မကြိုက်တဲ့သူ အုပ်ချုပ်တာမခံချင်ရင် ကိုယ်ကြိုက်တဲ့သူကို မဲပေးဖို့လိုတယ်

မန္တလေး၊ နိုဝင်ဘာ- ၁၇ – ၂၀၂၅ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ – ၅၅ လမ်း၅၆ လမ်းကြားမှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မနက်ခင်းက ချမ်းအေးသာစံမြို့နယ်ကို ကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း တွေနဲ့ ပြည်သူလူထုကို မိတ်ဆက်တဲ့ အခမ်းအနားမှာ ပါတီအလုပ်အမှုဆောင် ဗဟိုကော်မတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အခုလိုပြောခဲ့တာပါ။ အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင် ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီဝင် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ #vom #voiceofmyanmar #mandalay #PP #ပြည်သူ့ပါတီ

Read More

သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၁၃- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ရှိတဲ့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာ သတင်းမီဒီယာသမားတွေအတွက်လာမယ့် ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးတိုင်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့ တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်း မြန်မာနိုင်ငံ နဲ့ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့က ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြစ်မြောက်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေကို ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်တွေ ပေးအပ်ခဲ့ပါတယ်။ #vom #voiceofmyanmar #mandalay #UEC #ရွေးကောက်ပွဲ #လမ်းညွှန်စာအုပ်

Read More

ဒုတိယဗိုလ်ချုပ်ကြီး​ တေဇ​ကျော်နဲ့ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်တို့ အောင်မြေသာစံမြို့နယ်မှာ မဲဆွယ်စည်းရုံး

မန္တ​လေး ၊နိုဝင်ဘာ ၉-၂၀၂၅ Voice Of Myanmar အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်နဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ ဒီ​နေ့နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်တို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။

Read More

မန္တလေးတိုင်း ပုသိမ်ကြီးမှာ ပြည်သူ့ပါတီရဲ့ မြို့နယ် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၉- ၂၀၂၅ VOICE OF MYANMAR မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူ့ပါတီရဲ့ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်ဘုတ်ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးပါပါလွင်နဲ့အတူ မန္တလေးမြို့က သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တက်ရောက်ခဲ့ပါတယ်။ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) အဖြစ် ဦးဘီးလ်ဗဟာဒူး(ခ)ဦးသိန်းဇော်၊ မဲဆန္ဒနယ် အမှတ် ၃ မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း(FPTP) အဖြစ် ဦးဟိန်းထူးလှိုင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ပူဂျားတို့က ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲမှာ…

Read More

ဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး(ငြိမ်း) စည်သူ မြထွန်းဦး ပြင်ဦးလွင်မှာ မဲဆွယ်

နိုဝင်ဘာ ၈ -၂၀၂၅ Voice Of Myanmar လာမယ့်​ရွေး​ကောက်ပွဲမှာ ပြင်ဦးလွင်မြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်နေရာအတွက် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး(ငြိမ်း) လက်ရှိ ပြည်​ထောင်စု ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ထွန်းဦးဟာ ပြည်ခိုင်ဖြိုးပါတီက​နေဝင်ပြိုင်မယ့် တခြားကိုယ်စားလှယ်​တွေနဲ့အတူ ပြင်ဦးလွင်မှာ ဒီ​နေ့ နိုဝင်ဘာ ၈ရက်​နေ့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီက​နေ့ ပြင်ဦးလွင်ရပ်ကွက်ကြီး (၁) က မင်္ဂလာခမ်းမတခုမှာ မဲဆန္ဒရှင်​တွေကို ကိုယ်စားလှယ်​လောင်း​တွေနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးစနစ်​တွေကို ရှင်းပြခဲ့ပါတယ်။ ပြည်​ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဘာ့​ကြောင့်ပြင်ဦးလွင်ကဝင်ပြိုင်ရသလဲဆိုတာ ရှင်းပြခဲ့သလို အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦးဟိန်းမင်းဦးနဲ့ ရှမ်းတိုင်း​သား​ရေးရာဝန်ကြီး စိုင်း​အောင်ကြည်တို့က ပြည်သူ့အတွက် သူတို့လုပ်​ဆောင်​ပေးမယ့်ကိစ္စ​တွေကို ခုလို​ပြောပြခဲ့ပါတယ်။

Read More

၃၇ နှစ်ပြည့်ပြီးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂါတ်

နေပြည်တော်၊ အောက်တိုဘာ- ၁၈-၂၀၂၅ SA(VOM) လာမယ့် ဒီဇင်ဘာမှာ ကျင်ပမယ့် ​ရွေး​ကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ တနိုင်ငံလုံးက မဲဆန္ဒဒနယ် အများစုမှာ ဝင်ပြိုင်မယ်ဆိုတာ​ကြောင့် နိုင်ငံ​ရေးစိတ်ဝင်စားသူ​တွေ အံ့သြကြရပါတယ်။ ပြည်ခိုင်ဖြိုးပါတီပြီးရင် ဝင်ပြိုင်မယ့် က်ိုယ်စားလှယ်​လောင်း အ​ရေအတွက် ဒုတိယအများဆုံးလို့ သိရပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ဒုဥက္ကဋ္ဌ ဦးသိန်းထွန်း ကို သူတို့ပါတီအနေနဲ့ ဘယ်လို မူဝါဒတွေဆွဲကိုင်ထားသလဲ၊ ဘယ်လို ကိုယ်စားလှယ်​တွေ စာရင်းသွင်းထားသလဲဆိုတာနဲ့ ပါတီရဲ့ ၃၇ နှစ်တာခရီး​တွေအ​ကြောင်းကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ ရိုက်ကူး/ တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #vom #naypyitaw တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ

Read More

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ဖွင့်ပွဲကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်

မန္တလေး၊ အောက်တိုဘာ- ၄- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ မန္တလေးတက္ကသိုလ်ကြီးဟာဆိုရင် ဒီနှစ် ၂၀၂၅ ခုနှစ်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး ရာပြည့်သဘင်အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ တက်ရောက်တာကို တွေ့ရပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရာပြည့်အထိမ်းအမှတ်ကျောက်စာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘွဲ့နှင်းသဘင် ခန်းမမှာ မန္တလေးနဲ့ မန္တလေးတက္ကသိုလ်ကြီးအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို တက္ကသိုလ် ကျောင်းသား/သူ ဟောင်းတွေ၊ မြို့မိမြို့ဖတွေနဲ့ အငြိမ်းစား ဆရာ၊ ဆရာမဟောင်းတွေ ကျောင်းသားကျောင်းသူအဟောင်းရော အသစ်တွေပါ တက်ရောက်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မီးလောင်ခဲ့ရာမှာ အထက်မြန်မာပြည်က တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီပျက်စီးမှုတွေကို ရာပြည့်ပွဲအချိန်မီပြုပြင်နိုင်ခဲ့လို့ ခုလို မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲ ကျင်းနိုင်တာဖြစ်ပါတယ်။ ဒီရာပြည့်သဘင်ပွဲကို…

Read More

စာရေးဆရာ သင့်နော်(ခ) ဦးသန်းဌေး ကွယ်လွန်

မန္တလေး၊ စက်တင်ဘာ- ၂၇- ၂၀၂၅ SA(VOM) စာရေးဆရာ သင့်နော်(ခ) ဦးသန်းဌေး အသက် ၇၈ နှစ်ဟာ ကျောက်ကပ်ရောဂါကို ကုသနေရင်း ဒီနေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတခုမှာကွယ်လွန်ခဲ့ပါတယ်။ ဆရာ့ရဲ့ စျာပနကို တနင်္လါနေ့ မနက် ၁၀ နာရီ အေးရိပ်ငြိမ်သုဿာန်မှာ ဂူသွင်းသဂြိုလ်မှာဖြစ်ပါတယ်။ ဆရာသင့်နော်ဟာ ဥတ္တရလွင်ပြင် စာပေဆိုပြီးစာအုပ်အရောင်းဆိုင်ဖွင့်လှစ်ထားသလို စာပေတွေကို ကွယ်လွန်ချိန်ထိ ရေးသားခဲ့သူဖြစ်ပါတယ်။ ဆရာ့ရဲ့ စာပေသမိုင်းဖြတ်သန်းမှုတွေနဲ့ ပါတ်သက်ပြီး မန္တလေးမြို့က စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာမင်းထက်ငြိမ်းချမ်းနဲ့ ဆရာနောင် (ရူပ) တို့က အခုလို ဝမ်းနည်းစကားဆိုပါတယ်။ #vom #voiceofmyanmar #mandalay #သင့်နော်စာရေးဆရာ #ဆရာသင့်နော်ကွယ်လွန်

Read More

သိန္နီမှာ လူသတ်မှုကျူးလွန်သူ နှစ်ဦးကို MNDAA သေဒဏ်ချ (ရုပ်သံ)

စက်တင်ဘာ ၂၆၊ ၂၀၂၅။ NN(VOM) ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ လူသတ်မှုကျူးလွန်သူ အမျိုးသား နှစ်ဦးကို သေဒဏ်ချမှတ်ပြီး၊ အမျိုးသား ငါးဦးကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိန္နီမြို့ခံတွေက ပြောပါတယ်။ သိန္နီမြို့ ပန်လော့ဈေး အများပြည်သူ့ရှေ့မှာ ဒီမနက်ပိုင်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိန္နီမြို့ခံ တယောက်က ပြောပါတယ်။ “တရုတ်စာသင်တဲ့ ဆရာမလေးကို သတ်တဲ့ အမျိုးသား တစ်ယောက်နဲ့ မိုင်းလီရွာက မြေးအဖိုး နှစ်ယောက်ကို သတ်တဲ့ တရားခံထဲက တစ်ယောက်ပါတယ်။ နှစ်ယောက်ကို သေဒဏ်ပေးတာ။ ကျန်တဲ့သူတွေကတော့ လားရှိုးဘက်က ပြန်ပေးဆွဲတဲ့ အဖွဲ့တွေဆိုပြီး ဖမ်းလာတာ” လို့ ပြောပါတယ်။ လူသတ်မှု ကျူးလွန်သူ နှစ်ယောက်ကို သိန္နီ သုဿာန်မှာ စီရင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သုဿာန်မှာ သေနတ်နဲ့ ပစ်ပြီး စီရင်မယ်၊…

Read More

အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးဖြစ်တဲ့ တမန်တော်နေ့အခမ်းအနားကျင်းပ

မန္တလေး၊ စက်တင်ဘာ- ၂၁- ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းပြီးတော့ တမန်တော်နေ့ အခမ်းအနားကို ဒီကနေ့ စက်တင် ဘာ ၂၁ ရက်နေ့ ညနေပိုင်းကစလို့ ကျင်းပနေပါတယ်။ အဲ့ဒီအခမ်းအနားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓမ္မတေးသီးချင်းတွေ သီဆို ဆုတောင်းဝတ်ပြုတာတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ညနေပိုင်းကတော့ ကြေးနီချောင်းကျေးရွာကနေ တဘက်ဆွဲကျေးရွာအထိ မြန်မာ့ရိုးရာအခမ်းအနားတွေအတိုင်း လှည့်လည်ခဲ့ကြပါတယ်။ အခမ်းအနားအစီအစဥ်တွေနဲ့ ဘယ်လိုတွေ ကျင်းပခဲ့တယ်ဆိုတာကိုတော့ ဃရာနာ(K.A.F.T.G)မိသားစုက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ခလီဖွာဦးသိန်းဝင်းအောင် ကို VOM က မေးမြန်းထားပါတယ်။

Read More
✕
VOM News

FREE
VIEW