အိမ်ဖြူတော် သတင်းယူခွင့်ပိတ်လို့ သမ္မတဒေါ်နယ်ထရန့်ကို စီအင်န်အင်န် သတင်းဌာနတရားစွဲ

 

နယူးယောက်၊ နိုဝင်ဘာ-၁၄

မျိုးဆက်(VOM)

 

 

စီအင်န်အင်န်သတင်းဌာနမှ အိမ်ဖြူတော် သတင်းထောက် ဂျင်အက်ကိုစတာ ကိုသတင်းယူခွင့် ပိတ်ပင်လိုက်တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော် တာဝန်ရှိသူတွေကို  စီအင်န်အင်န် သတင်းဌာနက တရားစွဲဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ကပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတဒေါ်နယ်ထရန့်နဲ့ စီအင်န်အင်န်သတင်းထောက်တို့ မေးခွန်းမေးမြန်းရင် အခြေအတင်ဖြစ်ပွားပြီးနောက် စီအင်န်အင်န် သတင်းထောက်ကို အိမ်ဖြူတော်က သတင်းရယူခွင့် ရပ်ဆိုင်းလိုက်တာကြောင့် စီအင်န်အင်န်သတင်းဌာက ဒီလိုတရားစွဲလိုက်တာဖြစ်ပါတယ်။

သတင်းထောက် အက်ကိုစတာနှင့် စီအင်န်အင်န်သတင်းဌာနတို့ရဲ့  ပြင်ဆင်နိုင်တဲ့ အခွင့်အရေးတွေကို အိမ်ဖြူတော်က သတင်းယူခွင့်တားမြစ်လိုက်လိုက်ခြင်းဖြင့် အခွင့်အရေးချိုးဖောက်တာကို ခံနေရရတယ်လို့ စွပ်စွဲထားပါတယ်။

တရားလိုဖြစ်တဲ့  စီအင်န်အင်န်နဲ့ အက်ကိုစတာတို့နှစ်ဦးလုံးက အမေရိသမ္မတ ဒေါ်နယ်ထရန့်၊ အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီ၊ မီဒီယာဆိုင်ရာအတွင်းရေးမှူး ဆာရာဆန်ဒါ ၊ ဆက်သွယ်ရေးတာဝန်ခံ ဘီရှိုင်း၊ ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ရန်ဒေါ အဲလက်စ်တို့နဲ့ အက်ကိုစတာကို  သတင်းစာရှင်းလင်းပွဲကနေ ဆွဲထုတ်သွားတဲ့ လုံခြုံရေးဌာန တာဝန်ရှိသူတို့ကို တရားစွဲဆိုထားပါတယ်။

သူတို့ခြောက်ဦးစလုံးဟာ  အက်ကိုစတာ၏ သတင်းရယူခွင့် ပိတ်ပင်ခြင်းကို ပြဌာန်းတာနဲ့  ထုတ်ပြန်ကြေညာရာမှာ ပါဝင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်၏ လုပ်ဆောင်မှုမှာ မကြုံစဖူးဖြစ်ကြောင်း စီအင်န်အင်န်အကြီးအကဲ ဂျက်ဖ်ဇူကာက ဝေဖန်ပြောဆိုလိုက်ပြီး အိမ်ဖြူ မီဒီယာဆိုင်ရာ အတွင်းရေးမှူး ဆာရာဆန်ဒါကလည်း ဒီလိုတရားစွဲတာအတွက် တုံ့ပြန်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

တရားစွဲဆိုတာကို ၀ါရှင်တန်ဒီစီရှိ ခရိုင်တရားရုံးမှာ နိုဝင်ဘာ ၁၃ ရက်က တင်သွင်းခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခွဲမှာ ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

Ref: CNN

Photo: Reuter

Related posts

VOM News

FREE
VIEW