တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေးကုသနေသူ ၁ ယောက်ကို ဖမ်းဆီးအရေးယူ

နိုဝင်ဘာ ၁၅-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေဇလုတ်ရပ်ကွက်၊ ကမ္မနယ်မြေမှာ မနေ့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေးကုသနေတာကြောင့် အမှတ်-၇၆၇ တပ်မတော်တပ်ထိန်းတပ်ခွဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။ မုံရွာမြို့၊ သလ္လာနယ်မြေ၊ အမှတ်-၁၂ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာနေတဲ့ ကိုသန့်ဇင်ဝင်း ဆိုသူဟာ တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဗိုလ်မှူးရဲသွေးဦး ဆိုတဲ့ အမည်ပြောင်းနဲ့ ဆေးကုသနေတာဖြစ်တယ်လို့ ဖမ်းဆီးရေးအဖွဲ့ ရယူထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ” စစ်စိမ်းရောင် ဝတ်စုံ ၁ စုံ ၊ ပိကက် ဦးထုပ် ၁ လုံး ၊ ပြောက်ကျား စစ်အနွေးထည် ၁ ထည် ၊ ပြောက်ကျား လက်ဆွဲအိတ် ၁ လုံး ၊…

Read More

ပြည်ခိုင်ဖြိုးဝန်းရံသူတွေရဲ့ အောင်နိုင်ရေးယာဉ်တန်း မတော်တဆမှုဖြစ် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးမြို့နယ်ခွဲ၊ မုံရွာ – ရေဦး ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါလာတဲ့ ဆိုင်ကယ် ၂ စီး ယာဉ်တိုက်မှုဖြစ်ရာ လူ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပဲယင်းမြို့နယ်၊ ခွန်တောင်းကျေးရွာအုပ်စု၊ ပင်စည်ကျေးရွာက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ လူအင်အား ၃၅၀၀ ကျော်ဟာ စိုင်ပြင်ကြီးမြို့နယ်ခွဲဘက်ကို အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှည့်လည်ချိန် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ အဲ့ဒီယာဉ်တန်းကိုလိုက်ပါခဲ့တဲ့ ပါတီဝန်းရံသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ ” ပါတီ ဝန်းရံသူ အချင်းချင်း ဆိုင်ကယ်တိုက်မိတာဖြစ်တယ်၊ သေဆုံးသူက ဦးဆေး ဆိုသူဖြစ်တယ် ၊ နောက်ပြီး ကျား ၂ ဦး ၊…

Read More

ဦးကျော်မြင့်ကို လဝက အက်ဥပဒေပုဒ်မနဲ့ပါ ထပ်မံတရားစွဲထား

အောက်တိုဘာ ၂၃-၂၀၂၀ ညီသစ်(VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ထောင်ပြေးမှုပုဒ်မ-၂၂၄နဲ့ ရုံးထုတ်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ရုံးထုတ်စစ်ဆေးရာမှာတော့ ဦးကျော်မြင့်ကို ၁၉၄၇ခုနှစ် လူဝန်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေပုဒ်မ-၁၃(၁)နဲ့ပါ ထပ်မံတရားစွဲထားတယ်လို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းကပြောပါတယ်။ ” အဲ့ဒီအမှုအပြင်ကို ဒီနေ့ ဦးကျော်မြင့်အပေါ်ကို နောက်ထပ်တစ်မှုဆွဲတင်ပါတယ်။ အဲ့ဒါကတော့ ၁၉၄၇ လူဝန်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)ကိုပါထည့်သွင်းပြီး အမှတ်၈ ရဲစခန်းမှုး ဒု-ရဲမှုး အောင်အောင်မင်းက တရားခံဦးကျော်မြင့်အပေါ် ဆွဲတင်လာပါတယ်။ ဆွဲတင်လာတဲ့အပေါ်မှာ ရာဇဝတ်ကြီး အမှု့အမှတ် ၈၃၇/၂၀၂၀ နဲ့ လက်ခံလိုက်ပါတယ်”လို့ ဦးကျော်မျိုးဝင်းကပြောပါတယ်။ ဒီကနေ့ရုံးထုတ်စစ်ဆေးရာမှာတော ဦးကျော်မြင့်ဘက်ကနေ ခံပြသက်သေ ၆ ဦးတင်ပြထားပြီး အဲ့ဒီ ၆ ဦးဟာ ဒီကနေ့ရုံးချိန်းကို ခေါ်လိုက်နိုင်ခြင်းမရှိတဲ့အတွက် အောက်တိုဘာ၂၆ ရက်ကို ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပါတယ်။ ” ဒီနေ့မှာ…

Read More

တောင်ကုတ်မြို့ ANP ပါတီ မဲဆွယ်စည်းရုံးပွဲ ဒေသခံထောင်ချီ ဝန်းရံ

တောင်ကုတ်မြို့ ANP ပါတီ မဲဆွယ်စည်းရုံးပွဲ ဒေသခံထောင်ချီ ဝန်းရံ အောက်တိုဘာ ၂၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ တောင်ကုတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက မြို့တွင်းမှာ လှည့်လည်ပြီး ပါတီဝင်တွေ မဲဆွယ်စည်းရုံးရေးပြုလုပ်ကြရာ ဒေသခံမြို့သူမြို့သား (၂၀၀၀) ထောင်နီးပါး ဝန်းရံခဲ့တယ်လို့ သိရပါတယ်။ အခုလိုမျိုး ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ မဲဆွယ်စည်းရုံးရေးကို မြို့တွင်းလှည့်လည်ပြီး ပြုလုပ်နေစဉ် ဒေသခံတွေဝန်းရံလာတာဖြစ်ကြောင်းနဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးမှာ လူအကန့်အသတ်နဲ့ ပြုလုပ်နေကြောင်း တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဝင်ရောက်ယဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ခင်ထားက ပြောပါတယ်။ “ အဲ့ဒါက ANPပါတီက အင်အားပြတာပါ။ ပါတီဝင်တွေလည်း ပါပါတယ်။ မြို့ပေါ် (၄) ရပ်ကွက်က မဲဆန္ဒရှင် ပြည်သူတွေလည်း ပါပါတယ်။ နောက်ပြီးတော့ ပါတီကို အားပေး၊ ထောက်ခံဝန်းရံသူတွေလည်း ပါပါတယ်။ ကျမတို့…

Read More

မန္တလေး အမရပူရမြို့နယ်ကပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ

မန္တလေး အမရပူရမြို့နယ်ကပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် အမရပူရမြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို…

Read More

ကယားပြည်နယ်ရဲ့ ပထမဦးဆုံး ကိုဗစ်ပိုးတွေ့လူနာဟာ အထက်တန်းသူနာပြုတစ်ဦးဖြစ်နေ

ကယားပြည်နယ်ရဲ့ ပထမဦးဆုံး ကိုဗစ်ပိုးတွေ့လူနာဟာ အထက်တန်းသူနာပြုတစ်ဦးဖြစ်နေ အောက်တိုဘာ ၁၆-၂၀၂၀ ကောင်းလက်ျာ(VOM) ကိုဗစ်ဒုတိယလှိုင်းကာလ ကယားပြည်နယ်ရဲ့ ပထမဆုံး Covid-19 ပိုးတွေ့လူနာဟာ ရန်ကုန်မှာ သင်တန်းတက်ပြီး ပြန်လာတဲ့ ကျန်းမာရေးဦးစီးဌာနက အထက်တန်းသူနာပြုတစ်ဦးဖြစ်တယ်လို့ လွိုင်ကော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းနေဝင်း က ပြောပါတယ်။ ” သူက ရန်ကုန်မှာ နှား၊ နှာခေါင်း၊ လည်‌ချောင်းနဲ့ပတ်သက်တဲ့ သင်တန်းသွားတက်ပြီး ပြန်လာတာပါ။ ချက်ခြင်းကွာရန်တင်းဝင်ခဲ့တာဖြစ်ပြီး အပြန်ကြိုခဲ့တဲ့ ပရဟိတကားသမားနှစ်ဦးလည်း တို့ဖတ်နမူနာယူစစ်ဆေးဖို့လုပ်နေတယ်”လို့ ဒေါက်တာထွန်းနေဝင်းကပြောပါတယ်။ အသက် ၃၀ ကျော်အရွယ် အထက်တန်းသူနာပြု အမျိုးသမီးဟာ အခုလ ၅ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန‌ကနေဖွင့်လှစ်တဲ့ သင်တန်းတက်ပြီး လွိုင်ကော်ကို ပြန်လည်ရောက်ရှိခဲ့တဲ့အတွက် ကွာရန်တင်းစခန်းမှာထားရှိပြီး နှာခေါင်းနဲ့အာခေါင်တို့ပတ်နမူနာ စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့ည ၈နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုးစစ်ဆေး‌တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ သူနာပြုအမျိုးသမီးဟာ ရန်ကုန်ကနေ စင်းလုံးငှားယာဉ်နဲ့ပြန်လာခဲ့တာဖြစ်ပြီး ဝါရီကောခူဂိတ်ကတစ်ဆင့်…

Read More

ဝှေခါကျေးရွာမှာ တန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေ့ရှိ

ဝှေခါကျေးရွာမှာ တန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေ့ရှိ  အောက်တိုဘာ-၁၃-၂၀၂၀ ဇော်မိုးထက်(VOM ) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်းမှာ အလေးချိန်တစ်တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို မနေ့ အောက်တိုဘာ ၁၂ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ် ။ အဲ့ဒီကျောက်စိမ်းတုံးကို တပိုင်တနိုင်ကျောက်စိမ်းတူးဖော်နေတဲ့ ရေမဆေးသမားတွေက တွေ့ရှိခဲ့တာလို့ သိရပြီး စတင်တွေ့ရှိတဲ့ ရေမဆေးသမားတွေဟာ ကျောက်စိမ်းမျိုးနွယ် မဟုတ်ဘဲ သာမန်ကျောက်တုံးဖြစ်နေတာကြောင့် မယူပဲထားခဲ့တယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းကတော့ ” ကျောက်စိမ်းမဟုတ်ဘူးဗျ ။ အလေးချိန်ကတော့ ပိဿာချိန် ရှစ်ရာလောက်တော့ရှိမယ် ။ တပ်နဲ့ ရဲကတော့ လုံခြုံရေးယူထားတယ် “လို့ပြောပါတယ်။ ကျောက်စိမ်းတုံးကြီးတွေ့ရှိခဲ့တဲ့နေရာဟာ ဇူလိုင်လ ၂ရက် နေ့မနက်ပိုင်းက လုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် တပိုင်တနိုင်ကျောက်တူးသူ ရေမဆေးလုပ်သားပေါင်း နှစ်ရာနီးပါး…

Read More

ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် မြေမြုပ်မိုင်းအန္တရာယ် ပိုမိုခြိမ်းခြောက်လာ

ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် မြေမြုပ်မိုင်းအန္တရာယ် ပိုမိုခြိမ်းခြောက်လာ အောက်တိုဘာ ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြည်တွင်းစစ်ပဋိပက္ခတွေ အချိန်ကြာလာတာနဲ့အတူ လက်နက်ကြီး /ငယ်ကျည်ကျပြီး သေဆုံးဒဏ်ရာရသူတွေရှိတဲ့အပြင် မြေမြုပ်မိုင်းကြောင့် ဒေသခံပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အခုလို မိုင်းဘေးအန္တရာယ်ကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ ခပ်စိပ်စိပ်တွေ့လာရပြီး ၂၀၁၉ ခုနှစ်လယ်ပိုင်းကနေ လက်ရှိ ၂၀၂၀ ခုနှစ်အထိ မိုင်းဘေးကြောင့် ဒေသခံတွေသေဆုံးဒဏ်ရာရမှုမြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုင်းပေါက်ကွဲပြီး သေဆုံးဒဏ်ရာရမှုအများစုဟာ လက်ရှိ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ အများဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။ မိုင်းဘေးအန္တရာယ်ဟာ မထင်မှတ်ထားတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေရှိတဲ့အပြင် ကျေးရွာတွေအနီးက လယ်ကွင်းတွေ၊ မြစ်ချောင်းတွေအနီးနဲ့ စားဝတ်နေရေးအတွက် မျှစ်ချိုး၊ ဝါးခုတ် ၊ ဟင်းရှာထွက်တဲ့…

Read More

ပဲခူးတိုင်းမှာ မဲစာရင်းမပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားသူ (၁၂၀၀၀)ကျော်ရှိ

ပဲခူးတိုင်းမှာ မဲစာရင်းမပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားသူ (၁၂၀၀၀)ကျော်ရှိ အောက်တိုဘာ ၉-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်းအတွင်း ဆန္ဒမဲပေးခွင့်ရှိသူတွေ မဲစာရင်းမှာမပါဝင်တဲ့အတွက် ပုံစံ ၃ နဲ့ လျှောက်ထားလာသူ စုစုပေါင်း (၁၂၀၀၀)ကျော်ရှိတယ်လို့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်စာရင်းမှာ အမည်စာရင်းပါဝင်ပေမယ့် အချက်အလက်မှားယွင်းနေတာကြောင့် အချက်အလက်တွေ ပြင်ဆင်ဖို့ ပြန်လည်လျှောက်ထားလာတဲ့ အရေအတွက်က (၄၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ “၃ (က) နဲ့လျှောက်ခိုင်းထားတယ်။လျှောက်လို့ရတယ်၊ လျှောက်နိုင်တယ်ဆိုတာကိုလည်း တရားဝင်ကြေငြာထားတယ်၊ အခုဆိုရင် မဲစာရင်းမှာမပါလို့ တောင်းဆိုလာတဲ့သူက (၁၂၀၀၀)ကျော်ရှိတယ်။ အချက်အလက်ပြင်ဆင်ဖို့ တောင်းဆိုလာသူက (၄၄၀၀)ကျော်ရှိတယ်။ ၄ (ဂ) နဲ့ ကန့်ကွက်သူက (၂၉၀၀)ကျော်ရှိတယ်”လို့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကပြောပါတယ်။ မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်မပါရှိခဲ့ရင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပုံစံ ၃…

Read More

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ

Magway canditate

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ   Voice Of Myanmar   မကွေးတိုင်း ၂၅ မြို့နယ်က မဲဆန္ဒနယ်အကုန်လုံးကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၄ခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့ဖြစ်ပါတယ်။ သူတို့ပါတီတွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် စုစုပေါင်း ၈၈ နေရာလုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နေရာ ၅၁ နေရာ  အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ( DNP )က ၁၆ နေရာပြိုင်ပြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီ နဲ့ တသီးပုဂ္ဂလ ၁၆ ယောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   #voiceofmyanmar #VOM #မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ…

Read More
VOM News

FREE
VIEW