သင်္ကြန်ကာလ ခရီးသည် စီးနင်းမှုအများဆုံးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးစဉ်အတွက်  အထူးရထားနှစ်စင်းပြေးဆွဲမည်

ရန်ကုန် ၊ မတ် ၁၀ -၂၀၁၈ TGH (VOM) သင်္ကြန်ကာလအတွင်း ခရီးသည်စီးနင်းမှုအများဆုံးဖြစ်တဲ့  ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတွက် အထူးရထားပြေးဆွဲသွားမယ်လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး )မှ သိရပါတယ်။ နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ရန်ကုန်မြို့ကနေ နယ်ပြန်သူ ၊ ခရီးသွားသူတွေ အများအပြားရှိတာကြောင့် ပုံမှန်ပြေးဆွဲနေကြ ရထားတွဲဆိုင်းနှုန်းနဲ့ အဆင်ပြေ လုံလောက်မှုမရှိသဖြင့် မကြာမီ ရောက်ရှိတော့မယ် သင်္ကြန်ကာလမှာ  နေရပ်ပြန်သူတွေနဲ့ အပန်းဖြေခရီးသွားသူတွေ ခရီးစဉ်အဆင်ပြေစေဖို့အတွက် သင်္ကြန်အထူးရထား ၁ ၊ ၂ ဆိုပြီး အထူးရထား ၂ စင်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “မကြာခင်ကျောင်းတွေလည်းပိတ်တော့မယ်။ ကျောင်းပိတ်ရင် ခရီးသွားတာရှိသလို ရန်ကုန်ကို နယ်ကနေ အလုပ်လာလုပ်ကြတဲ့ သူတွေကလည်း ဒီရက်ဆို သူတို့နေရပ်အသီးသီးကို ပြန်ကြတယ်။ အဲ့ဒီအခါ ကားလက်မှတ်ခက်ခဲသလို ရထားလက်မှတ်ကလည်း မရကြဘူး ၊ ဒါကြောင့် အထူးရထားပြေးဆွဲပေးမှာဖြစ်ပါတယ် ၊ခရီးသွားတွေ အများဆုံးစီးနင်းမှုရှိတဲ့ လမ်းကြောင်းကို…

Read More

ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမှာ ဒုက္ခသည် ၃၀၀၀ ခန့်ထိတိုးလာ

မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး လာခဲ့သူအရေအတွက်ဟာ ၃၀၀၀ ဝန်းကျင်အထိ တိုးလာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ကယ်ဆယ်ရေးစခန်း ၃ ခုသာရှိခဲ့ရာကနေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူတွေ များပြား လာနေတဲ့အတွက် မတ်လ ၅ ရက်နေ့ကစတင်ပြီး ကယ်ဆယ်ရေး စခန်းပေါင်း ၁၀ ခုကိုတိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ပထမကတော့ အောက်သကန်စခန်း၊ တိန်ညိုစခန်းနဲ့ စေတီတောင်စခန်းသုံးခုပဲရှိတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ လေးမြို့ဒေသမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့သူတွေများပြားနေတာကြောင့် စခန်းတွေကိုတိုးချဲ့ပြီးတော့ ဖွင့်လှစ်ပေးထားရပါတယ်။”လို့ ကယ်ဆယ်ရေးစန်းတွေကို ထောက်ပံ့ကူညီပေးနေသူတွေကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းက ရမ်းချောင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူ အရေအတွက်ဟာ ၄၀၀ ကျော်သာရှိခဲ့ပေမယ့် လေးမြို့မြစ်ကြောင်းအတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂၆၀၀ ကျော်ထိ တိုးလာခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်။ ချေင်းတစ်ဖက်ကဘုရားကြီးရွာမှာ ရှိနေတဲ့စစ်တပ်နဲ့ ပစ်ခတ်ကြတယ်။ ရွာကိုလက်နက်ကြီးကျည်တွေကျတယ်။…

Read More

ချင်းပြည်နယ်မှာ ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက် လူတစ်ဦးသေဆုံး

တီးတိန် မတ် ၉-၂၀၁၉ မိုင်ချယ်ရီ(VOM)   ချင်းပြည်နယ် တီတိန်းမြို့နယ် သိုင်းငင်းကျေးရွာအနီးမှာ ကုန်တင်ထားတဲ့ ယာဉ်တစ်စီး စက်မသပ် ပဲ ရပ်ထားချိန်မှာ နောက်ပြန်လိမ့်ကျပြီး ချောက်ထဲကျ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ သိုင်းငင်းရဲကင်းစခန်း ကနေ သိရပါတယ်။   မတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီကားဟာ ကလေးမြို့ကနေ တီးတိန်မြို့ကို စက်သုံးဆီတွေ တင်ဆောင်မောင်းနှင်လာရာကနေ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆ မိုင် ၄ ဖာလုံ နဲ့ ၅ ဖာလုံ ကြား အရောက်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ဟာ ကားကို လမ်းဘေးမှာ စက်မသတ်ပဲ ရပ်ထားပြီး အပေါ့စွန့်ဖို့ ဆင်းတဲ့အချိန်မှာ ကားက နောက်ပြန်လိမ့်ကျခဲ့တာဖြစ်ပါတယ်။ ဒီလို…

Read More

မြန်မာနိုင်ငံက မူးယစ်ဆေးတွေ တားဆီးဖို့ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီတွေ ဘင်္ဂလားဒေ့ရှ် တပ်မည်

ဒါကာ၊ မတ် ၈-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံက စိတ်ကြွရူးသွပ်ဆေးပြားတွေ နိုင်ငံအတွင်း မှောင်ခိုဝင်ရောက်နေတာကိုတားဆီးဖို့ရည်ရွယ်ပြီး မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကော့ဘဇားခရိုင် အရှေ့တောင်ဘက်ရှိ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မတ် ၇ ရက်မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနက နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီ ကင်မရာတွေ တပ်ဆင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းတာတွေကို တားဆီးဖို့အတွက် နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ရှာဖွေရေးစက်တွေ ၊ စကန်နာတွေနဲ့ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်သွားဖို့ အစီအစဉ်တစ်ရပ်ရှိတယ်လို့ အောက်လွှတ်တော်အမတ်ဖြစ်သူ Md Mujibul Haque ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြား ရာမှာ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း ရာဘ မူးယစ်ဆေးဝါးတွေ မ၀င်ရောက်နိုင်ဖို့…

Read More

နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်မှ ရုရှားနှုတ်ထွက်

မော်စကို၊ မတ်-၅-၂၀၁၉ မျိုးဆက် (VOM)   စစ်အေးခေတ်ကာလက ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယားလက်နက်စာချုပ် (အိုင်အင်န်အက်ဖ် ) နှုတ်ထွက်ဖို့ အမေရိကန်က ပထမဆုံးလုပ်ဆောင်နေခဲ့ပြီးနောက်  အဆိုပါလက်နက်စာချုပ်ကနေ ရုရှားနိုင်ငံက တရားဝင်နှုတ်ထွက်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က မတ် ၄ ရက်မှာ ပြောပါတယ်။   ဆိုဗီယက်ယူနီယမ်နဲ့ အမေရိကန်တို့အကြား ချုပ်ဆိုခဲ့တဲ့ အဆိုပါ လက်နက်ထိန်းချုပ်ရေးစာချုပ်မှာ ရုရှားနိုင်ငံက ပါဝင်မှုကို ရပ်ဆိုင်းတဲ့ အမိန့်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနိုင်ငံက ထုတ်ပြန်ပါတယ်။   စာချုပ်မှာပါရှိတဲ့ လိုက်နာရမယ့် တာဝန်တွေကို အမေရိကန်က ချိုးဖောက်ပြီးနောက် ရုရှားနိုင်ငံက စာချုပ်ကို အခုလို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။   ၁၉၈၇ ခုနှစ်က အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့အကြား ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယား စာချုပ်ပါစည်းကမ်းချက်တွေကို ချိုးဖောက်နေတယ်လို့  ရုရှားနဲ့ အမေရိကန်တို့က…

Read More

မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ မပြောင်းဘူးလို့ ကုလသမဂ္ဂဆို

နယူးယောက်၊ မတ်-၂-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပူးတွဲ ဥက္ကဌအဖြစ် လက်ရှိတာဝန်ယူထား ပြင်သစ်နဲ့ ဂျာမနီ သံအမတ်ကြီးတွေက ပြောပါတယ်။   ဂျာမန်သံအမတ်ကြီး ခရစ်တိုဖာ ဟီယူဆဂင်နဲ့ ပြင်သစ်သံအမတ်ကြီး ဖရန်ကွိုင်ဒီလာထရာ တို့ မတ် ၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။ သဘောတူညီချက်တစ်စုံတစ်ရာ မထွက်ခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဂျာမန်သံအမတ်ကြီး ခရစ်တိုဖာ ဟီယူဆဂင်က လုံခြုံရေးကောင်စီမှာ မေးမြန်းခဲ့တာပါ။  မြောက်ကိုရီးယားအပေါ် လက်ရှိချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြောင်းလဲဖို့မလိုအပ်ဘူးလို့ ရှုမြင်ကြောင်းလည်း ၎င်းကပြောပါတယ်။   တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ ကူညီနိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြပြောဆိုပြီး အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိမယ်လို့…

Read More

လိုင်စင်အတုနဲ့ လေယာဉ်မောင်းနေသူကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ စိစစ်တွေ့ရှိ

ကိပ်တောင်း၊မတ်-၂-၂၀၁၉ မျိုးဆက် (VOM)   တောင်အာဖရိကလေကြောင်းလိုင်း (အက်စ်အေအေ)မှ လေယာဉ်မှူးတစ်ဦးဟာ နှစ်ပေါင်း၂၀ကျော် ကြာအောင် လိုင်စင်အတုနဲ့ လေယာဉ်မောင်းခဲ့တာကို လေကြောင်းလိုင်းကသိရှိပြီးနောက်  ရာထူးက နှုတ်ထွက်လိုက်ရပါတယ်။   တောင်အာဖရိကနေ ဂျာမနီကိုသွားတဲ့  ခရီးစဉ်တစ်ခုအတွင်း အစီရင်ခံတစ်ခုမှာ မတော်တဆအချက်အလက်မှားယွင်းပြီးနောက် လေယာဉ်မှူးဝီလျံချန်းဒလာရဲ့ လေယာဉ်မောင်းလိုင်စင်မှာ အတုဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တောင်အာဖရိကလေကြောင်းလိုင်းကဆိုပါတယ်။   လိုင်စင်အတုနဲ့ လေယာဉ်မောင်းတဲ့ ဝီလျံချန်းဒလာကို အဆိုပါလေကြောင်းလိုင်းကနေ ပြစ်မှုကြောင်းအရ တရားစွဲဆိုသွားမှာဖြစ်ပြီး အာဖရိကငွေသန်းချီရရှိဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ဒါ့အပြင် တောင်အာဖရိကလေကြောင်းလိုင်း လုံခြုံရေးအရာရှိတစ်ဦးကိုလည်း  အဆိုပါလိုင်စင်တုနဲ့ပတ်သက်ပြီး ဖုံးကွယ်ပေးဖို့  ကြိုးပမ်းမှုအတွက် တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။   မစ္စတာချန်ဒလာဟာ ၁၉၉၄ခုနှစ်က လေယာဉ်မှူးတစ်ဦးအဖြစ် တာဝန်မထမ်းဆောင်မီ နိုင်ငံပိုင် တောင်အာဖရိကလေကြောင်းလိုင်းမှာ လေယာဉ်အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ တောင်အာဖရိကသတင်းစာ Mail & Guardian သတင်းစာက ဖော်ပြပါတယ်။   Ref :BBC…

Read More

ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအ၀င် အရပ်သား ၁၀ ကိုဖမ်းဆီး

မြောက်ဦး၊ မတ် ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးနဲ့ ရွာသားတစ်ဦးအပါအ၀င် ကျောက်တော် မြို့နယ်က အရပ်သား ၅ဦးတို့ကို မနေ့က ဖေဖော်ဝါရီ ၂၈ တစ်ရက်တည်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။   အဲ့ဒီလူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာမှန်ကန်ပေမယ့် လက်ရှိမှာတော့ ဘာကြောင့်ဖမ်းဆီးရတယ်တိုတာကို ပြောပြလို့ မရသေးကြောင်းပြောပါတယ်။   “ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး လေးယောက်နဲ့ ရွာသားတစ်ယောက်ကို လောလောဆယ် ထိန်းသိမ်းထားတာပါ။ စစ်ဆေးစရာတွေရှိလို့ စစ်ဆေးနေပါတယ်။ ဖမ်းဆီးထားတဲ့သဘောတော့မဟုတ်ဘူး။”လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။   မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူတွေကတော့ ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေ၊ ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်နဲ့ တင်းထိန်ကန်ကျေးရွာသား တစ်ဦးတို့ကို မနေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ကတော့ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုမသိရသေးဘူး။ မနေ့က နေ့လည်ပိုင်းလောက်မှာ လပါတ်အစည်းအဝေးကိုရောက်နေတဲ့အချိန် မြို့နယ်…

Read More

စစ်ကိုင်းတိုင်းအတွင်းက စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၇ ဘီလီယံကျော်ကို မတ်လကုန်အတွင်းအပြီးတောင်းမည်

မုံရွာ ဖေဖေါ်ဝါရီ၂၈-၂၀၁၉ ဗျဂ္ဃ(VOM) ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွေကနေ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေထဲက ကျန်ရှိနေသေးတဲ့ ကြွေးကျန် ၇.၁ ဘီလီယံကျော်ကို လာမယ့် မတ်လအကုန်မှာ အပြီးရရှိအောင် တောင်းသွားမယ်လို့ စစ်ကိုင်းတိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူက ပြောပါတယ်။   စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၂၂ မြို့နယ်က တောင်သူပေါင်း ၁၂၈၆၇ ထံကနေ မိုး၊ ဆောင်း၊ မိုးကြိုသီးနှံတွေအတွက် ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်လည်ရရှိဖို့ လိုအပ်နေတာပါ။ စိုက်ပျိုးစရိတ်ချေးငွေ အချိန်ပြည့်ကြွေးကျန် ပြန်ရရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက အစီအမံတွေရေးဆွဲကာ လုပ်ဆောင်နေတာလို့သိရပါတယ်။   စစ်ကိုင်းတိုင်းမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပေါင်း ၃၂ ခုရှိပါတယ်။ ပြန်မဆပ်တဲ့ တောင်သူတွေကို အပိုင်း ၄ပိုင်းဖြစ်တဲ့ ကြွေးကျန်သူက ပုံစံ ၇ ရရှိပြီးသူ ဟုတ်မဟုတ်၊ ပုံစံ ၇…

Read More

စစ်ကိုင်းတိုင်းမှာ ဖေဖေါ်ဝါရီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်ရာကျော်ပျက်စီးပြီး လူနှစ်ဦးသေဆုံး

မုံရွာဖေဖော်ဝါရီ ၂၈ -၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။   စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကနေ   ဖေဖော်ဝါရီ ၂၅ ရက်အတွင်း တိုက်ခတ်ခဲ့တဲ့  မိုးသက်လေပြင်းဒဏ်ကြောင့်  ဒီပဲယင်းမြို့နယ်မှာ နေအိမ် ၁၀၀ အမိုးလန်ကာ နေအိမ် တစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး ကောလင်းမြို့နယ်မှာ နေအိမ် ၂၄ လုံးအမိုးလန် ပျက်စီးခဲ့ပါတယ်။   ဝက်လက်မြို့နယ်မှာ နေအိမ် ၂၂ လုံး အမိုးလန်ကာ နေအိမ်ရှစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အင်းတော်မြို့နယ်မှာ နေအိမ် ငါးလုံး အမိုးလန်ကာ နေအိမ် တစ်လုံး ပြိုကျ…

Read More
VOM News

FREE
VIEW