မန္တလေး၊ ကျောက်တော်ကြီး ဘုရားပွဲ

မန္တလေး၊ အောက်တိုဘာ ၂၄၊ ၂၀၁၈   အကြိမ်​(၁၃၀)​မြောက်​ ​ကျောက်​​တော်​ကြီးမြတ်​စွာဘုရား ဗုဒ္ဓပူဇနိယပွဲ​တော်ကို မန္တလေးတောင်ခြေ၊ ကျောက်တော်ကြီးဘုရားမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။ ဘုရားပွဲတော်​ မြင်ကွင်းများကို တင်ပြလိုက်ပါတယ်။   ဓာတ်ပုံ – ဟိန်းကို                  

Read More

(၄၁) ကြိမ်မြောက် ကျောက်ဆည် ဆင်လှူပွဲတော်

ကျောက်ဆည် အောက်တိုဘာ -၂၃ -၂၀၁၈ ဓါတ်ပုံ ဟိန်းကို မန္တ​လေးတိုင်း​ ကျောက်​ဆည်​ခရိုင်​၊​ကျောက်​ဆည်​မြို့မှာ ကျင်းပပြုလုပ်​တဲ့ ရိုးရာဆင်​လှူ ပွဲ နဲ့ ဆင်​ပြိုင်​ပွဲကို ယ​နေ့ ​အောက်​တိုဘာ(၂၃)ရက်​ နံနက်​ပိုင်းက ​ရွှေသာ​လျောင်း​တောင်​​ခြေရှိ ဆင်​ပြိုင်​ပွဲ ကျင်းပရာကွင်းမှာ ပြုလုပ်​ခဲ့ပါတယ်​။ ရိုးရာ ဆင်အက​ပြိုင်​ပွဲမှာ ပြိုင်​ပွဲဝင်​ဆင်​အ​ကောင်​​ရေ (၂၀)၀င်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ပါတယ်​။                                                

Read More

ဟိန္ဒူ ဘာသာဝင်​​တွေရဲ့ မယ်တော်ရေမျှောပူဇော်ပွဲ

မန္တလေး အောက်တိုဘာ ၁၉ ဟိန်းကို မြန်​မာနိုင်​ငံမှာ ၁၈၈၅ခုနှစ်​​နောက်​ပိုင်း ဟိန္ဒူ ဘာသာဝင်​​တွေ စတင်​​ရောက်​ရှိလာတဲ့အချိန်​က​နေစပြီး ကျင်းပလာခဲ့တဲ့ ရိုးရာအစဉ်အလာဖြစ်တဲ့ သျှရီသျှရီစန္ဒီမယ်တော်ရေ​မျှောပူဇော်ပွဲကို မန္တ​လေးမြို့မှာ ယ​နေ့ ​အောက်​တိုဘာ(၁၉)ရက်​ ည​နေပိုင်းက ဧရာဝတီမြစ်​ဆိပ်​မှာ ကျင်းပခဲ့ပါတယ်​။                                

Read More

တိုက်ပွဲတွေကြောင့် စစ်ကိုင်းတောင်ရိုး သီလရှင်ချောင်တွေမှာ တိုင်းရင်းသူသီလရှင်တွေတိုးလာ

စစ်ကိုင်း အောက်တိုဘာ ၁၉ တာရာ ပြီးခဲ့သည့်နှစ် ဝါဆိုစာရင်းတွေအရ စစ်ကိုင်းတောင်၊ မင်းဝံတောင်၊ မင်းကွန်းတောင်ရိုးတို့မှာ သီတင်းသုံး နေထိုင်တဲ့  သီလရှင် အပါးအရေအတွက်မှာ (၇၈၆၅)ပါးရှိပါတယ်။ ယခုနှစ် ဝါဆိုစာရင်းများအရသီလရှင် အပါးအရေအတွက်မှာ  (၈၄၁၁)ပါး ထိ တိုးလာခဲ့ပါတယ်။ တိုးလာတဲ့ သီလရှင်အများစုဟာ တိုက်ပွဲရှောင်ရင်း လာရောက်ဝတ်တဲ့ တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် ၅နှစ်ကနေ အသက်၂၀ အတွင်း ဖြစ်ကြောင်း သိရပါတယ်။  

Read More

မန္တလေးမှာ ရဲအင်အားနဲ့မြို့နေလူဦးရေ မမျှမတဖြစ်နေ

မန္တလေး၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ ဟိန်းကို မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ အဖြစ်များခဲ့တာနဲ့ပက်သက်ပြီး မန္တလေးမြို့က အရပ်ဖက်အဖွဲ့အစည်းတွေက စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ယနေ့အောက်တိုဘာ(၁၇)ရက်နေ့ ၊နံနက်ပိုင်းက ၂၆လမ်း ၈၇လမ်းနဲ့ ၈၈ကြားမှာရှိတဲ့ ပဒုမ္မာ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ မန္တလေးလူထုက မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ ပပျောက်ဖို့ရဲတပ်ဖွဲ့က စီမံချက်တွေနဲ့ ပြုလုပ်နေတာရှိပေမယ့်လည်း မြို့လူထုနဲ့စာရင် ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာတွေကို ထည့်သွင်းဆွေးနွေးသွားပါတယ်။

Read More

ကျောက်ဆည်ဆင်ပွဲတော်မှာ ဆင်အဖွဲ့(၂၀) ဝင်ရောက်ယှဉ်ပြိုင်မည်

ကျောက်ဆည် – အောက်တိုဘာ ၁၇၊ ၂၀၁၈ တာရာ   ဒီနှစ် ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင် အကအလှပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆင်အဖွဲ့ ၂၀ ရှိကြောင်း ကျောက်ဆည်မြို့ ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။ ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင်အကအလှပြိုင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ရွှေသာလျောင်းတောင်ခြေမှာရှိတဲ့ ဆင်ပြိုင်ကွင်းတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဆင်အကအလှပြိုင်ပွဲ မှာတော့ ဘော်ကြယ်ဆင် လေးစီး၊ကလေးဆင် ၄စီး၊ ရိုးရာဆင် ၉ စီး ၊ သဘာဝဆင် ၃စီး၊ စုစုပေါင်း ဆင်အဖွဲ့ ၂၀ က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးခင်မောင်မြင့်က ပြောပါတယ်။ ဆုကြေးများအနေနဲ့ ဘော်ကြယ်ဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု…

Read More

သရပါ အလုပ်သမားအရေး ဆွေးနွေးမှုများလုပ်နေ

မန္တလေးတိုင်း၊ ပုဂံ ညောင်ဦးမြို့နယ်က သရပါဟိုတယ်ရှေ့မှာ အလုပ်ပြန်လည်ခန့်ထားပေးရေး တောင်းဆိုနေတဲ့ အလုပ်သမား​တွေထဲက (၈)ဦးကို အလုပ်​ရှင်​က အလုပ်​ပြန်​လည်​ခန့်​အပ်​ဖို့အတွက်​ ​ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁၆ ရက်နေ့နောက်ဆုံးထားပြီး ဆွေးနွေး ညှိနှိုင်းမှုလုပ်ပေးဖို့ တောင်းဆိုထားတာကို ရက်တိုးပြီး ​စောင့်​ဆိုင်း​ပေးသွားမှာဖြစ်​တယ်​လို့ သရပါဟိုတယ်​ အလုပ်​ရှင်​ကိုယ်​စားလှယ်​ ဦးမြင့်မြတ်ထူးသူက အောက်​တိုဘာ(၁၆)ရက်နေ့၊ မီဒီယာများနဲ့ ​တွေ့ဆုံချိန်မှာ ​ပြောပါတယ်​။ သပိတ်စခန်းဖွင့်နေတဲ့ အလုပ်သမားတွေကတော့ အလုပ်ထုတ်​ခံရတဲ့သူ​တွေကို ယခင်​​နေရာ၊ရာထူးအတိုင်း ပြန်​လည်​ခန့်​အပ်​နိုင်​သည့်​အချိန်​ထိ ​တောင်းဆိုသွားမှာဖြစ်​တယ်​လို့ ပြောပါတယ်။  

Read More

နိုင်ငံတဝှမ်းပညာရေးကောလိပ်တွေဆန္ဒပြသလိုပဲ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ

https://www.facebook.com/VoiceofMyanmarNews/videos/1820602554726458/ ပညာရေးကောလိပ်တွေမှာ ပညာဆက်လက်သင်ယူမှုတွေနဲ့ပက်သက်လို့ ကန့်သတ်မှုတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကို ပညာရေးကောလိပ်များ ကျောင်းသားသမဂ္ဂများက ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဖွဲ့စည်းကာ တောင်းဆိုချက်(၃)ချက်ထုတ်ပြန်ခဲ့ပြီး ယနေ့မှာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့မှ ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါကော်မတီကို စက်တင်ဘာလ(၂)ရက်နေ့က မုံရွာ၊တောင်ငူ၊ထားဝယ်၊ပခုက္ကူ၊၊မကွေး၊စစ်ကိုင်း၊လွိုင်ကော်၊ပုသိမ်၊မြစ်ကြီးနား၊ဘားအံ၊လားရှိုး၊မော်လမြိုင်၊ကျောက်ဖြူနှင့် ဟားခါးပညာရေးကောလိပ်များမှ ကျောင်းသားသမဂ္ဂများက ဖွဲ့စည်းခဲ့ကြတယ်လို့သိရပါတယ်။ ကျောင်းတွင်းထောက်ခံပွဲ ပြုလုပ်ရာတွင် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အယောက်(၉၀)ခန့် ထောက်ခံမှုပြုလုပ်ခဲ့ကြပြီး ကျောင်းတွင်းသို့ မီဒီယာများအားဝင်ရောက်ခွင့်မပေးခဲ့လို့ ကျောင်းသားအချို့ ကျောင်းရှေ့ထွက်ပြီး မီဒီယာတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

Read More

ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်ဖြုတ်ခံ အလုပ်သမားများ မန်းတိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်တောင်း

https://www.facebook.com/VoiceofMyanmarNews/videos/280854302529592/ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ပန်ဒါ ချည်မျှင် အထည် နှင့် ချောကိုင်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား (၂၀၀)ကျော် ပြန်လည်ခန့်ထားရေး နဲ့ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးရန်အတွက် စက်တင်ဘာ(၁၃)ရက် ၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံညှိနိုင်းဖို့ ရောက်လာကြတာဖြစ်ပါတယ်။ အလုပ်သမား(၂၀၀)ကျော်ကို အလုပ်ရှင်အလုပ်သမား သဘောတူညီချက်စာချုပ် (EC စာချုပ်) မချုပ်လို့ဆိုပြီး ( ၂၀၁၈)ခုနှစ် သြဂုတ်လ ၄ရက်က အလုပ်ကထုတ်ခံကြရတာပါ။ ဒီနေ့အချိန်ထိ အလုပ်ပြန်လည် ခန့်ထားခြင်းမရှိသောကြောင့် ယခုလို အသနားခံ တောင်းဆိုမှု ပြုလုပ်ကြခြင်းဖြစ်ပါတယ်။

Read More

ဒီတခါတော့ မတ္တရာတောင်သူများ အနိုင်ရပြီ

https://www.facebook.com/VoiceofMyanmarNews/videos/2188589038089042/ မတ္ထရာမြို့နယ် ကျောက်စရစ်မြောက်ရွာမှာ ၁၉၈၇ ခုနှစ်ကတည်းက သမဝါယမက သိမ်းထားတဲ့ မြေဧက ၆၀၀ ကျော်ကို မူလတောင်သူတွေက ခွင့်ပြုချက်မရပဲ ပြန်လည်လုပ်ကိုင်တဲ့အတွက် သမဝါယမက သူတို့မြေတွေရဲ့တန်ဖိုး သိန်း ၅ထောင် ရလိုမှုနဲ့ မြေယာစိုက်ပျိုးခွင့် ၂နှစ် နစ်နာတဲ့အတွက် သိန်း ၅ထောင် စုစုပေါင်း သိန်း ၁သောင်းရလိုမှု တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားမှုကို တိုင်းတရားလွှတ်တော်က ပ လှပ်လိုက်တဲ့အတွက် တောင်သူတွေ အနိုင်ရရှိခဲ့ပါတယ်။ ပြီးတဲ့နှစ်တုန်းကတော့ မြေယာပြန်ရဖို့ကြိုးစားတဲ့ တောင်သူ ၄ယောက်ကို ထောင် တနှစ်စီချမှတ်ခဲ့ပြီးနောက် ခုလို ငွေရလိုမှုနဲ့ ပြန်လည်စွဲဆိုတာဖြစ်ပါတယ်။

Read More
VOM News

FREE
VIEW