နေပြည်တော်၊ ဇန်နဝါရီ – ၁၆- ၂၀၂၆ VOICE OF MYANMAR နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော် မှာ တည်ရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိတဲ့ ဗုဒ္ဓဥယျာဥ်တော်ဆီကို ဘုရားဖူးတခေါက် ရောက်ခဲ့ပါတယ်။ ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ကြည်ညိုဖွယ်ကောင်းတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး အပြင် ကျောက်စာစေတီ၊ စေတီငယ်တွေ အပါအဝင် သာသနာအဆောက်အဦတွေနဲ့ မုစလိန္နအိုင် တို့ တည်ရှိပြီး ၂၂၈ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။ ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ဝိနည်းပိဋကတော်၊ သုတ္တန်ပိဋကတော်၊ အဘိဓမ္မာပိဋကတော် ဆိုတဲ့ ပိဋကသုံးပုံ ကျောက်စာတွေ ထွင်းထုထားတဲ့ ကျောက်စာတိုက်တော် ၇၂၀ ရှိပြီး ကျောက်စာတိုက်တော်ရဲ့ အထွဋ်တိုင်းမှာ ပုဂံခေတ်လက်ရာအတိုင်း ရွှေစည်းခုံစေတီတော် ပုံစံတူ စေတီငယ်တွေကိုလည်း တည်ထားကိုယ်းကွယ်ထားတာ တွေ့ရပါတယ်။ ဘူမိဖဿမုဒြာဟန်နဲ့ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရာပ်ပွားတော်ကြီး ဟာ ပလ္လင်တော်အမြင့်…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ဒုတိယပိုင်းရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနဲ့ ကိုယ်စားလှယ်လောင်းတွေ အမရပူရမှာ မဲဆွယ်စည်းရုံး
အမရပူရ-ဇန်နဝါရီ၅-၂၀၂၆ VOM အမရပူရမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်စောမြိုင်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဦးဇော်အောင်ထက် တို့ဟာ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် တိုးချဲ့(၄) ရပ်ကွက်မှာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲလုပ်သလို မဲပေးစနစ်ရှင်းပြတာနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးဟောပြောတာတွေကို ဒီနေ့ ဇန်နဝါရီ ၅ရက် မွန်းလွဲပိုင်းက လုပ်ခဲ့ပါတယ်။ ဒီမဲဆွယ်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #အမရပူရ #ပြည်ခိုင်ဖြိုး #ဦးသိန်းထွန်းဦး #ဒေါ်စောမြိုင် #ဦးဇော်အောင်ထက်
Read Moreပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နဲ့ ကိုယ်စားလှယ်လောင်းတွေ အောင်မြေသာစံ အနောက်ပိုင်းမှာ မဲရဖို့စည်းရုံး
မန္တလေး ၊ ဒီဇင်ဘာ ၅-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မန္တလေးမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ နေရာစိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။ ဒီနေ့ ဒီဝင်ဘာ ၅ရက် မနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဟိန်းမင်းဦးနဲ့ တိုင်းဒေသကြီး PR ကိုယ်စားလှယ်လောင်း ဦးကျော်ဆန်းတို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက်…
Read Moreပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးတဲ့ ဦးဟိန်းမင်းဦး
မန္တလေး ၊ ဒီဇင်ဘာ- ၅-၂၀၂၅ VOICE OF MYANMAR မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃ )ကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးဟိန်းမင်းဦးနဲ့ VOM အယ်ဒီတာချုပ် ဦးနေလင်းတို့ သီးသန့်မေးမြန်းခန်းမှာ ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို ပိုမိုခိုင်မာအောင် ထမ်းဆောင်ပါမယ်၊ ဘဝမှာ သသင်ကြားခဲ့တဲ့ ပညာ၊ အတွေ့အကြုံ၊ အရည်အချင်းတွေကို ပြည်သူတွေအတွက် စေတနာထားပြီး အစွမ်းကုန် စွမ်းဆောင်မယ်ဆိုတဲ့အကြောင်းနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် မဲစာရင်းတွေ စစ်ဆေးဖို့ လုပ်ဆောင်ပေးနေတဲ့ အကြောင်းတွေကို ဦးဟိန်းမင်းဦးက ပြောပါတယ်။
Read Moreဓမ္မသံတော်ဆင့်စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက်
မန္တလေး၊ နိုဝင်ဘာ- ၂၄- ၂၀၂၅ SA(VOM) မြန်မာသံတော်ဆင့် သတင်းဌာန၊ ဓမ္မသံတော်ဆင့် စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ် မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၂ လမ်း၊ ၃၄ လမ်း ၃၅ လမ်းကြားက ဗြဟ္မစိုရ်အသင်း စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်ကို တက်ရောက်လာသူများနဲ့ သတင်းဌာနတွေကို စာအုပ်ဝေငှပြီး မိတ်ဆက်ခဲ့သလို ဗြဟ္မစိုရ်အသင်းစာကြည့်တိုက်ကိုလည်း စာအုပ်တွေ လှူဒါန်းခဲ့ပါတယ်။ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက် လှူဒါန်းပွဲ အခမ်းအနားမှာ မြန်မာသံတော်ဆင့် သတင်းဌာနက ထုတ်ဝေသူ ဦးကျော်စွာဝင်း/ ဓမ္မပါလမြို့သား(မောင်ရေစက်) က အဲ့ဒီစာအုပ်ကို…
Read Moreမြို့က မ တဲ့ မြို့မအသင်း နှစ် ၁၀၀ ပြည့်ပြီ
မန္တလေး၊ နိုဝင်ဘာ- ၂၉- ၂၀၂၅ Voice Of Myanmar မြန်မာ့ယဥ်ကျေးမှုနဲ့ အနုပညာပမာဏ အကြီးမားဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်း ဟာ အခု ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တာကြောင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံ ခမ်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က ရပ်မိရပ်ဖတွေနဲ့ မန္တလေးသူ မန္တလေးသားတွေအပါအဝင် မြို့က မ ကြတဲ့ အသင်းကြီးမို့ မြို့မအသင်းကြီး လို့ နာမည်တွင်ခဲ့တဲ့အကြောင်းတွေနဲ့ မြို့မအသင်းရဲ့ သမိုင်း ကြောင်းတွေကို အသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာလှခိုင် က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး…
Read Moreအမရပူရမှာ တစည ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူ
နိုဝင်ဘာ ၂၉-၂၀၂၅ Voice Of Myanmar တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဟာ အမရပူရမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူစည်တဲ့နေရာတွေမှာ မဲဆွယ်ဆိုင်းဘုတ်တွေကို ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်ကလိုက်လံစိုက်ထူခဲ့ပါတယ်။ အမရပူရမြို့နယ်ကနေ တစညပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မျိုးရွှေ၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်အတွက်ဒေါ်ဝင်းဝင်းအေးတို့က ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမရပူရကနေဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ပြည်သူအတွက် ဘာလုပ်ေပးကြမလဲ VOM ရဲ့ ရုပ်သံသတင်းအတွက် ေမးမြန်းခဲ့ပါတယ်။
Read Moreပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် အောင်နိုင်ရေးဆိုင်းဘုတ်တင်
မန္တလေး နိုဝင်ဘာ ၂၁-၂၀၂၅ မန္တလေးတိုင်း၊မဟာအောင်မြေခရိုင်မှာပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲကို ၇၈လမ်းနဲ့ ၃၈ လမ်းထောင့်မှာ ဒီနေ့ နိုဝင်ဘာ ၂၁ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ မဟာအောင်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှလှ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသံလွင်ထွန်း၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းစွမ်းမောက်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပြည့်ဖြိုးအောင်၊ တိုင်းဒေသကြီး အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးဝေလွင်ဖြိုး၊ မဲဆန္ဒနယ် အမှတ်၂ အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်းဦးဇော်မျိုးဦးတို့ကို VOMက တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါတယ်။
Read Moreပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တို့ မန္တလေးမှာ မဲဆွယ်ပွဲစိပ်လာ
မန္တလေး ၊နိုဝင်ဘာ ၂၂-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မန္တလေးမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ နေရာစိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။ ဒီနေ့နိုဝင်ဘာ ၂၂ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် နန်းရှေ့ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦးကျော်ဆန်းနဲ့ ဦးခင်မောင်မြင့်တို့…
Read Moreပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲနဲ့ ရွေးကောက်ပွဲကြေငြာစာတမ်း လူထုထံတင်ပြပွဲ မန္တလေးမှာ ကျင်းပ
မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၅ Voice Of Myanmar မန္တလေးမြို့လယ်မှာရှိတဲ့ မြို့တော်ခမ်းမမှာ ဒီကနေ့ နိုဝင် ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး မန္တလေးတိုင်းအတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးခဲ့ပြီး ပါတီရဲ့ ရွေးကောက်ပွဲ ကြေငြာစာတမ်းကိုလည်း လူထုဆီတင်ပြတဲ့ အခမ်းအနားကျင်းပခဲ့ပါတယ်။ ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့ သတ်မှတ်ကိုယ်စားလှယ်လောင်း ပြည့်မီရေး ရုန်းကန်နေရ ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးခင်ရီနဲ့ မန္တလေးတိုင်းကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ် ၉၀ ကျော်တက်ရောက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တွေ တက်ရောက်ခဲ့ပါတယ်။
Read More