ခွင့်ပြုမိန့်မပေးသော်လည်း မန္တလေး မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်တင်

မန္တလေး ဇန်နဝါရီ ၂၆-၂၀၁၉ ထိန်လင်း (VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူဦးဆောင် ဖွင့်လှစ်ထားတဲ့ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းရဲ့  ၄ထပ်ကျောင်းဆောင်ဆောက်လုပ်ဖို့ကို သက်ဆိုင်ရာက တားမြစ်ထားပါတယ်။ ဒီကနေ့ ပန္နက်တင်အခမ်းအနားမလုပ်ခင်ညက မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဆက်မလုပ်ဖို့ လက်ရောက်တားမြစ်ခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ ပန္နက်တင်အခမ်းအနားကို အမျိုးသားရေးကိုထောက်ခံတဲ့ ဆရာတော်တွေနဲ့ ဒေသခံတွေပေါင်းပြီး ပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားအပြီးမှာ ဆရာတော်ဦးဝီရသူက မဟော်သဓာကျောင်းကို သူတို့မဖြစ်မနေလုပ်ဆောင်မယ့်အကြောင်းကို ခုလိုမိန့်ခဲ့ပါတယ်။ #VOICEOFMYANMAR#ဦးဝီရသူ#မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း

Read More

အသက်​(၈)နှစ်​အရွယ်​ မိန်းက​လေးအား အဓမ္မပြုကျင့်​ခဲ့သူကို ဖမ်းဆီးရမိ

မန္တ​လေး၊ ဇန်​နဝါရီ ၂၅-၂၀၁၉ ဟိန်းကို(VOM) ဒီဇင်​ဘာ ၁၄ရက်​​နေ့က ပြည်​ကြီးတံခွန်​မြို့နယ်​ထဲမှာ အသက်(၈)နှစ်အရွယ် မိန်းကလေးကို မန္တလေး-ပြင်ဦးလွင်လမ်း၊ ပြင်စာကျေးရွာနားက ​တောစပ်​ကို ​ခေါ်ပြီး အဓမ္မပြုကျင့်​ကာ ရိုက်​နှက်​နှိပ်စက်​ခဲ့တဲ့ သီဟနိုင်(​ခေါ်)အသေးလေး အသက်(၂၉)နှစ်၊ (ဘ)ဦးကျော်သူအောင်ကို ၂၀၁၉ခုနှစ်​ ဇန်​နဝါရီ ၂၄ရက်​​နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ရပ်စောက်မြို့မှာ ဖမ်းဆီးရမိတယ်​လို့ ပြည်​ကြီးတံခွန်​မြို့နယ်​ စက်​မှုနယ်​​မြေရဲစခန်း စခန်းမှူး ရဲအုပ်​​ကျော်​​ကျော်​လတ်​ က ​ပြောပါတယ်​။ ဖမ်းဆီရမိတာနဲ့ ပက်​သက်​ပြီး ကျွန်​​တော်​တို့ VOMသတင်းဌာနက အဓမ္မပြုကျင့်​ခံခဲ့ရတဲ့ မိန်းက​လေး ရဲ့ အိမ်​ကို သွား​ရောက်​​မေးမြန်းရာ ” ကျွန်​​တော်​တို့က​တော့ လက်​​တွေ့ခံစားရတဲ့သူ​လေ ခုသူ့ကိုဖမ်းမိပြီဆိုလည်း ​နောက်​သူက ပြန်​လွတ်​လာလို့ရှိရင်​ ဒီ​ကောင်​က ဒီလိုမျိုးဆက်​လုပ်​​နေအုံးမှာပဲ​လေ။ သူများသားသမီး​တွေကိုလည်း ဒီလိုဆက်​လုပ်​ ​စော်​ကား​နေအုံးမှာပဲ​လေ။ အမှုကျူးလွန်​ပြီးရင်​ ​နောက်​ထပ်​ကျူးလွန်​ဖို့က လွယ်​သွားပြီ​လေ အဲ့​တော့ကျွန်​​တော်​တို့က တခါတည်း ကြိုးမိန့်​ပဲချ​စေချင်​တယ်​” လို့ မိန်းက​လေးရဲ့…

Read More

ရခိုင်စစ်ဘေးရှောင်တွေ အိမ်ပြန်ချင်သော်လည်း

စစ်တွေ ဇန်နဝါရီ ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုရပ်စဲပေးဖို့ စစ်ဘေးရှောင်တွေက လိုလားနေကြပါတယ်။ လက်ရှိမှာတော့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာခဲ့ကြရတဲ့အတွက် အလုပ်အကိုင်တွေနဲ့ စပါးခင်းတွေကို မရိတ်သိမ်းဘဲစွန့်ပစ်ထွက်ပြေးလာခဲ့ရတာဖြစ်တယ်လို့ စစ်လေးရှောင်တွေက ပြောပါတယ်။ #voiceofmyanmar#ရခိုင်စစ်ဘေးရှောင်

Read More

မန္တ​လေးတိုင်း​ဒေသကြီး ရဲ့ e-Goverment စနစ် စတင်​အ​ကောင်​အထည်​​ဖော်

မန္တ​လေး၊ ဇန်​နဝါရီ ၂၄-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီး အစိုးရရဲ့ လက်​ရှိလုပ်​​ဆောင်​​နေတဲ့ လုပ်​ငန်း​ဆောင်​တာ​တွေကို ICTနည်းပညာသုံးကာ ပိုမိုမြန်​ဆန်​ပြီး ပြည်​သူ​တွေကို ဝန်​​ဆောင်​မှု​ပေးတဲ့ စနစ်​(e-Government) စင်​တာဖွင့်​လှစ်​ပွဲကို ​ဒီက​နေ့ ​နေ့လည်​၁နာရီက မန္တ​လေးတိုင်း​ဒေသကြီး လွတ်​​တော်​ရုံး​ဟောင်းမှာ ပြုလုပ်​ခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#e-Govermentစင်​တာ#

Read More

မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ အ​နေနဲ့​​ ​ပေးလိုက်​တဲ့ကတိကဝတ်​ကို တကယ်​ကြိုးစား​ပေးလိမ့်မယ်လို့ ​​ကျောင်းသား​​တွေမျှော်လင့်

မန္တ​လေး၊ ဇန်​နဝါရီ ၂၄-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲက ဝန်​ကြီး​တွေနဲ့ ​​ကျောင်းသားသမဂ္ဂကိုယ်​စားလှယ်​​တွေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးမှုကို ဒီက​နေ့ မနက်​ပိုင်းက တိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်​ခဲ့ပါတယ်​။ ​ “မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ က တက်​နိုင်​တဲ့ဘက်​က ဖမ်းဆီးခံထားရတဲ့​ကျောင်းသား​တွေရဲ့ အမှု​တွေကို ​ဖြေ​လျှော့​ပေးသွားမှာဖြစ်​ပြီး မန္တ​လေးတိုင်းအတွင်းက ​ကျောင်းသား​တွေအသတ်​ခံရတဲ့ အမှု​တွေကိုလည်း အတတ်​နိုင်​ဆုံး ​ဆောင်​ရွက်​​ပေး​နေတယ်​လို့” ​တွေ့ဆုံမှုမှာ ပါဝင်​တဲ့ ပခုက္ကူ ​တက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေးမှူး ကိုသက်​​မောင်​​မောင်​က ​ပြောပါတယ်​။ ​တွေ့ဆုံမှုမှာ ​မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ၊ လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး ​ကျော်​​ကျော်​မင်း နှင့်​ အခြား​သောသက်​ဆိုင်​ရာဝန်​ကြီး များနဲ့ ​ကျောင်းသားသမဂ္ဂ ကိုယ်​စားလှယ်​(၃)ဦး တို့​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး ​​တွေ့ဆုံမှုမှာ​ ဝန်​ကြီးချုပ်​​ပေးခဲ့တဲ့ ကတိကဝတ်​​တွေကိုလည်း တကယ်​ကြိုးစား​ပေးပါလို့ ​ကျောင်းသားသမဂ္ဂကိုယ်​စားလှယ်​​တွေက ​ပြောပါတယ်​။ #voiceofmyanmar#မန္တ​လေး#ဝန်​ကြီးအဖွဲ့နဲ့​ကျောင်းသားသမဂ္ဂတို့တွေ့ဆုံ

Read More

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍမှာ ပြည်သူတွေ ယုံကြည်ကိုးစား ရှိလာဖို့အရေးအတွက် အဆိုတင်သွင်း

နေပြည်တော် ဇန်နဝါရီ ၂၃-၂၀၁၉ ဒီပ(နေပြည်တော် VOM) ဇန်နဝါရီလ(၂၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး ကနေ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးကဏ္ဍ ဖြစ်ထွန်းဖို့နဲ့ တရားသူကြီး အမှုသည်နဲ့ သက်သေများဟာ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေးနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ပါတယ် ။ ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီးတဲ့နောက် ဆွေးနွေးမယ့် ကိုယ်စားလှယ်များဟာ အစည်းအဝေးနားချိန်မှာ အမည်စာရင်းတင်သွင်းဖို့ လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သလို မကြာခင်ဆွေးနွေးသွားဖွယ်ရှိပါတယ်။ ဒီအဆိုတင်သွင်းတဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပြည်သူနဲ့တရားသူကြီးတွေရဲ့အကြား ယုံကြည်မှုကို အထောက်အပံ့ဖြစ်စေမယ်လို့ ဦးစိုးမိုးက အခုလို ပြောကြားခဲ့ပါတယ်။ #voiceofmyanmar#တရားစီရင်ရေးကဏ္ဍ#ဦးစိုးမိုး#  

Read More

ရပ်ကွက်အုပ်ချုပ်ရေးမှုး ပြောင်းလဲခန့်အပ်တဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြ

မုံရွာ ဇန်နဝါရီ ၂၀-၂၀၁၉ ဓါတ်ပုံ အောင်နေမျိုး စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးတာမှာ မဲနဲ့အနိုင်ရခဲ့တဲ့ အုပ်ချုပ်ရေးမှုးကို ဖယ်ရှားပြီး မဲရှုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးလောင်းကို မြို့နယ်ထွေအုပ်ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြန်လည်ပြောင်းလဲပြီး ခန့်အပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေက မကျေနပ်တာကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက အင်အား ၂၅၀ ကျော်နဲ့ မြို့ထဲလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

Read More

ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲကိုပြည်မြို့တွင်ကျင်းပ

ပြည် ဇန်နဝါရီ ၂၀-၂၀၁၉ လမင်း (ပြည် VOM)   ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်က ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲ နှင့်အတူ ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။   ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ပြည်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စုရပ်ထားပြီးကျင်းပပြုလုပ်ခဲ့ကာ မနက် ၅ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့မှတာလွတ်၍ လမ်းရှည်လမ်း ၊ လမ်းမတော်လမ်း ၊ ဗိုလ်ချုပ်လမ်း ၊ တာဂွထိ စီးနင်းခဲ့ကြပြီး တာဂွမှတစ်ဆင့် စတင်ထွက်ခွာရာလမ်းကြောင်းအတိုင်းပြန်လည်ပန်းဝင်ခဲ့ပါတယ်။   လူထုစက်ဘီးစီးပြိုင်ပွဲကို မနက် ၆ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့၌စတင်တာလွှတ်ခဲ့ပြီး ထိုမှတဆင့် လမ်းရှည်လမ်း ၊ နဝင်းလမ်း ၊ ဇရစ်ချောင်လမ်း ၊ အောင်လံ – ပြည်လမ်းမကြီး ၊ ဗိုလ်ချုပ်လမ်း…

Read More

ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို ပုဂံဒေသခံများ ကန့်ကွက်

ဇန်နဝါရီ ၁၉၊ ၂၀၁၉ အောင်မြင့် (VOM) ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေမူကြမ်းဟာ ပုဂံယဉ်ကျေးမှုနယ်မြေလို နေရာမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေကို အခက်အခဲတွေ ဖြစ်စေတယ်ဆိုပြီး ပုဂံဒေသခံတွေက ကန့်ကွက်နေကြတာပါ။ ဒီဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ရှေးဟောင်းအဆောက်အဦတွေ၊ စေတီပုထိုးတွေကို အမှန်တကယ်ကာကွယ်ပေးနိုင်မှု အားနည်းနေတဲ့အပြင်၊ တဖက်မှာလည်း ရှေးဟောင်းဇုံနဲ့ လွတ်ကင်းတဲ့ ပတ်ဝန်းကျင်က ဒေသခံတွေအတွက် နေအိမ်ဆောက်တာ၊ ခြံစည်းရိုးခတ်ဖို့ မြေကျင်းတူးတာလိုမျိုးတွေမှာ ခက်ခဲမှုတွေ ဖြစ်လာစေတာကြောင့်၊ ဒီဥပဒေကို ပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ဒီဥပဒေဟာ ဘယ်လို အားနည်းချက်တွေရှိနေလဲ၊ ဒေသခံတွေကို ဘယ်လိုတွေ အခက်အခဲဖြစ်နေစေသလဲ ဆိုတာတွေကို အောင်မြင့်က ရိုက်ကူးပေးပို့ထားပါတယ်။

Read More

စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု တောင်သမန်အင်းတစ်ဝိုက် စမ်းသပ်လေ့ကျင့်

 မန္တ​လေး၊ ဇန်​နဝါရီ ၁၇-၂၀၁၉ လင်းလင်း(VOM) မြန်မာနိုင်ငံ​​လေထီးခုန်အဖွဲ့ ချူ ပ်​​​​ရဲ့ အစီအစဉ်​နဲ့ စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု စမ်းသပ်လေ့ကျင့်ခြင်းကို ဒီကနေ့ တောင်သမန်အင်း နဲ့ ရှမ်းလေးကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တောင်သမန်အင်းတစ်ဝိုက်မှာ အုပ်စုလိုက် အလှပြပျံသန်းမူ​တွေ ပြုလုပ်မှာဖြစ်ပြီး ရှမ်းကလေးကျွန်းမှာ ဆင်းသက်ကာ ရှမ်းကလေးကျွန်းမူလတန်းကျောင်းမှာ စာအုပ်၊စာရေးကိရိယာနှင့် အားကစားပစ္စည်း​တွေကို လှူဒါန်းသွားမှာ ဖြစ်​ပါတယ်​။ ၁၉ရက်​​နေ့မှာ ပြင်​ဦးလွင်​​ဒေသတဝိုက်​ပျံသန်းခြင်း နဲ့ မူလတန်းကျောင်းတွေမှာ လှူ ဒါန်းမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ၂၀ရက်​​နေ့မှာ ဂုတ်​ထိပ်​တံတားကြီးကို ကမ္ဘာကပိုမိုသိရှိလာ​စေဖို့ ရည်ရွယ်ပြီး ဂုတ်​ထိပ်​တံတားကြီး​ပေါ်မှာ ပျံသန်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံလေထီးခုန် အဖွဲ့ချုပ်ကနေ သိရပါတယ်။ #voiceofmyanmar#မန္တ​လေး#စက်​တပ်​​လေထီးစမ်းသပ်​​လေ့ကျင့်​#

Read More
VOM News

FREE
VIEW