မန္တလေး နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊ အမရဋ္ဌာနီအရှေ့ရပ်ကွက် လမ်း၈၀ နဲ့ ၈၁လမ်းကြား ၈လမ်း နဲ့ ၉လမ်းကြားမှာ ဒီနေ့ နိုဝင်ဘာ(၂၉) ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကာ မီးလောင်မှုအဆင့် Level(4) နဲ့ မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်(၉)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေးမီးလောင်
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်တွေဆန္ဒပြ
မန္တလေး နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဆိုင်ကယ်ပျောက်ဆုံးနေတာနဲ့ ပက်သက်ပြီး လုံခြုံရေးတာဝန်ချထားပေးဖို့ နဲ့ ကျောင်းအိမ်သာတွေ သန့်ရှင်းမှုမရှိတာတွေကို သန့်ရှင်းဖို့အတွက် ဝန်ထမ်းတိုးမြင့်ချထားပေးဖို့ ဗကသများအဖွဲ့ချုပ်မူနဲ့ဖွဲ့စည်းထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ က ယနေ့ နိုဝင်ဘာ(၂၉)ရက်နေ့ နေ့လယ်က ရတနာပုံတက္ကသိုလ်ရှေ့မှာ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။
Read Moreလူထုဒေါ်အမာရဲ့ ၁၀၃နှစ်ပြည့်မွေးနေ့နဲ့ သူ့တန်ဖိုး
အမရပူရ နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) လူကြီးလူငယ် သတင်းမီဒီယာ အသိုင်းအ၀ိုင်းက ယနေ့အချိန်ထိ လေးစားစံထားရတဲ့ လူထုဒေါ်အမာရဲ့ (၁၀၃)နှစ်ပြည့်မွေးနေ့ကို ဒီနေ့ နိုဝင်ဘာ(၂၉)ရက် နံနက်ပိုင်းက အမရပူရမြို့နယ် တောင်သမန်အင်းအနီးက တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #လူထုဒေါ်အမာ
Read Moreစစ်တွေမှာ ငြိမ်းချမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်
စစ်တွေ- နိုဝင်ဘာ ၂၈ – ၂၀၁၈ ခိုင်လင်းစံ (VOM) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ပြည်သူတွေကိုချပြတဲ့ ဆွေးနွေးပွဲစကားဝိုင်းတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ နိုဝင်ဘာ၂၈ရက်နေ့ဒီကနေ့ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဆွေးနွေးမှုတွေပြုလုပ်နေရဆဲကာလဖြစ်ပြီးတော့ အခက်အခဲတွေရှိနေတယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ #VOICEOFMYANMAR #UPDJC # ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ #စစ်တွေ
Read Moreရန်ကုန်တိုင်းဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဆီကချေးမယ့်အစီအစဉ် ပြည်ထောင်စုလွှတ်တော်ဆိုင်းငံ့
နေပြည်တော် နိုဝင်ဘာ ၂၆-၂၀၁၈ မြတ်မင်းခန့် (VOM) ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို အဆုံးအဖြတ်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ရွှေ့ဆိုင်းထားမယ့်အကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဆုံးဖြတ်လိုက်ပါတယ်။ အခုချေးငွေရယူနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အတွင်းဆွေးနွေးစဉ်ကတည်းက လွှတ်တော်ကိုယ်စား လှယ်အချို့ကကန့်ကွက်မှု တွေရှိခဲ့ပီး ဒီကနေ့အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်စိစစ်ဖို့အတွက်ဆုံးဖြတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ #voiceofmyanmar #ရန်ကုန်ချေးငွေ
Read Moreမတူတာလက်ခံမှုနည်းပြီး တန်းတူညီမျှမှု အားနည်းလို့ ပဋိပက္ခဖြစ်ရတာလို့ ကေအန်ယူဥက္ကဋ္ဌပြော
နေပြည်တော် နိုဝင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM) မြန်မာနိုင်ငံအတွင်း ဒီကနေ့အချိန်အထိလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေရတာဟာ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု လေးစားမှုမရှိတာ အတူကွဲမပြားမှုတွေအကြားမှာ လွတ်လပ်မှုတန်းတူညီမျှမှုအစရှိတဲ့ အခြေခံအကြောင်းတရားတွေကို ကျင့်သုံးမှုအားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က နေပြည်တော်မှာလုပ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ရဲ့ အကြံပေးဆွေးနွေးဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုယ်တိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးဆရာများ မြန်မာဘုန်းတော်ကြီးများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချု့ပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့အကြံပေးဆွေးနွေးဝိုင်း
Read Moreထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှု (၇၀)ရာခိုင်းနှုန်း ပြီးစီး
မုံရွာ နိုဝင်ဘာ ၁၆ ၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတ္တကန်(တောင်ရွာ) အနီး၊ ဗန္ဒဝ တောင်ကုန်းပေါ်မှာ တည်ထားကိုးကွယ်မယ့် မဟာဗောဓိတစ်ထောင် လေးကျွန်း စင်္ကြာ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုဟာ (၇၀)ရာခိုင်းနှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဗောဓိတထောင် ကျောင်းတိုက်မှ သံဃာ့ ဝန်ဆောင်ဆရာတော်ဦးကုဏ္ဍလက မိန့်ပါတယ်။ ထိုင်တော်မူရုပ်ပွားတော် မြတ် ကြီး ကို ၂၀၁၃ ခုနှစ် အတွင်းက စတင် တည်ဆောက်ခဲ့ရာ လက် ရှိမှာ အကြမ်းထည်ပြီးစီးနေပြီ ဖြစ်ပြီး ကုန်ကျငွေ အနေနဲ့လည်း ကျပ်သိန်း ၂ သောင်းကျော် ကုန်ကျနေပြီ ဖြစ်ပါတယ်။ မဟာဗောဓိတထောင် လေးကျွန်း စကြာ ထိုင်တော်မူ ဘုရားကြီးမှာ ဥာဏ် တော် အမြင့် (၂၃၄)ပေ၊ ဒူးခွင်တော် အကျယ် တောင် မြောက် (၁၆၅)ပေ၊တင်ပါးတော်နှင့် ရှေ့ဒူးခွင်…
Read Moreမန္တလေးမြို့တွင် ၂၁ရာစုပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေးအကြိုလှုပ်ရှားမှုပြုလုပ်
မန္တလေး နိုဝင်ဘာ ၁၅-၂၀၁၈ ဟိန်းကို (VOM) ၂၁ရာစုပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေးအကြိုလှုပ်ရှားမှုကို ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းသားကျောင်းသူများနဲ့ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်က၊ မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ မနေ့ နိုဝင်ဘာ(၁၅)ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ #voiceogmyanmar #၂၁ရာစုပင်လုံညီလာခံအကြို # ခဝဲခြံမျက်မမြင်
Read Moreချမ်းမြသာစည်မြို့နယ်က ကျူးကျော်တဲ့(၈၀)ကျော် ဖယ်ရှား
မန္တလေး နိုဝင်ဘာ ၁၃-၂၀၁၈ ဟိန်းကို (VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ်အမှတ်(၅)ရပ်ကွက် နဲ့ ချမ်းမြသာစည်တောင်ရပ်ကွက် ၇၃လမ်း နဲ့ ၇၅လမ်းကြား ရေနီမြောင်း နဲ့ လေယာဉ်ကွင်းဟောင်းကြားက ကျူးကျော်နေထိုင်နေတဲ့ နေအိမ်(၈၀)ကျော်ကို ယနေ့ နိုဝင်ဘာ(၁၃)ရက် နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ #voiceofmyanmar #မန္တလေး #ချမ်းမြသာစည် #ကျူးရှင်းလင်းရေး
Read Moreမီးနီရပ်နေတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ လူနှစ်ယောက်သေတဲ့ကိစ္စ ပြိုင်ကားပိုင်ရှင်ဘက်က ဘာပြောသလဲ
မန္တလေး နိုဝင်ဘာ ၁၁-၂၀၁၈ ဟိန်းကို (VOM) ၂၀၁၈ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၊ ၇၈လမ်း နဲ့ ၂၆လမ်း ဒေါင့်မှာ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်နဲ့မီးပွိုင့်မီးနေတာကို စောင့်နေတဲ့အချိန် နောက်ကနေ Lexus အမျိုးအစား ပြိုင်ကားအနီရောင်က ၀င်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ပြိုင်ကားအနီရောင် ကားပိုင်ရှင်ဟာ ကားကိုတခြားသူကိုငှားလိုက်တာဖြစ်တာမို့ ကောလဟလဖြစ်နေတဲ့ လူစားလဲတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဒီနေ့ နိုဝင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက မန္တလေး မီဒီယာစင်မှာပြုလုပ်တဲ့ သတင်းစားရှင်းပွဲ မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာ ပြိုင်ကားနဲ့ ဆိုင်ကယ်ကိုတိုက်လိုက်တဲ့ ယာဉ်မောင်းကို ၊ နယ်မြေခံ အမှတ်(၂)ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့်လူသေမှု)၊ (ပ)၄၂၀/ ၂၀၁၈၊ပြည်သူပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေးပြိုင်ကားတိုက်မှု
Read More