ကျောက်တန်းကို ရောက်လာတဲ့ ဘင်္ဂါလီတွေကိစ္စ လွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာနဲ့ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၆-၂၀၁၈

မြတ်မင်းခန့် (VOM)

 

နိုဝင်ဘာလ ၁၆ ရက်  မနက် ၄နာရီလောက်က ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဘင်္ဂါလီ ၁၀၆ ယောက်ကိုဖမ်းမိခဲ့ပါတယ်။ အဲဒီလူတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါ  စစ်တွေမြို့ နာဇီ ဒုက္ခသည်စခန်းကနေ ထိုင်းနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားရာကနေ ထိုင်းအစိုးရက လက်မခံပဲ ပင်လယ်ရေကြောင်းကနေ ပြန်လည်စေလွှတ်လိုက်တာကြောင့်  ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ကျောက်တန်းဘက်ကို ဘင်္ဂါလီတွေရောက်ရှိလာတာဟာ ပထမဆုံးအကြိမ် ဖြစ်တာမို့  ဒီကိစ္စ လုံခြုံရေးပိုင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကပြောပါတယ်။

#voiceofmyanmar #ကျောက်တန်း #

ဓါတ်ပုံ ဒေါ်အေးမြမြမျိုး ဖေ့ဘုတ်

Related posts

✕
VOM News

FREE
VIEW