ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်း ပျောက်နေ

ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်း ပျောက်နေ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၂-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဦးရဲသိန်းမှာ ပျောက်ဆုံးလျက်ရှိနေပြီး စုံစမ်း၍မရဖြစ်နေကြောင်း သတင်းရရှိပါတယ်။

ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၁၁ နာရီလောက်မှာ သူနေထိုင်တဲ့အိမ်ကနေ ထွက်သွားခဲ့ပြီး အဲ့ဒီအချိန်ကနေ ပြန်လည်မရောက်လာဘဲ ဘယ်နေရာကိုရောက်ရှိနေတယ်ဆိုတာ မသိရသေးဘူးလို့ စစ်တွေခရိုင်ဥက္ကဌ ဦးသင်္ခါကျော်က အတည်ပြုပြောပါတယ်။

“ဟုတ်ပါတယ်။ ဦးရဲသိန်းက မနေ့ကည ၁၁ နာရီလောက်မှာ အပြင်ထွက်သွားတာ ပြန်မရောက်ဘူး။ အခုထိအဆက် အသွယ်မရဘဲဖြစ်နေပါတယ်။ ဘယ်သွားလဲ၊ ဘယ်ကိုရောက်နေလဲမသိရဘူး။ အဲ့ဒီကလူတွေကိုတော့ စုံစမ်းခိုင်းထားပါတယ်။”လို့ ဦသင်္ခါကျော်က ပြောပါတယ်။

ဦးရဲသိန်းဟာ မိသားစုဆွေမျိုးတွေနဲ့ နေထိုင်သူမဟုတ်ဘဲ တစ်ဦးနေထိုင်နေခြင်းဖြစ်ကာ သူပျောက်ဆုံးနေတယ်ဆိုတာ သတင်းကြားနေရကြောင်း ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောပါတယ်။
ကောလဟလသတင်းတွေအရတော့ ဦးရဲသိန်းကို အေအေအဖွဲ့က ဖမ်းသွားတယ်လို့ ဆိုနေကြတာကြောင့် အေအေအဖွဲ့ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဗီအိုအမ်က ဆက်သွယ်ပေမယ့် အဆက်သွယ်မရသေးပါဘူး။

ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁)ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကတော့ အေအေအဖွဲ့က ဖမ်းသွားတာ တလကျော်ပြီဖြစ်ပေမယ့် ခုထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

#voiceofmyanmar #VOM #ဘူးသီးတောင် #NLDဥက္ကဋ္ဌ #AA

Zawgyi

ဘူးသီးေတာင္ NLD ဥကၠဌ ဦးရဲသိန္း ေပ်ာက္ေန

ဘူးသီးေတာင္၊ ဒီဇင္ဘာ ၁၂-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခို္ုင္ျပည္နယ္၊ ဘူသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီဥကၠဌ ဦးရဲသိန္းမွာ ေပ်ာက္ဆံုးလ်က္ရွိေနၿပီး စံုစမ္း၍မရျဖစ္ေနေၾကာင္း သတင္းရရွိပါတယ္။

ဦးရဲသိန္းဟာ ဒီဇင္ဘာ ၁၁ ရက္ေန႔ ညေန ၁၁ နာရီေလာက္မွာ သူေနထိုင္တဲ့အိမ္ကေန ထြက္သြားခဲ့ၿပီး အဲ့ဒီအခ်ိန္ကေန ျပန္လည္မေရာက္လာဘဲ ဘယ္ေနရာကိုေရာက္ရွိေနတယ္ဆိုတာ မသိရေသးဘူးလို႔ စစ္ေတြခရိုင္ဥကၠဌ ဦးသခၤါေက်ာ္က အတည္ျပဳေျပာပါတယ္။

“ဟုတ္ပါတယ္။ ဦးရဲသိန္းက မေန႔ကည ၁၁ နာရီေလာက္မွာ အျပင္ထြက္သြားတာ ျပန္မေရာက္ဘူး။ အခုထိအဆက္ အသြယ္မရဘဲျဖစ္ေနပါတယ္။ ဘယ္သြားလဲ၊ ဘယ္ကိုေရာက္ေနလဲမသိရဘူး။ အဲ့ဒီကလူေတြကိုေတာ့ စံုစမ္းခိုင္းထားပါတယ္။”လို႔ ဦသခၤါေက်ာ္က ေျပာပါတယ္။

ဦးရဲသိန္းဟာ မိသားစုေဆြမ်ိဳးေတြနဲ႔ ေနထိုင္သူမဟုတ္ဘဲ တစ္ဦးေနထိုင္ေနျခင္းျဖစ္ကာ သူေပ်ာက္ဆံုးေနတယ္ဆိုတာ သတင္းၾကားေနရေၾကာင္း ဘူးသီးေတာင္ေဒသခံတစ္ဦးက ေျပာပါတယ္။

ေကာလဟလသတင္းေတြအရေတာ့ ဦးရဲသိန္းကိုု ေအေအအဖြဲ႕က ဖမ္းသြားတယ္လိုု႕ ဆိုုေနၾကတာေၾကာင့္ ေအေအအဖြဲ႕ရဲ႕ ေျပာခြင့္ရသူ ခုုိင္သုုခကိုု ဗီအိုုအမ္က ဆက္သြယ္ေပမယ့္ အဆက္သြယ္မရေသးပါဘူး။

ခ်င္းျပည္နယ္မဲဆႏၵနယ္ အမွတ္ (၁၁)ရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုုယ္စားလွယ္ ဦးေဝွ႕တင္းကေတာ့ ေအေအအဖြဲ႕က ဖမ္းသြားတာ တလေက်ာ္ျပီျဖစ္ေပမယ့္ ခုုထိျပန္လည္လြတ္ေျမာက္လာျခင္းမရွိေသးပါဘူး။

#voiceofmyanmar #VOM #ဘူးသီးေတာင္ #NLDဥကၠ႒ #AA

Related posts

Leave a Comment

VOM News

FREE
VIEW