မန္တလေး၊ စက်တင်ဘာ- ၂၁- ၂၀၂၅
SA(VOM)
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းပြီးတော့ တမန်တော်နေ့ အခမ်းအနားကို ဒီကနေ့ စက်တင် ဘာ ၂၁ ရက်နေ့ ညနေပိုင်းကစလို့ ကျင်းပနေပါတယ်။
အဲ့ဒီအခမ်းအနားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓမ္မတေးသီးချင်းတွေ သီဆို ဆုတောင်းဝတ်ပြုတာတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ညနေပိုင်းကတော့ ကြေးနီချောင်းကျေးရွာကနေ တဘက်ဆွဲကျေးရွာအထိ မြန်မာ့ရိုးရာအခမ်းအနားတွေအတိုင်း လှည့်လည်ခဲ့ကြပါတယ်။
အခမ်းအနားအစီအစဥ်တွေနဲ့ ဘယ်လိုတွေ ကျင်းပခဲ့တယ်ဆိုတာကိုတော့ ဃရာနာ(K.A.F.T.G)မိသားစုက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ခလီဖွာဦးသိန်းဝင်းအောင် ကို VOM က မေးမြန်းထားပါတယ်။
