ဟော်မုဇ်ရေလက်ကြား ဖြစ်နိုင်ခြေ(၃)ခု

ဧပြီ ၁-၂၀၂၆ MT(VOM) ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) နဲ့ ပတ်သက်ပြီး နက်ဖ်ဂျာ ဆာဘတ် အယ်လ်-ကူဝါရီ (Nafja Sabbah Al-Kuwari) တင်ပြထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ (၃) ခုကို တင်ပြပေးလိုက်ပါတယ်။ ​ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ ၃ ရပ် (​၁) ဒေသတွင်းနိုင်ငံများ စစ်ရေးအရ ကိုယ်တိုင်ဖြေရှင်းခြင်း (စစ်ရေး) ​ဒီအခြေအနေမှာတော့ ပင်လယ်ကွေ့နိုင်ငံတွေ (GCC) နဲ့ ဂျော်ဒန်နိုင်ငံတို့ စုပေါင်းပြီး ပိတ်မိနေတဲ့ ရေလက်ကြားကို ပြန်ပွင့်အောင် သူတို့ဘာသာ စစ်ရေးအရ ကြိုးပမ်းတာမျိုးပါ။ ​အကြောင်းရင်း ရေလမ်းကြောင်းပိတ်လို့ စီးပွားရေး အကြီးအကျယ် ထိခိုက်နေတာကို အမေရိကန် အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းချင်တာကြောင့်ပါ။ ​အခက်အခဲ ပင်လယ်ကွေ့နိုင်ငံတွေမှာ ခေတ်မီလက်နက်တွေ ရှိပေမဲ့ အီရန်ရဲ့ ရေမိုင်းတွေကို ဖယ်ရှားဖို့နဲ့ ရေတပ်အင်အားချင်း…

Read More

ဆန်စပါး ကဏ္ဍမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်မယ့်အစီအစဥ် တောင်သူတွေအတွက် အဆင်မပြေ

မတ် ၂၄၊ ၂၀၂၆ GG (VOM) ပုဂ္ဂလိကဆန် ၊စပါးလုပ်ငန်းနယ်ပယ်တခုလုံးကို ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်ကို စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဆောင်ရွက်မယ့် အစီအစဥ်က ဆန်ကုန်သည် ၊ ဆန်စက်တွေ ၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အတွက် အဆင်ပြေမှုရှိနိုင်ပေမယ့် တောင်သူတွေ နဲ့ပွဲစားတွေ အတွက်တော့ အခက်အခဲတွေရှိနိုင်ပြီး အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စပါးစျေးကွက်ကျဆင်းမှုကြောင့် တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရချိန်မှာ စပါးစျေးကွက်ကိုသာ ခေတ်နဲ့လျော်ညီပြီး ထိုက်သင့်တဲ့ စျေးတန်းတခုအဖြစ် ဖော်ဆောင်ပေးဖို့ ၊စပါးဖိုးကို ငွေသားနဲ့ပေးချေဖို့သာ တောင်သူတွေက လိုလားနေကြပါတယ်။ ” စပါးချိန်ပြီးတာနဲ့ ငွေပဲချက်ခြင်းရချင်တာ ။ ဘဏ်သွားအုံး ငွေထုတ်အုံး ဆိုတာတွေက အလုပ်ရှုပ်တယ် ။ ခေတ်ကာလအရလည်း သွားလာဖို့က အဆင်မပြေဘူး ။kpay ဘာညာနဲ့လွှဲပြန်တော့လည်း ငွေထုတ်ရင်…

Read More

သရက်ချောင်းမြို့နယ်က စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မတ် ၂၃ – ၂၀၂၆ SS (VOM) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်​တွေကိုကူညီနေသူတွေက ပြောပါတယ်။ သရက်ချောင်းမြို့နယ်ရှိ ဂုံညှင်းဆိပ်၊ ပြင်းဖြူသား၊ သဲချောင်းကြီး၊ စုံစင်ဖျား၊ စုံစင်၊ ဆီတော၊ ဆီတက်၊ ဝင်းဝ၊ သိမ်ကုန်း အစရှိတဲ့ ကျေးရွာတွေအပါအဝင် မြို့နယ်အောက်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်က စတင်ပြီး စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။ “အဓိက လေကြောင်းရန်ကိုကြောက်လို့ ရှောင်ကြတာပါ။ ရှောင်တာကတော့ ဘေးလွတ်မယ်ထင်တဲ့ တခြားရွာတွေနဲ့ ပင်လယ်ကမ်းအစပ်တွေကို ရှောင်ကြတာ။ အခုဆို စစ်ရှောင်ကာလ တလကျော် ရှိလာပြီဆိုတော့…

Read More

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ

မန္တလေး၊ မတ် – ၂၀- ၂၀၂၆ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်တက်ရောက်ကြရမယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်တင်ထားလဲဆိုတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးကျော်တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရမယ့် ပထမဆုံး အတွေ့အကြုံ ဘယ်လိုရှိလဲ ဆိုတာနဲ့ ဘာတွေပြင်ဆင်ထားသလဲဆိုတာ မေးမြန်းထားပါတယ်။

Read More

စက်သုံးဆီ အလွယ်တကူ ဝယ်ယူလို့မရတာကြောင့် တောင်သူတွေ အခက်တွေ့နေ

မတ် ၁၂ – ၂၀၂၆ SS (VOM) စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနေရတာအပြင် ဆိုင်တွေက ပေပါ၊ ပုံးတွေနဲ့လည်း ရောင်းချမပေးတာကြောင့် တောင်သူတွေအနေနဲ့ မိုးကြိုကာလ လယ်ယာမြေတွေ ထွန်ယက်နိုင်ဖို့အတွက် ဆီရရှိဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က လယ်ဧက ၁၀၀ ကျော် လုပ်ပါတယ်။ ထွန်စက်ကြီး လည်း ရှိပါတယ်။ လယ် တဧကကို ပျမ်းမျှ ဆီကုန်နှုန်းက စိမ်းခွဲ ထယ်ရေး ၁ ဂါလံ၊ ခဲကြေထယ်ရေး ၁ ဂါလံ။ အဲဒီနှစ်ခုက မိုးကြိုပေါ့။ မိုးမရွာခင် ကြိုမောင်းရတာပါ။ မိုးရွာတာနဲ့ စက်ခုတ် ရပါတယ်။ နှစ်လွှာ ဆီ ၁ ဂါလံဝန်းကျင် ကုန်ပါတယ်။ တဧက အပေါ်ကို ဆီပျမ်းမျှ ၃ ဂါလံဝန်းကျင် ကုန်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်ပျိုးရေး…

Read More

“သေမင်းတမန်ရထားလမ်း” မှ အိန္ဒိယသမုဒ္ဒရာတွင်းသို့ မျှော်ကြည့်ခြင်း

ထိုင်း–မြန်မာနယ်စပ်တွင် တည်ရှိနေသော ပထဝီနိုင်ငံရေးလမ်းကြောင်း အရှေ့တောင်အာရှ၏ အနောက်တောင်စွန်းဒေသတွင် ပထဝီိနုင်ငံရေး စီးပွားရေး အချက်အခြာကျသည့် ‌ေဒသတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်တစ်ခုအရေးကို ဆွေးနွေးနေကြပြီး စီမံကိန်းရေးဆွဲနေကြသည်။ ထိုင်းနိုင်ငံ အနောက်ဘက် စက်မှုဒေသများမှ စတင်ကာ ကန်ချနာဘူရီကို ဖြတ်သန်းပြီး ထိုင်း–မြန်မာ နယ်စပ်ကို ကျော်လွန်ကာ မြန်မာနိုင်ငံ တနင်္သာရီဒေသသို့ ဖြတ်ကျော်ဝင်ရောက်ပြီး နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာဖက်သို့ ဆက်သွယ်ပေးမည့် ထားဝယ်ဆိပ်ကမ်းသို့ ရောက်ရှိမည့် လမ်းကြောင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဤလမ်းကြောင်းကို “ထားဝယ် စီးပွားရေးလမ်းကြောင်း (Dawei Economic Corridor)” ဟု ခေါ်ကြသည်။ ယင်းစီမံကိန်းသည် ပင်လယ်တွင်းမှ ဆိပ်ကမ်းများကို ကုန်တွင်းစက်မှုဇုန်များနှင့် ဆက်သွယ်ပေးမည့် နယ်စပ်ဖြတ် လမ်းမကြီးများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာတွင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနှင့် တိုက်ရိုက် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ ယင်းလမ်းကြောင်း အပြည့်အဝ တည်ဆောက်ပြီးပါက အရှေ့တောင်အာရှ…

Read More

ခရီးသွားပြည်သူတွေအတွက် သုံးရက်တာ အခမဲ့ စီးနင်းခွင့်ရမယ့် ထိုက်သူပန် ယာဥ်လိုင်းသစ် နေပြည်တော်မှာ ဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၁-၂၀၂၆ KKL(VOM) ခရီးသွားပြည်သူတွေအတွက် အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ထိုက်သူပန် ယာဥ်လိုင်းမှာ အခမဲ့ သုံးရက်တာ စီးနင်းခွင့်ရမှာဖြစ်ပြီး ကားလက်မှတ် ဝယ်ယူသူတွေအတွက် အဆင်ပြေအောင် သာမန်ကားဂိတ်မှာ ဝယ်ယူနိုင်သလို အွန်လိုင်းစနစ်နဲ့ပါ ဝယ်ယူနိုင်တဲ့အပြင် ထိုက်သူပန် page ကနေပါ ဝယ်နိုင်အောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ…

Read More

ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်

ဇန်ဝါရီ ၂၅ ၊ ၂၀၂၆ GG (VOM) အပိုင်း ၃ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ နဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဖားကန့်မြို့ပေါ်က ရွေးကောက်ပွဲ ကျင်းပနေတဲ့ ငှက်ပျောတောရပ်ကွက် မဲရုံအနီးရှိ KBZ ဘဏ်အနီးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့သလို မြို့မ ရပ်ကွက် ၊ ကလပ်ကုန်းအပေါ်ပိုင်းမှာလည်း နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆူညံနေပြီ ။ ပစ်နေကြတယ်။ မြို့ပေါ်ပစ်နေတာ ။ ပစ်လိုက် နားလိုက်ပစ်နေကြတာ။ လက်နက်ကြီးတွေလည်း ကျရောက်ပေါက်ကွဲတာရှိနေတယ် ။မြို့ထဲက ကလပ်ကုန်းပေါ်ကျတာကတော့ မိသားစုတွေ ဘေးကင်းတယ်သိရတယ် ။ ” လို့ ဖားကန့် မြို့ခံကပြောပါတယ်။ ဒါအပြင် ရွေးကောက်ပွဲ…

Read More

ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲဧရိယာ ကျယ်လာလို့ စစ်ရှောင်ကျေးရွာတွေများလာ

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေ များလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် လက်ရှိမှာ ပဲနွယ်ကုန်းမြို့ အနီးတဝိုက်မှာရှိတဲ့ ကြိမ်ခါးကုန်း ၊ အင်ကုန်း ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ အပြင် မအူပင်ရွာ ၊ လှေဒုံး ၊ သဖန်းပင် ၊ ငတိုးခင်ရွာ ၊ သစ်ဖြူဆိတ် ၊ ညောင်ဝိုင်းရွာ တွေက ဒေသခံတွေ စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ၊ မနက် ၁၂ နာရီလောက်အထိ အဆိုပါ ကျေးရွာတွေဘက်မှာ လက်နက်ကြီး လက်နက်ငယ်…

Read More

တောင်ကြီးမှာ အဆောင်နေကျောင်းသူကို အဓမ္မကျင့်မှုဖြင့် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားကို ဖမ်းဆီးထားပြီး ကျောင်းကိုချိတ်ပိတ်

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး တက်ရောက်နေတဲ့ G 12 ကျောင်းသူကို ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးက ခြိမ်းခြောက် ၊ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးကို တောင်ကြီးရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ထားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ကျောင်းသူလေးကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ ကျောင်းပိုင်ရှင်ရဲ့သားဟာ အဲဒီကျောင်းမှာပဲ စာသင်ကြားနေတဲ့ ကျောင်းဆရာ တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းကို ချိတ်ပိတ်လိုက်ပြီ ။ ချိတ်မပိတ်သေးခင်ကတော့ အဲဒီဖြစ်စဥ်ကြားပြီး ကလေးတွေကို ပြန်ခေါ်တာတွေလည်းရှိတယ်။ အခုတော့ ပိတ်သွားပြီ ။ ကျူးလွန်တဲ့ ဆရာကိုလည်း…

Read More
VOM News

FREE
VIEW