မန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၅ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးက ပြည်ကြီးမွန်ဖောင်တော် ခန်းမမှာ စက်တင်ဘာ ၂၁ ရက်နေ့ ၁၁ နာရီ အချိန်က စာရေးဆရာ ၃၈ ဦးရဲ့ ရှုထောင့်အမျိုးအမျိုးကနေ ရေးသားထားတဲ့ ပြတ်ရွေ့သောက နိုးထမန္တလေး ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဲဒီစာအုပ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေနဲ့စေတီ ပုထိုးတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေပါဝင်သလို ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းအရာတွေပါဝင်တယ်လို့ ဆိုပါတယ်။ ပြတ်ရွေ့သောက နိုးထမန္တလေးဆိုတဲ့ စာအုပ်ထဲမှာ ပါဝင်ရေးသားထားတဲ့ အမျိုးသားစာပေဆုရှင် စာရေးဆရာ ဆရာဆူးငှက်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် အငြိမ်းစား ဒေါက်တာမောင်သင်း နဲ့ ထုတ်ဝေသူ ဦးကျော်မိုးသက်တို့က စာအုပ်မိတ်ဆက်ပွဲမှာ စာအုပ်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြထားပါတယ်။…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ မဟာမုနိဘုရားကြီးမှာ ဘုရားဖူးတွေ ပြန်လည်ခွင့်ပြုနေတဲ့ အခြေအနေ
မန္တလေး၊စက်တင်ဘာ ၁၆ – ၂၀၂၅ (Voice of Myanmar) ငလျင်ကြီးဒဏ်ကြောင့် ယာယီပိတ်ထားခဲ့ရတဲ့မန္တလေးမြို့က မဟာမုနိဘုရားကြီးကို ပြန် လည်ဖွင့်လှစ်ပေးထားပြီးနောက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအတွက် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်အောင် အဆင်ပြေစွာ စီစဉ်ပေးထားပါတယ်။ ဘုရားကြီးဂေါပကအဖွဲ့ရဲ့အဆိုအရ လုံခြုံစိတ်ချရတဲ့နေရာတွေကိုသာ ဘုရားဖူးပြည်သူတွေကို သွားလာခွင့်ပေးထားပြီး စိတ်မချရသေးတဲ့နေရာတွေနဲ့ ပြုပြင်ဆဲအပိုင်းတွေကိုတော့ ကန့်သတ်ထားတယ်လို့သိရပါတယ်။ ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းက “ရာနှုန်းပြည့်စိတ်ချရတဲ့နေရာတွေကို ဖွင့်ပေးထားပြီး ပြုပြင်ဆဲနေရာတွေကိုတော့ အချိန်အလိုက်ကန့်သတ်ထားရတယ်။ ဘုရားဖူးပြည်သူတွေ အခက်အခဲမရှိဘဲ ရွှေသင်္ကန်းကပ်နိုင်အောင်စီစဉ်ပေးထားတယ်” လို့ VOM ကိုပြောပါတယ်။ ဘုရားကြီးပုရဝဏ်အတွင်းရှိ နိဗ္ဗာန်ကုန်နဲ့အမှတ်တရ ပစ္စည်းဆိုင်တန်းတွေဟာလည်း ယခင်လိုပြန်လည်ဖွင့် လာကြပြီး အနယ်နယ်အရပ်ရပ်ကဘုရားဖူးပြည်သူတွေ ဝယ်ယူမှုတွေရှိနေပေမယ့် အရောင်းအဝယ်ကတော့ အေးနေဆဲဖြစ်တယ်လို့ ရောင်းချသူတွေက ဆိုပါတယ်။ ဒါအပြင် စနေ၊တနင်္ဂနွေကဲ့သို့ပိတ်ရက်တွေမှာ ဘုရားကြီးပုရဝဏ်အတွင်း ဘုရားဖူးပြည်သူ၊ရဟန်းရှင်လူအပေါင်းနဲ့လူစည်ကားတဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း VOM သတင်းဌာနက အခုလိုရိုက်ကူးတင်ဆက်ထားပါတယ်။ ရိုက်ကူး/တင်ဆက် – VOM #VOM…
Read Moreမန္တလေးမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူတိုင်းအတွက် ဒုတိယအသုတ်အဖြစ် တယောက် သိန်း(၁၀၀) ကုမ္ပဏီကထောက်ပံ့
မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၅ SA(VOM) Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ ငါးလခွဲအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်းတွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၀၇ ယောက်ထဲကနေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုအတွက် သေဆုံးသူတယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ဒီကနေ့ စက်တင်ဘာ ၁၅ရက်မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီကနေ့ ထောက်ပံ့ငွေပေးအပ်ပွဲမှာ ၇၆ ယောက်ပေးအပ်ခဲ့ပြီး အရင်ပထမအသုတ်အနေနဲ့ကတော့ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်ပြီးဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ဒေါ်သက်သက်ခိုင်၊NTL…
Read Moreငလျင်ဒဏ်ကြားထဲက ရုန်းထနေတဲ့ မန္တလေး
စက်တင်ဘာ ၁၃ – ၂ဝ၂၅ (VOM) စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ၅ လခွဲကျော်ကြာမြင့်သည်အထိ မန္တလေးမြို့က ဒေသခံအချို့ဟာ သူတို့ရဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ယာယီငလျင်ကယ်ဆယ်ရေးစခန်းတွေမှာ ဒီကနေ့အချိန်ထိ နေထိုင်ခိုလှုံနေရဆဲဖြစ်ပါတယ်။ ဒီထဲကမှငလျင်ရဲ့ရိုက်ခတ်မှုကြောင့်အခြေခံလူတန်းစားအများစုဟာ နလန်ပြန်ထူနိုင်ဖို့အတွက်အခက်အခဲတွေကြားကနေ ဘဝကို တစ်ကနေ ပြန်စပြီးတော့ကြိုးစားရုန်းကန်နေကြရတာကိုလည်း တွေ့ရပါတယ်။ ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့သူတွေအနေနဲ့ သူတို့ရဲ့နေအိမ်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာထက်စားဝတ်နေရေးကိုသာ ခက်ခက်ခဲခဲရုန်းကန်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့သူတို့ရဲ့နေအိမ်တွေကိုပြန်လည်တည် ဆောက်ဖို့ဆိုတာကလည်းငွေကြေးပိုင်းဆိုင်ရာမှာအခက်အခဲတွေများစွာရှိနေကြလို့ မိမိတို့ရဲ့မိသားစုနေအိမ်လေးပြန်ရဖို့ဆိုတာက ဝိုးတဝါးအိပ်မက်ပုံရိပ်တခုလိုသာဖြစ်နေခဲ့ရပြန်ပါတယ်။ ရိုက်ကူး/တင်ဆက် – VOM #VOM #voiceofmyanmar #မန္တလေးမြို့ #ငလျင် #ပြန်လည်ထူထောင်ရေး #ယာယီကယ်ဆယ်ရေးစခန်း
Read Moreမန္တလေးမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူတိုင်းကို တယောက် သိန်း(၁၀၀) ကုမ္ပဏီကထောက်ပံ့ ၊ တိုက်ခန်းဝယ်ယူထားသူတွေကတော့ မူလဝယ်ထားတဲ့စျေးအတိုင်းရယူလို
မန္တလေး စက်တင်ဘာ ၈-၂၀၂၅ SA(VOM) Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၆ တွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၀၆ယောက်ထဲကနေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုအတွက် သေဆုံးသူတယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ဒီကနေ့မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီကနေ့ ထောက်ပံ့ငွေပေးအပ်ပွဲမှာ ပထမအသုတ်အနေနဲ့ ဆက်သွယ်လို့ရသူ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်တာတွေ့ရပါတယ်။ ဒီထောက်ပံ့ငွေပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ဒေါ်သက်သက်ခိုင်၊NTL ကုမ္ပဏီရဲ့ SKY Villa…
Read Moreပြည်သူ့ရှေ့ဆောင်ပါတီ အနေနဲ့ ကိုယ်စားလှယ်လောင်း ငါးရာကျော်ရနေပြီ
ပြည်သူ့ရှေ့ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန် နီးပါးဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့မှာ မန္တလေးက ပါတီဝင်တွေ၊ ရှမ်းပြည်မြောက်ပိုင်းက ပါတီဝင်တွေနဲ့ နှစ်နေရာခွဲပြီး မန္တလေးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းကနေ ရွေးကောက်ပွဲယှဥ်ပြိုင်မယ့် ဦးအောင်ဆန်းဇော်ကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
Read Moreမီဒီယာသမားဘဝကနေ နိုင်ငံရေးလောကကိုဝင်မယ့် ကိုမင်းဒင်
ပြည်သူ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ဒီထဲမှာ မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ပါတီကိုယ်စား ယှဥ်ပြိုင်မယ့်သူကတော့ မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ကိုမင်းဒင် ခေါ် ဦးရန်နိုင်ဝင်းဖြစ်ပါတယ်။ ကိုမင်းဒင်အနေနဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပါတီနိုင်ငံရေးထဲ ဝင်ပါရလဲ၊ နိုင်ငံရေးကို သေချာလေ့လာပြီးပြီလားဆိုတာကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #ကိုမင်းဒင် #PP #ဦးရန်နိုင်ဝင်း
Read Moreငြိမ်းချမ်းရေးကို အဓိကထားလုပ်မယ့် ပြည်သူ့ပါတီ (PP )
ပြည်သူ့ပါတီ ( People Party) ဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ မန္တလေးတိုင်းအတွင်းက ပြည်သူ့ပါတီဝင်တွေ၊ ရပ်မိရပ်ဖတွေ တွေ့ဆုံပွဲ တခု မန္တလေးမှာ ဒီနေ့ စက်တင်ဘာ၆ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သူတို့ပါတီအနေနဲ့ တိုင်းပြည်အတွက်အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်မယ့်အေကြာင်း ထည့်သွင်းပြောကြားသွားပါတယ်။ ပြည်သူ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို တွေ့ဆုံပွဲအပြီးမှာ VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပြည်သူ့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ အရည်အချင်းနဲ့ အရေအတွက်တွေပြည့်ပြီလား ဘာအခက်အခဲတွေရှိနေသလဲ၊ ဘာတွေပြင်ဆင်ထားသလဲ၊ ဘဏ္ဍာငွေ ဘယ်လိုရှာဖွေသလဲဆိုတာ မေးကြည့်ထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #ဦးကိုကိုကြီး #PP #ပြည်သူ့ပါတီ
Read Moreရေနီအထည်ချုပ်စက်ရုံရဲ့ အနာဂါတ်
Lidl အော်ဒါများ ၂၀၂၄ နှစ်ကုန်တွင် မြန်မာနိုင်ငံမှ ဆုတ်ခွါမည့်သတင်းကြောင့် ဒေသတွင်းသက်ဆိုင်သူတို့၏ စိုးရိမ်မှုနှင့် သဘောထားများ Locals and garment workers may become victims for Lidl leaving Myanmar! Young women and their families are worried about their future. ရေနီမြို့မှာ အထည်ချုပ်လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။ စတင်တဲ့အချိန်က နိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းပြီး သင်တန်းသား အယောက် (၂၀)နဲ့ စတင်ခဲ့တာပါ။အခုဆိုရင် ရေနီမြို့နှင့် မိုင်(၂၀) အတွင်းမှာရှိတဲ့ ကျေးရွာတွေက လူတွေနဲ့ လူဦးရေ(၅၀၀၀) နီးပါးကို အလုပ်ခန့်ထားနိုင်ခဲ့ပါပြီ။ ရေနီမြို့ဟာ ဆိပ်ကမ်းရှိတဲ့ ရန်ကုန်မြို့ကနေ မိုင် (၂၀၀) ကျော်ကွာဝေးတာကြောင့် ကုန်ကြမ်းရရှိမှုနဲ့ ကုန်ချော ပြန်လည် တင်ပို့မှုတွေမှာ…
Read MoreNCA အခမ်းအနားကို တက်ရောက်လာတဲ့ ခေါင်းဆောင်တချို့ရဲ့ သဘောထားများ
နေပြည်တော်၊ အောက်တိုဘာ- ၁၅- ၂၀၂၃ KT (VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထားမှတ်ချက်တွေကို VOM က စုစည်းတင်ဆက်ထားပါတယ်။ အဲ့ဒီ အခမ်းအနားကို နစက ဥက္ကဌနဲ့ အဖွဲ့ဝင်တွေအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းေဆာင်တွေနဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အများအပြား တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
Read More