲ့အဖွဲ့ စိုးရိမ်မှုများဖြစ်ပေါ်နေ
မန္တလေး၊ဩဂုတ် ၁၇-၂၀၁၉ ဟိန်းကို( VOM ) မန္တလေး-ပြင်ဦးလွင်-လားရှိုး-မှုဆယ်ထိ အချိန်၃နာရီနဲ့ ရောက်နိုင်မယ့် ရထားလမ်းသစ် စီမံကိန်းကို ရထားလမ်းဖြတ်သွားမယ့် နယ်မြေအတွင်းက ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့တွေက စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ ရထားလမ်းမှာ ၄ပေနဲ့ ၈လက်မခွဲရှိ လျှပ်စစ်ရထားနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ရထားလမ်းအရှည်မှာ ၄၁၄ကီလိုမီတာရှိကာ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမယ့် ရထားလမ်းဖြစ်ပါတယ်။ ရထားလမ်းဖောက်မယ့် ဒေသအတော်များများမှာ လမ်းဖောက်မှာဖြစ်တဲ့အတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့က သုံးသပ်ပြောဆိုနေပြီး လူမူရေးအကြောင်းအရ လူကုန်ကူးမှုတွေ နဲ့ ယဉ်ကျေးမှုရေးရာတွေ စီးမျှောသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar#မန္တလေး#မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း#
Read Moreစစ်ကိုင်းမြို့က “ရုပ်စုံကျောင်း” စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးနိုင်
စစ်ကိုင်း၊ သြဂုတ် ၁၄ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM) နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းတောင်အဆင်းလမ်းက အရိယ၀ံသချောင် “ရုပ်စံကျောင်း”ဟာ အခုချိန်မှာတော့ စည်းကမ်းမဲ့ ဘုရားဖူးတွေကြောင့် ပျက်စီးမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတာကြောင့် အဲဒီ ကျောင်းကို “ရုပ်စုံကျောင်း” လို့ခေါ်တွင်ခဲ့ကြတာလို့ မှတ်သားရပါတယ်။ ရုပ်စုံကျောင်းကို အင်းဝခေတ် ရေငုံဆရာတော်ကြီးထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင် “ဒုတိယမင်းခေါင်” ကနေ ကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”ကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပခရီးသွားတွေပါ လာရောက်လေ့လာကြပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးကြလေ့ရှိပါတယ်။ #voiceofmyanmar…
Read More၂၀၁၄ သန်းခေါင်စာရင်း ကောက်ခဲ့ပေမယ့် တိုင်းရင်းသားတွေရဲ့ မျိုးနွယ်စုအလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးတာမရှိလို့ လွှတ်တော်မှာ မေးမြန်း
နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၁၉ ကိုထွန်း(VOM) တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဒီနေ့ သြဂုတ် ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိမရှိ ဆိုတဲ့မေးခွန်းကို ကြယ်ပွင့်ပြ မေးမြန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီး ဖြစ်ပေမယ့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် ထုတ်ပြန်ပေးဖို့ အစီအစဉ် ရှိမရှိ၊ ရှိပါက ဘယ်အချိန်အခါမှာ ထုတ်ပြန်မယ်၊ မထုတ်ပြန်နိုင်ပါက ဘာကြောင့်မထုတ်ပြန်နိုင်သေးကြောင်းကို သိရှိလိုတဲ့အတွက် မေးမြန်းခဲ့တာလို့ သိရပါတယ်။ ဦးလှထွန်းကျော်ရဲ့မေးမြန်းမှုနဲ့…
Read MoreHIV ကလေးတို့ရဲ့ ခိုကိုးရာ
မန္တလေး၊ သြဂုတ် ၁၃ – ၂၀၁၉ ဖြူဖြူ (VOM) HIV ဝေဒနာသည်လို့ကြားရင် ရှောင်ကျဉ်တတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကလည်း ရှိနေသေးတဲ့အချိန်မှာ ဒီရောဂါခံစားနေရသူတွေအတွက် နေ့စဉ်ဖြတ်သန်းမှုတွေက ခက်ခဲပါတယ်။ အထူးသဖြင့် မိဘမရှိတော့တဲ့ HIV ရောဂါသည် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် လူ့ပတ်ဝန်းကျင်မှာ အများနည်းတူရှင်သန်နိုင်ဖို့ ခက်ခဲသလို အဲဒီကလေးတွေ ကိုယ်တိုင်ကလည်း စိတ်ခွန်အားကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုကလေးတွေအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ဧရိယာထဲမှာ သုခရိပ်မြုံဆိုတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးက ကြိုဆိုနေပါတယ်။ အသက်တစ်နှစ်ခွဲကနေ ၁၂ နှစ်အတွင်း HIV ရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို လူမျိုးဘာသာမရွေး လက်ခံကာ တရားဝင်မွေးစားပြီး ပြုစုစောင့်ရှောက်ထားပါတယ်။ အဲဒီကလေးတွေ အိမ်ထောင်ကျတဲ့အထိ ဒါမှမဟုတ် ကိုယ်တိုင်စီးပွားရေးလုပ်ကိုင် အခြေကျသွားတဲ့အထိ စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။ သုခရိမ်မြုံဂေဟာကို…
Read Moreငပုတောမှာ ကမ္ဘာ့ဆင်များနေ့ ကျင်းပ
ငပုတော၊ သြဂုတ် ၁၂ – ၂၀၁၉ ကိုအောင်(VOM) ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်း ငပုတောမြို့နယ် တင်းချောင်းကျေးရွာက ထန်းတစ်ပင်ဆင်စခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ သစ်ထုတ်လုပ်ရေးလုပ်ကိုင်ခဲ့တဲ့ ဆင်အို ၅ ကောင်နဲ့ တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းမှာ ပါဝင် ကူညီနေတဲ့ ကွန်ဂျီဆင် ၃ ကောင်ကို ကြံ၊ ဌက်ပျောသီး၊ ပြောင်းဖူး၊ ဖရဲသီး၊ ၀ါးရွက်နု စတဲ့ အစားအစာတွေကို ဘူဖေးပုံစံနဲ့ ကျွေးခဲ့ပါတယ်။ ဆင်တွေကို တန်ဖိုးထားတတ်စေဖို့နဲ့ ဆင်သတ်ဖြတ်မှုတွေ လျော့ကျဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေတွေမှာ တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်ကောင်ရေက ၆၀၀၀ ခန့်ထိရှိပြီး ဧရာဝတီတိုင်းမှာတော့ ဆင်ကောင်ရေ ၄၅၀ ကျော်ရှိတဲ့အတွက်…
Read Moreမန္တလေးတက္ကသိုလ် ဥပဒေပညာဌာနက တရားခွင် သရုပ်ပြ ပြိုင်ပွဲကျင်းပ
မန္တလေး၊ဩဂုတ် ၁၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်ဥပဒေဌာနနဲ့ Mandalay University Law Students’ Association-MULSA ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းကာ တရားခွင်ပုံစံအစစ်နဲ့ အနီးကပ်ဆုံးတူညီအောင်ပြုလုပ်ထားတဲ့ တရားခွင်(သရုပ်ပြ)ပြိုင်ပွဲကို မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ဩဂုတ် ၁၁၊ ၁၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက္ကသိုလ်မှာ စာတွေ့သာသင်ကြားနေရပြီး လက်တွေ့သင်ကြားမှု အားနည်းနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ လက်တွေ့ကျကျ တရားခွင်မှာ စစ်မေးနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #vouceofmyanmar #မန္တလေး
Read Moreပြည် ညဈေးတန်း ဆိုင်ခန်းတွေ အင်အားသုံးဖယ်ရှား
ပြည် သြဂုတ် ၁၁-၂၀၁၉ လမင်း (VOM) ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှာရှိတဲ့ ပြန်ကြားရေးဌာနမြေနေရာက ညဈေးတန်းဈေးဆိုင်ခန်း ၁၁ ခန်းကို သြဂုတ်လ ၁၁ ရက်နေ့မနက်က အိမ်ရှေ့ဥပဇာမှု့နဲ့နှင်ထုတ်ရာမှာ ဈေးဆိုင်ခန်း ၃ ခန်းသာနှင်ထုတ်ရခဲ့ပြီး ကျန်ဆိုင်ခန်းတွေကဆိုင်ရှင်တွေကတော့ ဖယ်ပေးခဲ့ခြင်းမရှိတာကြောင့် အပြန်အလှန်ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ် ။ ဒီဆိုင်ခန်းတွေကို ပြန်ကြားရေးဌာနက ကန်ထရိုက်ပေးပြီးဆောက်လုပ်ခိုင်းခဲ့တာဖြစ်ပြီး ကန်ထရိုက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ကန်ထရိုက်ကတဆင့် ယခုပိုင်ရှင်တွေထံငှားခဲ့ပြီး ၅ နှစ်ပြည့်သွားတဲ့အချိန်မှာတော့ ပြန်ကြားရေးဌာနနဲ့ ဆိုင်ရှင်တွေ တနှစ်တခါစာချုပ်ချုပ်ဆိုပြီး ဆက်လက်ငှားရမ်းခဲ့ကြတာပါ ။ ၂၀၁၅ ကစပြီး ဒီနေရာမှာ Community Center တစ်ခုဆောက်လုပ်မှာဖြစ်တာမို့ စာချုပ်ချုပ်ဆိုခြင်းမရှိတော့ဘဲ ဖယ်ခိုင်းနေတာဖြစ်ပါတယ် ။ ဒီနေ့လာရောက်ဖယ်ရှားခိုင်းတဲ့အချိန်မှာ လာရောက်ဖယ်ရှားသူတွေက ဆိုင်ခန်းရှင်တွေကို ၀ရမ်းမပြဘဲဖယ်ရှားပေးခိုင်းတာတွေရယ် ဆိုင်ခန်းရှင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ပြန်ကြားရေးရုံးကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ၀န်ကြီးဌာနတွေကကို ဒီကိစ္စကိုမသိဘဲဆောင်ရွတ်တဲ့အတွက် လက်မခံသလို…
Read Moreတစ်နှစ်မှာတစ်ရက်တည်း ကျင်းပတဲ့ မန္တလေးမြို့က မနှဲလေးပွဲ (ခေါ် )အိုးပုတ်ပွဲတော်
မန္တလေး၊ ဩဂုတ် ၈-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ တစ်ရက်တည်းသာ ကျင်းပတဲ့ မနှဲလေးပွဲ (ခေါ် )အိုးပုတ်ပွဲတော် ကျင်းပဖြစ်ခဲ့ပုံကို ရိုက်ကူးဖော်ပြထားပါတယ်။ တစ်ဆင့်စကားတွေအရ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တောင်ပြုန်းပွဲတော်ကို သွားရောက်ရောင်းချမယ့် စဥ့်အိုး၊ မြေအိုးသည်တွေဟာ အဲဒီနေရာမှာ ခရီးတထောက်နားချိန် ဒေသခံတွေက ဝယ်ယူကြရင်းက အခုလို အိုးပုတ်ပွဲဖြစ်လာခဲ့တာပါ။ အိုးပုတ်ပွဲကို အရင်က အိုးပုတ်ခိုးပွဲလို့လည်း ခေါ်ကြပါတယ်။ ရိုးရာမပြတ် နှစ်စဉ်ကျင်းပလာခဲ့တဲ့ အိုးပုတ်ပွဲဟာ ဒီနှစ်မှာ ပိုရောင်းရတယ်လို့ အိုးပုတ်သည်တွေဆီက သိရပါတယ်။ #voiceofmyanmar #မန္တလေး #အိုးပုတ်ပွဲ
Read More