ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒုသမ္မတ တိုက်တွန်း

စင်ကာပူ၊ နိုဝင်ဘာ-၁၄၊ ၂၀၁၈

မျိုးဆက် (VOM)

 

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်တယ်လို့ အိမ်ဖြူတော်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနို်င်ငံ အစိုးရလျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ထောင်ဒဏ် ခုနှစ်နှစ် ပြစ်ဒဏ်ချခံထားရပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှထိပ်သီးဆွေးနွေးပွဲ ပြင်ပ၊ ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ဒုသမ္မတ မိုက်ပင့်က အခုလိုတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အကြိမ်ပေါင်းများစွာ မိုက်ပင့်က ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အဆိုပါကိစ္စအပေါ် အလွန်ရှင်းလင်းစွာ အမြင်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတံခါးပိတ်အစည်းအဝေးမှာ မိုက်ပင့်ရဲ့ တိုက်တွန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို တုံ့ပြန်ခဲ့လည်းဆိုတာကိုတော့ အိမ်ဖြူတော် တာဝန်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုပါတယ်။ လက်ရှိမှာတော့ ရိုက်တာသတင်းထောက်နှစ်ဦး ကျခံနေရတဲ့ ပြစ်ဒါဏ်အတွက် ၎င်းတို့ရဲ့ရှေ့နေတွေက အယူခံဝင်ထားပါတယ်။

Ref:Reuter

Photo: Reuter

Related posts

✕
VOM News

FREE
VIEW