ရန်ကုန် ၊စက်တင်ဘာ၂၃-၂၀၁၉ သူရိန် (VOM) ထိုင်းနိုင်ငံမှာဖြစ်တဲ့လူသတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတေဆီ စာပို့ထားပေမယ့် အကြောင်းမပြန်သေးဘူးလို့ ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေတဲ့ဦးထူးချစ်က ဒီကနေ့စက်တင်ဘာလ၂၃ရက်နေ့ ရန်ကုန်မြို့ Lotte ဟိုတယ်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းစူရပ်ဌာနီခရိုင်၊ ကော့တောင်မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာလှည့်ခရီးသည်၂ဦးသတ်ဖြတ်ခံရမှုနဲ့၂၀၁၅ခုနှစ်ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့မှာအသက်၁၇နှစ်အရွယ်ထိုင်းကျောင်းသူတစ်ဦးသတ်ဖြတ်ခံရမှုတွေမှာ လိုက်ပါကူညီပေးခဲ့တဲ့ ထိုင်းရှေ့နေများကောင်စီမှရှေ့နေတွေကသတင်းစာရှင်းလင်းပွဲ ဒီကနေ့လုပ်ခဲ့တာဖြစ်ပါတယ်။ “ ကိုယ့်နိုင်ငံသားတစ်ယောက်အနေနဲ့မတရားဖမ်းဆီးခံရတာသေချာနေတယ်ဆိုရင် အစိုးရဘက်ကနေကူညီဆောင်ရွက်ပေးပါလို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံထားတဲ့စာတွေသွားပို့ထားပါတယ်။ လက်ခံယူထားတဲ့သူတွေရဲ့ နာမည်နဲ့ လက်ခံယူခဲ့တဲ့ရက်စွဲတွေအတိအကျရှိထားပါတယ်။ဆိုလိုတာကတော့လူသတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်သမ္မတနဲ့ တာဝန်ရှိသူတွေကိုစာပို့ထားတာမှာ ယနေ့အချိန်အထိအကြောင်းပြန်ထားခြင်းမရှိသေးပါဘူးလို့ “ ဦးထူးချစ်ကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၁၄ခုနှစ်စက်တင်ဘာလ၁၅ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင်၊ကော့တောင်(လိပ်ကျွန်း)ဗြိတိန်နိုင်ငံသားကမ္ဘာလှည့်ခရီးသည်(၂)ဦးသတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာရွေ့ပြောင်းလုပ်သား(၂)ဦးဖြစ်တဲ့မောင်ဇော်လင်းနဲ့မောင်ဝင်းဇော်ထွန်း(ခ)ဝေဖြိုးတို့ကိုလူသတ်မှု၊မုဒိမ်းမှု၊လုယက်မှု၊အုပ်စုဖွဲ့တိုက်ခိုက်မှု၊ပူးပေါင်းကြံစည်မှု၊တရားမဝင်ခိုးဝင်မှု၊တရားမဝင်နေထိုင်မှုစတဲ့အမှုပေါင်း(၇)မှုနဲ့တရားစွဲခဲ့ပြီးသေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ #voiceofmyanmar #လိပ်ကျွန်းလူသတ်မှု
Read MoreCategory: Uncategorized
ကျောက်တော်မြို့မှာရဲဝန်ထမ်းတစ်ဦးဓါးထိုးသတ်ဖြတ်ခံရ
ကျောက်တော်၊စက်တင်ဘာ၂၂-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မှာရဲဝန်ထမ်းတစ်ဦးအားဒီနေ့မနက်ပိုင်းကဓါးနဲ့ထိုးသတ်သွားခဲ့တဲ့အတွက်သေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်။ ဓါးထိုးခံရပြီးသေဆုံးသူမှာကျောက်တော်မြို့မရဲစခန်းမှာတာဝန်ကျနေတဲ့တပ်ကြပ်ကြီးဦးမောင်လှအသက်၅၀နှစ်ဖြစ်ပြီးသူဟာကျောက်တော်မြို့ဆိပ်ကမ်းတာဝန်ခံအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ “ရဲတပ်ကြပ်ကြီးမောင်လှဟာဒီမနက်ပိုင်းက၇နာရီလောက်မှာပေါ့နော်လမ်းမှာဓါးထိုးခံလိုက်ရတယ်။ဘယ်သူတွေထိုးသွားလဲမသိဘူး။အိမ်ကနေထွက်လာတဲ့အချိန်မှာအထိုးခံလိုက်ရတာလို့သိရတယ်။ဆေးရုံမှာဆုံးသွားတယ်။”လို့ကျောက်တော်မြို့ခံတစ်ဦးကပြောပါတယ်။ လုပ်ကြံသတ်ဖြတ်ခဲ့သူကိုမသိရှိရသလိုလောလောဆယ်မှာဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနဲ့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျောက်တော်မြို့မရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့်ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ ပြီးခဲ့တဲ့သြဂုတ်လ၁၉ရက်နေ့ညနေပိုင်းကလည်း ကျောက်တော်မြို့သင်္ဘောဆိပ်အနီးမှာမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူစောသန်းလွင်ကိုအမည်မသိလူတစ်စုကဓါးနဲ့ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင်ဒီကနေ့မနက်ပိုင်းကဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့၆ရပ်ကွက်(မြို့သစ်တောင်ရပ်ကွက်)မှာလည်းအသက်၆၀အရွယ်ဦးသိန်းထွန်းဆိုသူကိုနေအိမ်ခြံဝင်းအတွင်းမှာဓါးထိုးခံလိုက်ရပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #ကျောက်တော် #ဓါးထိုးမှု
Read Moreစစ်ဘေးရှောင်စခန်းကအဝေးသင်ကျောင်းသားတွေကိုပညာသင်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းစီစဉ်
စစ်တွေ၊စက်တင်ဘာ၂၀-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီးဒုက္ခသည်စခန်းတွေကိုရောက်ရှိနေကြတဲ့အဝေးသင်ကျောင်းသားတွေကိုအခုအဝေးသင်ရာသီမှာပညာသင်ကြားပေးဖို့အတွက်အရပ်ဖက်အဖွဲ့အစည်းတစ်ခုက စီစဉ်နေတာဖြစ်ပါတယ်။ အခုလိုမျိုးအဝေးသင်တက္ကသိုလ်ကျောင်းသားတွေကို ပညာသင်ကြားပေးဖို့စီစဉ်နေရတာဟာမိဘတွေထွက်ပြေးနေကြရပြီးအလုပ်လက်မဲ့ဖြစ်နေကြတာကြောင့်ဝင်ငွေမရှိတဲ့အတွက်ပညာသင်ကြားဖို့အခက်အခဲတွေရှိနေကြပါတယ်။ဒါ့ကြောင့်ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးREC အနေနဲ့အခုလိုစီစဉ်ရတာဖြစ်တယ်လို့REC အတွင်းရေးမှူးဦးဇော်ဇော်ထွန်းကပြောပါတယ်။ “အဓိကကတော့စစ်ဘေးရှောင်တွေထဲမှာတက္ကသိုလ်ကျောင်းသားတွေပါတယ်။သူတို့ကကိုယ်ပိုင်အလုပ်အကိုင်တွေမလုပ်ရဘူး။မိဘတွေငွေမရှိကြဘူး။ဒါကြောင့်အခုနှစ်မှာပညာသင်ကြားဖို့အခက်အခဲတွေရှိတေယ်လို့သိရတယ်။သူတို့ပညာသင်ကြားမှုနောက်မကျစေဖို့အတွက်ကျွန်တော်တို့စီစဉ်ရတာဖြစ်ပါတယ်။”လို့ဦးဇော်ဇော်ထွန်းကပြောပါတယ်။ အဲ့ဒီကျောင်းသားတွေကိုပညာသင်ကြားပေးတဲ့အခါမှာREC အနေနဲ့အမှန်တကယ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ပညာမသင်ကြားနိုင်တဲ့ ကျောင်းသူကျောင်းသားတွေကိုပဲအကူအညီပေးသွားမှာဖြစ်ကြောင်းဆက်လက်ပြောဆိုပါတယ်။ “သူတို့ကျောင်းစရိတ်တွေ၊ နေထိုင်မယ့်အဆောင်တွေကိုတာဝန်ယူစီစဉ်ပေးမယ်။သင်ပြမှာကတော့စစ်တွေတက္ကသိုလ်ကဆရာမတွေနဲ့တိုင်ပင်ထားတယ်။သူတို့ကအခမဲ့အကူအညီပေးမယ်။ လျှောက်ထားမယ့်ကျောင်းသားတွေကတော့၉လပိုင်း၂၀ရက်နေ့ကနေ၁၀လပိုင်း၁၀ရက်နေ့ကို နောကဆုံးထားလျှောက်ထားရပါတယ်။ လျှောက်ထားမှုပုံစံတွေကတာ့ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ပုံစံမှာအချက်အလက်တွေကိုဖြည့်ပြီးတော့ဖုန်းဒါမှမဟုတ်SMS နဲ့လျှောက်နိုင်တယ်။ကိုယ်တိုင်လာရောက်ပြီးတော့လည်း လျှောက်ထားနိုင်ပါတယ်။”လို့ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ရခိုင်မြောက်ပိုင်းဒေသကမြို့နယ်ခြောက်ခုဖြစ်တဲ့ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်တွေကစစ်ဘေးရှောင်ကျောင်းသားတွေကိုအဓိကကူညီပေးသွားမှာဖြစ်ပြီးအဲ့ဒီမြို့နယ်တွေကဒုက္ခသည်စခန်းတွေမှာအဝေးသင်တက္ကသိုလ်ကျောင်းသားဦးရေ၅၀၀ ကျော်အထိရှိနေတယ်လို့REC ရဲ့စာရင်းဇယားတွေအရသိရရှိရပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #ရသေ့တောင် #စစ်ဘေးရှောင်အဝေးသင်ကျောင်းသား
Read Moreအကြမ်းဖက်မှုနဲ့ ဖမ်ဆီးစစ်ဆေးခံနေရသူတစ်ဦး သွေးအန်ပြီး ဆေးရုံတင်ထားရ
စစ်တွေ၊ စက်တင်ဘာ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ညက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအဖွဲ့ဝင်တချို့တို့ဟာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး သပေါ့စာတဲစုမှာ နေထိုင်သူတစ်ဦး ငှက်ဖျားရောဂါဖြစ်ပြီး သတိလစ်နေတဲ့ အတွက် မြောက်ဦးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့စဉ် လမ်းမှာတပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ဟာ တရားစွဲဆိုခံလိုက်ရပြီး ၆ လကျော်အကြာ အမှုရင်ဆိုင်နေရတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေထဲက ကိုစည်သူအောင်ဆိုသူမှာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုတွေကြောင့် ရရှိလာခဲ့တဲ့ အတွင်းဒဏ်ရာတွေကြောင့် သွေးအန်လာတဲ့အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးကို ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရရှိပါတယ်။ “ကျွန်တော်သားလေးက စစ်ကြောရေးကာလမှာ ရိုက်နှက်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ လခွဲလောက်ကနေ သွေးအန်တယ်။ မနက် အိပ်ယာထတဲ့အချိန်ဆိုရင် ပါးစပ်တွေက သွေးတွေထွက်တယ်။ ဒါမျိုးဖြစ်လာတဲ့အတွက် ဆေးရုံမှာ ဆေးခန်းပြပါတယ်။ ဓါတ်မှန်ရိုက်တော့ ဆရာဝန်က ဆေးရုံတင်ရမယ်လို့ပြောလို့…
Read Moreအိမ်အကူကို အက်ဆစ်နဲ့ပက်ခဲ့သူနှစ်ဦးကို ထောင် ၁၅နှစ် အမိန့်ချ
မန္တလေး စက်တင်ဘာ ၁၆ ဖြူဖြူ (VOM) အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက်ပြီး အခန်းတွင်းပိတ်လှောင်ထားခဲ့တဲ့အမှုက တရားခံနှစ်ဦးကို အလုပ်နဲ့  ထောင်ဒဏ် ၁၅ နှစ်စီကျခံဖို့ ဒီနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ မန္တလေးခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ အခုအမိန့်နဲ့ ပတ်သက်ပြီး မန္တလေး ခရိုင်တရားရုံး ပြန်ကြားရေး အရာရှိဒေါ်မာလာထွဋ်က “တစ်တရားခံဖြစ်တဲ့ ဒေါ်နီနီနုနွယ်က ထောင်ကျတရားခံဖြစ်တဲ့အတွက် ဒီအမှုမှာတော့ ချုပ်ရက်ခံစားခွင့်မရှိတော့ပါဘူး။ နှစ်တရားခံဖြစ်တဲ့ ဒေါ်မိုးမိုးကတော့ ထုတ်နုတ်ခံစားခွင့်ရှိပါတယ်။”လို့ ပြောပါတယ်။ အမှုဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်နေ ဒေါ်မိုးမိုးဆိုသူဟာ သူ့ကုန်စုံဆိုင်မှာ အလုပ်ခိုင်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာနေသူ မနန်းမေဇင်ဦးကို ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂ လလောက်အကြာမှာ ကုန်စုံဆိုင် နားလိုက်ရတဲ့အတွက် အိမ်အကူအဖြစ်…
Read Moreပုသိမ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုချက်တွေညှိနိုင်းပြေလည်
ပုသိမ် စက်တင်ဘာ ၄-၂၀၁၉ ကိုအောင် (VOM) ပုသိမ်စက်မူဇုံမှာရှိတဲ့မြန်မာနစ်တင်းMya nmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှာ၂ရက်နေ့ကစတင်ခဲ့တဲ့ဆန္ဒပြပွဲဟာ ဒီနေ့တတိယမြောက်နေ့မှာပဲပြေလည်မူရရှိခဲ့ပါတယ်။ အလုပ်သမားတွေဟာ တောင်းဆိုချက် ၄၅ ချက်ကို တောင်းဆိုတာမှာ စက်ရုံဘက်က ၃၉ချက်လိုက်လျောပေးပြီးပေမယ့်ကျန်တဲ့၆ချက်ကိုမပေးတာကြောင့် အလုပ်သမားတွေက ဆက်လက်ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပါတယ်။ စက်ရုံဘက်တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ မနက် ၁၀နာရီခွဲမှာ ထပ်မံညှိနိုင်းခဲ့ကြပြီး ညနေ၄နာရီအချိန်မှာ အချက်အားလုံး သဘောတူခဲ့တယ်လို့ ညှိနိုင်းရေးအဖွဲ့မှာပါဝင်တဲ့ စက်မူဇုန်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးအေးမင်းလတ်က “အားလုံးပြေလည်ပီ အကုန်လုံးလိုက်လျှောပေးလိုက်ပါပီ သူတို့လည်းကျေနပ်ပါတယ်”ပြောပါတယ်။ အခုလိုပြေလည်မူရရှိတဲ့အတွက် ဆန္ဒပြတာကိုရပ်နားပီး စက်ရုံပြန်ပီးလုပ်ငန်းခွင်ဝင်မယ်လို့ အလုပ်သမားခေါင်းဆောင် မနှင်းနုလွင်ကပြောပါတယ်။ “မနက်ဖြန်အားလုံး အလုပ်ပြန်ဆင်းကြပ့ါမယ်။ စည်းလုံးမူအကျိုးကြောင့်ခုလိုရကြတာပါ တစ်ခုပဲရှိတာသမီးတို့ပုဒ်မ၁၉နဲ့စွဲတာ ဖြေလျှော့ ပေးစေခြင်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောခြင်ပါတယ်”လို့လည်း သူကဆိုပါတယ်။ အလုပ်သမားတွေတောင်းဆိုချက်တွေရရှိခဲ့ပေမယ့်လဲ ဦးဆောင်သူ၇ဦးနဲ့ ကူညီသူ၁ဦးကိုတော့ပုသိမ်မြို့မစခန်းက ငြိမ်းစုစီပုဒ်မ၁၉နဲ့ အမူဖွင့်ထားဆဲဖြစ်ပါတယ်။ အလုပ်သမားတွေတောင်းဆိုချက်တွေကတော့ လုပ်ငန်းခွင် အတွင်းရှိ အိမ်သာတံခါးများ…
Read Moreအရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူကို အရေးယူဖို့ ရှမ်းမြောက် အရပ်ဖက် လူမှုအဖွဲ့အစည်း ၂၆ဖွဲ့က တောင်းဆို
စက်တင်ဘာ ၂၊ ၂၀၁၉ VOM ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား အနည်းဆုံး ၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာကြောင့်၊ အရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပြီး အပြစ်ပေးဖို့ တောင်းဆိုတယ်လို့ ဒီနေ့မှ HST-NSS အဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။ “နှစ်ဖက်တပ်ဖွဲ့တွေက ပြည်သူကို ကာကွယ်ပေးဖို့၊ တရားမျှတမှုရှိဖို့ ဆိုပြီး ဖွဲ့ထားကြတယ်။ ဒါပေမယ့် ကြားက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီးပစ်နေသလိုမျိုး၊ ထင်ရာမြင်ရာရမ်းပစ်နေသလို ဖြစ်တော့ ဒေသခံတွေ နစ်နာလွန်းလှပါပြီ။…
Read MoreHIV ကလေးတို့ရဲ့ ခိုကိုးရာ
မန္တလေး၊ သြဂုတ် ၁၃ – ၂၀၁၉ ဖြူဖြူ (VOM) HIV ဝေဒနာသည်လို့ကြားရင် ရှောင်ကျဉ်တတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကလည်း ရှိနေသေးတဲ့အချိန်မှာ ဒီရောဂါခံစားနေရသူတွေအတွက် နေ့စဉ်ဖြတ်သန်းမှုတွေက ခက်ခဲပါတယ်။ အထူးသဖြင့် မိဘမရှိတော့တဲ့ HIV ရောဂါသည် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် လူ့ပတ်ဝန်းကျင်မှာ အများနည်းတူရှင်သန်နိုင်ဖို့ ခက်ခဲသလို အဲဒီကလေးတွေ ကိုယ်တိုင်ကလည်း စိတ်ခွန်အားကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုကလေးတွေအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ဧရိယာထဲမှာ သုခရိပ်မြုံဆိုတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးက ကြိုဆိုနေပါတယ်။ အသက်တစ်နှစ်ခွဲကနေ ၁၂ နှစ်အတွင်း HIV ရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို လူမျိုးဘာသာမရွေး လက်ခံကာ တရားဝင်မွေးစားပြီး ပြုစုစောင့်ရှောက်ထားပါတယ်။ အဲဒီကလေးတွေ အိမ်ထောင်ကျတဲ့အထိ ဒါမှမဟုတ် ကိုယ်တိုင်စီးပွားရေးလုပ်ကိုင် အခြေကျသွားတဲ့အထိ စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။ သုခရိမ်မြုံဂေဟာကို…
Read Moreဘူးသီးတောင်မြို့နယ်မှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာမှုနဲ့ တပ်ကဖမ်းဆီးထား
ဘူးသီးတောင်၊ သြဂုတ် ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာလို့ဆိုပြီး မနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက တပ်မတော်ကနေ ဖမ်းဆီးသွားပါတယ်။ အဲ့ဒီပညာရေးဝန်ထမ်းဟာ ပြင်ချောင်းကျေးရွာ အမကမှာ တာဝန်ကျနေတဲ့ မူလတန်းပြဆရာ ဦးနေဇော်လင်းဖြစ်ပြီး သရက်ပြင်ကျေးရွာက ကျောင်းသားတွေကို ကျူရှင်ပြပြီးလို့ ကြာညိုပြင်ကျေးရွာကို ပြန်လာတဲ့အချိန် စိုင်းဒင်တံတားမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ “သူ့ကိုဖမ်းတာက သူဟာ သရက်ပြင်ရွာကနေ စာပြလို့ ပြန်လာတဲ့အချိန် စိုင်းဒင်တံတားပေါ်မှာ ဖုန်းဝင်လာလို့ ဖုန်းပြောနေတုန်း တပ်ကဖမ်းသွားတာလို့ သိရတယ်။ သူ့ကိုဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။”လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းဆရာဟာ ပြင်ချောင်းကျေးရွာကနေ ထွက်ပြေးလာပြီး ကြာညိုပြင်ကျေးရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းက ကလေးတွေကို ပညာသင်ကြားပေးနေရင်း…
Read Moreပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေဆွေးနွေး
စစ်တွေ၊ ဇူလိုင် ၂၅ -၂၀၁၉ ခိုင်လင်းစံ (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီိ ၁၀ ပါတီခန့်အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို မနေ့ ဇူလိုင် ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဘက်ကလည်း ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူပြုစုတဲ့အခါမှာ တချို့လိုအပ်ချက်တွေနည်းပါးပြီး တိကျသေချာတဲ့ မဲဆန္ဒရှင်စာရင်းတွေ ရရှိလာဖို့အတွက် စာရင်းကောက်ယူတဲ့အခါမှာ ဒေသတွင်းကနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေဟာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ပြုစုတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို ဌာနရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာဟာ ခက်ခဲကြောင်းနဲ့ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆန္ဒမဲပေးနိုင်ရေးအတွက်…
Read More