ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်ကပ်ဖို့ ဆေးကုမ္ပဏီတွေကို အဆိုပြုလွှာစခေါ်

စစ်ကိုင်း နိုဝင်ဘာ ၂၀-၂၀၁၈

မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် အဖြူရောင်သင်္ကန်းကပ်လှူရန် အတွက် အောက်ခြေမှာ စမ်းသပ်သုတ်ထားတဲ့  အဖြူရောင်ဆေးတွေကို  ဒီနေ့နံနက်ပိုင်းမှာ သီတဂူဆရာတော်ဘုရားကြီး ကြွရောက်ကြည့်ရှု့ခဲ့ပါတယ်။

လက်ရှိမှာ အဖြူရောင်ဆေးပြန်လည် ကပ်လှူပူဇော်ရန်  ကုမ္ပဏီတွေက အဆိုပြုလွှာတွေ တင်ထားကြပြီး အဖြူရောင်ဆေးကပ်လှူပူဇော်မှုကိုတော့ တန်းဆောင်မုန်းလအပြီးမှာ စတင်လုပ်ဆောင်သွားမယ်လို့ ဘုရားဂေါပက အဖွဲ့ကသိရပါတယ်။

#voiceofmyanmar #ကောင်းမှုတော်

Related posts

Leave a Comment

VOM News

FREE
VIEW