ပြတ်ရွေ့သောက နိုးထမန္တလေး စာအုပ်မိတ်ဆက်ပွဲကျင်းပ

မန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၅
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးက ပြည်ကြီးမွန်ဖောင်တော် ခန်းမမှာ စက်တင်ဘာ ၂၁ ရက်နေ့ ၁၁ နာရီ အချိန်က စာရေးဆရာ ၃၈ ဦးရဲ့ ရှုထောင့်အမျိုးအမျိုးကနေ ရေးသားထားတဲ့ ပြတ်ရွေ့သောက နိုးထမန္တလေး ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဲဒီစာအုပ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေနဲ့စေတီ ပုထိုးတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေပါဝင်သလို ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းအရာတွေပါဝင်တယ်လို့ ဆိုပါတယ်။
ပြတ်ရွေ့သောက နိုးထမန္တလေးဆိုတဲ့ စာအုပ်ထဲမှာ ပါဝင်ရေးသားထားတဲ့ အမျိုးသားစာပေဆုရှင် စာရေးဆရာ ဆရာဆူးငှက်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် အငြိမ်းစား ဒေါက်တာမောင်သင်း နဲ့ ထုတ်ဝေသူ ဦးကျော်မိုးသက်တို့က စာအုပ်မိတ်ဆက်ပွဲမှာ စာအုပ်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW