လားရှိုးမြို့ကနေ စစ်ရှောင် သွားတဲ့ ကား‌တွေ ထောင်ချီ မြို့အထွက်လမ်းမှာ ပိတ်မိနေ

ဇူလိုင် ၈၊ ၂၀၂၄ လားရှိုးမြို့ကနေ စစ်ရှောင် ထွက်သွားဖို့ တန်းစီနေတဲ့ ကား‌တွေ လက်ရှိ ထောင်ချီ မြို့အထွက်မှာ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနက် အစောကြီး ကတည်းက တန်းစီနေတာ အခုမှ နားမခေါ် ကားကွင်းနားပဲ ရောက်သေးတယ်။ တလှိမ့်ချင်း လှိမ်နေရတာ။ ဒီညတောင် မယ်ဟန်ကနေ ထွက်ရပါ့ မလား မသိဘူး။” လို့ တနစီနေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။ တိုက်ပွဲက လားရှိုး မြို့စွန်ဘက်မှာပဲ ပြင်းထန်နေတာ ဖြစ်ပေမယ့်  လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နားမခံန်ုင်သလို အိပ်ရေးပျက် ကျန်းမာရေးကါ ထိခိုက်လာတာကြောင့် မြို့ကနေ ရှောင်ထွက် လာခဲ့တယ်လို့ သူက ပြောပါတယ်။ မြို့ထဲမှာလည်း လက်နက်ကြီး ကျည်တွေကျပြီး ပြည်သူတွေ ထိခိုက်မှု၊ နေအိမ်တွေ ပျက်စီးမှု နေ့တိုင်း ဖြစ်နေပြီး ထိခိုက်မှု…

Read More

ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပေါ်မှာ အမျိုးသားတယောက်အောက်ဆီဂျင်ပြတ်သေဆုံး

မေ ၂၁ – ၂၀၂၄GG (VOM)ရန်ကုန် – မော်မြိုင်ကားလမ်းပေါ်က ယာယီမြေသားလမ်းဖောက်လုပ်ဖြတ်သန်းခွင့်ပြုနေတဲ့ ကျုံအိတ်တံတားကို ဖြတ်သန်းဖို့စောင့်နေတဲ့ ကုန်ကားပေါ်မှာ အမျိုးတယောက်အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။သေဆုံးသူအမျိုးသားဟာ ကားခေါင်းခန်းအတွင်းမှာ အကျီင်္ ဝ တ်ဆင်ထားခြင်းမရှိဘဲ ပက်လက်အနေအထားနဲ့သေဆုံးနေတာဖြစ်ကြောင်း ၊ ခန္ဓာကိုယ် ပြင်ပတစုံတရာဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်လို့ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။“ဘီးလင်းမြို့ဝင်ကြေးဂိတ်အကျော်လေးမှာပေါ့။ကျုံအိတ်တံတားကိုဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပါ၊ ကျနော်တို့သတင်းရတာ ၇နာရီလောက်သိရတယ်၊သွားသယ်တယ်။ ဘီးလင်းဆေးရုံပို့လိုက်တယ်၊အိပ်ပျော်နေရင်းသေဆုံးတာပါ၊တခြားထူးခြားမှုမရှိဘူး။မိုးလင်းမှသေနေတာကိုသိရတာပေါ့ ” လို့ နာရေးလမ်းကြောင်းကူညီပေးခဲ့တဲ့ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း အဖွဲ့ဝင် တဦးကပြောပါတယ်။အဆိုပါ အမျိုးသားဟာ မကွေးတိုင်း၊ပေါက်မြို့နယ်ဇာတိဖြစ်ပြီး အသက်က ၄၀ ေလာက်ရှိကြောင်း ၊ ကာ​းက ​ရန်ကုန်ကနေ လာရောက်ပြီး မနေ့က မေ၁၉ ရက်နေ့ကတည်းက ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်ဆိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။သေဆုံးအမျိုးသားကို ဘီးလင်းဆေးရုံကို ပို့ဆောင်ကာတာဝန်ရှိသူတွေကစစ်ဆေးပြီးနောက် ဒီနေ့မေ ၂၁ ရက်မနက်ပိုင်းမှာပဲ သဂြိုလ်လိုက်ပြီလို့ဆိုပါတယ်။ကျုံအိတ်တံတားမှာ ယာယီမြေသားလမ်းဖောက်လုပ်ပြီး ကားတွေကိုဖြတ်သန်းခွင့်ပြုနေပေမယ့် တလမ်းမောင်းစနစ်နဲ့ ရန်ကုန် – မော်လမြိုင် တဘက်စီကိုအလှည့်ကျစီဖြတ်သန်းခွင့်ပေးနေတာဖြစ်လို့ တံတားရဲ့နှစ်ဖက်လုံးမှာကားတွေအများအပြားတန်းစီစောင့်ဆိုင်းနေရပါတယ်။ကျုံအိတ်တံတားကတော့ မေလ၁၁…

Read More

တောင်ကြီး – အေးသာယာ အဆင်းလမ်းမှာ တွဲကား လမ်းချော်ပြီး ၊ ယာဥ်နှစ်ဆင့်တိုက်မိလို့ သုံးယောက်သေ ၊ ငါးယောက်ထက်မနည်း ဒဏ်ရာရ

ဧပြီ ၊ ၈ ၊ ၂၀၂၄ SP (VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့ ၊ တောင်ကြီး – အေးသာယာ အဆင်းလမ်း ၊ ပစောက်ကွေ့အနီး ၊ စစ်ဆေးရေးဂိတ်အလွန် နေရာမှာ မနေ့ ဧပြီ ၇ ရက် ၊ ညနေ ၆ နာရီဝန်းကျင်က ကုန်တင်တွဲကား တစ်စီး လမ်းချော်ပြီး ကားနှစ်စီးအပေါ် ဆင့်တိုက်မိတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကုန်တင်တွဲကားက လမ်းချော်ပြီး အိမ်စီးကားလေးဖြစ်တဲ့ Pro box နဲ့ Honda fit ကားနှစ်စီးကို ဆင့်တိုက်မိတယ် ၊ အဲ့ဒီလို ကားနှစ်စီး ဆင့်တိုက်မိတာကြောင့် အိမ်စီးကားပေါ်မှာ လိုက်ပါလာတဲ့ သူတချို့ ထိခိုက်သေဆုံးတယ် ၊ သေဆုံးသူ သုံးယောက်ရှိသွားပြီဖြစ်တယ်…

Read More

စမတ်ကဒ် ရှိမှသာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးတော့မယ်

ဧပြီ ၅၊ ၂၀၂၄ Shy V (VOM) စမတ်ကဒ် UID (Unique Identity Number) လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက ပြည်သူတွေကို အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ဝင်/ထွက်ဂိတ် ကနေမှ ဝင်/ထွက်ခွင့်ပြုရာမှာ နယ်စပ် အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုတွေနဲ့ အသုံးမပြုတဲ့ကတ် တွေကို အသုံးပြု သွားလာတာ‌တွေကို ထိန်းချုပ်နိုင်ဖို့ UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မြို့နယ်ရုံးမှာ လျှောက်လို့ ရတယ်။ မြို့နယ်ရုံးက ဆက်တိုက် လုပ်ပေးနေတယ်။…

Read More

တူရကီမှာ နိုက်ကလပ်မီးလောင်မှုကြောင့် ၂၉ ယောက်ထက်မနည်း သေဆုံး

အစ္စတန်ဘူ၊ ဧပြီ-၃-၂၀၂၄ မျိုးဆက်(VOM) တူရကီနိုင်ငံမှာ ဧပြီ ၂ ရက်ကဖြစ်ပွားခဲ့တဲ့ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၂၉ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မြို့တော် အစ္စတန်ဘူရှိ အထပ်မြင့်အဆောက်အအုံရဲ့ မြေအောက်ထပ်မှာရှိတဲ့ အဲဒီနိုက်ကလပ်ကို နေဘက်အချိန်မှာ ပြုပြင်မွန်းမံမှုတွေ ပြုလုပ်နေချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူများထဲမှာ ပြုပြင်မွန်းမံရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အလုပ်သမားတွေလည်း ပါဝင်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း အစ္စတန်ဘူ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ နိုက်ကလပ်မန်နေဂျာနဲ့ ပြုပြင်မွန်းမံရေးလုပ်ငန်း တာဝန်ရှိသူအပါအဝင် လူရှစ်ယောက်ကို စုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ထားပြီး သူတို့ထဲက သုံးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒီနိုက်ကလပ်ဟာ ပြုပြင်မွမ်းမံဖို့ သို့မဟုတ် ဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက်လျှောက်ထားခြင်းမရှိကြောင်း မြေအောက်ထပ်မှာ ဖြစ်တဲ့အတွက် ပြုပြင်မှုတွေ လုပ်ဆောင်နေတာကို မသိရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Ref:BBC…

Read More

အမေရိကန် အီလီနွိုက်ပြည်နယ်မှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံး

ဝါရှင်တန်၊ မတ်-၂၉-၂၀၂၄ မျိူးဆက်(VOM) အမေရိကန်နိုင်ငံအီလီနွိုက်ပြည်နယ်မှာ အမျိုးသားတယောက်ရဲ့ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံးပြီး ငါးယောက်ထက်မနည်းဒဏ်ရာရရှိ သွားကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူ အသက် ၂၂ နှစ်အရွယ် ခရစ်စတန်ဆိုတိုကို လူသတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။ သူဟာ မတ် ၂၈ ရက်မွန်းလွဲပိုင်းမှာ နေအိမ်တအိမ်ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် မိန်ကလေး ၊ ၆၃ နှစ်အရွယ်အမျိုးသမီး ၊ ၄၉ နှစ်အရွယ် အမျိုးသားနဲ့ ၂၂ နှစ်အရွယ် အမျိုးသားတယောက်တို့ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူငါးယောက်အနက် တယောက်ဟာ စိုးရိမ်ရဖွယ်အခြေအနေရှိနေပြီး တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုရှင်းလင်းစွာမသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝင်နီဘာဂိုကောင်တီရှိ ဖလောရန့်လမ်းက နေအိမ်မှာ တိုက်ခိုကမှု ဖြစ်ပွားခဲ့ပေမယ့် မိနစ် ၂၀ အတွင်း အခြားနေရာအများအပြားမှာလည်း သံသယရှိသူက…

Read More

ချင်းပြည်နယ်တောင်ပိုင်းမှာ လေဘေးဒဏ်ကြောင့် လူနေအိမ် တထောင်ကျော်ပျက်စီးပြီး အရေးပေါ်အကူညီတွေလိုအပ်နေ

မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေ ၆ နာရီကျော်က တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပလက်မြို့နယ်တွေမှာ လူနေအဆောက်ဦး တထောင်ကျော်ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီ ပျက်စီးမှုတွေကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော်ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” မတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ၂ ရက်ဆက်တိုက် ၊ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် မင်းတပ်မြို့နဲ့ မင်းတပ်နယ်မှာဆိုရင် လူနေအဆောက်ဦး ၅၀၃ လုံးပျက်စီးတယ် ၊ နောက်ပြီး ယာယီတိုက်ပွဲရှောင်နေရတဲ့ ကျေးရွာပေါင်း ၇၀ ကျော်က စုပေါင်း တိုက်ပွဲရှောင် စခန်းတွေလည်း ထိခိုက်ပျက်စီးတယ် ၊…

Read More

ပြည်တော်ဝင် ၇၉ နှစ်ပြည့်ပြီ

  ဆူးငှက်       ”အခါတော် ရောက်ချိန်နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမ … နှမတို့တစ်တွေ … အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွလိုက်ပါနိုင်စေ အောင်စည်ရွမ်းသံကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ …”တဲ့။ အေဝမ်းဆရာညှာ ရေးစပ်ခဲ့သော ပြည်တော်ဝင်သီချင်းသည် ယခုနှစ် ၂၀၂၄ခုနှစ် မတ်လ ၂၃ရက်တွင် အသက် ၇၉နှစ်ရှိချေပြီ။သို့သော် ယခုတိုင် နုပျိုနေဆဲဖြစ်သည်။     ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှအင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ မန္တလေးသို့ ထွက်ခွာ မည့် မီးရထားတိုင်း၌ စစ်ပြေးများဖြင့် ပြည့်ကျပ်နေ၏။ မန္တလေးဘူတာကြီးသို့ဆိုက်ကပ်လာသော မီးရထားတိုင်း၌လည်း ရရာပစ္စည်း ဆွဲယူလာကာ မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော စစ်ပြေးများကရထားဘေးမှာ…

Read More

မန္တလေးက မြို့နယ်(၂)ခုမှာ တနေ့တည်းမီးလောင်မှု ၂ကြိမ် ဖြစ်ပွားခဲ့

  မန္တလေး၊ဖေဖော်ဝါရီ ၉-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ ဒီကနေ့မနက်အစောပိုင်းက အချိန်အနည်းငယ်သာခြားပြီး မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အောင်/စံက ဖုန်းကာဗာဆိုင်လောင်တာ၊ သူက အရင်လောင်တာပေါ့ Lv-2အဆင့်နဲ့‌ပေါ့ ၊ အဲ့ဒီမီးကို ငြိမ်းသတ်နေချိန်ပဲ အမရပူရ က မီးသတင်းထပ်ဝင်တယ်၊ သက်ဆိုင်ရာမြို့နယ်က မီးသတ်ကားတွေ အချိန်မှီ သွားငြိမ်းကြပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖြစ်စဉ်မှာ မနက် ၁ နာရီ ၄၀ ခန့်က အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း ၂၂နဲ့၂၃လမ်းကြားရှိ ဖုန်းကာဗာ နဲ့ အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Lv-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုမှာ မီးစတင်လောင်တာနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မနက် ၂နာရီ ၅၀ ခန့်က အမရပူရမြို့နယ်…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၃၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW