မန္တလေး မေ – ၂၄ – ၂၀၁၉ ဖြူဖြူ (VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေဟာ ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့အတွက် အချို့ကိုပုဒ်မ အမျိုးမျိုးနဲ့ အမှုဖွင့်ထားရာ ဦးရွှေအုန်းဆိုသူလည်း အမှုဖွင့်ခံထားရပြီး ဦးရွှေအုန်းကို ဖမ်းမမိသေးတာကြောင့် ဒီနေ့မနက်ပိုင်းမှာ သားဖြစ်သူ ကိုးတန်းကျောင်းသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဦးရွှေအုန်ရဲ့သားကို ဖမ်းသွားတုန်းမှာ အတူရှိနေခဲ့တဲ့ သူငယ်ချင်းတွေက “ပထမတော့ တစ်ယောက်တည်း၊သူက ဓါတ်တိုင်နဲ့ကွယ်ပုန်းနေတာ။ ကျနော်တို့လည်းရောက်ရော ဆိုင်ကယ်ကို သော့ဖြုတ်သွားတယ်။ ဒီထဲမှာ ဦးရွှေအုန်းသားပါလားလို့မေးတယ်။ ပြီးတော့ ဘယ်သူ့ဆီမှန်းမသိဘူး သူက ဖုန်းတွေဆက်တယ်။ အစက လာကြည့်ခိုင်းတယ်၊ ပြီးမှလာမကြည့်နဲ့တော့ ပုံပဲ ပို့လိုက်ဆိုပြီး အဲဒါနဲ့ ဖမ်းသွားတယ်။” လို့ ဆိုပါတယ်။ ကျောင်းသုံးစာအုပ်နဲ့ လိုအပ်တာတွေ ၀ယ်ဖို့ သူငယ်ချင်းသုံးယောက် ရွာအပြင်ထွက်စဉ်…
Read MoreCategory: Uncategorized
ပြည် – အောင်လံ လမ်းမပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်
ပြည်၊ မေ – ၂၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM) ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ပြည်-အောင်လံ လမ်းပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဒီနေ့ မနက်က ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့အဝင်က Max Myanmar High Way တိုးဂိတ် အလိုမရှိ၊ အပြီးတိုင် ဖျက်သိမ်းပေးရေး ဗီနိုင်းပိုစတာ များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ “ပြည်မြို့နဲ့ထန်းပေါက်ရွာက ကပ်လျှက်ရှိတယ်။ ကျနော့်တို့ထန်းပေါက်ကျေးရွာအနီးမှာ တည်ဆောက်ထားတဲ့တိုးဂိတ်က လမ်းကြေးကို တနေ့တနေ့ဖြတ်သန်းရတဲ့ ကားတစီးကို ၃၀၀၀ မြို့၊ဝင်ကြေးက ၅၀၀ အဲလိုပေးဆောင်ရတယ်။ မက်မြန်မာရဲ့ဂိတ်တွေကနီးကပ်လွန်းပါတယ်။ ရွှေတောင်နဲ့ပြည် တိုးဂိတ်က မိုင်၂၀ ဝန်းကျင်ဘဲရှိတယ်။ အခုတိုးဂိတ်က ဘွက်ကြီးတိုးဂိတ်နဲ့ မိုင်…
Read Moreအမေရိကန် ရေတပ်ကို ဒုံးပျံတစ်စင်းနဲ့ ဖျက်စီးပစ်နိုင်တယ်လို့ အီရန်ပြော
ဝါရှင်တန်၊ မေ-၁၁-၂၀၁၉ မျိုးဆက်(VOM) အမေရိကန်ရေနံတင်သင်္ဘောတွေအပါအ၀င် အမေရိကန်ကုန်တင်သင်္ဘောတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် ရေကြောင်းအုပ်ချုပ်ရေးအဖွဲ့က မေ ၁၀ ရက်က သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်ရေတပ်ကို ဒုံးပျံတစ်စင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်လို့ အီရန် ထိပ်တန်း ဘာသာရေးခေါင်းဆောင်က ပြောဆိုပြီးနောက် အမေရိကန်ရေးကြောင်းအုပ်ချုပ်ရေးအဖွဲ့က ဒီလို သတိပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန်တင်းမာမှုတွေဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုပြုမည်မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်က သီးခြားထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုကနေ အီရန်သမ္မတရူဟာနီနဲ့ သူရဲ့ မဟာမိတ်အချို့ကို တားဆီးရန်ရည်ရွယ်တဲ့ သီးခြားရပ်တည်ချက်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို လက်လျှော့ဖို့ နဲ့ ပတ်သက်ပြီး အီရန်ခေါင်းဆောင်တွေကို သူနဲ့ ဆွေးနွေးဖို့ မေ ၉ ရက်မှာ…
Read Moreစစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စုက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိခင်နဲ့ တွေ့ဆုံမေးမြန်းချက်
မင်းကွန်း မေ ၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေး မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီပြစ်မှူကျူးလွန်တဲ့သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ် ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းကို(ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး သားမယားပြုကျင့်ခံရတဲ့ကလေးငယ်ကို လာခေါ်တဲ့ မပုကိုတော့ မင်းကွန်းရဲစခန်းက မေးမြန်းစရာရှိမှ ခေါ်မယ်ဆိုပြီး ပြန်လွတ်ထားတယ်လို့သိရပါတယ်။ သားမယားပြုကျင့်ခံရတဲ ကလေးငယ်ကတော့ မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့ …
Read Moreမုဒိမ်း(ရိုးရိုး)ထက် သက်ငယ်မုဒိမ်းဖြစ်ပွားမှုပိုများပြားနေကြောင်း ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာကဖော်ပြ
ရန်ကုန် ၊ ဧပြီ ၂၈-၂၀၁၉ TGH(VOM) ၂၀၁၈ ခုနှစ်ရဲ့ စစ်ဆေးဖို့ကျန်ရှိနေတဲ့ ရာဇ၀တ်မှု ပေါင်း ၁၁၂၀၁၀ မှုရှိရာ အရေးကြီးရာဇ၀တ် မှုအမျိုးအစားတွေအနေနဲ့ မုဒိမ်း(ရိုးရိုး) ၊ သက်ငယ်မုဒိမ်း ၊ လူသတ်မှု ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူးမှု ၊ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးတဲ့အမှုတွေပါဝင်နေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာ မှာဖော်ပြထားပါတယ်။ အဆိုပါ ကျန်ရှိ ရာဇ၀တ်မှုတစ်သောင်းကျော်ထဲမှာ မုဒိမ်း(ရိုးရိုး)က ၈၀၂ မှု ၊ သက်ငယ်မုဒိမ်း က ၁၁၂၀ ၊ လူသတ်မှုက ၁၃၃၉ ၊ မူးယစ်ဆေးဝါးမှုက ၁၂၄၁၇ ၊ လူကုန်ကူးမှု ၁၇၉ နဲ့ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှု ၃၂၉၄ ၊ အခြားအမှုပေါင်း ၉၂၈၅၉ ပါဝင်တာတွေ့ရပါတယ်။ ၂၀၁၈…
Read Moreနတ္တလင်းမြို့ နယ်မှာ အိမ်(၈)လုံး မီးလောင်
ဧပြီလ -၂၀ ရက် -၂၀၁၉ မိုးယံ(ဇီးကုန်း) ဧပြီ ၂၀ ရက် နေ့လယ် ၁နာရီ ခန့်က ပဲခူးတိုင်း ၊ သာယာဝတီခရိုင် နတ္တလင်းမြို့ နယ် ပျဉ်းမကုန်အုပ်စု ကံတွင်းရွာမှာ နွားတင်းကုတ် မီးကြွင်းမီးကျနှ် ကနေ တဆင့် မီးလောင်မှု ဖြစ်ခဲ့လို့ အိမ် ၈ လုံး မီးထဲပါသွားခဲ့ပါတယ်။ ကံတွင်းရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဦး က ” အဲ့ဒီအချိန်မှာ အိမ်သားတွေ တစ်ယောက်မှ မရှိဘူး နွားတဲကုတ် မီးဖိုးကနေ စလောင်တာ အဲဒီကနေ အိမ်မကြီးလောင်တယ်ပြီးတော့ အနီးအနားက အိမ်တွေ ဆက်လောင်တယ် စပါးတင်း(၉၀၀) မတ်ပဲ တင်း(၁၅၀) မီးထဲပါသွားတယ်´လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် ဦးခင်မောင်လွင်ရဲ့ သွပ်မိုး ပျဉ်ထောင်ပျဉ်ခင်း လေးပင်အိမ၊် ကိုကျော်ဇင်ဦးရဲ့ သက်ငယ်မိုး…
Read Moreနေပြည်တော်မှာ ရုပ်ရှင်ဌာနကြီးကြီးမားမားဆောက်ဖို့ ကမ်းလှမ်းမှုတွေရှိ
ရန်ကုန် ဧပြီ ၂၀ -၂၀၁၉ သင်းသဒ္ဒါ နေပြည်တော်ကို ရုပ်ရှင်မြို့တော်ကဲ့သို့ဖြစ်ချင်နေပြီး ယခုအခါ ရုပ်ရှင်ဌာနကြီးကြီးမားမား ဆောက်ချင်ကြောင်း ကမ်းလှမ်းမှုတွေရှိတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။ JCGV Toto’s Film Making Class ရုပ်ရှင်ရိုက်ကူးမှု သင်တန်းပြီးဆုံးကြောင်း အခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံမှာကျင်းပခဲ့ရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ နေပြည်တော်ကို ရုပ်ရှင် မြို့တော်ကဲ့သို့ ဖြစ်ချင်တယ်။ အခုခါမှာ နေပြည်တော်မှာ ရုပ်ရှင်ဌာနကြီး ကြီးကြီးမားမားဆောက်ချင်တယ်။ ကမ်း လှမ်းပြောဆိုတာတွေ ရှိလာပါတယ်။ ဒီလုပ်ငန်း တစ်ရပ်သည် ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ် တွေများပြားလာရင် ဒီလုပ်ငန်းသည် တကယ်ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတာကို…
Read Moreမင်းလှမြို့အမှတ် ၁ရပ်ကွက် အုပ်ချုပ်ရေးမှူးဓာတ်လိုက်သေဆုံး
မင်းလှ ဧပြီ ၁၆-၂၀၁၉ ဂျန်ကိုးလ် (VOM) သာယာဝတီခရိုင်မင်းလှမြို့နယ်တွင် ဧပြီ၁၆ မနက် ၁၀ ၀န်းကျင်မှာ အသက်၆၃နှစ်အရွယ်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ဆိုသူဟာ သီချင်းသီဆိုဖို့ မိုက်ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်သေဆုံးသွားတယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ် ။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၁၀ရီခွဲအချိန်ခန့်ကမင်းလှပြည်သူ့ဆေးရုံကို ပြင်ပဒဏ်ရာမရှိဘဲ ဓာတ်လိုက်သေဆုံးသူတစ်ဦး ရောက်ရှိနေကြောင်း မြို့နယ်ဆရာဝန်က ရဲစခန်းအကြောင်းကြားတာကြောင့် မြို့မရဲစခန်းမှူးတို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ရဲမှတ်တမ်းများမှာဖေါ်ပြထားပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေဆုံးသူရဲ့သားဖြစ်သူ ကိုကံဝင်းလှိုင်ခေါ်ညီညီက “အဖေ က လေဖြန်းခံထားဘူးတယ် အိမ်မှာ သီချင်းဆိုဘို့ ရေစိုလက်နဲ့ မိုက်ကိုင်လိုက်တာ ဓာတ်လိုက်ပြီးနောက်ကိုလန်ကျသေဆုံးသွားတာဖြစ်တယ် “လို့ရဲစခန်းမှာထွက်ဆိုထားပါတယ်။ အမှုကိုမင်းလှမြို့မရဲစခန်းက သေမှု့သေခင်း အမှုအမှတ်စဉ်၈/၂၀၁၉အရအမှု့ဖွင့်လက်ခံထားပြီး ဒုရဲမှူးသိန်းလွင်မြို့မစခန်းမှူးက ရဲလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ #voiceofmyanmar #မင်းလှ #အုပ်ချုပ်ရေးမှူး #ဓါတ်လိုက်သေဆုံး
Read Moreပြည်မြို့မှာ သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်ဆိုင်ကယ်တွေကို အရေးယူမယ်
ဧပြီ ၅-၂၀၁၉ ဂျန်ကိုးလ်(VOM) ပြည်မြို့မှာ သင်္ကြန်ကာလအတွင်းအများသူငါစိတ်အနှောင့်အယှက်ဖြစ် စေတဲ့ အိပ်ဇောဖွင့်ဆိုင်ကယ်များ အသံဆူညံစေတဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်တွေကို ထိရောက်စွာ အရေးယူသွား မယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ “သင်္ကြန်ကာလမှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်စေမယ့် ပါဝါအိတ်ဇော တပ်တာတွေ အိတ်ဇောဖွင့်မောင်းတာတွေ မရှိရအောင် သင်္ကြန်ကာလမတိုင်ခင်ကတည်းကိုက ဖမ်းဆီးအရေးယူ ဖြုတ်သိမ်း ဆောင်ရွက်သွားဖို့ရှိပါတယ်။”လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကပြောပါတယ်။ ပြည်မြို့လမ်းဆုံလမ်းခွတွေ လူစည်ကားရာနေရာတွေ အစရှိတဲ့ နေရာ ၈ နေရာသတ်မှတ်ပြီး ရဲတပ်ဖွဲ့၊မီးသတ်၊ သက်ဆိုင်ရာရပ်ကျေးအဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေက ညတိုင်း ပိတ်ဆို့ စစ်ဆေး ပြီး လုံခြုံရေး ဆောင်ရွက်နေသလို စည်းကမ်းမဲ့ဆိုင်ကယ်တွေ တွေ့ရှိပါကလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ် သွားမှာဖြစ်တယ်လို့သိရပါတယ်။ စည်းကမ်းမဲ့ ဆိုင်ကယ်တွေအပြင် လိုင်စင်မရှိတဲ့ အရက်ဆိုင်တွေ သင်္ကြန်ကာလအတွင်း လက်တွန်းလှည်း၊ သုံးဘီးဆိုင်ကယ်တွေနဲ့ရောင်းချတဲ့ ရွှေ့လျားအရက်ဆိုင်တွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ #voiceofmyanmar #ပြည်မြို့…
Read MoreAA လက်နက်ကိုင်အဖွဲ့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ မနှောင့်ယှက်ရန် ခူမီးချင်းမျိုးနွယ်စု ကြေညာချက်ထုတ်
ပလက်ဝ ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို AAလက်နက်ကိုင် အဖွဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ က ဧပြီလ ၂ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်ရတာကတော့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ ကုလားတန်မြစ်ကူးတံတားစီမံကိန်း အစိတ်အပိုင်းတွေကို AA လက်နက်ကိုင်အဖွဲ့က မတ်လ (၁၉) ရက်နေ့က ဖျက်ဆီးခဲ့သလို မတ်လ ၃၀ ရက်နေ့မှာလည်း ပလက်ဝမြို့နဲ့ ဇိုရမ်ပူမြို့အကြား ကားလမ်းဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကြေညာချက်ထဲမှာတော့ AA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ပလက်ဝမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို…
Read More