မြစ်ကြီးနား- နိုဝင်ဘာ၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုခဲ့ပြီး မဲဆန္ဒရှင်တွေဟာ မဲလက်မှတ်နဲ့ ၆ ပေအကွာကနေ မဲပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ Quarantine Center က မဲပေးခွင့်ရှိသူတွေကို ကြိုတင်မဲကောက်ယူမှု အနေနဲ့ မြစ်ကြီးနားမြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကောက်ယူမှာဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းမှာတော့ ၅ ရက်နေ့ကနေ ၇ ရက်အတွင်း ကောက်ယူမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမဲပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်ရေး…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
လှည်းကူးမြို့မှာ အမျိုးဘာသာစောင့်ရှောက်တဲ့ခေါင်းဆောင်တွေကို မဲပေးဖို့ ကမ်ပိန်းပြုလုပ်
လှည်းကူး- နိုဝင်ဘာ ၃-၂၀၂၀ အေးချမ်းသူ(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ခေါင်းဆောင်တွေကိုသာ မဲပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက လှည်းကူးမြို့မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကနေ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ “ရဟန်း၊ သံဃာကိုသတ်ရင် တစ်ပါးပဲသေပါတယ်။ ဒါပေမယ့် ဘာသာသာသာနာမပျောက်သွားပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရွေးချယ်မယ့် ခေါင်းဆောင်က ဘယ်ခေါင်းဆောင်မဆို ကျွန်မတို့အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့သူမျိုး ရွေးချယ်ဖို့ ကမ်ပိန်းလုပ်တာပါ”လို့ ဦးဆောင်ပြုလုပ်သူ ဒေါ်အေးအေးမော်က VOMကိုပြောပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တွေကို မဲပေးမှသာ အမျိုးသားရေးကို နှိပ်ကွပ်မယ့်အစိုးရနဲ့ မကြုံရမှာဖြစ်တယ်လို့ ဝန်းရံသူ ကိုဇော်ဇော်ကလည်း VOMကိုပြောပါတယ်။ အမျိုးသာဘာ သာသနာကို စောင့်ရှောက်သူကို မဲပေးကြမည် ကမ်ပိန်းကို လှည်းကူးမြို့နယ်ရှိ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား၂၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #လှည်းကူး #အမျိုးသားရေးလှုပ်ရှားသူ #ကမ်ပိန်းပြုလုပ်…
Read Moreဦးကျော်မြင့်အမှုကို နောက်တစ်ပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်
မန္တလေး-နိုဝင်ဘာ ၃-၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ ၆ ကြိမ်မြောက်ရုံးချိန်းမှာ ကျန်ရှိနေတဲ့သက်သေ ၄ ဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်နေ့ ရုံးချိန်းမှာတော့ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုပုဒ်မ -၂၂၄ အပြင် ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။ ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄နဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ…
Read Moreပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေးကောင်းမကောင်း ဘယ်လိုစစ်မလဲ
နိုဝင်ဘာ ၃-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…
Read Moreပန်းပညာရှင်မှသည် လွှတ်တော်ဆီသို့
Read More၀ိုင်းမော်မှာ NLDရဲ့ မဲရုံစောင့်ကြည့်သူက မဲပုံးဖွင့်လို့ အမှုဖွင့်ခံရ
ဝိုင်းမော်-နိုဝင်ဘာ ၂ရက်-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၄) မဲရုံအမှတ် – ၆ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီပါတီ NLD ကိုယ်စားလှယ်လောင်းက စေလွှတ်ထားတဲ့ မဲရုံစောင့်ကြည့်သူကို မဲပုံးအပေါက် ပိတ်ထားတဲ့ တိပ်ကိုခွာခဲ့လို့ အောက်တိုဘာ ၃၁ ရက်နေ့က ရွေးကောက်ပဲဥပဒေနဲ့ အမှုဖွင့် ထားပါတယ်။ သတ်မှတ်ချိန်မတိုင်ခင် နံနက် ၆ နာရီကျော်မှာ မဲရုံရောက်လာပြီးမဲပုံးကို ဖွင့်ထားတာဖြစ်လို့ စာရေးတိုင်ကြားလိုက်တာလို့ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မဲရုံစောင့်ကြည့်သူ ဦးဗီဒူလေးက ပြောပါတယ်။ (အင်တာဗျူး – ၁) အောက်တိုဘာ ၂၉ ရက်မှာ အသက် ၆၀ နဲ့ အထက် သက်ကြီးမဲဆန္ဒရှင်တွေ၊ မသန်စွမ်းမဲဆန္ဒရှင်တွေ၊ ကျန်းမာရေး မကောင်းသူတွေရဲ့ ဆန္ဒမဲတွေ ကောက်ယူခဲ့တဲ့ မဲပုံးကို မဲရုံတာ၀န်ရှိသူတွေ ပါတီအသီးသီးကိုယ်စား စောင့်ကြည့်သူတွေ သဘောတူညီချက်နဲ့…
Read Moreပါတီကြီးတွေရဲ့ ဦးဆောင်မှုအောက်မှာ နေရတာကြာနေပြီမို့ ကိုယ်တိုင်းရင်းသားတွေရဲ့ ဦးဆောင်မှုအောက်မှာ နေကြည့်စေချင်တယ်
ဘားအံ၊ နိုဝင်ဘာ- ၁ – ၂၀၂၀ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ အရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ၊ အင်အားကြီးတဲ့ ပါတီတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ပါတီရဲ့ မူဝါဒက ဘယ်လိုတွေချမှတ်ထားတာလဲ စတဲ့မေးခွန်းတွေအပါအဝင် ကရင်လူထုအတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ ဆိုတဲ့မေးခွန်းတွေနဲ့ ပါတီရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ နော်သဇင်တုပ်ကို VOM ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီမိတ်ဆက်ကဏ္ဍကနေ သတင်းထောက် ခွန်ခမ့်သူက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ #VOM #VoiceofMyanmar #KNDP #ပါတီမိတ်ဆက် #ရွေးကောက်ပွဲ #Election Zawgy ပါတီကြီးတွေရဲ့ ဦးဆောင်မှုအောက်မှာ နေရတာကြာနေပြီမို့ ကိုယ်တိုင်းရင်းသားတွေရဲ့ ဦးဆောင်မှုအောက်မှာ နေကြည့်စေချင်တယ် ဘားအံ၊ နိုဝင်ဘာ- ၁ – ၂၀၂၀ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ အရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ၊ အင်အားကြီးတဲ့ ပါတီတွေနဲ့…
Read Moreဘိုးဘွားဂေဟာက အဘိုးအဘွားတွေ မဲပေးခဲ့တာ အဆင်ပြေမှုရှိရဲ့လား
မန္တလေး၊ အောက်တိုဘာ- ၃၁- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အတွင်းမှာရှိတဲ့ မန်းတောင်ခြေဘိုးဘွားရိပ်သာကဘိုးဘွားတွေဟာ အောက်တိုဘာလ (၃၁) ရက်နေ့ မနက်ပိုင်းက ကြိုတင်မဲပေးခဲ့ ကြတာဖြစ်ပြီး အဖိုးအဖွား မဲဆန္ဒရှင် တွေရဲ့ အသံ ကို VOM သတင်းထောက် ကိုညီသစ် က ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဘိုးဘွားရိပ်သာမှာ အဘိုးအဖွား ၇၂ ဦး အပါအဝင် အသက် ၆၀ ကျော် ဝန်ထမ်းမိသားစု ၈ ဦးတို့ ဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ #VOM #VoiceofMyanmar #Election #ရွေးကောက်ပွဲ #အသက်၆၀အထက်မဲဆန္ဒရှင် zawgy ဘိုးဘွားဂေဟာက အဘိုးအဘွားတွေ မဲပေးခဲ့တာ အဆင်ပြေမှုရှိရဲ့လား မန္တလေး၊ အောက်တိုဘာ- ၃၁- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အတွင်းမှာရှိတဲ့ မန်းတောင်ခြေဘိုးဘွားရိပ်သာကဘိုးဘွားတွေဟာ အောက်တိုဘာလ (၃၁)…
Read Moreမွန်ပြည်နယ်မှာ မွန်ပါတီပဲနိုင်ရမယ်ဆိုတဲ့ မွန်ညီညွတ်ရေးပါတီ
Read Moreပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ်
မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဗီအိုအမ်နဲ့ ဆက်သွယ်စဉ်မှာ ဖြေကြားထားပါတယ်။ ရွေးကောက်ပွဲဟာ စနစ်သစ်ကို ပြောင်းဖို့ အရေးကြီးတဲ့ နောက်အဆင့်မို့ ပြည်သူတွေရဲ့ ထက်သန်တဲ့ ဆန္ဒကြောင့် သူများတွေထက် အသာစီးရနေကြောင်းပြောကြားထားတာအပါအဝင်၊ ဝန်းရံပြည်သူတွေကို အုပ်စုလိုက်လမ်းပေါ်ထွက်တဲ့ကိစ္စတွေ မေတ္တာရပ်ခံကြောင်းနဲ့ ကိုဗစ်ရဲ့အကန့်သတ်ကို အခြားပါတီများနည်းတူခံနေရတဲ့အကြောင်းတွေပြောထားပါတယ်။ ဒေါက်တာမျိုးညွန့်နဲ့ ဗီအိုအမ်အယ်ဒီတာချုပ် ဦးနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ရှုစားနိုင်ပါပြီ။ #voiceofmyanmar #VOM #NLD #ဒေါက်တာမျိုးညွန့် #ပါတီမိတ်ဆက် zawgy ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ် မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD…
Read More